၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အမှားများ ကိစ္စ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ကို တပ်ချုပ် ပြော

Posted on

၂၀၂၀ ရွေးကောက်ပွဲ မှာ မဲစာရင်းတွေ နဲ့ပတ်သက်ပြီး အမှားအယွင်းများ ရှိခဲ့ပြီး မဲမသမာမှုတွေ ရှိနိုင်တာကြောင့် မဲစာရင်းတွေကိုစိစစ်တွေ့ရှိချက်တွေ ထုတ်ပြန်ရတာဖြစ်ပြီး တပ်မတော်က ဒီကိစ္စနဲ့ပတ်သက်လို့ စည်းကမ်းဥပဒေများအတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေကို တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်သို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိကို ပြောဆိုခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် တပ်မတော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တွေ့ဆုံမှုမှာဆွေးနွေး ခဲ့တဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန် လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

“ ဒီဟာသည် မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေပဲ ဖြစ်တယ်။ ကျနော်တို့ ပြောတဲ့ အထဲမှာ ပါတီစုံ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတယ် ။ အဲဒါတွေနဲ့ ပတ်သက်ပြီး အမှား အယွင်းရှိနေတာတွေကိုလည်း စိစစ်တွေ ရှိတဲ့အတွက် ထုတ်ပြန်နေတာတွေသည် ဒီမိုကရေစီ မယိမ်းယိုင်အောင်နဲ့ ဒီမိုက ရေစီရဲ့ အနှစ်သာရ ဖြစ်တဲ့ စည်းကမ်း ဥပဒေအတိုင်း ဖြစ်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်နေတယ်ဆိုတာကို ပြောကြား ခဲ့တာ ဖြစ်တယ်”ဟု တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တရုတ်နိုင်ငံဘက် က ၂ နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် စီမံကိန်းများနှင့် ပတ် သက်ပြီး တပ်မတော်နှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေး အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ မြန်မာ့တပ်မတော် ကို စွမ်းရည် မြှင့် တင်နိုင်ရေးနှင့် ကိုဗစ် – 19 ရောဂါပိုး ထိန်းချုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီကိစ္စတွေ အပြင် ငြိမ်းချမ်းရေးမှာ အကြမ်းဖက်အဖွဲ့တွေရှိတဲ့ နေရာမှ အပ တပ်က ကျန်နေရာတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၁၈ ကစလို့ ရပ်ဆိုင်းထားတဲ့အခြေအနေ ၊ ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်လို့ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေးမှုဆောင်ရွက်မှုတွေ ကိုလည်းဆွေးနွေးခဲ့တယ် လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

လက်ရှိ မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ဒုတိယအကြိမ်လွှတ်တော်သက်တမ်း အစည်းအဝေးတွေ ခေါ်ယူဖို့ တောင်းဆိုထားသလို တပ်မတော်သားတွေမဲပေးခဲ့တဲ့မြို့နယ်တွေက မဲစာရင်းစိစစ်တွေ့ရှိချက်တွေကို ၁၆ ကြိမ်အထိ ထုတ်ပြန်ထား ပါတယ်။

ဆွေးနွေးပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံ အမတ်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယ ဝန်ကြီးနှင့် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးတို့ တက်ရောက် ကြသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိသည် ယမန်နေ့က အစိုးရ ခေါင်းဆောင်များ ဖြစ်သည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ ဆုံခဲ့သေးသည်။

ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Zawgyi

၂၀၂၀ ေ႐ြးေကာက္ပြဲ မွာ မဲစာရင္းေတြ နဲ႕ပတ္သက္ၿပီး အမွားအယြင္းမ်ား ရွိခဲ့ၿပီး မဲမသမာမႈေတြ ရွိနိုင္တာေၾကာင့္ မဲစာရင္းေတြကိုစိစစ္ေတြ႕ရွိခ်က္ေတြ ထုတ္ျပန္ရတာျဖစ္ၿပီး တပ္မေတာ္က ဒီကိစၥနဲ႕ပတ္သက္လို႔ စည္းကမ္းဥပေဒမ်ားအတိုင္း ဒီမိုကေရစီမယိမ္းယိုင္ေအာင္ ဆက္လက္ေဆာင္႐ြက္သြားမယ့္ အေျခအေနကို တပ္မေတာ္ ကာ ကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေနျပည္ေတာ္သို႔ ေရာက္ရွိေနသည့္ တ႐ုတ္နိုင္ငံျခားေရး ဝန္ႀကီး မစၥတာ ဝမ္ယိကို ေျပာဆိုခဲ့သည္ဟု သိရသည္။

ဒီကေန႕ ဇန္နဝါရီ ၁၂ ရက္က ျမန္မာနိုင္ငံသို႔ ေရာက္ရွိေနသည့္ တ႐ုတ္ျပည္သူ႕ သမၼတ နိုင္ငံ၊ နိုင္ငံေတာ္ ေကာင္စီဝင္ႏွင့္ နိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဝမ္ယိကို ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ တပ္မေတာ္ ဧည့္ခန္းမေဆာင္တြင္ လက္ခံေတြ႕ ဆုံစဥ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ က ေတြ႕ဆုံမႈမွာေဆြးေႏြး ခဲ့တဲ့ အေၾကာင္းအရာေတြ နဲ႕ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕က သတင္းထုတ္ျပန္ လာတာျဖစ္ပါတယ္။

“ ဒီဟာသည္ ျမန္မာနိုင္ငံမွာ လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနပဲ ျဖစ္တယ္။ က်ေနာ္တို႔ ေျပာတဲ့ အထဲမွာ ပါတီစုံ ဒီမိုကေရစီ စနစ္ ေဖာ္ေဆာင္ရာမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ အေရးႀကီးတယ္ ။ အဲဒါေတြနဲ႕ ပတ္သက္ၿပီး အမွား အယြင္းရွိေနတာေတြကိုလည္း စိစစ္ေတြ ရွိတဲ့အတြက္ ထုတ္ျပန္ေနတာေတြသည္ ဒီမိုကေရစီ မယိမ္းယိုင္ေအာင္နဲ႕ ဒီမိုက ေရစီရဲ႕ အႏွစ္သာရ ျဖစ္တဲ့ စည္းကမ္း ဥပေဒအတိုင္း ျဖစ္ဖို႔အတြက္ က်ေနာ္တို႔ လုပ္ေဆာင္ေနတယ္ဆိုတာကို ေျပာၾကား ခဲ့တာ ျဖစ္တယ္”ဟု တပ္မေတာ္၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

တ႐ုတ္နိုင္ငံဘက္ က ၂ နိုင္ငံ ဖြံ႕ ၿဖိဳးတိုးတက္ေရးအတြက္ တ႐ုတ္နိုင္ငံက အေကာင္အထည္ေဖာ္မည့္ စီမံကိန္းမ်ားႏွင့္ ပတ္ သက္ၿပီး တပ္မေတာ္ႏွင့္ ပူးေပါင္းေဆာင္ ႐ြက္နိုင္ေရး အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း၊ ျမန္မာ့တပ္မေတာ္ ကို စြမ္းရည္ ျမႇင့္ တင္နိုင္ေရးႏွင့္ ကိုဗစ္ – 19 ေရာဂါပိုး ထိန္းခ်ဳပ္နိုင္ေရး ပူးေပါင္းေဆာင္႐ြက္နိုင္ေရး တို႔ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဒီကိစၥေတြ အျပင္ ၿငိမ္းခ်မ္းေရးမွာ အၾကမ္းဖက္အဖြဲ႕ေတြရွိတဲ့ ေနရာမွ အပ တပ္က က်န္ေနရာေတြမွာ စစ္ေရးဆိုင္ရာလႈပ္ရွားမႈေတြကို ၂၀၁၈ ကစလို႔ ရပ္ဆိုင္းထားတဲ့အေျခအေန ၊ ဘဂၤလားေဒ့ရွ္ေရာက္ ေနရပ္စြန႔္ခြာသူေတြနဲ႕ပတ္သက္လို႔ ျမန္မာ-တ႐ုတ္-ဘဂၤလားေဒ့ရွ္ သုံးနိုင္ငံ ညွိႏွိုင္းေဆြးေႏြးမႈေဆာင္႐ြက္မႈေတြ ကိုလည္းေဆြးေႏြးခဲ့တယ္ လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

လက္ရွိ မွာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္း အစည္းအေဝးေတြ ေခၚယူဖို႔ ေတာင္းဆိုထားသလို တပ္မေတာ္သားေတြမဲေပးခဲ့တဲ့ၿမိဳ႕နယ္ေတြက မဲစာရင္းစိစစ္ေတြ႕ရွိခ်က္ေတြကို ၁၆ ႀကိမ္အထိ ထုတ္ျပန္ထား ပါတယ္။

ေဆြးေႏြးပြဲတြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္နိုင္ငံဘက္မွ ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္ သံ အမတ္ႀကီး၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဒုတိယ ဝန္ႀကီးႏွင့္ လက္ေထာက္နိုင္ငံျခားေရး ဝန္ႀကီးတို႔ တက္ေရာက္ ၾကသည္။

တ႐ုတ္နိုင္ငံျခားေရး ဝန္ႀကီး မစၥတာ ဝမ္ယိသည္ ယမန္ေန႕က အစိုးရ ေခါင္းေဆာင္မ်ား ျဖစ္သည့္ သမၼတ ဦးဝင္းျမင့္ႏွင့္ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ႏွင့္လည္း ေတြ႕ ဆုံခဲ့ေသးသည္။

ဓာတ္ပုံ-တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

Leave a Reply

Your email address will not be published. Required fields are marked *