Trump ကို ဘယ်နိုင်ငံတွေက ပြန်နိုင်စေချင်သလဲ….ဘယ်နိုင်ငံတွေက ပြန်မနိုင်စေချင်ဘူးလဲ

Posted on

ပြန်နိုင်စေချင်သောနိုင်ငံများ။

ထိုင်ဝမ်

တရုတ်ပြည် ရဲ့ခြိမ်းခြောက်မှုရှိေ နတာကြောင့် Trump ကိုကျိန်းသေပြန် နိုင်စေချင်ပါတယ်။ ထိုင်ဝမ်နဲ့တရုတ်သမိုင်းကြော င်းကိုထည့်မပြောပါ။ လက်ရှိနိုင်စေချ င်မှုအကြောင်းရင်ကိုသာထော က်ပြပါတယ်။

ဘရာဇီး

ဘရာဇီး သမ္မတဟာ တရုတ်ကို မလိုလားသူပါ။ တရုတ်ဆီက ကာကွယ်ဆေးဝယ်ယူရန် အစီအစဉ်ကို ပယ်ချပစ်ခဲ့သူပါ။ ထရမ့်ကလည်း ဘရာဇီးကိုကူဖို့ ကတိကဝတ်တွေပေးထားပါတယ်။ အမေဇုံတောမီးလောင်တဲ့ ကိစ္စမှာတောင် ဘရာဇီးသမ္မတ ဘက်က Trump ကရပ်ခဲ့တာပါ။ Trump ရဲ့ “America First” ကိုနမူနာယူပြီး “Brazil above all.” slogan ကိုယူထားတာပါ။

အိန္ဒိယ

တရုတ်ရဲ့နယ်စပ်ပြဿနာတွေ၊ ဒေသတွင်းတင်းမာမှုတွေကြောင့် အိန္ဒိယဝန်ကြီးချုပ်က Trump ကိုလိုလားပါတယ်။ Covid စကာစမှာတောင် Trump က အိန္ဒိယကိုသွားလည်ထားတာပါ။ Obama လက်ထက်က မိုဒီကိုဝေဖန်ထားတာတွေရှိပါတယ်။ Bush တုန်းကလည်း မိုဒီကို ဗီဇာငြင်းပယ်တဲ့အထိဖြစ်ဖူးပါတယ်။ Trump နဲ့ကအဆင်ပြေပါတယ်။

ဖိလစ်ပိုင်

Obama လက်ထက်က ဖိလစ်ပိုင်သမ္မတဒုတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုမှာ ခပ်ကြမ်းကြမ်းကိုင်ခဲ့လို့ ဆက်ဆံရေးပျက်ပြားခဲ့ပါတယ်။ Trump လက်ထက်မှာ Obama ထက်အဆင်ပြေပါတယ်။

ဟန်ဂေရီ

Trump နဲ့ ဟန်ဂေရီဝန်ကြီးချုပ်နဲ့ အင်မတန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ သူကလည်း Trump လို လက်ယာဆန်ပြီး ခပ်ကြမ်းကြမ်းအုပ်ချုပ်သူမို့ အမတေချင်းအလွမ်းသင့်ပါတယ်။

ဟောင်ကောင်

ဟောင်ကောင် နိုင်ငံသားတွေက Trump ကိုလိုလားပါတယ်။ တရုတ်ရဲ့ဒီမိုကရေ စီအရေး ဖိနှိပ်မှုကို တွန်းလှန်ချင်လို့ပါ။

ဗီယက်နမ်

ဗီယက်နမ်ဟာတရုတ်ပြည်ကိုလုံးဝအယုံအကြည်မရှိတဲ့အတွက် တရုတ်ကိုခပ်ကြမ်းကြမ်းကိုင်မယ့် Trump ကိုလိုလားပါတယ်။ တောင်တရုတ်ပင်လယ် ထဲက တရုတ် ရဲ့ခြိမ်းခြောက်မှုလည်း ပါပါတယ်။

ဂျပန်

ဂျပန်ကိုယ်တိုင် တရုတ်ရဲ့ဒေသတွင်းဗိုလ်ကျစိုးမိုးချင်မှုကိုမလိုလားတဲ့အတွက် Trump ကိုလိုလားပါတယ်။

ပြန်မနိုင်စေချင်သောနိုင်ငံများ။

တရုတ်ပြည်က ကုန်သွယ်မှုစစ်ပွဲကိစ္စနဲ့ Trump ကိုမလိုလားပါ။ ဒေသအတွင်းပြဿနာတွေမှာ အမေရိကန်ပါဝင်နေမှုကြောင့်လည်းပါပါတယ်။

အီရန်

အီရန်ကလည်း Trump နဲ့လုံးဝမတည့်ပါ။ နိုင်ငံအသီးသီးက Trump အပေါ်လိုလားခြင်းမလိုလားခြင်းဟာ ကိုယ့်နိုင်ငံအကျိုးစီးပွားပေါ်မှာ လိုအပ်ချက်အလိုက်မူတည်ပါတယ်။

မြန်မာပြည် အတွက်တော့ Trump နိုင်ခြင်းမနိုင်ခြင်းက တိုက်ရိုက်အများကြီး အကျိုးသက်ရောက်လိမ့်မယ်လို့ မထင်ပါ။ တရုတ်နဲ့ပတ်သက်ပြီးတော့ သွယ်ဝိုက်ပြီး အကျိုးသက်ရောက်မှုရှိနိုင် ပါတယ်။

အမေရိကန်ပြည်တွင်းမှာတောင် Trump ကို ကြိုက်မကြိုက်နှစ်ခြမ်းကွဲသေးတာပဲမလား? Trump အပေါ်ကြိုက်မကြိုက်ဆိုတာ လူတွေရဲ့ တရုတ်ပြည်အပေါ်အမြင်၊ ကုန်သွယ်မှုစစ်ပွဲပေါ် အမြင်တွေပေါ် မူတည်ပြီး ကွဲပြားကြပါကြောင်း။

Richard Myo Thant 4-November-2020

ျပန္နိုင္ေစခ်င္ေသာနိုင္ငံမ်ား။

ထိုင္ဝမ္

တ႐ုတ္ျပည္ ရဲ႕ၿခိမ္းေျခာက္မႈရွိေ နတာေၾကာင့္ Trump ကိုက်ိန္းေသျပန္ နိုင္ေစခ်င္ပါတယ္။ ထိုင္ဝမ္နဲ႕တ႐ုတ္သမိုင္းေၾကာ င္းကိုထည့္မေျပာပါ။ လက္ရွိနိုင္ေစခ် င္မႈအေၾကာင္းရင္ကိုသာေထာ က္ျပပါတယ္။

ဘရာဇီး

ဘရာဇီး သမၼတဟာ တ႐ုတ္ကို မလိုလားသူပါ။ တ႐ုတ္ဆီက ကာကြယ္ေဆးဝယ္ယူရန္ အစီအစဥ္ကို ပယ္ခ်ပစ္ခဲ့သူပါ။ ထရမ့္ကလည္း ဘရာဇီးကိုကူဖို႔ ကတိကဝတ္ေတြေပးထားပါတယ္။ အေမဇုံေတာမီးေလာင္တဲ့ ကိစၥမွာေတာင္ ဘရာဇီးသမၼတ ဘက္က Trump ကရပ္ခဲ့တာပါ။ Trump ရဲ႕ “America First” ကိုနမူနာယူၿပီး “Brazil above all.” slogan ကိုယူထားတာပါ။

အိႏၵိယ

တ႐ုတ္ရဲ႕နယ္စပ္ျပႆနာေတြ၊ ေဒသတြင္းတင္းမာမႈေတြေၾကာင့္ အိႏၵိယဝန္ႀကီးခ်ဳပ္က Trump ကိုလိုလားပါတယ္။ Covid စကာစမွာေတာင္ Trump က အိႏၵိယကိုသြားလည္ထားတာပါ။ Obama လက္ထက္က မိုဒီကိုေဝဖန္ထားတာေတြရွိပါတယ္။ Bush တုန္းကလည္း မိုဒီကို ဗီဇာျငင္းပယ္တဲ့အထိျဖစ္ဖူးပါတယ္။ Trump နဲ႕ကအဆင္ေျပပါတယ္။

ဖိလစ္ပိုင္

Obama လက္ထက္က ဖိလစ္ပိုင္သမၼတဒုတာေတးရဲ႕ မူးယစ္ေဆးဝါးႏွိမ္ႏွင္းမႈမွာ ခပ္ၾကမ္းၾကမ္းကိုင္ခဲ့လို႔ ဆက္ဆံေရးပ်က္ျပားခဲ့ပါတယ္။ Trump လက္ထက္မွာ Obama ထက္အဆင္ေျပပါတယ္။

ဟန္ေဂရီ

Trump နဲ႕ ဟန္ေဂရီဝန္ႀကီးခ်ဳပ္နဲ႕ အင္မတန္ေကာင္းမြန္တဲ့ဆက္ဆံေရးရွိပါတယ္။ သူကလည္း Trump လို လက္ယာဆန္ၿပီး ခပ္ၾကမ္းၾကမ္းအုပ္ခ်ဳပ္သူမို႔ အမေတခ်င္းအလြမ္းသင့္ပါတယ္။

ေဟာင္ေကာင္

​ေဟာင္ေကာင္ နိုင္ငံသားေတြက Trump ကိုလိုလားပါတယ္။ တ႐ုတ္ရဲ႕ဒီမိုကေရ စီအေရး ဖိႏွိပ္မႈကို တြန္းလွန္ခ်င္လို႔ပါ။

ဗီယက္နမ္

ဗီယက္နမ္ဟာတ႐ုတ္ျပည္ကိုလုံးဝအယုံအၾကည္မရွိတဲ့အတြက္ တ႐ုတ္ကိုခပ္ၾကမ္းၾကမ္းကိုင္မယ့္ Trump ကိုလိုလားပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ ထဲက တ႐ုတ္ ရဲ႕ၿခိမ္းေျခာက္မႈလည္း ပါပါတယ္။

ဂ်ပန္

ဂ်ပန္ကိုယ္တိုင္ တ႐ုတ္ရဲ႕ေဒသတြင္းဗိုလ္က်စိဳးမိုးခ်င္မႈကိုမလိုလားတဲ့အတြက္ Trump ကိုလိုလားပါတယ္။

ျပန္မနိုင္ေစခ်င္ေသာနိုင္ငံမ်ား။

တ႐ုတ္ျပည္က ကုန္သြယ္မႈစစ္ပြဲကိစၥနဲ႕ Trump ကိုမလိုလားပါ။ ေဒသအတြင္းျပႆနာေတြမွာ အေမရိကန္ပါဝင္ေနမႈေၾကာင့္လည္းပါပါတယ္။

အီရန္

အီရန္ကလည္း Trump နဲ႕လုံးဝမတည့္ပါ။ နိုင္ငံအသီးသီးက Trump အေပၚလိုလားျခင္းမလိုလားျခင္းဟာ ကိုယ့္နိုင္ငံအက်ိဳးစီးပြားေပၚမွာ လိုအပ္ခ်က္အလိုက္မူတည္ပါတယ္။

ျမန္မာျပည္ အတြက္ေတာ့ Trump နိုင္ျခင္းမနိုင္ျခင္းက တိုက္ရိုက္အမ်ားႀကီး အက်ိဳးသက္ေရာက္လိမ့္မယ္လို႔ မထင္ပါ။ တ႐ုတ္နဲ႕ပတ္သက္ၿပီးေတာ့ သြယ္ဝိုက္ၿပီး အက်ိဳးသက္ေရာက္မႈရွိနိုင္ ပါတယ္။

အေမရိကန္ျပည္တြင္းမွာေတာင္ Trump ကို ႀကိဳက္မႀကိဳက္ႏွစ္ျခမ္းကြဲေသးတာပဲမလား? Trump အေပၚႀကိဳက္မႀကိဳက္ဆိုတာ လူေတြရဲ႕ တ႐ုတ္ျပည္အေပၚအျမင္၊ ကုန္သြယ္မႈစစ္ပြဲေပၚ အျမင္ေတြေပၚ မူတည္ၿပီး ကြဲျပားၾကပါေၾကာင္း။

Richard Myo Thant 4-November-2020

Leave a Reply

Your email address will not be published.