ဒေါက်တာ ဆာဆာ တောင်းဆိုလိုက်တဲ့ R2P (Responsibility to Protect) ဆိုတာ ဘာလဲ ၊ ဘာလို့ R2P တောင်းဆိုရတာလဲလို့ မေးနေကြသူ တစ်ချို့အတွက် ရှင်းပြချက်
R2P ဘယ်အခါမှာသုံးနိုင်သလဲ❓ R2P အကြောင်းရေးချင် တာကြာပါပြီ။ ကိုယ်သဘောပေါက်တာနဲ့ လက်တွေ့နဲ့မလွဲစေချင်လို့ သိတဲ့သူကိုမေးဖို့စောင့်နေတာပါ။

မနေ့ကအနော က်တိုင်း သံတမန်အသို င်းအဝိုင်းကတ စ်ယောက်နဲ့စကားေြ ပာဖြစ်ခဲ့ပါတယ်။ အဓိ ကပြောဖြစ်ခဲ့တာက မြန်မာပြည်က လုံထိန်းတပ်တွေရဲ့ လူမဆန်အောင် ရက်စက်အကြမ်းဖက်မှုတွေနဲ့ R2P အကြောင်းပါ။
👉 R2P မြန်မာပြည်အတွ က်သုံးနိုင်ဖို့ အမှန်တကယ်လိုအပ် တာတွေကိုသိမြင်ပြီး #ပြည်သူလူထုကဘာလုပ်ပေးရမလဲသိအောင် ဒီ post ကိုရေးပါတယ်။ အရင်ဆုံး R2P သုံးဖို့ဘာလို့အဆ င့်ဆင့်လု ပ်နေရတာလဲဆိုတာရှင်းပြပါမယ်။ R2P ဟာသမို င်းကြောင်းရှိပါတယ်။ ၁၉၉၀ ကျော်ကာလက အဖြစ်အပျက်တွေကို အခြေခံပြီးဖြစ်ပေါ်လာတာပါ။ ဒါ့ကြောင့် ၁၉၈၈ တုန်းက R2P အကြောင်းမပြောခဲ့ကြတာပါ။ အခုခေတ်မှာ ၁၉၈၈ တုန်းကနဲ့မတူပဲ R2P အသံကကျယ်လောင်လာပါပြီ။

နိုင်ငံတစ်နိုင်ငံက သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ပြည်ပအရေးအခင်း အတွက်လွှတ်မယ်ဆိုရင် အလွန်ကိုစဉ်းစားရပါတယ်။ #တာဝန်ယူမှုတာဝန်ခံမှုတွေရှိဖို့လိုလို့အဆင့်ဆင့်လုပ်ဆောင်ရပါတယ်။
ကျနော်တို့မြန်မာေ တွကိုယ် တိုင်က နိုင်ငံတကာအရေးအခင်းတွေမှာ R2P အကြောင်းဝင်မပြောခဲ့ကြပါ။ တချို့ဆိုသိတောင်မသိခဲ့ပါ ရဝမ်ဒါကိစ္စကစလို့ ယီမင်အရေး အခင်းအထိကျနော်တို့သေေ သချာချာမသိခဲ့ကြပါ။ ရိုဟင်ဂျာကိစ္စတောင် ကျနော်တို့ကICJ မှာကာကွယ်ပေးဖို့ကြိုးစားခဲ့ကြတာပါ။
R2P ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်။
R2P (Responsible to Protect ) ဟာ “#ကာကွယ်ပေးရန်တာဝန်ရှိခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ R2P မှာ Pillars (၃) ချက်ရှိပါတယ်။ ပုံကိုကြည့်ပါ။
Pillar I: The protection responsibilities of the state;
(၁) နိုင်ငံ
နိုင်ငံတစ်နို င်ငံဟာ မိမိနိုင်ငံသားများကို (လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမဆန်သောပြစ်မှုကျူးလွန်ခြင်း၊ မျိုးပြုတ်အောင်ရှင်းခြင်းတို့ရန်မှ) ကာကွယ်ပေးရန် #အဓိကတာဝန်ရှိသည်။ (ကိုယ့်ဟာကိုယ်အရင် ကာကွယ်ရမယ်)
Pillar II: International assistance and capacity-building;
(၂) အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း
အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းက နိုင်ငံတစ်နိုင်ငံကို သူ့နိုင်ငံသားများအား အထက်ပါရန်မှ ကာကွယ်ပေးနိုင်ရန် #ကူညီပေးဖို့တာဝန်ရှိသည်။ (ကိုယ့်ဟာကိုယ်ကာ ကွယ်နိုင်ဖို့နိုင်ငံတ ကာကအကူအ ညီပေးဖို့တာဝန်ရှိတယ်)
Pillar III: Timely and decisive response.
(၃) အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း
အကယ်၍နိုင်ငံ တနိုင်ငံက မိမိနိုင်ငံသား များကို အထက်ပါရန် များမှ ကာကွယ်ပေးလိုသောဆန္ဒမရှိခြင်း (သို့မဟုတ်) ကာကွယ်ပေးနိုင်မှုမရှိခဲ့ရင် … အပြည်ပြည်ဆို င်ရာအသို င်းအဝိုင်းသည် (သံတမန်ရေးနည်းလမ်း၊ လူသားခြင်းစာနာထောက်ထားမှုအကူအညီနည်း၊ နှင့် အခြားသောငြိမ်းချမ်းသောနည်းလမ်းများကိုအသုံးပြုခြင်းဖြင့်) အချိန်မီ ပြတ်သားသောအရေးယူမှုကို လုပ်ဆောင်ရမည်။
အကယ်၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် #မလုံလောက်ပါက အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းသည် (UN Charter နှင့်အညီ) အင်အားကိုအသုံးပြုခြင်းအပါအဝင် ပိုမိုပြင်းထန်သောအရေးယူမှုများကို လုပ်ဆောင်ရမည်။

(ကိုယ့်ဟာကိုယ်လည်းမကာကွယ်နိုင်ဘူး။ နိုင်ငံတကာကလည်း ဝင်ကာကွယ်ပေးရမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ကိုလွှတ်တာ နောက်ဆုံးအဆင့်ထားပြီး အခြားနည်းနဲ့ အရင်ဖြေရှင်းရမယ်)
အဲ့ဒီ Pillars (၃) ချက်အတိုင်းအစဉ်အလိုက်သွားပါတယ်။ သေသေချာချာဖတ်ရင် အရင်ဆုံးကိုယ့်နိုင်ငံက ကိုယ့်ပြည်သူကို တာဝန်အရင်ယူရတယ်။ အဲ့ဒီမှာ နိုင်ငံဆိုတာ ကိုဖွင့်ဆိုချက်၊ ပြည်သူဆိုတာကို ဖွင့်ဆိုချက်တွေထည့် စဉ်းစားရပါမယ်။
ဒါတွေကို နောက်မှာပြောပါမယ်။
အရင်ဆုံး UN ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေကို #မြန်မာပြည်သူတွေကိုကယ်တင်ဖို့ရာအတွက်ခေါ်မယ်ဆိုရင် ခေါ်ဖို့အကြောင်းခိုင်လုံရမယ်၊ ပြီးတော့ ခေါ်တဲ့လူရှိရပါမယ်။
လက်ရှိမြန်မာပြည်အခြေအနေဟာ စစ်ရာဇဝတ်မှုနဲ့ လူမဆန်သောပြစ်မှုများကိုကျူးလွန်ခြင်းတွေမှာ လာကိုက်ညီနေတယ်။ အရင်တုန်းက လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ မျိုးပြုတ်အောင် ရှင်းခြင်းတွေနဲ့ ကမ္ဘာကစွပ်စွဲထားတယ်။ အဲ့ဒီတော့ခေါ်ဖို့အကြောင်းကရပြီဆိုပါစို့။ ခေါ်ဖို့ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းလိုတယ်။
အဲဒီခေါ်တဲ့ သူကို ပြည်သူတွေကခေါ်ခွင့် အာဏာအပ်နှင်းပေးရပါမယ်။ ပုံမှန်ကအစိုးရတစ်ရပ်ဟာ တစ်ခုခုကြောင့်သူ့ပြည်သူတွေကိုကာကွယ်ပေးနိုင်ခြင်းမရှိတဲ့အချိန်မှာ နိုင်ငံတကာကို အကူအညီတောင်းတာပါပဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်၊လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တို့နဲ့ ကုလသမဂ္ဂ 🇺🇳 ငြိမ်းချမ်းေ ရးတပ်ဖွဲ့ကိုစေလွှတ်ပါ တယ်။
အဲ့ဒီမှာ (the State) နိုင်ငံဆိုတာကို အစိုးရနဲ့ကို ယ်စားပြုစဉ်းစား ပါတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုကြည့်ရင် … အာဏာသိမ်း စစ်ကောင်စီဟာ ဘယ်နိုင်ငံကမှ အသိအမှတ် မပြုထားလို့ #တရားဝင် အစိုးရမမြောက်သေးပါ။
သူကိုယ်တိုင်က ပြည်သူတွေအပေါ် လူမဆန်အောင် ရက်စက်ကြမ်းကြုတ်နေလို့ ပြည်သူတွေက #သူ့ရန်ကကာကွယ်ရန်အလို့ငှာ R2P နဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်တွေကိုလွှတ်ပေးဖို့ အကူအ ညီတောင်းရမှာဖြစ်ပါတယ်။
အဲ့ဒီလိုအကူအညီတောင်းဖို့ ပြည်သူတွေရဲ့ကိုယ်စားပြုအဖွဲ့အစည်းလိုပါတယ်။ ဒါကြောင့် CRPH လို့ခေါ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအရေးကြီးတာပါ။ ပြည်သူတွေရဲ့ တရားဝင်ဆန္ဒမဲနဲ့ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ဟာပြည်သူ့ကိုယ်စားပြုအဖွဲ့ဖြစ်လာပါတယ်။
အဲ့ဒီပြည်သူ့ကိုယ်စားပြု CRPH ကို နိုင်ငံတကာမှာ #တရားဝင်အစိုးရတစ်ရပ်ဖြစ်အောင်ဝိုင်းတွန်းပေးဖို့လိုပါတယ်။ ပြည်သူကလက်ခံပေမယ့် နိုင်ငံတကာကလက်ခံဖို့လိုပါတယ်။
👉 ဘာကြောင့်လဲဆိုတော့ ပြည်သူက နိုင်ငံတကာကအကူအညီကိုတောင်းခံမှာကိုး။ ပြည်သူလူထုက CRPH ကို #တရားဝင်အောင်ဘယ်လိုဝန်းရံရမလဲဆိုရင် … CRPH ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါဆောင်ရွက်ရမယ်။ ပြည်သူလူထုကိုဆန့်ကျင်တဲ့ စစ်ကောင်စီကို #တရားမဝင်အောင်ဝိုင်းလုပ်ပေးရပါမယ်။
စစ်ကောင်စီကိုတရားမဝင်အောင်ဘယ်လိုလုပ်မှာလဲ❓
CDM လို့ခေါ်တဲ့ အကြမ်းမဖက်ပဲစစ်ကောင်စီယန္တရားနဲ့ မပူးပေါင်းခြင်း၊ စစ်ကောင်စီကိုအလိုမရှိကြောင်း၊ CRPH ကိုသာထောက်ခံကြောင်းဆန္ဒပြခြင်း၊ စတာတွေနဲ့ စစ်ကောင်စီကိုတရားမဝင်အောင် ဝိုင်းလုပ်ပေးရပါတယ်။
CRPH ကိုယ်တိုင်ကလည်း မိမိတို့ရဲ့အခြေခိုင်မာလာဖို့ အားစိုက်ကြိုးစားပေးရပါမယ်။ CRPH နဲ့ပြည်သူလူထုကအတူတူတွဲနေတယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့်လည်း ကိုမင်းကိုနိုင်က CRPH ကိုထောက်ခံ ဝိုင်းရံကြဖို့ ပြည်သူလူထုကို ပန်ကြားနေတာပါ။
ပြည်သူလူထု ဆိုတဲ့နေရာမှာ တောင်ပေါ်မြေပြန့် ပြည်သူအားလုံးအကုန်ပါပါတယ်။ ဒါကြောင့် CRPH က အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေကိုပါ ထောက်ခံဖို့စ ည်းရုံးရပါမယ်။ တိုင်းရင်းသားတွေအနေနဲ့ကလည်း စစ်ကောင်စီသာအာဏာရသွားရင် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပိုဝေးသွားမှာမို့ အရေးကြီးတဲ့ အခြေအနေမှာ CRPH ကိုထောက်ခံပေးဖို့လိုပါတယ်။
နောက်တစ်ခုက CRPH ဟာ နိုင်ငံတကာနဲ့ပိုချိတ်ဆက်နိုင်ဖို့လိုပါတယ်။ အဲ့လိုချိတ်ဆက်ဖို့လည်း CRPH က နေ့မအားညမအားလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ CRPH ဟာ အစိုးရအဖွဲ့အစည်း တစ်ခုနီးပါး အသက်ဝင်လာလေ အာဏာသိမ်းစစ်ကောင်စီဟာ အသက်ငင်လာလေပါပဲ။ နောက်တစ်ခုသိ ထားဖို့က ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီမှာက န့်ကွက်သူတွေ ရှိလာရင်ဘ ယ်လိုလုပ်မလဲ❓
ယူဂိုစလားဗီးယားပြဿနာမှာ ရုရှားဟာဆဗ့်လူမျိုးတွေနဲ့ညီအကိုရင်းလိုနေပြီး ရပ်တည်ပေးခဲ့တာကို ကုလသမဂ္ဂက မရရအောင်ဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းကရုရှားကြောင့် အချိန်တွေကြာခဲ့ရပါတယ်။
အနှစ်ချုပ်ပြောရရင် …
▪️R2P အတွက် လက်နက်ကိုင်တပ်တွေလွှတ်ရမှာမို့ အဆင့်ဆင့်လုပ်ဆောင်ရတာဖြစ်ပါတယ်။
▪️R2P ခေါ်နိုင်လောက်တဲ့အကြောင်းတွေကတနေ့တခြားပိုမိုခိုင်လုံလာနေပါတယ်။ ပြည်သူလူထုက စစ်ရာဇဝတ်မှုအချက်အလက်တွေပိုမိုကူညီစုဆောင်းပေးကြရပါမယ်။
▪️ပြည်သူလူထုနဲ့ CRPH ကတသားတည်းဖြစ်ရပါမယ်။
▪️CRPH ဟာအစိုးရတစ်ရပ်အဖြစ်အသက်ဝင်လာဖို့ ပြည်သူလူထုကအစွမ်းကုန်ပံ့ပိုးကူညီရပါမယ်။
▪️CRPH ကိုအာဏာလွန်ဆွဲမယ့် စစ်ကောင်စီကျရှုံးအောင် CDM ကိုအားစိုက်လုပ်ဆောင်ရပါမယ်။
▪️ပြည်သူလူထုနဲ့ပူးပေါင်းလာမယ့်သူတိုင်းကို ဝင်ရောက်ပူးပေါင်းနိုင်ဖို့လမ်းဖွင့်ထားရပါမယ်။
▪️မြန်မာ့အရေးအခင်းမှာ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ အလုပ်မဖြစ်လောက်ဘူးလို့ ရီပို့တာတွေက နမိတ်ပြနေပြီးဖြစ်တယ်။ သူတို့မှာဒီအခြေအနေမှာ ဒီထက်ပိုပြောခွင့်မရှိဘူး။
▪️အခုလက်ရှိအခြေအနေမှာ CRPH က ပြည်သူလူထုကိုကာကွယ်ပေးဖို့မဖြစ်နိုင်လို့ R2P ခေါ်ရမှာ။ Dr Sasa လုပ်နေပြီ။ သူတရားဝင်ဖို့ ဦးကျော်မိုးထွန်း တရားဝင်ဖို့လိုတယ်။
▪️R2P ဟာရှုပ်ထွေးတဲ့အတွက်သေသေချာချာသဘောပေါက်ဖို့၊ လုပ်သင့်တာကိုတွန်းလုပ်ဖို့လိုတယ်။
▪️ထိုင်ဆဲနေလို့အလုပ်မဖြစ်တာကိုသိထားကြပါ။ လုပ်သင့်တာကိုအသေအချာတွန်းလုပ်နိုင်ဖို့ နားလည်သူများကလမ်းပြပေးဖို့လိုပါတယ်။
CRD_Richard Myo Thant