KIA ဟု သိကြသည့် KIO / KIC / KIA အကြောင်း တစေ့တစောင်း

Posted on

KIA ဟုသိကြသည့် KIO/KIC/KIA

KIO-kachin Independence Organization ကချင်လွပ်လပ်ရေးအဖွဲ့ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာတည်ထောင်ပါသည်။ လက်နက် ကိုင်တော်လှန်ရေးပါတီဖြစ်သည်နှင့်အညီပါတီ၏ လက်နက်ကိုင် တပ်ဖွဲ့ KIA- Kachin Independence ကို ၁၉၆၁ ခုနှစ် ဖေဖဝါရီလ ၅ ရက်နေ့တွင် ဖွဲ့စည်းပါသည်။ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ KIC- Kachin Independence Council ကိုဖွဲ့စည်းထားရှိပါသည်။

အများ KIA ဟု အလွယ်တကူသိရှိထားသော်လည်း ဖွဲ့စည်းပုံအရ KIO- KIA- KIC ဟူ၍ ဗဟိုအဖွဲ့အစည်း ၃ ခုဖွဲ့စည်းထားပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့မှာ KIO ဖြစ်သည်။ လက်နက်ကိုင်သက်တမ်း နှစ် ၆၀ ကျော်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည်။

KIO/KIC

လက်ရှိ KIO တွင် ဗဟိုကော်မတီအဖွဲ့ဝင် ၁၁/၁၂ ဦးခန့်ရှိပြီး အဓိက ခေါင်းဆောင်များမှာ

ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

ဒုဥက္ကဌ ၁ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင်

ဒုဥက္ကဌ ၂ ဆလန်ကဘာ ဆွန်လွတ်ဂမ်

အတွင်းရေးမှူး ဆလန်ကဘာ ကွန်ထပ်ထိန်နန်

လက်ရှိ KIC ခေါင်းဆောင်များမှာ

ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ

ဒုဥက္ကဌ ၁ ဒုဗိုလ်ချုပ်ကြီးဆွန်လွတ်ဂွမ်မော်

ဒုဥက္ကဌ ၂ ဗိုလ်ချုပ်ဇောင်းဘုတ်ထန်

အတွင်းရေးမှူး ဗိုလ်ချုပ် LLဇော်ရော်

KIO ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွန်မူကိုခံယူပြီး ဗဟိုဌာနကြီးများ၊ ကော်မတီများ၊ ရေးရာအဖွဲ့များဖွဲ့စည်းပြီး KIO/KIC ခေါင်းဆောင်များက စီမံအုပ်ချုပ်ကြပါသည်။

KIC ရဲ့အုပ်ချုပ်စီမံမူ အောက်မှာရှိကြပါသည်။

(က) ဌာနကြီးများ

၁။ ပြည်ထဲရေး(အထွေထွေအုပ်ချုပ်ရေး)- Ginjaw uphkang rung

၂။ဘဏ္ဍာရေး-Ginjaw sutgan dap

၃။စီးပွားကူးသန်း ရောင်းဝယ်ရေး-Ginjaw sut masa magam dap

၄။ကျန်းမာရေး-Ginjaw Hkamja Dap

၅။ပညာရေး-Ginjaw Hpaji Dap

၆။တရားရေး-Ginjaw Tara Masa Magam Dap

၇။သတင်းနှင့်ပြန်ကြားရေး-Shiga Magam Dap

၈။နိုင်ငံခြားရေး-Ginjaw Maigan Makyit Mahkai Magam Dap

၉။စာပေနှင့်ယဉ်ကျေးမူ-Ginjaw Htunghking hte Laili Laika Magam Dap

၁၀။စိုက်ပျိူးမွေးမြူရေး(လယ်/ဆယ်)-Hkai Rem Magam Dap

၁၁။သစ်တောနှင့်သဘာဝဝန်းကျင်ထိန်းသိမ်းရေး-Nam maling hte Grup-yin Gawnhkang Magam Dap

(ခ) အခြားရုံးနှင့်ကော်မတီများ

၁။ပါတီဗဟိုဌာနချုပ်ရုံး-Ginjaw Komiti Rung

၂။.ဗဟိုမူးယစ် ဆေးဝါးတားဆီးပိတ်ပင်ရှင်းလင်းရေးကော်မီတီ-Ginjaw Kani Nang Hpam Pat Jasan Komiti

၃။ကချင်အမျိုးသမီးရေးရာအဖွဲ့-Wunpawng Mungdan Shanglawt Amyu Shayi Hpung

၄။အမျိုးသားထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မီတီ-Wunpawng Karum Ningtum hte Gaw Sharawt Komiti

၅။ဗဟိုလုပ်ငန်းနှင့်စာရင်းစစ်ချုပ်ရုံး-Ginjaw Magam Bungli hte Jahpan Chyarang Jepchyoi Makan Dap

၆။စစ်ဘေးရှောင်များပြုစုစောင့်ရှောက်ရေးကော်မီတီ-Ginjaw Hpyen Yen Lakawn Lanawn Komiti

၇။ နိုင်ငံရေးရှေ့လုပ်ငန်းစဉ် ချမှတ်ဖေါ်ဆောင်ရေးအဖွဲ့-Shawnglam Mungmasa Jasat Hpung

၈။ ပြည်သူ့ဆက်ဆံရေးတပ်- Mungshawa kanawn mazum Hpyenphung

( ဂ ) အုပ်ချုပ်ရေးနယ်မြေ

KIO/KIC သည် အုပ်ချုပ်ရေးနယ်မြေ ၄ ခုဖြန့်ခွဲ အုပ်ချုပ်သည်။

၁။ မြောက်ပိုင်းတိုင်း- မြစ်ဆုံမြောက်ဖက်ဒေသ

၂။ အနောက်ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ်အနောက်ဖက်ခြမ်း

၃။ အရှေ့ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း

၄။ တောင်ပိုင်တိုင်း- ရှမ်းပြည်မြောက်ပိုင်း

တိုင်းများလက်အောက်တွင် မြို့နယ်၊ တိုက်နယ်၊ကျေးရွာအဆင့်ထိ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိသည်။ ယခင်က ခရိုင်အဆင့်ဖွဲ့စည်းသေးသော်လညါး ယခု ဖြုတ်ထားသည်ဟု ယူဆရပါသည်။(စီစစ်ဆဲ)

KIA

KIO ၏ အဓိက လက်နက်ကိုင်တပ်ဖြစ်သည့် KIA ၏ လက်ရှိ ခေါင်းဆောင်များနှင့်ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တပ်မှူးကြီး ဗိုလ်ချုပ်ကြီးအင်ဘန်လ

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင်

ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် R ခေါင်လွန်း

ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မရစ်အောင်ဆိုင်းလာ

စစ်ဦးစီးဗိုလ်မှူးချုပ် ဗိုလ်မှူးချုပ် မရန်ဇော်တောင်

စစ်ဦးစီးပထမတန်း (ဦး) ဗိုလ်မှူးကြီး ဂရားဇော်လီ

စစ်ဦးစီးပထမတန်း (ရေး) ဗိုလ်မှူးကြီး ပေါက်ဆာအောင်လွန်း

စစ်ဦးစီးပထမတန်း(ထောက်) ဗိုလ်မှူးကြီး အနိုင်းဇော်ခေါင်း

ဌာနချုပ်ဖွဲ့စည်းမှု

၁။ စစ်ရုံးချုပ် – Dailawn Rung

၂။ စစ်မဟာဗျူဟာလေ့လာရေးဌာန -Zai Ninggawn Rung

၃။ ခြေမြန်တပ်မဟာ- ရင်း ၂၅၁/၂၅၂/၂၅၃/၂၅၄/၂၅၅/၂၅၆

၄။ ဗဟိုကင်းတပ်မဟာ- ရင်း ၂၃/၂၈/၄၀/၄၂

၅။ လက်နက်ကြီးတပ်ဖွဲ့- ရင်း ၆၁၁/၆၁၂/၆၁၃/၆၁၄

၆။ ကွန်မန်ဒိုတပ်ရင်း

၇။ ဂေါ်ရခါးတပ်ရင်း

၈။ လက်ဖြောင့်တပ်ဖွဲ့

၉။ လေ့ကျင့်ရေးတပ်ရင်း

KIA စစ်ရုံးချုပ်နှင့် ဌာနချုပ်လက်အောက်ခံ တပ်မဟာ/တပ်ရင်း/တပ်ဖွဲ့များသည် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း လိုင်ဇာဒေသအားဗဟိုပြု၍ ဖြန့်ခွဲစုဖွဲ့ထားရှိပါသည်။

တပ်ဖြန့်ခွဲမှုများမှာ

၁။ မြောက်ပိုင်းတိုင်းနယ်မြေ-

(က) တပ်မဟာ ၁ — ပူတာအို၊ ဆွမ်းပရာဘွမ်ဒေသ ( ရင်း ၄/၇/၁၀/၂၂ )

(ခ)တပ်မဟာ ၇ — ချီဗွေ၊ ဖရဲ ဒေသ) ( ရင်း ၃၂/၃၃/၄၆ )

၂။ အနောက်ပိုင်းတိုင်းနယ်မြေ-

(က)တပ်မဟာ ၂ — လီဒိုကားလမ်း တောင်မြောက်

( ရင်း ၁၁/၁၄/၂၀/၄၅ )

(ခ ) တပ်မဟာ ၉ — ဖါးကန့်ဒေသ

( ရင်း ၆/၂၆/၄၄ )

( ဂ ) တပ်မဟာ ၈ — မိုးညှင်း/နန့်စီအောင်ဒေသ

( ရင်း ၅/၃၅/၄၁ )

၃။ အရှေ့ပိုင်းတိုင်းနယ်မြေ- ( က) တပ်မဟာ ၃ —- ဗန်းမော်ဒေသ

( ရင်း ၁/၁၂/၁၅/၁၆/၂၁/၂၇ )

(ခ ) တပ်မဟာ ၅ — ဆဒုံးဒေသ

( ရင်း ၃/၁၈/၁၉/၂၄/၂၅/၃၀ )

၄။ တောင်ပိုင်းတိုင်းနယ်မြေ- (က) တပ်မဟာ ၄ —- လားရှိုး/မူစယ်ကားလမ်းတောင်ဖက်ခြမ်း

( ရင်း ၈/၂၉/၃၄/၃၇ )

( ခ ) တပ်မဟာ ၆ — ကွတ်ခိုင်/မူစယ် ကားလမ်းမြောက်ခြမ်း၊

( ရင်း ၉/၃၆/၃၈ )

( ဂ ) တပ်မဟာ ၁၀ —- သိန္နီ/ကွန်လုံကားလမ်း တောင်/မြောက်

( ရင်း ၂ / ၁၇/ ၃၉ )

သို့ဖြစ်ရာ KIA သည် စုစုပေါင်း ခြေလျင် တပ်ရင်း ၅၁ ရင်းပါသည့် တပ်မဟာ ၁၂ ခု ၊ လက်နက်ကြီးတပ်ရင်း ၄ ရင်းနှင့် အထူးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။
မှတ်ချက်။ ။ ရင်း ၁၃ အား ဖွဲ့စည်းထားခြင်းမရှိပါ ။ ကျန် ရင်း ၃၁/၄၃ တို့အား စီစစ်ဆဲဖြစ်ပါသည်။

MHH ပြည်သူ့စစ် KIO/KIC/KIA, မှ MHH ခေါ် ပြည်သူ့စစ်များအား တိုင်း/မြို့နယ်/ တိုက်နယ်/ကျေးရွာအလိုက်ဖွဲ့စည်း လက်နက်တပ်ဆင်ထားပြီး KIC အုပ်ချုပ်ရေးရုံးများနှင့် တွဲဖက်ထားသည်။

ပြည်သူ့စစ်များအား KIC အတွင်းရေးမှူးမှ ကွပ်ကဲပါသည်။ အခြားဌာနများ KIO/KIC သည် ၎င်းတို့ ထိမ်းချုပ်ရာနယ်မြေများတွင် ဆေးရုံ၊ ရဲတပ်ဖွဲ့ ၊စည်ပင်၊ မီးသတ်၊ သစ်တော၊ ဆည်မြောင်း၊ လျပ်စစ်၊ တက္ကသိုလ်/ကျောင်း၊ အကောက်ခွန်၊လဝက စသောဝန်ထမ်းများ လေ့ကျင့်ခန့်အပ်ထားသည်။

အင်အားနှင့်အခြား KIA တိုက်ခိုက်ရေး တပ်ရင်းတရင်းလျင် ပျမ်းမျှ အင်အား ၁၅၀ ခန့်ရှိနိုင်ပြီး နောက်တန်းဌာနဝန်ထမ်းများပါပေါင်းလျင် တပ်ဖွဲ့တခုလုံး အင်အား ၂၀၀၀၀ ခန့်ထိရှိနိုင်ပါသည်။ပြည်သူ့ စစ် MHH အင်အား ၅၀၀၀ ခန့်ရှိနိုင်သည်ဟုဆိုပါသည်။

ထိုအင်အားများသည် ခန့်မှန်းမျှသာ ဖြစ်သည်။ အတိအကျသိရှိနိုင်ရန် မဖြစ်နိုင်ပါ ။ ထို့ပြင် KIA သည် ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်မှုရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်ကြပါသည်။ ပြီးခဲ့သော ၄ နှစ်ခန့်အတွင်း KIA တပ်ဖွဲ့တခုလုံးအားချေမှုံးရေးရိုင်ဖယ်များ အသစ်ပြောင်းလဲတပ်ဆင်သည်အား တွေ့ရှိရသည်။ KIA တို့တွင် လေယာဉ်ပစ်ဒုံးလက်နက်အချို့ ဝယ်ယူရရှိပိုင်ဆိုင်ထားသည်ဟု နယ်စပ်‌ဒေသ သတင်းအရင်းအမြစ်များကဆိုပါသည်။သို့သော်လည်း လက်တွေ့သုံးစွဲသည်ကိုမူ မတွေ့ ရသေးပေ။

KIA သည် ၎င်းတို့ထိမ်းချုပ်ရာဒေသများတွင် ၂ နှစ် စစ်မှုထမ်းဥပဒေပြဌာန်းထားသည်ဟုဆိုပါသည်။ KIA ထိမ်းချုပ်နယ်မြေဆိုရာတွင်အပြည့် အဝထိမ်းချုပ်ထားနိုင်သည့်‌နယ်မြေဒေသထက် ပြောက်ကျားလှုပ်ရှားထိမ်းချုပ်နိုင်သည့်နယ်မြေက ပို၍များပြား သည်။

KIO/KIC/KIA အဖွဲ့အစည်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ဘဏ္ဏာရေးတောင့်တင်းသော အဖွဲ့အစည်းတခုဖြစ်သည်။ ကချင်ပြည်နယ်တွင်းရှိ လူထု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကောင်းမွန်သည်။ လက်ရှိတွင် မြောက်ပိုင်းနိုင်ငံရေးမဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင် ပါဝင်နေသော်လည်း တောင်ပိုင်းရှိ NCAထိုးထားသော အဖွဲ့များနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။

၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ABSDF ( မြောက်ပိုင်း) ကို KIA နယ်မြေတွင်း နေရာပေးခဲ့သကဲ့သို့ ၂၀၀၉ ခုနှစ်တွင် AA ( ရခိုင်) ၂၀၁၁ တွင် TNLA ( တအာင်းပလောင်) အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရာတွင် ၎င်းတို့‌ ဒေသတွင်း ဖွဲ့စည်းလေ့ကျင့်မှုခွင့်ပြုခဲ့ပြီး အကူအညီပေးခဲ့သည်။

နိုင်ငံတကာဆက်ဆံရေးတွင် KIA သည် တရုတ်ပြည်နှင့်သာမက အနောက်နိုင်ငံအချို့နှင့်ဆက်ဆံမှုရှိသည်။ လက်ရှိအခြေအနေတွင် အစိုးရနှင့် NCA တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်း မရှိရုံသာမက တဖွဲ့ချင်းအပစ်အခတ်ရပ်စဲရေး biletral လက်မှတ်ရေးထိုးထားခြင်းလည်းမရှိပေ။

KIA အား အကြမ်းဖက်အဖွဲ့ဟု တခါတရံရည်ညွှန်းပြောကြသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားခြင်း မရှိပါ။ သို့သော် KIA သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိ၍ မတရားသင်းအဖြစ်ကြေညာခံထားရဆဲ အဖွဲ့ဖြစ်သည်။ KIO/KIA အတွက် အဓိက အခက်အခဲ တခုမှာ ကချင်ပြည်နယ်တွင်းရှိ ကချင်မဟုတ်သည့် တိုင်းရင်းသားလူမျိုးများအား စည်းရုံးသိမ်းသွင်းရာတွင် အကန့်အသတ်ရှိခြင်းဖြစ်သည်။

ပြီးပါပြီ

မှတ်ချက်။ ။ data credit Hkun Htu

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးရေးသားသည်။

Leave a Reply

Your email address will not be published. Required fields are marked *