ေျမာက္ကုိရီးယား တစ္နုိင္ငံလုံး က အိမ္ေမြးေခြးေတြကို အစိုးရပိုင္အျဖစ္ အတင္း သိမ္းယူေနတဲ႕ ကင္ဂ်ဳံအန္

Posted on

ၿမိဳ႕ေတာ္ ၿပဳံယမ္း အတြင္းက အိမ္ေမြးေခြးေတြ အကုန္လုံး ကို သိမ္းယူဖို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံးအြန္ က ၫႊန္ၾကားထားေၾကာင္း သတင္းေတြက ေဖာ္ျပပါတယ္။

နာမည္ဆိုး ထြက္ၿပီး လွ်ိဳ႕ဝွက္ တဲ့ ႏိုင္ငံက ေခါင္းေဆာင္ဟာ ခုလို ဘာေၾကာင့္ လုပ္ေဆာင္သလဲ ဆိုတာ ပေဟဠိေတြ ဝဲလည္ေနၿပီး ထင္ေၾကးေတြးဆခ်က္ေတြ လည္း အမ်ိဳးမ်ိဳး ရွိေနပါေတာ့တယ္။ ေျမာက္ကိုရီးယားႏိုင္ငံမွာ ဘာေတြ ျဖစ္ေနၿပီလဲ၊ ျပည္သူေတြဟာ သူတို႔ ေခြးေတြကို အာဏာပိုင္ေတြဆီ ဘာေၾကာင့္ အပ္ႏွံရတာလဲ။

ေျမာက္ကုိရီးယား တစ္နုိင္ငံလုံး က အိမ္ေမြးေခြးေတြကို အစိုးရပိုင္အျဖစ္ အတင္း သိမ္းယူေနတဲ႕ ကင္ဂ်ဳံအန္

ဒီအတြက္ ေတြးဆခ်က္ေတြ ဟာ မေရမရာ ရွိေပမယ့္ အိမ္မွာ တိရစာၦန္ ေမြးတာဟာ အေနာက္တိုင္း အက်င့္ပ်က္မႈကို ကိုယ္စားျပဳတာေၾကာင့္ ကင္ဂ်ဳံးအြန္ဟာ ျပည္သူေတြရဲ႕ အိမ္ေမြးေခြးေတြကို သိမ္းယူေန တာ ျဖစ္တယ္ဆိုၿပီး သတင္း တစ္ရပ္ က ဆို ပါ တယ္ ။

ေနာက္ထပ္ ေတြးဆခ်က္ တစ္ခုကေတာ့ အိမ္ေမြးေခြးေတြဟာ လူ႔အထက္တန္းလႊာ အတြက္ သီးသန႔္ျဖစ္တယ္ ဆိုၿပီး ကင္ဂ်ဳံးအြန္က ေျပာတယ္ လို႔ ေတာင္ကိုရီးယားသတင္းစာ Chosun Ilbo က ေဖာ္ျပပါတယ္။

ေျမာက္ကုိရီးယား တစ္နုိင္ငံလုံး က အိမ္ေမြးေခြးေတြကို အစိုးရပိုင္အျဖစ္ အတင္း သိမ္းယူေနတဲ႕ ကင္ဂ်ဳံအန္

“လူသာမန္ေတြ အတြက္ေတာ့ သူတို႔ရဲ႕ အိမ္ဝင္းၿခံ မွာ ဝက္နဲ႔ ကြၽဲ၊ ႏြား၊ သိုး၊ ဆိတ္ေတြကို ေမြးျမဴၾက ရတယ္။ ဒါေပမယ့္ အဆင့္ျမင့္အရာရွိေတြနဲ႔ ခ်မ္းသာသူေတြကေတာ့ အိမ္မွာ ေခြးေမြးႏိုင္တယ္။

ဒါေၾကာင့္ ေအာက္ေျခ လူတန္းစားေတြၾကား မွာ မေက်နပ္ခ်က္ေတြ ရွိေနတယ္။”လို႔ သတင္းရင္းျမစ္တစ္ရပ္ကို ကိုးကားၿပီး ဒီ သတင္းစာက ေဖာ္ျပပါတယ္။

“အိမ္မွာ ေခြးေမြးထား တဲ့ အိမ္ေတြ ကို အာဏာပိုင္ေတြဟာ ေဖာ္ထုတ္ၿပီး သူတို႔ကို ေခြးေတြ အပ္ဖို႔ ေတာင္းတယ္ ။ ဒါမွမဟုတ္ရင္ အတင္းသိမ္းယူတယ္ ။”လို႔ အဲဒီ သတင္းက ဆိုပါတယ္။

ေျမာက္ကုိရီးယား တစ္နုိင္ငံလုံး က အိမ္ေမြးေခြးေတြကို အစိုးရပိုင္အျဖစ္ အတင္း သိမ္းယူေနတဲ႕ ကင္ဂ်ဳံအန္

ခုလို အိမ္ေမြးေခြးေတြ ကို လိုက္လံ သိမ္းယူေနတာဟာ ကို႐ိုနာဗိုင္းရပ္စ္ တားဆီးေရး မွာ ေျမာက္ကိုရီးယားႏိုင္ငံထဲ အစားအစာ ရွားပါးျပတ္လပ္ေနတယ္ ဆိုတဲ့ သတင္းေတြၾကားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေခြးေတြ ကို ႏိုင္ငံပိုင္ တိရစာၦန္႐ုံေတြဆီ ပို႔တယ္ ဆိုလည္း အခ်ိဳ႕ေခြးေတြဟာ အသား အတြက္ စားေသာက္ဆိုင္ေတြဆီ အပို႔ခံရတယ္လို႔ ထင္ျမင္ခ်က္ေတြ ျမင့္တက္ေစပါတယ္။

ေျမာက္ကုိရီးယား တစ္နုိင္ငံလုံး က အိမ္ေမြးေခြးေတြကို အစိုးရပိုင္အျဖစ္ အတင္း သိမ္းယူေနတဲ႕ ကင္ဂ်ဳံအန္

ကိုရီးယားကြၽန္းဆြယ္ မွာ ေခြးသား ကို စားၿမိန္ဟင္းလ်ာအျဖစ္ ႏွစ္မ်ားစြာ သတ္မွတ္လာခဲ့တာ ျဖစ္ေပမယ့္ မၾကာေသးတဲ့ ႏွစ္ေတြမွာေတာ့ ေတာင္ကိုရီးယားမွာ ေခြးသားစားတာကို လူႀကိဳက္နည္းလာခဲ့ ပါတယ္။

ေျမာက္ကိုရီးယား မွာေတာ့ တြင္တြ င္က်ယ္က်ယ္ စားသုံးေနဆဲပဲ ျဖစ္ၿပီး စားေသာက္ဆိုင္ေတြ ဟာလည္း ေခြးသားကို တည္ခင္းေရာင္းခ် ပါတယ္။ YGN News

Uniocde

မြို့တော် ပြုံယမ်း အတွင်းက အိမ်မွေးခွေးတွေ အကုန်လုံး ကို သိမ်းယူဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန် က ညွှန်ကြားထားကြောင်း သတင်းတွေက ဖော်ပြပါတယ်။

နာမည်ဆိုး ထွက်ပြီး လျှို့ဝှက် တဲ့ နိုင်ငံက ခေါင်းဆောင်ဟာ ခုလို ဘာကြောင့် လုပ်ဆောင်သလဲ ဆိုတာ ပဟေဠိတွေ ဝဲလည်နေပြီး ထင်ကြေးတွေးဆချက်တွေ လည်း အမျိုးမျိုး ရှိနေပါတော့တယ်။ မြောက်ကိုရီးယားနိုင်ငံမှာ ဘာတွေ ဖြစ်နေပြီလဲ၊ ပြည်သူတွေဟာ သူတို့ ခွေးတွေကို အာဏာပိုင်တွေဆီ ဘာကြောင့် အပ်နှံရတာလဲ။

ဒီအတွက် တွေးဆချက်တွေ ဟာ မရေမရာ ရှိပေမယ့် အိမ်မှာ တိရစ္ဆာန် မွေးတာဟာ အနောက်တိုင်း အကျင့်ပျက်မှုကို ကိုယ်စားပြုတာကြောင့် ကင်ဂျုံးအွန်ဟာ ပြည်သူတွေရဲ့ အိမ်မွေးခွေးတွေကို သိမ်းယူနေ တာ ဖြစ်တယ်ဆိုပြီး သတင်း တစ်ရပ် က ဆို ပါ တယ် ။

နောက်ထပ် တွေးဆချက် တစ်ခုကတော့ အိမ်မွေးခွေးတွေဟာ လူ့အထက်တန်းလွှာ အတွက် သီးသန့်ဖြစ်တယ် ဆိုပြီး ကင်ဂျုံးအွန်က ပြောတယ် လို့ တောင်ကိုရီးယားသတင်းစာ Chosun Ilbo က ဖော်ပြပါတယ်။

“လူသာမန်တွေ အတွက်တော့ သူတို့ရဲ့ အိမ်ဝင်းခြံ မှာ ဝက်နဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေကို မွေးမြူကြ ရတယ်။ ဒါပေမယ့် အဆင့်မြင့်အရာရှိတွေနဲ့ ချမ်းသာသူတွေကတော့ အိမ်မှာ ခွေးမွေးနိုင်တယ်။

ဒါကြောင့် အောက်ခြေ လူတန်းစားတွေကြား မှာ မကျေနပ်ချက်တွေ ရှိနေတယ်။”လို့ သတင်းရင်းမြစ်တစ်ရပ်ကို ကိုးကားပြီး ဒီ သတင်းစာက ဖော်ပြပါတယ်။

“အိမ်မှာ ခွေးမွေးထား တဲ့ အိမ်တွေ ကို အာဏာပိုင်တွေဟာ ဖော်ထုတ်ပြီး သူတို့ကို ခွေးတွေ အပ်ဖို့ တောင်းတယ် ။ ဒါမှမဟုတ်ရင် အတင်းသိမ်းယူတယ် ။”လို့ အဲဒီ သတင်းက ဆိုပါတယ်။

ခုလို အိမ်မွေးခွေးတွေ ကို လိုက်လံ သိမ်းယူနေတာဟာ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး မှာ မြောက်ကိုရီးယားနိုင်ငံထဲ အစားအစာ ရှားပါးပြတ်လပ်နေတယ် ဆိုတဲ့ သတင်းတွေကြားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ခွေးတွေ ကို နိုင်ငံပိုင် တိရစ္ဆာန်ရုံတွေဆီ ပို့တယ် ဆိုလည်း အချို့ခွေးတွေဟာ အသား အတွက် စားသောက်ဆိုင်တွေဆီ အပို့ခံရတယ်လို့ ထင်မြင်ချက်တွေ မြင့်တက်စေပါတယ်။

ကိုရီးယားကျွန်းဆွယ် မှာ ခွေးသား ကို စားမြိန်ဟင်းလျာအဖြစ် နှစ်များစွာ သတ်မှတ်လာခဲ့တာ ဖြစ်ပေမယ့် မကြာသေးတဲ့ နှစ်တွေမှာတော့ တောင်ကိုရီးယားမှာ ခွေးသားစားတာကို လူကြိုက်နည်းလာခဲ့ ပါတယ်။

မြောက်ကိုရီးယား မှာတော့ တွင်တွ င်ကျယ်ကျယ် စားသုံးနေဆဲပဲ ဖြစ်ပြီး စားသောက်ဆိုင်တွေ ဟာလည်း ခွေးသားကို တည်ခင်းရောင်းချ ပါတယ်။ YGN News

Leave a Reply

Your email address will not be published. Required fields are marked *