၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့အတွက် နေ့စဉ် မိုးလေဝသ အခြေအနေ ခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော် အခြေအနေ ။
ကပ္ပလီ ပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်ေ တာင်ပိုင်း တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အား ကောင်းနေပြီး၊ ကျန် ဘင်္ဂလားအော်တွင် မုတ်သုံလေ အားအ နည်းငယ်မှ အားအသင့် အတင့် ရှိနေ ပါသည် ။
ယနေ့ ညနေအထိ ခန့်မှန်းချက် ။
နေပြည်တော် ၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း ၊ မန္တလေး တိုင်းဒေသကြီး ၊ မကွေး တိုင်းဒေသကြီး နှင့် ကယား ပြည်နယ် တို့တွင် နေရာ ကျဲကျဲ ၊ ပဲခူး တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင်
နေရာ စိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီး နှင့် ပြည်နယ် တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ၊ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း ၊ မန္တလေး တိုင်းဒေသကြီး ၊ တနင်္သာရီ တိုင်းဒေသကြီး ၊
ကချင် ပြည်နယ် နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည် ။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ ပင်လယ်ပြင် ။
မြစ်ဝ ကျွန်းပေါ် ၊ မုတ္တမကွေ့ ၊ မွန် – တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင် ပါသည် ။
မိုးသက်လေပြင်း ကျစဉ် ရေပြင် / မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည် ။ ကျန် မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်း အသင့်အတင့် ရှိမည် ။
လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့ ၊ မွန် – တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇) ပေမှ (၉) ပေခန့်နှင့် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၇) ပေခန့် ရှိနိုင် ပါသည် ။
နောက် (၂) ရက်အတွက် ခန့်မှန်းချက် ။
တနင်္သာရီ တိုင်းဒေသကြီး ၊ ကရင် ပြည်နယ် နှင့် မွန် ပြည်နယ် တို့တွင် မိုးပိုလာနိုင် ပါသည် ။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက် ။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည် ။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက် ။ မိုးတစ်ကြိမ် ၊ နှစ်ကြိမ် ထစ်ချုန်း ရွာမည် ။ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည် ။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက် ။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည် ။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည် ။
Source – မိုးဇလ