၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ( ၇ ရက် မှ ၁၄ ရက် )အထိ မိုးလေဝသအခြေအနေ

Posted on

ပုံမှန်ဆောင်း ရဲ့ လက္ခဏာက ထင်ရှားလာပြီ ဖြစ် ပါတယ်။ ဒါပေမဲ့ သတိထားရ မှာက လာနီညာ အကျိုးသက်ရောက် မှု ရှိနေသော ယခုနှစ် ဆောင်းကာလ (၂၀၂၀ နိုဝင်ဘာလယ်မှ ၂၀၂၁ ဖေဖေါ်ဝါရီလ ကုန် အထိ) အတွင်း ရာသီအခြေအနေ က နွေးလာ လိုက် လေဖိအားနည်းလေးများ ဖြစ်လိုက် ၊ ကွက်ကျား မှ ခပ်ကျဲကျဲ မိုးလေးရွာလိုက် ပြီးရင် ပြန်အေးလာလိုက် ဆိုတဲ့ စက်ဝန်း ပုံသဏ္ဍာန် အတိုင်းရှိနေတာ ကို သိစေ လို ပါ တယ် ။

၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ( ၇ ရက္ မွ ၁၄ ရက္ )အထိ မိုးေလဝသအေျခအေန

အခုတပတ် ရဲ့ အစောပိုင်း ရက်တွေ မှာ မိုးပြန်ကင်းစင်သွားပြီး အအေးလည်း ပိုလာနေပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်း (ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတွေအထိ) ၈-၁၀ ရက်တွေမှာ အေးလာနိုင် ပါ တယ် ။

၁၁-၁၄ ရက်တွေ မြန်မာနိုင်ငံ အထက်ပိုင်း အလယ်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေ မြူထူများ ကျနိုင်သလို ဘင်္ဂလားပင်လယ်တောင်ပိုင်း (အီကွေတာအနီး) လေပွေလှိုင်းတခု ထပ်ဖြစ်လာနိုင်ပြီး သီရိလင်္ကာဖက် ကို ရွေ့မှာ ဖြစ်ပါ တယ် ။

၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ( ၇ ရက္ မွ ၁၄ ရက္ )အထိ မိုးေလဝသအေျခအေန

အဲဒီအချိန် မြစ်ဝကျွန်းပေါ် ရန်ကုန် အအေးပြန် လျော့လာနိုင် ပါတယ် ။ ကိုကိုးကျွန်းနား ငါးဖမ်းသူများ သတိပြုရန် ဖြစ် ပါတယ် ။ နောက်တပတ် မှာ ထပ်မံတင်ပြ ပါမယ် ။

မိုးလေဝသပညာရှင် ဦးချစ်ကျေ်

Zawgyi

ပုံမွန္ေဆာင္း ရဲ႕ လကၡဏာက ထင္ရွားလာၿပီ ျဖစ္ ပါတယ္။ ဒါေပမဲ့ သတိထားရ မွာက လာနီညာ အက်ိဳးသက္ေရာက္ မႈ ရွိေနေသာ ယခုႏွစ္ ေဆာင္းကာလ (၂၀၂၀ နိုဝင္ဘာလယ္မွ ၂၀၂၁ ေဖေဖၚဝါရီလ ကုန္ အထိ) အတြင္း ရာသီအေျခအေန က ေႏြးလာ လိုက္ ေလဖိအားနည္းေလးမ်ား ျဖစ္လိုက္ ၊ ကြက္က်ား မွ ခပ္က်ဲက်ဲ မိုးေလး႐ြာလိုက္ ၿပီးရင္ ျပန္ေအးလာလိုက္ ဆိုတဲ့ စက္ဝန္း ပုံသ႑ာန္ အတိုင္းရွိေနတာ ကို သိေစ လို ပါ တယ္ ။

အခုတပတ္ ရဲ႕ အေစာပိုင္း ရက္ေတြ မွာ မိုးျပန္ကင္းစင္သြားၿပီး အေအးလည္း ပိုလာေနပါတယ္။ ျမန္မာနိုင္ငံ ေအာက္ပိုင္း (ပဲခူး၊ ရန္ကုန္၊ ဧရာဝတီတိုင္းေတြ အထိ) ၈-၁၀ ရက္ေတြမွာ ေအးလာနိုင္ ပါ တယ္ ။

၁၁-၁၄ ရက္ေတြ ျမန္မာနိုင္ငံ အထက္ပိုင္း အလယ္ပိုင္း ျမစ္ဝကြၽန္းေပၚ ေဒသေတြ ျမဴထူမ်ား က်နိဳင္သလို ဘဂၤလားပင္လယ္ေတာင္ပိုင္း (အီေကြတာအနီး) ေလေပြလွိုင္းတခု ထပ္ျဖစ္လာနိုင္ၿပီး သီရိလကၤာဖက္ ကို ေ႐ြ႕မွာ ျဖစ္ပါ တယ္ ။

အဲဒီအခ်ိန္ ျမစ္ဝကြၽန္းေပၚ ရန္ကုန္ အေအးျပန္ ေလ်ာ့လာနိုင္ ပါတယ္ ။ ကိုကိုးကြၽန္းနား ငါးဖမ္းသူမ်ား သတိျပဳရန္ ျဖစ္ ပါတယ္ ။ ေနာက္တပတ္ မွာ ထပ္မံတင္ျပ ပါမယ္ ။

မိုးေလဝသပညာရွင္ ဦးခ်စ္ေက်္

Leave a Reply

Your email address will not be published. Required fields are marked *