အိန္ဒိယကို ဝင်မယ့် မုန်တိုင်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ လာမည့် ရက်များအတွင်း မိုးရွာနိုင်

Posted on

အိန္ဒိယနို င်ငံတော င်ပိုင်းကို ဝင်မယ့် မုန်တိုင်းအရှိ န်ကြောင့် မြန်မာနိုင်ငံေ တာင်ပိုင်းေ ဒသတွေ ဖြစ်တဲ့ မွန်ပြည်န ယ်၊ကရင်ပြ ည်နယ်နဲ့ တနင်္သာ ရီတိုင်းတို့မှာ နိုဝင်ဘာ ၂၃၊၂၄ ရက်တို့မှာ မိုးရွာသွန်းမှာဖြ စ်တယ်လို့ မိုးလေ ဝသနှင့်ဇလဗေ ဒညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

ဒီနေ့ နိုဝင်ဘာ(၂၂) ရက် မနက် (၁၀) နာရီခွဲအချိန်တိုင်း ထွာချက်တွေ အရ အီကွေ တာအနီး အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်လျ က်ရှိတဲ့ ဘင်္ဂလားပင်လ ယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂ လားပင်လယ်အော် အနောက်ေ တာင်ပိုင်းကို ရောက်ရှိခဲ့ပြီး နောက် (၃၆) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ကို အားကောင်း လာနိုင်တယ်ဆိုပြီး မိုးဇလကထုတ်ြ ပန်ထားခဲ့တာပါ။

“မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံေ တာင်ပိုင်းကိုဝင် မယ်။ြ မန်မာပြည်နဲ့တော့ ဝေးသွားမယ်။ မြန်မာနိုင် ငံအနေနဲ့ကတော့ မိုးပဲရွာမှာ။ တစ်နိုင်ငံလုံးေ တာ့မဟုတ်ဘူး။ တောင်ပိုင်းဘက်မှာ မွန်၊တနင်္သာ ရီတို့မှာ မိုးအနည်းင ယ်လေးပဲရွာမှာပါ။ အခုကဆောင်း ဝင်တော့ လေအေးတွေ ဆင်းလာတော့ မိုးရနိုင်တဲ့ အခွင့် အလမ်းက နည်းသွားပြီ” လို့ မိုးဇလဒုညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။

အဆိုမုန်တို င်းငယ် အရှိန်ကြောင့် နောက် (၂၄) နာရီအတွင်း ရန်ကုန်မှ တနင်္သာရီကမ်းရိုး တန်းတစ်လျှောက် ပင်လ ယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေကတော့ နေရာစိပ်စိပ်မိုးထစ်ချု န်းရွာနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတ စ်လျှောက် ပင်လယ်ပြင်ခ ရီးအတွက် တိမ်အသင့် အတင့် ဖြစ်ထွန်းမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်ရေပြင်လေ က တစ်နာရီကို (၁၀) မိုင် (၁၅) မိုင်၊ တစ်ခါတစ်ရံ (၂၅) မိုင်ခန့် တိုက်ခတ်နိုင်ကာ လှိုင်းအသင့်အတင့် ရှိပြီး လှိုင်းအမြင့် (၄) ပေကနေ (၇)ပေခန့် ရှိနိုင်တယ်လို့လည်း မိုးဇလထုတ်ပြန်ခန့်မှန်းချက်တွေအရသိရပါတယ်။

Credit;Duwun






Credit;Duwun

Leave a Reply

Your email address will not be published. Required fields are marked *