အမျိုးသမီး တစ်ထောင်ကျော် ကို လိင်စော်ကား ခဲ့တဲ့ တူရကီ မွတ်ဆလင် တရားဟောဆရာ ထောင်ဒဏ် (၁၀၇၅) နှစ်ကျ

Posted on

တူရကီနိုင်ငံက ထင်ပေါ်ကျော်ကြား တဲ့ မွတ်ဆလင်တရားဟော ဆရာ တစ်ဦးဖြစ်သူ အက်ဒ်နန်အုတ်ခ်တာ (Adnan Oktar) ကို ပြစ်မှုပေါင်းများစွာ အတွက် ထောင်ဒဏ် (၁၀၇၅) နှစ် ချမှတ်လိုက်တယ်လို့ Bloomberg သတင်းဌာန က ဖော်ပြခဲ့ပါ တယ်။

ရုပ်သံကနေတစ်ဆင့် ဘာသာရေးတရားတွေ ဟောကြားပြီး အလှူငွေတွေကောက်ခံ ခဲ့တဲ့ အုတ်ခ်တာ ဟာ အမျိုးသမီးပေါင်းများစွာ ကို လိင်ပိုင်း ဆိုင်ရာစော်ကားခဲ့ကြောင်း စစ်ဆေးတွေ့ ရှိခဲ့ပြီး သူနဲ့ပတ်သက် ခဲ့တဲ့ အမျိုးသမီးအရေ အတွက် က တစ်ထောင်နီးပါး ရှိတယ်လို့ အုတ်ခ်တာ က ဖွင့်ဟဝန်ခံသွား ခဲ့ပါတယ်။

Adnan Oktar

အုတ်ခ်တာဟာ ဟာရမ် ယာယာ ဆိုတဲ့ ကလောင်နာမည်နဲ့ အစ္စလာမ် ဖန်ဆင်းရှင် ဝါဒကို စာအုပ်တွေလည်း ရေးသားခဲ့ပြီး သူဟာ ရှေးရိုးစွဲတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ တူရကီဘာသာရေး အစွန်းရောက်ခေါင်းဆောင်တစ် ဦး ဖြစ်ပြီး အစ္စလာမ် ဖန်တီး မှုဝါဒီ လည်းဖြစ်သည် ။ ထူးခြားချက်လို့ဆိုရမှာက သူနဲ့ပတ်သက်တဲ့ အမျိုးသမီးတွေ ကို ပလတ်စတစ်ဆာဂျရီ နည်းလမ်း နဲ့ ခွဲစိတ်ပြုပြင်စေခြင်းနဲ့ TV Studio ထဲမှာ အမျိုးသမီးတွေ ကို သူ့ပတ်လည် မှာ ကခိုင်းခဲ့ တာပါ။

Adnan Oktar

အုတ်ခ်တာ ကို ဖမ်းဆီးတရားစွဲဆို ခဲ့တဲ့ ပြစ်မှုတွေထဲမှာ တူရကီ နိုင်ငံရေး အသိုင်းအဝိုင်း နဲ့ တူရကီစစ်တပ်ကို သူလျှိုလုပ်ခဲ့ခြင်းတွေ လည်း ပါဝင်နေ ပါတယ်။ အုတ်ခ်တာ ဟာ ကိုယ်ပိုင် ရုပ်သံ Channel လိုင်း တည်ထောင် ကာ အစီအစဉ်တွေ ကို ထုတ်လွှင့် တင်ဆက် ခဲ့တာဖြစ်ပြီး သူ့ရုပ်သံ အစီအစဉ် မှာ ပါဝင်တဲ့မိန်းကလေးတွေ ကို အုတ်ခ်တာက ကြောင်မလေးတွေ လို့ တင်စားခေါ်ဝေါ်ကြောင်းလည်း သိရ ပါတယ်။

Adnan Oktar

တူရကီ အစိုးရ အာဏာပိုင်တွေဟာ အုတ်ခ်တာ နဲ့ အပေါင်းအပါတွေ ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး သူ့ရုပ်သံလိုင်း ကိုလည်း ပိတ်သိမ်းပစ်လိုက်ပြီဖြစ် ပါတယ် ။

Adnan Oktar

အသက် ( ၆၄ ) နှစ် အရွယ် ရှိနေပြီဖြစ် တဲ့ အုတ်ခ်တာ နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အပေါင်းပါ အရေအတွက်က ( ၂၃၆ )ယောက် ရှိခဲ့ ပါတယ် ။

Adnan Oktar

အုတ်ခ်တာကို စွဲချက် ( ၁၅ ) ခု နဲ့ တရား ဆွဲထားပြီး လက်နက် နဲ့ခြိမ်းခြောက်မှု၊ လူပုဂ္ဂိုလ်တွေ ရဲ့ အချက်အလက်တွေ ကို ခိုးယူမှု၊ ပြန်ပေးဆွဲမှု၊ ဒုစရိုက်အဖွဲ့အစည်းကြီး တစ်ခုကို ခေါင်းဆောင် အဖြစ် အုပ်ချုပ်ခဲ့မှု စတာတွေလည်း ပါဝင်ခဲ့ ပါတယ်။

Adnan Oktar

Zawgyi

တူရကီနိုင္ငံက ထင္ေပၚေက်ာ္ၾကား တဲ့ မြတ္ဆလင္တရားေဟာ ဆရာ တစ္ဦးျဖစ္သူ အက္ဒ္နန္အုတ္ခ္တာ(Adnan Oktar) ကို ျပစ္မႈေပါင္းမ်ားစြာ အတြက္ ေထာင္ဒဏ္ (၁၀၇၅) ႏွစ္ ခ်မွတ္လိုက္တယ္လို႔ Bloomberg သတင္းဌာန က ေဖာ္ျပခဲ့ပါ တယ္။

႐ုပ္သံကေနတစ္ဆင့္ ဘာသာေရးတရားေတြ ေဟာၾကားၿပီး အလႉေငြေတြေကာက္ခံ ခဲ့တဲ့ အုတ္ခ္တာ ဟာ အမ်ိဳးသမီးေပါင္းမ်ားစြာ ကို လိင္ပိုင္း ဆိုင္ရာေစာ္ကားခဲ့ေၾကာင္း စစ္ေဆးေတြ႕ ရွိခဲ့ၿပီး သူနဲ႕ပတ္သက္ ခဲ့တဲ့ အမ်ိဳးသမီးအေရ အတြက္ က တစ္ေထာင္နီးပါး ရွိတယ္လို႔ အုတ္ခ္တာ က ဖြင့္ဟဝန္ခံသြား ခဲ့ပါတယ္။

အုတ္ခ္တာဟာ ဟာရမ္ ယာယာ ဆိုတဲ့ ကေလာင္နာမည္နဲ႕ အစၥလာမ္ ဖန္ဆင္းရွင္ ဝါဒကို စာအုပ္ေတြလည္း ေရးသားခဲ့ၿပီး သူဟာ ေရွးရိုးစြဲတစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။ တူရကီဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္တစ္ ဦး ျဖစ္ၿပီး အစၥလာမ္ ဖန္တီး မႈဝါဒီ လည္းျဖစ္သည္ ။ ထူးျခားခ်က္လို႔ဆိုရမွာက သူနဲ႕ပတ္သက္တဲ့ အမ်ိဳးသမီးေတြ ကို ပလတ္စတစ္ဆာဂ်ရီ နည္းလမ္း နဲ႕ ခြဲစိတ္ျပဳျပင္ေစျခင္းနဲ႕ TV Studio ထဲမွာ အမ်ိဳးသမီးေတြ ကို သူ႕ပတ္လည္ မွာ ကခိုင္းခဲ့ တာပါ။

အုတ္ခ္တာ ကို ဖမ္းဆီးတရားစြဲဆို ခဲ့တဲ့ ျပစ္မႈေတြထဲမွာ တူရကီ နိုင္ငံေရး အသိုင္းအဝိုင္း နဲ႕ တူရကီစစ္တပ္ကို သူလွ်ိုလုပ္ခဲ့ျခင္းေတြ လည္း ပါဝင္ေန ပါတယ္။ အုတ္ခ္တာ ဟာ ကိုယ္ပိုင္ ႐ုပ္သံ Channel လိုင္း တည္ေထာင္ ကာ အစီအစဥ္ေတြ ကို ထုတ္လႊင့္ တင္ဆက္ ခဲ့တာျဖစ္ၿပီး သူ႕႐ုပ္သံ အစီအစဥ္ မွာ ပါဝင္တဲ့မိန္းကေလးေတြ ကို အုတ္ခ္တာက ေၾကာင္မေလးေတြ လို႔ တင္စားေခၚေဝၚေၾကာင္းလည္း သိရ ပါတယ္။

တူရကီ အစိုးရ အာဏာပိုင္ေတြဟာ အုတ္ခ္တာ နဲ႕ အေပါင္းအပါေတြ ကို ဖမ္းဆီး ထိန္းသိမ္းခဲ့ၿပီး သူ႕႐ုပ္သံလိုင္း ကိုလည္း ပိတ္သိမ္းပစ္လိုက္ၿပီျဖစ္ ပါတယ္ ။

အသက္ ( ၆၄ ) ႏွစ္ အ႐ြယ္ ရွိေနၿပီျဖစ္ တဲ့ အုတ္ခ္တာ နဲ႕အတူ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ အေပါင္းပါ အေရအတြက္က ( ၂၃၆ )ေယာက္ ရွိခဲ့ ပါတယ္ ။

အုတ္ခ္တာကို စြဲခ်က္ ( ၁၅ ) ခု နဲ႕ တရား ဆြဲထားၿပီး လက္နက္ နဲ႕ၿခိမ္းေျခာက္မႈ၊ လူပုဂၢိဳလ္ေတြ ရဲ႕ အခ်က္အလက္ေတြ ကို ခိုးယူမႈ၊ ျပန္ေပးဆြဲမႈ၊ ဒုစရိုက္အဖြဲ႕အစည္းႀကီး တစ္ခုကို ေခါင္းေဆာင္ အျဖစ္ အုပ္ခ်ဳပ္ခဲ့မႈ စတာေတြလည္း ပါဝင္ခဲ့ ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *