CDM လုပ်လို့ စာသင်ခန်းကို ပြန် လာ ခွ င့် မ ရ တော့ ရ င် ခွင့်လွှတ်ကြပါ တပည့်တို့ရေ ဆိုတဲ့

Posted on

မရားတာ ကိုလက်မခံနိုင်တာကြောင့် CDM လုပ်လို့ စာသင်ခန်းကို ပြန် လာ ခွ င့် မ ရ တော့ ရ င် ခွင့်လွှတ်ကြပါ တပည့်တို့ရေ……….

တပည့် တွေ အပေါ် သမိုင် း ဆို း ကို အား ပေးတဲ့ဆရာမအဖြစ် အဖြစ်မခံလို နွေဦးတော်လှန်ရေး အောင်မြင်မယ့် အထိ CDM လုပ်သွားမယ် လက် မှ တ် ထိုးမှ ထုတ်ရမယ်ဆိုလို့(30.4.2021ရက်နေ့)လစာသွားမထုတ်ခဲ့ပါဘူး။

CDM လုပ်လို့ စာသင်ခန်းကို ပြန် လာ ခွ င့် မ ရ တော့ ရ င် ခွင့်လွှတ်ကြပါ တပည့်တို့ရေ ဆိုတဲ့

ကိုယ်က မချမ်းသာပါဘူး။ဒါပေမဲ့ ဘယ်သူ့အကူအညီမှလည်း မတောင်းဆိုဘူး။တောင်းဆိုစရာလည်း မလိုပါဘူး။ ပြည်သူတွေအပေါ် ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ဟာ အမြဲသစ္စာရှိနေပါမယ်။ လစာမရလို့ င တ် သေ သွ ား ပါ စေ။တပည့်တွေအပေါ် သမိုင်း ဆိုး ကို အားပေးတဲ့ဆရာမအဖြစ်ကို အဖြစ်မခံနိုင်ပါဘူး။

ပြည်သူတွေအပေါ်နိုင်ငံအပေါ်လည်း ပေးခဲ့တဲ့ကတိကို ထာဝရ တည်မြဲနေပါမယ်။ စာသင်ခန်းကို ပြန် လာ ခွ င့် မရ တော့ ရ င် ဖြ င့် ခွင့်လွှတ်ကြပါ ငါတပည့်တို့ရေ။

CDM လုပ်လို့ စာသင်ခန်းကို ပြန် လာ ခွ င့် မ ရ တော့ ရ င် ခွင့်လွှတ်ကြပါ တပည့်တို့ရေ ဆိုတဲ့

တပည့်တွေကိုသိပ်ချစ်တတ်တဲ့ဒီဆရာမ၊ဆရာမလုပ်ချင်လုပ်ကိုဘ ဝ ကို မြှု ပ် နှံလာခဲ့တဲ့ ဆရာမ။

ဒီဆရာမ ဟာ မင်းတို့လေး တွေ နဲ့ စာသင်ခန်းတွေကို သိပ် လွမ်းနေမှာဆိုတာတော့ မင်းတို့ယုံကြမှာပါ ။ သေချာတာကတော့ ဒီမိုကရေစီစာသင်ခန်းမှာ ဆရာမတပည့်တို့ကို ကမ္ဘာမြေရဲ့လောကကြီး အကြောင်းတွေ ဓ မ္မ နဲ့ အ ဓ မ္မ တွေ အကြောင်းတွေ စကားတွေ အများကြီး ပြောပြချင်သေးတာပဲ။

အ သ က် ပေး ပြီ း ကျ ဆုံ း သွ ား ရ တဲ့ သူရဲကောင်းတွေနဲ့အတူ နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ CDM လုပ်သွားမှာပါ။ အရေးအကြီးဆုံးက ကိုယ့် လိ ပ် ပြာ ကို ယ် လုံဖို့ပဲ။

ကလေးတွေရှေ့မတ်မတ်ရပ်ရင်း မင်းတို့ဆရာမဟာလေ မှား တာ ကို မှ ား တယ်လို့ပြောရဲခဲ့တယ်။ ဆန့် ကျ င် ရဲခဲ့တယ်လို့ပြောပြချင်သေးတာ။ အမှန်တရားကို မှား ပါ တ ယ် လို့ လိ မ် ညာ ပြီး ထောက်ခံအားပေးမလုပ်ခဲ့တာ ကလေးတွေရှေ့လိပ် ပြာ သန့် စွာ နဲ့ရ ပ် ပြီ စာ သ င် ချင်လို့ပါ။

ကိုယ်က ကျန်း မာ ရေ း မ ကောင်းပါဘူး။ ဒါ ပေ မဲ့ ကိုယ် လု ပ် နိုင် သလောက်တော့ ပြည်သူ့အပေါ်တာဝန်ကျေခဲ့တယ်။ ဆက်ပြီးလည်း အဆုံ း ထိ တာ ဝ န် ကျေသွားမှာပါ။

CDM လုပ်လို့ စာသင်ခန်းကို ပြန် လာ ခွ င့် မ ရ တော့ ရ င် ခွင့်လွှတ်ကြပါ တပည့်တို့ရေ ဆိုတဲ့

လူတိုင်းမှာ သမိုင်းဆိုတာရှိကြပါတယ်။ ကိုယ့် သ မိုင် း ကေ ာင်း မ ကောင်း ဆို တာ ကိုယ့်ရဲ့လု ပ်‌ ဆောင် ချ က် အပေါ်မှာပဲ မူတည်ပါတယ်။ လူ ဖြ စ် ရတဲ့ ခဏ လေး မှာ သမိုင်းကောင်းအောင် ကြိုးစားကြပါ။

အရေးတော်ပုံ အောင်ကိုအောင်ရမည်။

CRD_mmthadin

Leave a Reply

Your email address will not be published. Required fields are marked *