မြန်မာနိုင်ငံအတွင်း မိုးကြီးမည့် သတိပေးချက် မိုးဇလ ထုတ်ပြန် ( စက်တင်ဘာလ ( ၁၆ ) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ( ၃:၀၀ )နာရီ အချိန်ထုတ်ပြန်ချက်)

Posted on




1


မိုးဇလ

Unicode

မိုးကြီးမည့် သတိပေးချက် အမှတ်စဉ် ( ၀၂/၂၀၂၀ )

(၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလ ( ၁၆ ) ရက်နေ့ မြန်မာစံတော်ချိန်( ၁၅:၀၀ )နာရီ အချိန်ထုတ်ပြန်ချက် )

(က) ယနေ့မြန်မာစံတော်ချိန်( ၁၄:၃၀ )နာရီ အချိန် တိုင်းထွာချက်များ အရ အရှေ့ဘက် မှ လာသော အပူပိုင်းမုန်တိုင်း “နိုလ်”(NOUL)သည် အနောက်ဘက်သို့ ရွေ့လျားကာ၊ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ပြီး၊ ၎င်း၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်း လာနိုင်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာ မှ အားအလွန်ကောင်းလာနိုင်ခြင်း တို့ကြောင့်လည်းကောင်း ၊ (၁၉.၉.၂၀၂၀)မှ (၂၂.၉.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်း များ ဖြစ်ပေါ် နိုင် ပါသည်။

(ခ) ယင်း ကာလ အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီး တို့ တွင် (၂၄)နာရီအတွင်း မိုးရေချိန်(၁.၅)လက်မ (၃၈-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင် ပါသည်။

မိုးဇလ

Leave a Reply

Your email address will not be published. Required fields are marked *