UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများတွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေများပါဝင်သည့်အတွက် ငွကြေးခဝါချမှုဖြင့် ပြစ်ဒဏ်ချမှတ်နိုင်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

Posted on

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများတွင် တရုတ်နိုင်ငံမှ တရားမဝင် ငွေလွှဲဖြင့် ကျပ် ၁၆ ဘီလျံကျော် ရောက်ရှိခဲ့ခြင်းနှင့် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေများပါဝင်သည့်အတွက် ငွေကြေးခဝါချမှုဖြင့် ပြစ်ဒဏ်ချမှတ်နိုင်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများတွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေများပါဝင်သည့်အတွက် ငွကြေးခဝါချမှုဖြင့် ပြစ်ဒဏ်ချမှတ်နိုင်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ညီညွတ်သော ဒီမိုကရက်တ စ်ပါတီ (UDP-နှင်းဆီပါတီ) ဥက္ကဋ္ဌ ဦးေ ကျာ်မြင့်၏ ပိုင် ဆိုင်မှုများတွင် တရုတ်နိုင်ငံမှ တရားမဝင် ငွေလွှဲလုပ်ငန်းများဖြင့် ပြည်တွင်းဘဏ် များသို့ ကျပ် ၁၆ ဘီလျံ ရောက် ရှိခဲ့ခြင်းနှင့် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေကြေးများ ပါဝင်သည့်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်က နိုင်ငံတော်သ မ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမ၌ ပြုလုပ်သည့် သတင်းထောက်များနှင့် တွေ့ဆုံသည့် Special Press Briefing တွင် ဦးကျော်မြင့် နှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက် များအား ရှင်းလ င်းပြောကြားရာတွင် ဦးဇော်ဌေးက အထက်ပါတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဦးကျော်မြင့် ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းေ တွမှာရှိတဲ့ ငွေကြေး၊ သုံးစွဲငွေေ တွဟာ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံကို တင်သွင်းရောင်း ဝယ်ခြင်းမှ ရတယ်ဆိုတဲ့ ထွက်ဆိုေ ပမယ့် တရားဝင် Investment တွေ၊ တရားဝင်ကု န်သွယ်မှုတွေ အထောက်အထား မတွေ့တဲ့အတွက် ပြောရရင်တော့ တရားမဝင် ဆောင်ရွက် တဲ့သဘော တွေ့ရပါတယ်။ နောက်တစ်ခါ ၂၀၁၅ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံမှာရှိတဲ့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ တရားမဝင် ငွေလွှဲလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေက တဆင့် တရားမဝင် ရောက်လာတဲ့ ငွေကျပ် ၁၆ ဒသမ ၃၂၅ ဘီလျံကျော်ဟာလည်း တရားဝင် Bank Transaction ကနေ လာတာ မဟုတ်ဘူး။ Hundi (တရားမဝင်ငွေလွှဲစနစ်) ကနေ လွှဲလိုက်တယ်။ အဆင့်ဆင့်ပေါ့၊ စောစာက တင်ပြတဲ့ပုံစံအတိုင်း အဆင့်ဆင့်လာပြီးတော့မှ သူ့ရဲ့ဘဏ်စာရင်းထဲကို ဝင်တယ်ဆိုတာ တွေ့ရပါတယ်။ ဒီလိုမျိုး တရားမဝင်ပေါ့” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဝင်ငွေရလမ်း မဖော်ပြသည့် ငွေကြေးများကို လက်ဝယ်ထား၍ ရယူသုံးစွဲခြင်းသည် ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ အရ ၁၀ နှစ်အထိ ထောင်ဒစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများဆိုပါက ကျပ်သန်း ၅၀၀ အထိ ငွေဒဏ် ချမှတ်ရမည်ဖြစ်ပြီး အကျိုးခံစားခွင့်သူအား ထောင်ဒဏ် ခုနစ်ချမှတ်ရန်လည်း ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဦးကျော်မြင့်နှင့် ၎င်းပိုင်ဆိုင်သည့် ကုမ္ပဏီများ၏ ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားမှု အခြေအနေတွင် ဦးကျော်မြင့်နှင့်သက်ဆိုင်သည့် ငွေစာရင်း ၂၅ ခုရှိပြီး ဦးကျော်မြင့်အမည်ဖြင့် ငွေစာရင်း ခုနစ်ခု၊ Myanmar Kyaw High Tech Co.,Ltd အမည်ဖြင့် ငွေစာရင်း နှစ်ခု၊ Myanmar Kyaw Finance Co.,Ltd အမည်ဖြင့် ငွေစာရင်း နှစ်ခု၊ Myanmar Kyaw Investment Group Co.,Ltd အမည်ဖြင့် ငွေစာရင်း ၁၀ ခု၊ UDP Educational Foundation အမည်ဖြင့် ငွေစာရင်း နှစ်ခု၊ United Democratic Party’s Fund+ ဒေါ်ဌေးဌေးဝင်း+ဒေါ်မျိုးဟေမာန် အမည်ဖြင့် ငွေစာရင်း နှစ်ခု၊ ဦးကျော်မြင့်နှင့်ဆက်နွယ် ပတ်သက်သူများ၏ အမည်များဖြင့် ငွေစာရင်း ၃၄ ခု စုစုပေါင်း ငွေစာရင်း ၅၉ ခုကို ပုဂ္ဂလိကဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ ရိုးမဘဏ် စသည့်ဘဏ် ငါးခုတွင် ဖွင့်လှစ်ထားကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးကျော်မြင့်၏ ဘဏ်ငွေစာရင်းများသို့ တရုတ်နိုင်ငံမှ တရားမဝင် ငွေလွှဲများဖြင့် ငွေကြေးလွှဲပြောင်း ရောက်ရှိလာမှု အခြေအနေများတွင် Myanmar Kyaw Investment Group Co.,Ltd အမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းများသို့ ၂၀၁၅ ခုနှစ်အတွင်း၌ စုစုပေါင်း ငွေကျပ် ၁၆ ဒသမ ၃၁၅ ဘီလျံခန့်ကို တရုတ်နိုင်ငံဘက်ရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများက မူဆယ်နယ်စပ်မှတစ်ဆင့် အဆင့်ဆင့် တရားမဝင် ငွေကြေးလွှဲပြောင်း ပေးပို့ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၏ ဧရာဝတီဘဏ်နှင့် ယူနိုက်တက်အမရာဘဏ်များတွင် ဖွင့်လှစ်ထားသော ငွေစာရင်း ခြောက်ခုတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ ဘဏ်အတိုး ရရှိငွေသည် ကျပ် ၁၄ ဒသမ ၈၁၄ ဘီလျံရှိကြောင်း၊ Myanmar Kyaw Investment Group Co.,Ltd မှ ငွေထုတ်ချေးခြင်းတွင် ကုမ္ပဏီဝန်ထမ်းများ၊ ပါတီဝင်များနှင့် ပြင်ပပုဂ္ဂိုလ် စုစုပေါင်း ၁၉ ဦးသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ ငွေကျပ် ၄၁၅၁ ဒဿမ ၁၃ သန်း ထုတ်ချေးပေးခဲ့ပြီး ယင်းသို့ ထုတ်ချေးခြင်းမှ အတိုးငွေ ကျပ် ၅၁၀ ဒဿမ ၁၄ သန်း အတိုးအမြတ်ရရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ထားပေးခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဦးကျော်မြင့်၏ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦများနှင့် မော်တော်ယာဉ်များ ဝယ်ယူပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်များတွင် လှိုင်မြို့နယ်တွင် မြေနှင့် အဆောက်အဦး (International City Hotel) အား ၂၀၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်က ငွေကျပ် ၁၁၇၅၀ သိန်းဖြင့် ဝယ်ယူခဲ့ပြီး ဦးကျော်မြင့်၏ မြေ အမည်ပေါက် ပြောင်းလဲထားပြီး ဖြစ်ကြောင်း၊ မှော်ဘီမြို့နယ်၊ ရင်းတိုင်ပင်ကျေးရွာအုပ်စု၊ ကျွန်းတောတောင်ကွင်းရှိ လယ်မြေဧရိယာ ၁၃၆ ဒဿမ ၂၅ ဧက၊ ဥယျာဉ်မြေ ၂၈ ဒဿမ ၀၆ ဧကကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၀ ရက် ကာလအတွင်း စာချုပ် ၁၄ စောင်ဖြင့် စုစုပေါင်း ငွေကျပ် သိန်း ရှစ်သောင်းရှစ်ထောင်ဖြင့် ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးရှိ ယာမြေ ခြောက်ဧကကို ၂၀၁၆ ခုနှစ်အတွင်းက ငွေကျပ်သိန်း ၁၈၀၀ ဖြင့် ဝယ်ယူထားကြောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ မြေကွက်အမှတ် (၁၉၃/၃၁) နှင့် အအောက်အဦအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ကျပ်သိန်း တစ်သောင်းကျော်ဖြင့် ဝယ်ယူထားပြီး ယင်းမြေနှင့် ပတ်သက်သည့် မြေငှားစာချုပ်အား ဦးကျော်မြင့်အမည်သို့ ပြောင်းလဲထားပြီး ဖြစ်ကြောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၂၂) လင်းနို့ဝင်ကွင်း၊ ဦးပိုင်အမှတ် (၂/၁) ဧရိယာ ၆ ဒဿမ ၉ ဧကကို ကျပ်သိန်း ၁၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ဦးကျော်မြင့် (ဘ) ဦးဇော်ဂမ် အမည်ဖြင့် ပုံစံ (၇) ရရှိထားကာ ညီညွှတ်သောဒီမိုက ရက်တစ်ပါတီ (UDP) ဌာနချုပ်ရုံး ဖွင့်လှစ် ထားကြောင်းနှင့် မော်တော်ယာဉ် ပိုင်ဆိုင်မှုအနေဖြင့် Laxus တစ်စီး၊ VellFire ကား တစ်စီး အပါအဝင် မော်တော်ယာဉ် ၃၅ စီး ပိုင်ဆိုင်ထားသည်ကို စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အား သက်ဆိုင်ရာအလိုက် အဖွဲ့များခွဲ၍ စစ်နေခြင်းဖြစ်ပြီး ၎င်း၏ ပိုင်ဆိုင်မှုနှင့် ငွေကြေးလွှဲပြောင်း ရယူခြင်းများကို စစ်ဆေးထားခြင်းများအပြင် အခြားကိစ္စများကိုလည်း ဆက်လက် စစ်ဆေးနေကြောင်းနှင့် ဦးကျော်မြင့်၏ ထွက်ဆိုချက်များအပေါ်တွင် မူတည်၍ စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလာသည့် အချက်များကို ရှင်းလင်း ပြောကြားခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

Credit;eleven

UDP ပါတီဥကၠ႒ ဦးေက်ာ္ျမင့္၏ ပိုင္ဆိုင္မႈမ်ားတြင္ တ႐ုတ္နိုင္ငံမွ တရားမဝင္ ေငြလႊဲျဖင့္ က်ပ္ ၁၆ ဘီလ်ံေက်ာ္ ေရာက္ရွိခဲ့ျခင္းႏွင့္ ဝင္ေငြရလမ္း မေဖာ္ျပနိုင္သည့္ ေငြမ်ားပါဝင္သည့္အတြက္ ေငြေၾကးခဝါခ်မႈျဖင့္ ျပစ္ဒဏ္ခ်မွတ္နိုင္ဟု နိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ေျပာၾကား

ညီၫြတ္ေသာ ဒီမိုကရက္တ စ္ပါတီ (UDP-ႏွင္းဆီပါတီ) ဥကၠ႒ ဦးေ က်ာ္ျမင့္၏ ပိုင္ ဆိုင္မႈမ်ားတြင္ တ႐ုတ္နိုင္ငံမွ တရားမဝင္ ေငြလႊဲလုပ္ငန္းမ်ားျဖင့္ ျပည္တြင္းဘဏ္ မ်ားသို႔ က်ပ္ ၁၆ ဘီလ်ံ ေရာက္ ရွိခဲ့ျခင္းႏွင့္ ဝင္ေငြရလမ္း မေဖာ္ျပနိုင္သည့္ ေငြေၾကးမ်ား ပါဝင္သည့္အတြက္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒအရ ျပစ္ဒဏ္ ခ်မွတ္နိုင္ေၾကာင္း နိုင္ငံေတာ္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားသည္။

ေအာက္တိုဘာ ၁၅ ရက္က နိုင္ငံေတာ္သ မၼတအိမ္ေတာ္ သတင္းစာ ရွင္းလင္းခန္းမ၌ ျပဳလုပ္သည့္ သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံသည့္ Special Press Briefing တြင္ ဦးေက်ာ္ျမင့္ ႏွင့္ပတ္သက္၍ စိစစ္ေတြ႕ရွိခ်က္ မ်ားအား ရွင္းလ င္းေျပာၾကားရာတြင္ ဦးေဇာ္ေဌးက အထက္ပါတိုင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ဦးေက်ာ္ျမင့္ ရဲ႕ ပိုင္ဆိုင္မႈေတြ၊ ဘဏ္စာရင္းေ တြမွာရွိတဲ့ ေငြေၾကး၊ သုံးစြဲေငြေ တြဟာ တ႐ုတ္နိုင္ငံက ကုန္ပစၥည္းေတြကို ျမန္မာနိုင္ငံကို တင္သြင္းေရာင္း ဝယ္ျခင္းမွ ရတယ္ဆိုတဲ့ ထြက္ဆိုေ ပမယ့္ တရားဝင္ Investment ေတြ၊ တရားဝင္ကု န္သြယ္မႈေတြ အေထာက္အထား မေတြ႕တဲ့အတြက္ ေျပာရရင္ေတာ့ တရားမဝင္ ေဆာင္႐ြက္ တဲ့သေဘာ ေတြ႕ရပါတယ္။ ေနာက္တစ္ခါ ၂၀၁၅ ခုႏွစ္အတြင္းမွာ တ႐ုတ္နိုင္ငံမွာရွိတဲ့ ေငြလႊဲလုပ္ငန္း လုပ္ကိုင္တဲ့ တရားမဝင္ ေငြလႊဲလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့သူေတြက တဆင့္ တရားမဝင္ ေရာက္လာတဲ့ ေငြက်ပ္ ၁၆ ဒသမ ၃၂၅ ဘီလ်ံေက်ာ္ဟာလည္း တရားဝင္ Bank Transaction ကေန လာတာ မဟုတ္ဘူး။ Hundi (တရားမဝင္ေငြလႊဲစနစ္) ကေန လႊဲလိုက္တယ္။ အဆင့္ဆင့္ေပါ့၊ ေစာစာက တင္ျပတဲ့ပုံစံအတိုင္း အဆင့္ဆင့္လာၿပီးေတာ့မွ သူ႕ရဲ႕ဘဏ္စာရင္းထဲကို ဝင္တယ္ဆိုတာ ေတြ႕ရပါတယ္။ ဒီလိုမ်ိဳး တရားမဝင္ေပါ့” ဟု သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားသည္။

ဝင္ေငြရလမ္း မေဖာ္ျပသည့္ ေငြေၾကးမ်ားကို လက္ဝယ္ထား၍ ရယူသုံးစြဲျခင္းသည္ ၂၀၁၄ ခုႏွစ္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၄၃ အရ ၁၀ ႏွစ္အထိ ေထာင္ဒစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္နိုင္ေၾကာင္း ၎ကေျပာၾကားသည္။

ထို႔ျပင္ ျပစ္မႈက်ဴးလြန္သည့္ ကုမၸဏီ သို႔မဟုတ္ အဖြဲ႕အစည္းမ်ားဆိုပါက က်ပ္သန္း ၅၀၀ အထိ ေငြဒဏ္ ခ်မွတ္ရမည္ျဖစ္ၿပီး အက်ိဳးခံစားခြင့္သူအား ေထာင္ဒဏ္ ခုနစ္ခ်မွတ္ရန္လည္း ၂၀၁၄ ခုႏွစ္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒတြင္ ျပ႒ာန္းထားေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားသည္။

ဦးေက်ာ္ျမင့္ႏွင့္ ၎ပိုင္ဆိုင္သည့္ ကုမၸဏီမ်ား၏ ဘဏ္ေငြစာရင္း ဖြင့္လွစ္ထားမႈ အေျခအေနတြင္ ဦးေက်ာ္ျမင့္ႏွင့္သက္ဆိုင္သည့္ ေငြစာရင္း ၂၅ ခုရွိၿပီး ဦးေက်ာ္ျမင့္အမည္ျဖင့္ ေငြစာရင္း ခုနစ္ခု၊ Myanmar Kyaw High Tech Co.,Ltd အမည္ျဖင့္ ေငြစာရင္း ႏွစ္ခု၊ Myanmar Kyaw Finance Co.,Ltd အမည္ျဖင့္ ေငြစာရင္း ႏွစ္ခု၊ Myanmar Kyaw Investment Group Co.,Ltd အမည္ျဖင့္ ေငြစာရင္း ၁၀ ခု၊ UDP Educational Foundation အမည္ျဖင့္ ေငြစာရင္း ႏွစ္ခု၊ United Democratic Party’s Fund+ ေဒၚေဌးေဌးဝင္း+ေဒၚမ်ိဳးေဟမာန္ အမည္ျဖင့္ ေငြစာရင္း ႏွစ္ခု၊ ဦးေက်ာ္ျမင့္ႏွင့္ဆက္ႏြယ္ ပတ္သက္သူမ်ား၏ အမည္မ်ားျဖင့္ ေငြစာရင္း ၃၄ ခု စုစုေပါင္း ေငြစာရင္း ၅၉ ခုကို ပုဂၢလိကဘဏ္မ်ားျဖစ္သည့္ ဧရာဝတီဘဏ္၊ ျမန္မာ့အေရွ႕တိုင္းဘဏ္၊ ကေမာၻဇဘဏ္၊ ယူနိုက္တက္အမရာဘဏ္၊ ရိုးမဘဏ္ စသည့္ဘဏ္ ငါးခုတြင္ ဖြင့္လွစ္ထားေၾကာင္း နိုင္ငံေတာ္သမၼတ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဦးေက်ာ္ျမင့္၏ ဘဏ္ေငြစာရင္းမ်ားသို႔ တ႐ုတ္နိုင္ငံမွ တရားမဝင္ ေငြလႊဲမ်ားျဖင့္ ေငြေၾကးလႊဲေျပာင္း ေရာက္ရွိလာမႈ အေျခအေနမ်ားတြင္ Myanmar Kyaw Investment Group Co.,Ltd အမည္ျဖင့္ ဖြင့္လွစ္ထားသည့္ ေငြစာရင္းမ်ားသို႔ ၂၀၁၅ ခုႏွစ္အတြင္း၌ စုစုေပါင္း ေငြက်ပ္ ၁၆ ဒသမ ၃၁၅ ဘီလ်ံခန႔္ကို တ႐ုတ္နိုင္ငံဘက္ရွိ ေငြလႊဲလုပ္ငန္း လုပ္ကိုင္ေနသူမ်ားက မူဆယ္နယ္စပ္မွတစ္ဆင့္ အဆင့္ဆင့္ တရားမဝင္ ေငြေၾကးလႊဲေျပာင္း ေပးပို႔ထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ႏွင္းဆီပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္၏ ဧရာဝတီဘဏ္ႏွင့္ ယူနိုက္တက္အမရာဘဏ္မ်ားတြင္ ဖြင့္လွစ္ထားေသာ ေငြစာရင္း ေျခာက္ခုတြင္ ၂၀၁၅ ခုႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာအထိ ဘဏ္အတိုး ရရွိေငြသည္ က်ပ္ ၁၄ ဒသမ ၈၁၄ ဘီလ်ံရွိေၾကာင္း၊ Myanmar Kyaw Investment Group Co.,Ltd မွ ေငြထုတ္ေခ်းျခင္းတြင္ ကုမၸဏီဝန္ထမ္းမ်ား၊ ပါတီဝင္မ်ားႏွင့္ ျပင္ပပုဂၢိဳလ္ စုစုေပါင္း ၁၉ ဦးသို႔ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာမွ ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာအထိ ေငြက်ပ္ ၄၁၅၁ ဒႆမ ၁၃ သန္း ထုတ္ေခ်းေပးခဲ့ၿပီး ယင္းသို႔ ထုတ္ေခ်းျခင္းမွ အတိုးေငြ က်ပ္ ၅၁၀ ဒႆမ ၁၄ သန္း အတိုးအျမတ္ရရွိခဲ့ေၾကာင္းႏွင့္ သက္ဆိုင္ရာမွ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ ထုတ္ထားေပးျခင္း မရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ဦးေက်ာ္ျမင့္၏ အိမ္၊ ၿခံ၊ ေျမ၊ အေဆာက္အဦမ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ဝယ္ယူပိုင္ဆိုင္မႈႏွင့္ ပတ္သက္၍ စိစစ္ေတြ႕ရွိခ်က္မ်ားတြင္ လွိုင္ၿမိဳ႕နယ္တြင္ ေျမႏွင့္ အေဆာက္အဦး (International City Hotel) အား ၂၀၁၅ ခုႏွစ္ ဇူလိုင္ ၁၅ ရက္က ေငြက်ပ္ ၁၁၇၅၀ သိန္းျဖင့္ ဝယ္ယူခဲ့ၿပီး ဦးေက်ာ္ျမင့္၏ ေျမ အမည္ေပါက္ ေျပာင္းလဲထားၿပီး ျဖစ္ေၾကာင္း၊ ေမွာ္ဘီၿမိဳ႕နယ္၊ ရင္းတိုင္ပင္ေက်း႐ြာအုပ္စု၊ ကြၽန္းေတာေတာင္ကြင္းရွိ လယ္ေျမဧရိယာ ၁၃၆ ဒႆမ ၂၅ ဧက၊ ဥယ်ာဥ္ေျမ ၂၈ ဒႆမ ၀၆ ဧကကို ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ ၂၃ ရက္မွ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာ ၂၀ ရက္ ကာလအတြင္း စာခ်ဳပ္ ၁၄ ေစာင္ျဖင့္ စုစုေပါင္း ေငြက်ပ္ သိန္း ရွစ္ေသာင္းရွစ္ေထာင္ျဖင့္ ဝယ္ယူခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္သည္ မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္ ျပင္စာေက်း႐ြာအနီးရွိ ယာေျမ ေျခာက္ဧကကို ၂၀၁၆ ခုႏွစ္အတြင္းက ေငြက်ပ္သိန္း ၁၈၀၀ ျဖင့္ ဝယ္ယူထားေၾကာင္း၊ လွိုင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ ပန္းလွိုင္ေဂါက္ကြင္းအိမ္ရာရွိ ေျမကြက္အမွတ္ (၁၉၃/၃၁) ႏွင့္ အေအာက္အဦအား ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၁၆ ရက္တြင္ က်ပ္သိန္း တစ္ေသာင္းေက်ာ္ျဖင့္ ဝယ္ယူထားၿပီး ယင္းေျမႏွင့္ ပတ္သက္သည့္ ေျမငွားစာခ်ဳပ္အား ဦးေက်ာ္ျမင့္အမည္သို႔ ေျပာင္းလဲထားၿပီး ျဖစ္ေၾကာင္း၊ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္၊ ဇီးကုန္ေက်း႐ြာအုပ္စု၊ ကြင္းအမွတ္(၁၅၂၂) လင္းနို႔ဝင္ကြင္း၊ ဦးပိုင္အမွတ္ (၂/၁) ဧရိယာ ၆ ဒႆမ ၉ ဧကကို က်ပ္သိန္း ၁၀၀၀ ျဖင့္ ဝယ္ယူခဲ့ၿပီး ၂၀၁၃ ခုႏွစ္ ဇူလိုင္ ၂၃ ရက္တြင္ ဦးေက်ာ္ျမင့္ (ဘ) ဦးေဇာ္ဂမ္ အမည္ျဖင့္ ပုံစံ (၇) ရရွိထားကာ ညီၫႊတ္ေသာဒီမိုက ရက္တစ္ပါတီ (UDP) ဌာနခ်ဳပ္႐ုံး ဖြင့္လွစ္ ထားေၾကာင္းႏွင့္ ေမာ္ေတာ္ယာဥ္ ပိုင္ဆိုင္မႈအေနျဖင့္ Laxus တစ္စီး၊ VellFire ကား တစ္စီး အပါအဝင္ ေမာ္ေတာ္ယာဥ္ ၃၅ စီး ပိုင္ဆိုင္ထားသည္ကို စိစစ္ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္အား သက္ဆိုင္ရာအလိုက္ အဖြဲ႕မ်ားခြဲ၍ စစ္ေနျခင္းျဖစ္ၿပီး ၎၏ ပိုင္ဆိုင္မႈႏွင့္ ေငြေၾကးလႊဲေျပာင္း ရယူျခင္းမ်ားကို စစ္ေဆးထားျခင္းမ်ားအျပင္ အျခားကိစၥမ်ားကိုလည္း ဆက္လက္ စစ္ေဆးေနေၾကာင္းႏွင့္ ဦးေက်ာ္ျမင့္၏ ထြက္ဆိုခ်က္မ်ားအေပၚတြင္ မူတည္၍ စစ္ေဆးေနျခင္း ျဖစ္ေၾကာင္း၊ ျပည္ထဲေရးဝန္ႀကီးဌာနမွ နိုင္ငံေတာ္သမၼတ႐ုံးသို႔ တင္ျပလာသည့္ အခ်က္မ်ားကို ရွင္းလင္း ေျပာၾကားျခင္းျဖစ္ေၾကာင္း ဦးေဇာ္ေဌးက ေျပာၾကားသည္။

Leave a Reply

Your email address will not be published. Required fields are marked *