အစိုးရ ဖွဲ့နိုင်သည့် ကိုယ်စားလှယ် ဦးရေ ကျော်လွန်ပြီ ဟု ဒီချုပ် တွက်ချက် ထား

Posted on

တရားဝင် ရွေးကောက်ပွဲ ရလဒ် မထုတ်ပြန်နိုင်သေး ၊ မကြာခင်ထုတ်ပြန် မည် ဟုဆို

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲရလဒ် ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် အထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ တွက် ချက်မှုများအရ အစိုးရဖွဲ့နိုင် သည့် ကိုယ်စား လှယ်ဦးရေ ကို ကျော်လွန်ပြီ ဟု ယင်း ပါတီဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးညွန့်က ပြော သည် ။

“ကျွန်တော် တို့က ၃၂၂ နေရာ ကျိန်းသေကျော်လွန်မယ်လို့ တွက်ထားတာပဲ ။ မဲရုံကိုယ်စားလှယ်ကနေ အခြေခံပြီးတွက်ရ တဲ့အခါကျတော့ ကျွန်တော် တို့ သေချာပေါက်တော့ ပြောလို့မရသေးပါဘူး ။ ကော်မရှင်က တရားဝင်ထုတ်ပြန်တာ မရှိသေးဘူး ” ဟု ၎င်းက ယနေ့နံနက်ပိုင်း တွင် ပြော သည် ။

ပြည်ထောင်စုလွှတ်တော် တွင် ကိုယ်စားလှယ်နေရာ ၃၂၂ ရရှိသည့် ပါတီက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်မည်ဖြစ် သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ယနေ့နံနက်ပိုင်းမှစတင်ကာ ၎င်းတို့၏ ကိုယ်စားလှယ် လောင်းများထံမှ ရရှိသော အချက် အလက်များဖြင့် အနိုင်ရကိုယ်စားလှယ်စာရင်း ကို ထုတ်ပြန် ပေးနေသည်။

အင်န်အယ်လ်ဒီ ပါတီ ၏ နိုဝင်ဘာ ၉ ရက် ၁၀ နာရီခွဲ သတင်းထုတ်ပြန်ချက် အရ ပြည်သူ့လွှတ် တော် ၁၇ နေရာ တွင် ၎င်းတို့၏ ပါတီ ကိုယ်စားလှယ်လောင်းများ က အနိုင်ရကြောင်း မဲအရေ အတွက်ရလဒ်များဖြင့် ကြေညာထား သည်။

အင်န်အယ်လ်ဒီ ပါတီ သည် ဧရာဝတီနှင့် မကွေးတိုင်းတို့တွင် တစ်တိုင်းလုံးအနိုင်ရခဲ့ပြီး ရန်ကုန်တိုင်းတွင် ကိုကိုးကျွန်းမှလွဲ၍ ကျန်မဲဆန္ဒနယ်အားလုံး အနိုင်ရထား သည် ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ ချင်းပြည်နယ် တွင် နှစ်နေရာရှုံးနိမ့်ပြီး မွန်ပြည်နယ်တွင်လည်း ရေးမြို့နယ် တစ်ခုလုံး အပါအဝင် သုံးနေရာခန့်ရှုံးနိမ့်ကြောင်း ၎င်းက ဆိုသည် ။

ကော်မရှင်၏ တရားဝင် ရလဒ်ကြေညာခြင်း ကို မကြာခင်စတင်နိုင်မည် ဟု ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဦးကျော်မိုးကြည် က ယနေ့နံနက်ပိုင်း တွင် ပြောကြားပြီး ၁၀ ခွဲခန့်အထိ စာ ရင်းများချုပ်နေဆဲဖြစ်ကြောင်း ဆက်ပြော သည်။ ရွေးကောက်ပွဲရလဒ်သည် ကော်မရှင်က ကြေညာမှ သာ အတည်ယူနိုင်မည်ဖြစ် သည် ။

7Days

Zawgyi

တရားဝင္ ေ႐ြးေကာက္ပြဲ ရလဒ္ မထုတ္ျပန္နိုင္ေသး ၊ မၾကာခင္ထုတ္ျပန္ မည္ ဟုဆို

ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေ႐ြးေကာက္ပြဲရလဒ္ ကို ယေန႕နံနက္ ၁၀ နာရီခြဲအခ်ိန္ အထိ တရားဝင္ထုတ္ျပန္ျခင္း မရွိေသးေသာ္လည္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၏ တြက္ ခ်က္မႈမ်ားအရ အစိုးရဖြဲ႕နိုင္ သည့္ ကိုယ္စား လွယ္ဦးေရ ကို ေက်ာ္လြန္ၿပီ ဟု ယင္း ပါတီဗဟို အလုပ္ အမႈေဆာင္အဖြဲ႕ဝင္ေဒါက္တာမ်ိဳးၫြန႔္က ေျပာ သည္ ။

“ကြၽန္ေတာ္ တို႔က ၃၂၂ ေနရာ က်ိန္းေသေက်ာ္လြန္မယ္လို႔ တြက္ထားတာပဲ ။ မဲ႐ုံကိုယ္စားလွယ္ကေန အေျခခံၿပီးတြက္ရ တဲ့အခါက်ေတာ့ ကြၽန္ေတာ္ တို႔ ေသခ်ာေပါက္ေတာ့ ေျပာလို႔မရေသးပါဘူး ။ ေကာ္မရွင္က တရားဝင္ထုတ္ျပန္တာ မရွိေသးဘူး ” ဟု ၎က ယေန႕နံနက္ပိုင္း တြင္ ေျပာ သည္ ။

ျပည္ေထာင္စုလႊတ္ေတာ္ တြင္ ကိုယ္စားလွယ္ေနရာ ၃၂၂ ရရွိသည့္ ပါတီက အစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းနိုင္မည္ျဖစ္ သည္။ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္သည္ ယေန႕နံနက္ပိုင္းမွစတင္ကာ ၎တို႔၏ ကိုယ္စားလွယ္ ေလာင္းမ်ားထံမွ ရရွိေသာ အခ်က္ အလက္မ်ားျဖင့္ အနိုင္ရကိုယ္စားလွယ္စာရင္း ကို ထုတ္ျပန္ ေပးေနသည္။

အင္န္အယ္လ္ဒီ ပါတီ ၏ နိုဝင္ဘာ ၉ ရက္ ၁၀ နာရီခြဲ သတင္းထုတ္ျပန္ခ်က္ အရ ျပည္သူ႕လႊတ္ ေတာ္ ၁၇ ေနရာ တြင္ ၎တို႔၏ ပါတီ ကိုယ္စားလွယ္ေလာင္းမ်ား က အနိုင္ရေၾကာင္း မဲအေရ အတြက္ရလဒ္မ်ားျဖင့္ ေၾကညာထား သည္။

အင္န္အယ္လ္ဒီ ပါတီ သည္ ဧရာဝတီႏွင့္ မေကြးတိုင္းတို႔တြင္ တစ္တိုင္းလုံးအနိုင္ရခဲ့ၿပီး ရန္ကုန္တိုင္းတြင္ ကိုကိုးကြၽန္းမွလြဲ၍ က်န္မဲဆႏၵနယ္အားလုံး အနိုင္ရထား သည္ ဟု ေဒါက္တာမ်ိဳးၫြန႔္က ေျပာသည္။ ခ်င္းျပည္နယ္ တြင္ ႏွစ္ေနရာရႈံးနိမ့္ၿပီး မြန္ျပည္နယ္တြင္လည္း ေရးၿမိဳ႕နယ္ တစ္ခုလုံး အပါအဝင္ သုံးေနရာခန႔္ရႈံးနိမ့္ေၾကာင္း ၎က ဆိုသည္ ။

ေကာ္မရွင္၏ တရားဝင္ ရလဒ္ေၾကညာျခင္း ကို မၾကာခင္စတင္နိုင္မည္ ဟု ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ ဦးေက်ာ္မိုးၾကည္ က ယေန႕နံနက္ပိုင္း တြင္ ေျပာၾကားၿပီး ၁၀ ခြဲခန႔္အထိ စာ ရင္းမ်ားခ်ဳပ္ေနဆဲျဖစ္ေၾကာင္း ဆက္ေျပာ သည္။ ေ႐ြးေကာက္ပြဲရလဒ္သည္ ေကာ္မရွင္က ေၾကညာမွ သာ အတည္ယူနိုင္မည္ျဖစ္ သည္ ။

7Days

Leave a Reply

Your email address will not be published. Required fields are marked *