ငြိမ်ချက်သားကောင်းနေတဲ့ ရှီတရုတ် တောင်တရုပ်ပင်လယ် ကို ပိတ်ဆို့ဟန်ပြုပြီး မြန်မာ့ရေနက် ဆိပ်ကမ်း အလွန် မှာ စစ်ပွဲစတင်လာလေမလား…
Posted on
South China sea
South China sea
South China sea
South China sea
Unicode
ဇီ ထက် ထျန့်တို့မဟာမိတ် အဖွဲ့က ခြေတစ်လှမ်းသာနေ ပါပြီ ။ ယခင်ရက်ပိုင်း တောင်တရုပ်ပင်လယ် အတွင်း ဝန်းရံပိတ်ဆို့မှု လုပ်ထားနေသည့်ကြား ကပဲ ဇီ ဘက်က စစ်ရေးအတွက် စိတ်ဓာတ် စစ်ဆင်ရေးတစ်ခုမျှ မလုပ်ခဲ့ပါဘူး။
အိန္ဒိယ နဲ့ ကက်ရှ်မီးယားဒေသငြိမ်းချမ်းရေး အတွက် သံတမန်ခင်းပြပြီး ထိုင်ဝမ်ရေလက်ကြားမှာတော့ မဟာမိတ်ရေတပ်သငေ်္ဘာတွေပေါကနေ စစ်လေယာဉ်တွေ ပျံသန်းပြခဲ့ပါတယ်။ ဇီလုံးဝ အာရုံပြုဟန်မပြတဲ့ထွက်ပေါက်က အိန္ဒိယပင်လယ် အနောက်ထွက်ပေါက်ပဲဖြစ်ပါတယ်။
ကိုကိုးကျွန်းပေါ် ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့အချိန်မှာကို လှုပ်ရှားဟန်မပြပါဘူး။
ရခိုင်မှာတိုက်ပွဲဆက်တိုက်ဖြစ်ပွားလျှက်ရှိနေလျှက်ပါပဲ။ ထိုအချင်းအရာကို ထျန့်တို့အဖွဲ့က သင်္ကာမကင်းဖြစ်ပုံပေါ်ပါတယ်။ ယနေ့မှာပဲ ဇီရဲ့အနောက် ပင်လယ်ထွက်ပေါက် ကို မြန်မာ့ရေပိုင်နက် နဲ့ အလွန်နီးကပ်စွာပဲ ပိတ်ဆို့ထားလိုက်ကြ ပါပြီ။
ထပ်မံ အင်အားဖြည့်ပိတ်ဆို့ရန် အတွက် အင်အားဖြည့် စစ်ရေယာဉ်တွေ ဘင်္ဂလား ပင်လယ်အော်ဘက် ကို ခုတ်မောင်းလာနေပြီဆိုတဲ့ သတင်းတွေတက်လာပါတယ်။
ယခုသဘောအရ ဆို တောင်တရုပ်ပင်လယ် ကို ပိတ်ဆို့ဟန်ပြုပြီး မြန်မာ့ရေနက်ဆိပ်ကမ်း အလွန်မှာ စစ်ပွဲစတင်ဖြစ်ပေါ်မယ် သဏ္ဍာန်ပါ။ မြန်မာ့မြေ မြန်မာ့ရေပေါ်ကို စစ်ပွဲတက်မလာစေဖို့ အချုပ်အချာ အာဏာအော်နေရုံတ စ်ခုမျှနဲ့မပြီးတော့ပါ။
ကမ္ဘာစစ် ကို ဘယ်လိုရှောင်ကွင်းကြမလဲ ဆိုတာကိုပဲ အရေးတကြီး ပူးပေါင်းကြံဆောင်သင့်ကြပါပြီ ။ BKL🇹🇼
Leave a Reply
Your email address will not be published. Required fields are marked *