Posted on
စုမဲအကြောင်းပြပြီး ငွေ သိန်း ( ၂,၀၀၀ ) ကျော်ယူ ထွက်ပြေး ပြန်ပါပြီ ၊ ရွှေမြန်မာတွေ အမှတ်မရှိကြသေး ပါဘူး..
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု ၊ အေးချမ်းသာယာရပ် တွင်နေထိုင်တဲ့ မအိသဇင်ဖြိုး ဆိုသူက ယုံကြည်မှု ကို အခွင့်ကောင်း ယူပြီး စုမဲငွေ သိန်း ၂,၀၀၀ ကျော်ကို လိမ်လည်ထွက်ပြေး သွားကြောင်း သိရပါတယ်။
စုမဲအကြောင်းပြပြီး ငွေ သိန်း ( ၂,၀၀၀ ) ကျော်ယူ ထွက်ပြေး
အေးချမ်းသာယာရပ် ၊ အမှတ် ၂၅၇ တပ်ဦးကျောင်းလမ်းတွင် နေထိုင်တဲ့ မအိသဇင်ဖြိုး က သူ့ရဲ့ အသိမိတ်ဆွေတွေကို စည်းရုံးပြီး စုမဲ စနစ်နဲ့ ငွေပေးငွေယူလုပ်ခဲ့တာပါ ။ စုမဲငွေ များပြားလာတာ နဲ့အမျှ မန်ဘာ (အဖွဲ့ဝင်) ၃၀ ကျော် အထိ ဖြစ်လာချိန်မှာ အဆက်အသွယ် မလုပ်တော့ပဲ ရှောင်တိမ်းနေတာကြောင့် မန်ဘာအ ချို့က ၎င်းရဲ့နေအိမ်သို့ သွားရောက်စုံစမ်းရာ ခရီးထွက်သွား တယ်လို့ဆို ပါတယ်။
စုမဲအကြောင်းပြပြီး ငွေ သိန်း ( ၂,၀၀၀ ) ကျော်ယူ ထွက်ပြေး
ငွေကျပ် သိန်း ၂,၀၀၀ ကျော် လိမ်လည် ထွက်ပြေးနေသူ “မအိသဇင်ဖြိုး” ကို နစ်နာသူတွေက လိုက်လံ စုံစမ်းနေပြီး တရားစွဲဆိုနိုင်ရန် စီစဉ်နေကြောင်း သိရပါတယ်။
မြတ်ထွဋ် (မြိတ်)
Zawgyi
မြတ်ထွဋ် (မြိတ်)
Leave a Reply
Your email address will not be published. Required fields are marked *