FREE VPN အသုံးပြုနေသူတွေ အထူး သတိထားသင့်သည့် အချက်များ
Posted on
ဒီကနေ့ မြန်မာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ဖေ့စ်ဘုတ် လူမှုကွန်ရက်ကို ပိတ်ဆို့မှု ခံထားရပြီး VPN လို့ခေါ်တဲ့ Virtual Private Network (သီးသန့်ကွန်ရက်တု) စနစ်တွေကို သုံးနေရတယ်ဆိုရင်
ဒီအချက်တွေကို သင်မဖြစ် မနေ သတိထားဖို့ လိုပါလိမ့်မယ်။ ကောင်းပြီ ဒီတော့ ကျနော်တို့ ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်-
FREE VPN အသုံးပြုနေသူတွေ အထူး သတိထားသင့်သည့် အချက်များ
၁) VPN သုံးတာကြောင့် အင်တာနက်သုံးစွဲမှု နှေးကွေးနိုင်ပါတယ်။ ဒါ့အပြင် bandwidth တွေကို ကန့်သတ်ခံရပြီး မိမိကိုယ်ပိုင်ထဲက ပိုနေတာတွေကို ပြန်ရောင်းစားတာ ခံရနိုင်ပါတယ်။
၂) VPN ဆာဗာတွေက မိမိတို့ အသုံးပြုနေတာတွေကို ခြေရာခံနိုင်ပါတယ်။ ဘာတွေသုံးစွဲနေတယ်၊ ဘာတွေပို့နေတယ်၊ ဘယ်သူနဲ့ ဆက်သွယ်နေတယ် ဆိုတာမျိုးတွေပါ။
၃) Vpn သုံးထားရင် ဖေ့စ်ဘုတ်က လွှဲလို့ ကျန်တဲ့ app တွေကို ခံမသုံးပါနဲ့။ (ဒါက အရေးအကြီးဆုံးအချက်ပါ)
၄) မြန်မာမှာဆို ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ ငွေပို့ ငွေလွှဲ app တွေကို VPN ဖွင့်ပြီး မသုံးပါနဲ့ တည်နေရာတွေ၊ လိုကေရှင်းတွေ သိနိုင်သလို ချိတ်ဆက်ထားတဲ့ app တွေရဲ့ လုံခြုံရေး စနစ်တွေက အကောင့်ပိတ်နိုင်တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။
၅) VPN သုံးရင် နိုင်ငံတစ်ဆင့် ခံဝင်ရတာကြောင့် တည်နေရာတွေကို ပြောင်းပြီးတင်တာ မလုပ်ပါနဲ့ ဖေ့စ်ဘုတ်က လုံခြုံရေးအချက်နဲ့ ညှိစွန်းတဲ့အတွက် ဘန်းပါလိမ့်မယ်။ ဒါ့ကြောင့် စဝင်ကတည်းက နိုင်ငံ တစ်နေရာဆို တစ်နေရာပဲ သုံးပါ။ ဖေ့စ်ဘုတ်မှာ ဟယ်လို စင်ကာပူတို့ အမေရိကန် တို့ဆိုပြီး check-in မတင်ပါနဲ့ ဒီတော့
ဒီအချက်လေးတွေကို အထူးသတိထားကြဖို့ တင်ပြပေးလိုက်ပါတယ်။ ဘေးရန်ကင်းကြပါစေ။
Credit
၎) မြန်မာမှာဆို ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ ငွေပို့ ငွေလွှဲ app တွေကို VPN ဖွင့်ပြီး မသုံးပါနဲ့ တည်နေရာတွေ၊ လိုကေရှင်းတွေ သိနိုင်သလို ချိတ်ဆက်ထားတဲ့ app တွေရဲ့ လုံခြုံရေး စနစ်တွေက အကောင့်ပိတ်နိုင်တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။
Credit
Leave a Reply
Your email address will not be published. Required fields are marked *