COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
Posted on
ဇေယျမင်္ဂလာ (၂) လမ်း အိမ်အမှတ် ၄၃/A ခိုင်ရတနာမိုး စတိုး မှာ တအိမ်လုံး COVID-19 Quarantine ဝင်ရသူနှင့် ဖောင်ကြီးသို့ ကုသရေး သွားနေချိန် တွင် ကာလတန်ဖိုး သိန်း ၂၀ ကျော် အိမ်အတွင်းဝင်ရောက် ခိုးယူမှုဖြစ်ပွါးခဲ့ပါသည်။
COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
ဖြစ်ပုံမှာ ကျွန်တော့်အမျိုးသမီး မှာ အစာအိမ် သွေးယို လဏ္ခာ နှင့် အသက်ရူ လျင် အနည်းငယ်မောသည် ဆိုခြင်းကြောင် ရန်ကုန် အနောက်ပိုင်းဆေးရုံ ကြီးကို ၀၂/၁၀/၂၀၂၀ တွင် သွားပြခဲ့ရာ ဆရာဝန်များမှ swab စစ်ရန် အကြံပြုသဖြင့် ၀၃/၁၀/၂၀၂၀ မနက် ၁၁:၃၀ ခန့်တွင်စစဆေး ပြီး မွန်းလွဲ ၂:၃၀ တွင် အဖြေ ထွက်ချိန်တွင် Covid-19 positive ဖြစ်ပါသည်။
COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
၀၄/၁၀/၂၀၂၀ တွင် အမျိုးသမီးအား ဖောင်ကြီးပို့ပြီး ကျန်သော ကျွန်တေဋ်အပါဝင် မိသားစုအားလုံးအား Quarantine ဝင်ရန်ပြောပါသည် ၊ ကျွန်တော်တို့မှ Home Quarantine ဝင်ရန်ပြောရာ လက်မခံသဖြင့် Hotel Quarantine ဝင်ခဲ့ပါသည် ၊ အုပ်ချုပ်မှု့ အဖွဲ က အိမ်အား စိတ်မပူရန် ဝိုင်းဝနး စောင့်လျောက်ထားမည်ဟု ကတိပေးပြောကြားခါ အိမ်အား ရဲမှ အဝါရောင် တိတ်ကြိုးဖြင့် စည်းတားကာ ပိတ်လိုက်ပါသည်။
COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
ကျွန်တော်တို့ မိသားစုမှလည်း တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းပြောပြီး Quarantine ဝင်ခဲ့ပါသည် ကျွန်တော့် result မှာ Negative ဖြစ်သောကြောင့် ၁၃/၁၀/၂၀၂၀ တွင် အိမ်ပြန်ရောက်ပါသည်၊ အိမ်တံခါး ဖွင့်လိုက်ချိန်တွင်တော့ တအိမ်လုံး အား သူခိုးမှ မွှေနှောက် ခိုးယူထားချင်း ကိုတွေ့ရပါသည်။
COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
ရပ်ကွက် တာဝန်ရှိသူများနှင့် ရဲအား ကျွန်တော်မှ အကြောင်းကြားမှ တာဝန်ရှိသူများ အိမ်အားဝိုင်းဝန်း စောင့်ရှောက်မည့်သူများ သိကြပါသည်။ ပြောချင်သည်မှာ အဆိုပါ COVID-19 ကြောင် တအိမ်လုံး Quarantine ဝင်ရပြီး lockdown အချခံရသော အိမ် အား မည်ကဲ့သို တာဝန် ယူပေးမည်ကို သိချင်မိပါသည်။
COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
ယခုဖြစ်စဉ် မှာ COVID-19 Negative ပြ၍ ပြန်လာရသော်လည်း အမျိုးသမီးနှင့် ခလေးများမှာ positive ဖြစ်၍ ဆက်လက်ကုသနေသောကြောင့် စိတ်မချမ်းသာစွာ အိမ်ပြန်ခဲသော ကျွန့်တော်အား ဝမ်းနည်း စိတ်မကောင်းဖွယ် အိမ်ဖောက်ထွင်း ခိုးယူမှု့ကြီးက ထပ်မံဆီကြိုဆိုနေပါသည်။
COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
တာဝန်ရှိသူများ အားမေးချင်သည်မှာ ကျွန်တော်တို့လို အိမ်များအား ဆက်လက်ပြီး မည်ကဲ့သို လုံခြုံအောင် လုပ်ပေးမည်လဲ၊ ဒီအတိုင်းကို ဖြစ်ကိုခံ သူခိုး များက အဆိုပါ အိမ်များအား Target ထားခိုးနေခြင်းကို ဒီအတိုင်း ဆက်ကြည့်နေမည်လား၊ ကျွန်တော် တို့ နစ်နှာမှု့ အား ဘာလုပ်ပေးမည်လဲ။
COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
ယခုအချိန်ထိ ရဲဌာနမှ စုံစမ်းရှာဖွေ နေဆဲ ဆိုတာနှင့်ပြီးနေပါသည်၊ ဒုရဲအုပ် ကိုအောင်ကိုကို မှ ပြောကြားရာတွင် ကျွန်တော်တို စုံစမ်းရှာဖွေနေပါတယ် မိမယ် မမိဘူး အာမ မခံပါဘူး ဟု လူအများရှေ့ တွင် ပေါ်တင် ပြောခဲ့ပါသည။
COVID-19 ကာလ တစ်အိမ်သားလုံး Quarantine ဝင်နေရချိန်တွင် အိမ်တွင်းဝင်ရောက်ခိုးယူခံရခြင်း
နစ်နာသူ ကျွန်တော်တို့မှာ မည်သည့် အားကိုးရာမှ မရှိပါ၊ ကိုယ်တိုင်က လည်း negative ဖြစ်သော်လည်း ဆရာဝန်ညွှ န်ကြားချက်အရ ယခုချိန်ထိ အိမ်ပြင်ထွက်ခွင့် မရပါ။ ထိုကြောင့် ဤစာအားရေး သားပြီး အားလုံးကို သိရှိစေခြင်ပါသည်၊ အကြံဉာဏ် များလည်းပေးစေလိုပါသည်။
ဓါတ်ပုံများအား ပူးတွဲ တင်ပြပေးထားပါသည်။ နစ်နာသူ။
Credit;လှိုင်မြို့နယ်ဟစ်တိုင်
နစ်နာသူ။
Leave a Reply
Your email address will not be published. Required fields are marked *