အပူပိုင္းမုန္တိုင္း“ နိုလ္ ”(NOUL) ေၾကာင့္ ျမန္မာျပည္အႏွံ႕ မိုးႀကီးမည္

Posted on

အေရွ႕ဘက္ မွ လာေသာ အပူပိုင္းမုန္တိုင္း “ နိုလ္ ”(NOUL) ေၾကာင့္ ေဒသအလိုက္ မိုးႀကီးျခင္းႏွင့္ ေနရာကြက္ ၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚ နိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန မွ သတိေပးခ်က္ ထုတ္ျပန္ထား သည္ ။

အေရွ႕ဘက္ မွ လာေသာ အပူပိုင္း မုန္တိုင္း “နိုလ္”(NOUL)သည္ အေနာက္ဘက္ သို႔ ေ႐ြ႕လ်ားကာ ဗီယက္နမ္ကမ္းေျခ ကို ျဖတ္ေက်ာ္ၿပီး ၎၏ အႂကြင္းအက်န္ တိမ္တိုက္မ်ား ျဖတ္သန္းလာနိုင္ မႈေၾကာင့္ လည္းေကာင္း၊ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလအားေကာင္းရာမွ အားအလြန္ ေကာင္းလာနိုင္ျခင္း တို႔ေၾကာင့္လည္းေကာင္း စက္တင္ဘာလ ၁၉ ရက္ မွ ၂၂ ရက္အတြင္း မိုးႀကီးျခင္းမ်ားျဖစ္ေပၚ နိုင္ေၾကာင္း သိရ သည္။

အဆိုပါ ကာလ အတြင္း ေနျပည္ေတာ္၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္ တိုင္းေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ရခိုင္ျပည္ နယ္၊ ကယားျပည္ နယ္၊ ကရင္ျပည္ နယ္ႏွင့္ မြန္ျပည္နယ္ တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႕အျပား မိုးထစ္ခ်ဳန္း ႐ြာၿပီး ေဒသအလိုက္ မိုးႀကီးျခင္းႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚနိုင္ေၾကာင္း သိ ရ သည္ ။

ယင္းကာလ အတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ တို႔တြင္ (၂၄)နာရီ အတြင္း မိုးေရခ်ိန္ ( ၃ ) လက္မ ( ၇၇-မီလီမီတာ )ႏွင့္ အထက္၊ ေနျပည္ေတာ္ႏွင့္ မေကြးတိုင္းေဒသႀကီး တို႔ တြင္ (၂၄)နာရီအတြင္း မိုးေရခ်ိန္( ၁ ဒသမ ၅ ) လက္မ ( ၃၈-မီလီမီတာ )ႏွင့္ အထက္ ႐ြာသြန္းနိုင္ေၾကာင္း အသိေပးေၾကညာ ထား သည္ ။

မိုးဇလ

Unicode

အရှေ့ဘက် မှ လာသော အပူပိုင်းမုန်တိုင်း “ နိုလ် ”(NOUL) ကြောင့် ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက် ၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ သတိပေးချက် ထုတ်ပြန်ထား သည် ။

အရှေ့ဘက် မှ လာသော အပူပိုင်း မုန်တိုင်း “နိုလ်”(NOUL)သည် အနောက်ဘက် သို့ ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေ ကို ဖြတ်ကျော်ပြီး ၎င်း၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင် မှုကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန် ကောင်းလာနိုင်ခြင်း တို့ကြောင့်လည်းကောင်း စက်တင်ဘာလ ၁၉ ရက် မှ ၂၂ ရက်အတွင်း မိုးကြီးခြင်းများဖြစ်ပေါ် နိုင်ကြောင်း သိရ သည်။

အဆိုပါ ကာလ အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည် နယ်၊ ကယားပြည် နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိ ရ သည် ။

ယင်းကာလ အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် (၂၄)နာရီ အတွင်း မိုးရေချိန် ( ၃ ) လက်မ ( ၇၇-မီလီမီတာ )နှင့် အထက်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီး တို့ တွင် (၂၄)နာရီအတွင်း မိုးရေချိန်( ၁ ဒသမ ၅ ) လက်မ ( ၃၈-မီလီမီတာ )နှင့် အထက် ရွာသွန်းနိုင်ကြောင်း အသိပေးကြေညာ ထား သည် ။

မိုးဇလ

Leave a Reply

Your email address will not be published. Required fields are marked *