ေတာင္တ႐ုတ္ပင္လယ္ မွ အပူပိုင္းမုန္တိုင္း “နို(လ္)”( NOUL )ေၾကာင့္ ရန္ကုန္ ၊ မႏၲေလး အပါအဝင္ ေနရာအႏွံ႕အျပား တြင္ မိုးသက္ေလျပင္းက် ၍ ေရႀကီးျခင္း ၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚနိုင္

Posted on

ေတာင္တ႐ုတ္ပင္လယ္ မွ အပူပိုင္း မုန္တိုင္း “နို(လ္)”( NOUL ) ထူးျခား သည့္ အေျခ အေန

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာ နမွ စက္တင္ဘာလ ၁၈ ရက္ ျ မန္မာစံေတာ္ခ်ိန္ ( ၀၅:၃၀ )နာရီ အခ်ိန္ တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ပင္လယ္ျပင္ တြင္ ျဖစ္ေပၚေနေသာ အပူပိုင္းမုန္တိုင္း”နို(လ္)”(NOUL)သည္ ဗီယက္နမ္နိုင္ငံ ၊ ဒါနန္းၿမိဳ႕(Danang) ၏ အေရွ႕ေတာင္ဘက္ မိုင္(၈၀)ခန႔္အကြာ ပင္လယ္ျပင္ ကို ဗဟိုျပဳေန ပါသည္ ။ အဆိုပါ အပူပိုင္း မုန္တိုင္း”နို( လ္)”(NOUL)သည္ အေနာက္ဘက္ သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး ၊ ယေန႕ ေန႕လယ္ပိုင္း တြင္ ဗီယက္နမ္နိုင္ငံ၊ ဒါနန္းၿမိဳ႕(Danang)အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္နိုင္ ပါသည္။ အဆိုပါ အပူပိုင္း မုန္တိုင္း”နို(လ္)”(NOUL)သည္ ကုန္းတြင္းသို႔ ဝင္ေရာက္ၿပီးေနာက္ တစ္ျဖည္းျဖည္း အားေလ်ာ့သြား ကာ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ (၁၉.၉.၂၀၂၀)ရက္ေန ႕တြင္ ျမန္မာနိုင္ငံအေရွ႕ေတာင္ပိုင္းေဒသမ်ား သို႔ ေလေပြလွိုင္း အျဖစ္ ေရာက္ရွိနိုင္သည္ဟု ခန႔္မွန္း ရပါသည္။

1

သတိေပးႏွိုးေဆာ္ခ်က္

၂။ အဆိုပါ အပူပိုင္းမုန္တိုင္း”နို(လ္)”(NOUL)၏ အရွိန္ေၾကာင့္ (၁၈.၉.၂၀၂၀) ရက္ေန႕မွ (၂၂.၉. ၂၀၂၀) ရက္ေန႕အတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး ၊ ရန္ကုန္တိုင္းေဒသႀကီး ၊ ဧရာဝတီတိုင္းေဒသႀကီး ၊ တနသၤာရီတိုင္းေဒသႀကီး ၊ ရွမ္းျပည္နယ္(ေတာင္ ပိုင္း)၊ ရခိုင္ျပည္နယ္ ၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႕ အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္မိုးႀကီးျခင္းႏွင့္ ေနရာကြက္ ၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚနိုင္ ပါသည္ ။

2

အႀကံျပဳခ်က္

၃။ သို႔ျဖစ္ပါ ၍ အပူပိုင္းမုန္တိုင္း”နို(လ္)”(NOUL)၏ အရွိန္ေၾကာင့္ မိုးသည္းထန္စြာထစ္ခ်ဳန္း ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚနိုင္ပါ သျဖင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္သူမ်ားအေနျဖင့္ ေျမၿပိဳမႈ အႏၲရာယ္ကိုလည္းေကာင္း ၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ား ျဖစ္ေပၚနိုင္ ေသာေၾကာင့္ ႀကိဳတင္ သတိျပဳေနထိုင္ၾက ပါရန္ အႀကံျပဳအပ္ ပါသည္။

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားနည္းေနပါသည္။

ယေန႕ညေနအထိခန့္မွန္းခ်က္။

စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္းႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေနရာ ကြက္က်ား၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ပဲခူးတိုင္း ေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္း ျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႕အျပား မိုးထစ္ ခ်ဳန္း႐ြာၿပီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ ေဒသ အလိုက္ႏွင့္ မႏၲေလးတိုင္းေဒသႀကီးတြင္ ေနရာကြက္၍ မိုးႀကီးနိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

3

ျမန္မာ့ပင္လယ္ျပင္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္းရိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္ လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းႀကီးနိုင္ပါသည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၃၅)မိုင္အထိ တိုက္ခတ္နိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လွိုင္းအသင့္အတင့္ရွိမည္။ လွိုင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၈)ေပမွ (၁၁)ေပခန့္ႏွင့္ ရခိုင္ကမ္းရိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၅)ေပမွ (၈)ေပခန့္ရွိနိုင္ပါသည္။

4

ေနာက္(၂)ရက္အတြက္ခန့္မွန္းခ်က္။

ေနျပည္ေတာ္၊ မေကြးတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယား ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔ တြင္ မိုးပိုလာနိုင္ပါသည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႕ညေနအထိခန့္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႕ညေနအထိခန့္မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႕ညေနအထိခန့္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာနိုင္ပါ သည္။ ႐ြာရန္ရာႏႈန္း(၆၀) ျဖစ္ပါသည္

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန

Unicode

တောင်တရုတ်ပင်လယ် မှ အပူပိုင်း မုန်တိုင်း “နို(လ်)”( NOUL ) ထူးခြား သည့် အခြေ အနေ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ နမှ စက်တင်ဘာလ ၁၈ ရက် ြ မန်မာစံတော်ချိန် ( ၀၅:၃၀ )နာရီ အချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် ဗီယက်နမ်နိုင်ငံ ၊ ဒါနန်းမြို့(Danang) ၏ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေ ပါသည် ။ အဆိုပါ အပူပိုင်း မုန်တိုင်း”နို( လ်)”(NOUL)သည် အနောက်ဘက် သို့ ဆက်လက်ရွေ့လျားပြီး ၊ ယနေ့ နေ့လယ်ပိုင်း တွင် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင် ပါသည်။ အဆိုပါ အပူပိုင်း မုန်တိုင်း”နို(လ်)”(NOUL)သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် တစ်ဖြည်းဖြည်း အားလျော့သွား ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ (၁၉.၉.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများ သို့ လေပွေလှိုင်း အဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။

1

သတိပေးနှိုးဆော်ချက်

၂။ အဆိုပါ အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)၏ အရှိန်ကြောင့် (၁၈.၉.၂၀၂၀) ရက်နေ့မှ (၂၂.၉. ၂၀၂၀) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက် ၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင် ပါသည် ။

2

အကြံပြုချက်

၃။ သို့ဖြစ်ပါ ၍ အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း ၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြ ပါရန် အကြံပြုအပ် ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

3

မြန်မာ့ပင်လယ်ပြင်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၈)ပေမှ (၁၁)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၅)ပေမှ (၈)ပေခန့်ရှိနိုင်ပါသည်။

4

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *