ျပည္သူမ်ား မေပါ့ဆၾကရန္ အပူပိုင္းမုန္တိုင္း “ႏို(လ္)”(NOUL) ႏွင့္ ပတ္သက္သည့္ သတိေပးခ်က္ အမွတ္စဥ္ (၀၃/၂၀၂၀) မိုးဇလ ထုတ္ျပန္

Posted on

အပူပိုင္းမုန္တိုင္း“ႏို(လ္)”(NOUL)အေျခအေန
——————————————
၁။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၇:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ လာအိုႏိုင္ငံကို ျဖတ္ေက်ာ္ ဝင္ေရာက္ခဲ့ေသာ အပူပိုင္းမုန္တိုင္း”ႏို(လ္)”(NOUL)သည္ ထိုင္းႏိုင္ငံသို႔ေရာက္ရွိကာ အေနာက္ ဘက္သို႔ ေ႐ြ႕လ်ားလ်က္ရွိပါသည္ ။ အဆိုပါ အပူပိုင္းမုန္တိုင္း “ႏို(လ္)”(NOUL)သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားကာ၊ ကုန္းတြင္းမုန္တိုင္းငယ္အျဖစ္သို႔ အားေလ်ာ့သြားကာ ထိုင္းႏိုင္ငံကို ဆက္လက္ျဖတ္ေက်ာ္ၿပီးေနာက္ (၁၉.၉.၂၀၂၀)ရက္ေန႔ ညေနပိုင္းတြင္ ျမန္မာႏိုင္ငံ၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ သို႔ ေရာက္ ရွိ ႏိုင္သည္ ဟု ခန႔္မွန္းရ ပါသည္။

သတိေပးႏႈိးေဆာ္ခ်က္

၂။ အဆိုပါ အပူပိုင္း မုန္တိုင္း”ႏို(လ္)”(NOUL) ၏ အရွိန္ေၾကာင့္ ယေန႔ညမွ (၂၂.၉.၂၀၂၀)ရက္ေန႔ အတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး ၊ တနသၤာရီတိုင္းေဒသႀကီး ၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ တို႔တြင္ ေနရာ စိပ္စိပ္ မွ ေနရာအႏွံ႔ အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္ မိုးႀကီးျခင္းႏွင့္ ေနရာကြက္ ၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသည္။

အႀကံျပဳခ်က္

၃။ သို႔ျဖစ္ ပါ၍ အပူပိုင္းမုန္တိုင္း”ႏို(လ္)”(NOUL)၏ အရွိန္ေၾကာင့္ မိုးသည္းထန္စြာထစ္ခ်ဳန္း ႐ြာသြန္း ျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚႏိုင္ပါ သျဖင့္ ကုန္းျမင့္ေဒသ အနီး တြင္ ေနထိုင္သူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ ကို လည္းေကာင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ား အနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ား ျဖစ္ေပၚႏိုင္ ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ အႀကံျပဳအပ္ ပါသည္ ။

မိုးဇလ

Unicode

အပူပိုင်းမုန်တိုင်း“နို(လ်)”(NOUL)အခြေအနေ
——————————————
၁။ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် ထိုင်းနိုင်ငံသို့ရောက်ရှိကာ အနောက် ဘက်သို့ ရွေ့လျားလျက်ရှိပါသည် ။ အဆိုပါ အပူပိုင်းမုန်တိုင်း “နို(လ်)”(NOUL)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားကာ ထိုင်းနိုင်ငံကို ဆက်လက်ဖြတ်ကျော်ပြီးနောက် (၁၉.၉.၂၀၂၀)ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် သို့ ရောက် ရှိ နိုင်သည် ဟု ခန့်မှန်းရ ပါသည်။

သတိပေးနှိုးဆော်ချက်

၂။ အဆိုပါ အပူပိုင်း မုန်တိုင်း”နို(လ်)”(NOUL) ၏ အရှိန်ကြောင့် ယနေ့ညမှ (၂၂.၉.၂၀၂၀)ရက်နေ့ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာ စိပ်စိပ် မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက် ၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

၃။ သို့ဖြစ် ပါ၍ အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသ အနီး တွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ် ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ် ပါသည် ။

မိုးဇလ

Leave a Reply

Your email address will not be published. Required fields are marked *