အဆိုတော် မာရဇ္ဇ ကွယ်လွန်သွားပြီဆိုတဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ သတင်း မဟုတ်မမှန်ကြောင်း သိရ

Posted on

အောင်မြင်မှု အခိုင်အမာ နဲ့ သီချင်းကောင်းတွေ များစွာ ထွက်ရှိထားတဲ့ အဆိုတော် မာရဇ္ဇ ဟာ ဇွန်လ(၂၁)ရက်နေ့ မှာပဲ ဆုံးပါး ကွယ်လွန်သွားတယ်လို့ သတင်းတွေ လူမှုကွန်ယက် စာမျက်နှာမှာ ပြန့်နှံ့ လာပါတယ်..။

အဆိုတော် မာရဇ္ဇ တစ်ယောက် မနေ့က ညနေ(၄)နာရီ အချိန် ကွယ်လွန်သွားတယ် ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေဟာ မဟုတ်မမှန်ဘဲ ကောလဟာလတွေသာ ဖြစ်ကြောင်းကို အနုပညာ အသိုင်းအဝိုင်းမှ တချို့ က အသိပေး ပြောပြလာပါတယ်..။

အဆိုပါ သတင်းအမှားတွေ နဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပြောပြ ထားသလို မာရဇ္ဇဟာ လက်ရှိမှာလည်း ကျန်းမာစွာ ရှိနေတဲ့အကြောင်းကို ပြည်သူပရိသတ်တွေအတွက် အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

“အဆိုတော် မာရဇ္ဇ ကွယ်လွန်ပြီဆိုတဲ့သတင်း မဟုတ်မှန်”

လူမူကွန်ယက်ေ ဖ့ဘွတ်စ်မှာ တွေ့ရတဲ့ မာရဇ္ဇကွယ်လွန်ပြီ ဆိုတဲ့သတင်း ဟာ သတင်းမှားသာဖြစ်ပါတယ်။ မာရဇ္ဇဟာ ကျန်းမာစွာရှိကြောင်းသိရပါတယ်။.. ” ရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။

အဆိုတော် မာရဇ္ဇ ဟာ အနုပညာလောကမှာ ယောကျ်ားလေး မိန်းကလေးမရွေး နှစ်သက် အားပေးကြတဲ့ ဂီတအနုပညာရှင် အဆိုတော်တစ်ဦးဖြစ်တာမို့ သတင်းအမှားတွေကြောင့် ပြည်သူတွေက နှမျောတသဖြစ်စွာနဲ့ စိတ်မကောင်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်..။

ပြည်သူ ပရိသတ်တွေ ဝမ်းနည်းနေကြတဲ့ မာရဇ္ဇရဲ့ ကောလဟာလသတင်းတွေနဲ့ ပတ်သက်ပြီး အားလုံးကို အသိပေး ဝေမျှလိုက်ပါတယ်နော်..။

Source;Tin Tun Win’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *