ဟီလာရီ ကလင်တန် ပြော သည့် ” ဒေါ်အောင်ဆန်းစုကြည် ” ဆိုတာ ဘယ်လိုလူမျိုးလဲ

Posted on

“ဟီလာရီ ပြော သည့် ဒေါ်အောင်ဆန်းစုကြည်”

သူမ ပုံက ပိန်ပိန်သွယ်သွယ် နှင့် ပျော့ဖတ်ဖတ် ဖြစ်နေသည်ဟူ၍ပင် ပြောနိုင်သည် ။ သို့သော် သူမ ၏ အတွင်းစိတ်ဓါတ် သည် အားမာန်အပြည့်နှင့် ရှိနေသည် ကိုက မည်သူမျှ သတိမမူမိဘဲ ရှိကြလိမ့်မည် မဟုတ်ပေ ။ တည်ငြိမ် အေးဆေးသည့် ဣနြေ္ဒ နှင့် ကာလကြာမြင့်စွာ အကျဉ်းချခံနေရ သည့် ခန္ဓာကိုယ်ထဲ တွင် အားအင်အပြည့်ရှိနေ သည့် စိတ်ဓါတ် ခွန်အားများ အရစ်လိုက် အရစ်လိုက် ဝိုင်းပတ်နေသည်ကိုလည်း တွေ့နေရပြန်သည်။ ကျမသည် သူမ လို အကျဉ်းချခံခဲ့ကြရ သည့် နယ်ဆင် မင်ဒဲလား နှင့် ဗားကလပ် ဟေဗယ်တို့တွင် လျပ်တပြက် မြင်တွေ့ခွင့် ရခဲ့သည့် အရည်အသွေးမျိုး သူမထံတွင် တွေ့နေရသည် ။ သူတို့လိုပင် သူမ သည် နိုင်ငံတခု၏ မျှော်လင့်ချက်များကို ပုခုံးထက်တွင် ထမ်းထားရပြီ ဖြစ်သည်။

“ဟီလာရီ ပြော သည့် ဒေါ်အောင်ဆန်းစုကြည်”

ကျမ သည် အောင်ဆန်းစုကြည်အား ပထမဆုံး တွေ့ခွင့်ရခဲ့သည့် အချိန်ကား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ ဖြစ်သည်။ ထိုနေ့ကား ကျွန်မတို့ နှစ်ဦးစလုံး အဖြူရောင် ကို ဝတ်ဆင်ထားကြသည်။ ဤသည်ကပင် မတော်တဆ တိုက်ဆိုင်သွားခဲ့သည့် မင်္ဂလာ တပါးပင် ဖြစ်သည် ။ ယခုလို ထင်ရှားကျော်ကြားလှသည့် အစိုးရ ဆန့်ကျင်ရေး သမားတဦး အကြောင်းကို နှစ်ပေါင်းများစွာ စာအုပ်စာတန်းများ ဖတ်ရှုခဲ့ရကာ အကြိမ်ပေါင်း များစွာ အတွေးနယ်ချဲ့ခဲ့ရပြီးနောက် ယခုတော့ မျက်နှာချင်းဆိုင် တွေ့ခွင့်ရခဲ့ပြီ လည်း ဖြစ်သည် ။ သူမသည် အကျယ်ချုပ် ဘဝမှ လွတ်မြောက်လာ ခဲ့ပြီး ဖြစ်သည်။ ထို့အတွက် ကျမ အဖို့ သူမ ၏ အာဏာရှင်နိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အလားအလာများကို ဆွေးနွေးရန် မိုင်ပေါင်း ထောင်ချီဝေးကွာလှသော ခရီးကို နှင်လာခဲ့ရခြင်းဖြစ်သည်။ ထိုနေ့မှာ ရန်ကုန် ရှိ အမေရိကန် သံရုံးအကြီးအကဲ၏ အိမ်ဝင်းအတွင်းတွင် နှစ်ဦးတည်း ညစာ အတူ စားဖြစ်ခဲ့ကြသည်။ ကျမတို့ အဖို့က ယခုမှသာ ဆုံဖြစ်ခဲ့ကြသော်လည်း ဘဝတလျှောက်လုံး သိကျွမ်းပြီးခဲ့သူများလို စိတ်တွင် ထင်မြင်နေမိကြသည်။

ကျမတွင် မေးစရာ မေးခွန်းပေါင်း များစွာ ရှိနေ သည်။ သူမတွင်လည်း ကျမလို ရှိနေပေလိမ့်မည်သာ၊ နှစ်ပေါင်းများစွာ ဒီမိုကရေစီ လှုပ်ရှားမှု အတွက် အားလုံးက တလေးတစား အမွှန်းတင်ခံနေရသူ သူမသည် ယခုအခါ ဒီမိုကရေစီ နှင့် နဖူးတွေ့ ဒူးတွေ့ ကြုံရတော့မည် ဖြစ်သည်။ ထိုအရေးကို အတိုက်အခံ လုပ် တောင်းဆိုနေရသည့် ဘဝမှ တကယ်ကျင့်သုံးရမည် အဖြစ်ကို မည်သို့ ရွေ့လျားသွားမည်နည်း။ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လမ်းကြောင်းသစ် အပေါ် မိမိကိုယ် မိမိ လုံးလုံးလျားလျား နေရာချထားခြင်းမျိုး နှင့် ဆင်တူနေမည်လား၊ အစပိုင်းတွင် အေးအေး သက်သာ ပြောခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကျမတို့ ရီရီမောမော နှင့် လွတ်လပ်ပွင့်လင်းစွာ မိတ်ဆွေဟောင်းများလို စကားပြောဖြစ် ခဲ့ကြသည်။

ယခုအချိန်သည် လွန်စွာ သိမ်မွေ့စွာဖြင့် လှုပ်ရှားမှ ဖြစ်မည်ကို ကျမတို့ နှစ်ဦးစလုံး သိနေခဲ့ကြသည်။ သူမ၏ နိုင်ငံရှိ ဗိုလ်ချုပ်ကြီးများက လွန်စွာ အရေးပါသည့် အပြောင်းအလဲများ စတင်ပြုလုပ်တော့ မည် အချိန်လည်း ဖြစ်သည်။ ထိုသို့သော အချိန်မျိုးတွင် နိုင်ငံသည် ယခင်လို သွေးအလူးလူး နှင့် ဖိနှိပ်ချုပ်ချယ်ခံ ဘဝသို့ ချက်ခြင်းလို ပြန်ရောက်သွားနိုင်သည်။ ကျမတို့ အဖို့ မှန်ကန်သည့် လမ်းကြောင်း သို့သွားနိုင်ရန် ဖေါ်ဆောင်နိုင် မှသာ တိုးတက်လာ မည့် အလားအလာများက မျိုးဆက်တခု အတွင်း အချိန်မရွေး ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။

“ဟီလာရီ ပြော သည့် ဒေါ်အောင်ဆန်းစုကြည်”

မြန်မာပြည်အား အာဏာရှင် စနစ် မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းပြီး ကမ္ဘာမိသားစု အတွင်း ပြန်လည် ဝင်ရောက်နိုင်ရေး အတွက် အမေရိကန် ပြည်ထောင်စု အဖို့ အကူအညီပေးနိုင်ဖို့ မချင့်မရဲ ဖြစ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည် ။ မြန်မာ ကိုယ်နှိုက်ကပင် ထိုသို့သော အခွင့်အရေးမျိုး ရရန်ထိုက်တန်လှပေသည်။ သန်းပေါင်းများစွာ သော နိုင်ငံသားများသည် လွတ်လပ်ခွင့် နှင့် ကြွယ်ဝချမ်းသာခွင့် များ ခံစားနိုင်ရန် အခွင့်အရေးများ ထိုက်ထိုက်တန်တန်ကို ရသင့်နေကြသူများ ဖြစ်သည်။ မဟာဗျူဟာအရ ပို၍ ကြီးမားစွာ ပါဝင် ပတ်သက်လာနိုင်စရာလည်း ရှိနေသည်။ မြန်မာသည် အမေရိကန်နှင့် တရုတ် တို့ ဩဇာလွှမ်းမိုးခွင့်ရရန် ယှဉ်ပြိုင်နေသည့် အရှေ့တောင်အာရှ၏ အလယ်ဗဟို တည့်တည့်တွင် ရှိနေပြန်သည်။

မြန်မာနိုင်ငံတွင် အဓိပ္ပါယ် အပြည့်အဝ ရှိမည့် ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်နိုင်ခဲ့မည် ဆိုလျှင် ကျမတို့ အကောင်အထည်ဖေါ်ရန် ကြိုးစားနေသည့် အာရှတခွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ တိုးမြှင့် ဖြစ်ပေါ် လာရေး အား ဒေါက်တိုင်ကြီးသဖွယ် အားဖြည့်ပေးမည့် မဟာဗျူဟာ အတွက် မှတ်တိုင်ကြီး တခု အဖြစ် စိုက်ထူနိုင်မည်လည်း ဖြစ်သည်။ ထို့အပြင် အာရှတွင်သာ မက အခြားနေရာများ ရှိ အာဏာရှင်များလည်း ၎င်းတို့ ပြည်သူများ၏ ပြစ်တင် မာန်မဲခြင်း ခံလာကြရမည် ဖြစ်သည်။

ကျမတို့ မအောင်မြင်ခဲ့ လျှင်တော့ ထိုအရာများနှင့် ဆန့်ကျင့်ဖက် ရလဒ်များ ထွက်ပေါ်လာပေတော့မည်။ ကျမတို့အဖို့ မြန်မာ ဗိုလ်ချုပ်ကြီးများ၏ လှည့်ဖျားခံရမည့် အန္တရာယ်ကလည်း ရှိနေပြန်သည်။ လက်တွေ့တွင် မည်မည်ရရ အပြောင်းအလဲများ လုပ်စရာ မလိုဘဲ နိုင်ငံတကာမှ ဝိုင်းပယ်ခံထားရမှုများ အက်ကြောင်း ထလာရုံလောက်သာ၊ အနည်းငယ် မဆိုသလောက် လိုက်လျောပေးလိုက်ရုံဖြင့် လုံလောက် မည် ဟု ယူဆကောင်း ယူဆလာနိုင်သည်။ ထိုသို့ အခြေအနေများ ကွဲကွဲပြားပြား ဖြစ်မလာသေးဘဲ မြန်မာသို့ လက်ကမ်းပေးခြင်းသည် မှားသည်ဟု အမေရိကန် ပြည်တွင်း ၌ ယုံကြည်သူများ လည်း ရှိနေ သည် ။ ကျမအနေဖြင့် စောစောက ပြောသည့် အန္တရာယ်များကို မျက်စိ အစွမ်းကုန် ဖွင့်၍ ကြည့်ရတော့မည်သာ ဖြစ်သည်။ သို့သော် ဖြစ်လာနိုင်စရာ ရှိသည်များကို သေချာ ချိန်ဆ၍ စဉ်းစားပြီးနောက် တွင် ရရှိလာသော အခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်ဟု ရှုမြင်လာမိသည်။

“ဟီလာရီ ပြော သည့် ဒေါ်အောင်ဆန်းစုကြည်”

ကျမ နှင့် အောင်ဆန်းစုကြည် တို့ နှစ်နာရီ နည်းပါးမျှ စကားပြောဖြစ်ခဲ့ကြသည်။ သူမသည် မြန်မာ စစ်အုပ်ချုပ် ရေးသမားများ ပြုလုပ်ရန် စဉ်းစားနေသည့် ပြုပြင်ပြောင်းလဲရေးများကို အမေရိကန်မှ ဘယ်ပုံဘယ်နည်း တုန့်ပြန်မည်ကို သိချင်နေသည်။ ကျမက မိမိတို့မှ ပြုလုပ်လာမည့် လှုပ်ရှားမှု တခုစီ ကို ကြည့်ပြီး အဆင့်လိုက် တုန့်ပြန်သွားမည်ဟု ပြန်ပြောခဲ့သည်။ ကျမတို့ဖက်မှ ကမ်းလှမ်းနိုင်သည့် အချက်များစွာ ရှိနေပြီး ထိုအထဲတွင် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်ရေး မှသည် ပိတ်ဆို့ ဒဏ်ခတ်ထားမှုများ လျော့ချပြီး ရင်းနှီးမြှုပ်နှံမှုများ ဝင်လာအောင် လုပ်ပေးနိုင်သည် အထိ ပါဝင်နေ သည်။

ထိုသို့ ဖြစ်မလာမီ ကျမတို့မှ နိုင်ငံရေး အကျဉ်းသား များ ဒီထက်မက လွှတ်ပေးတာမျိုး၊ ယုံကြည်ရလောက်သည့် ရွေးကောက်ပွဲများ ကျင်းပပေးခြင်းမျိုး၊ တိုင်းရင်းသား လူနည်းစုများ ၏ အခွင့်အရေးများကို အကာ အကွယ်ပေးချင်းမျိုး၊ မြောက် ကိုရီယားနှင့် စစ်ရေးအရ ဆက်ဆံတာမျိုး၊ အဆုံးသတ်သွားတာမျိုး နှင့် ကာလကြာမြင့်စွာ ဖြစ်ပွားနေသည့် တိုင်းရင်းသား လူနည်းစုများ နှင့် ပဋိပက္ခများကို အဆုံးသတ်စေ မည့် လမ်းကြောင်း ပေါ်ပေါက်လာတာ မျိုး အစရှိတာတွေကို မြင်လိုသေးကြောင်း ပြောပြခဲ့သည်။ ကျမတို့ ဖက်က လုပ်လာတာ မှန်သမျှသည် ရှေ့လျှောက် တိုးတက်မှုများ ဖြစ်ပေါ် လာအောင် ပျိုးထောင်ပေးချင်းမျိုးသာ ဖြစ်လိမ့်မည်ဟုလည်း သူမကို ကျမ အာမခံ ခဲ့သည်။

အောင်ဆန်းစုကြည်သည် ရှေ့တွင် သူမရင်ဆိုင်ရမည့် အခက်အခဲများနှင့် တိုင်းပြည်ကို ထိန်းချုပ်ထားသည့် လူများ အကြောင်း ကောင်းစွာ သိရှိနားလည်ထားပြီး ဖြစ်နေသည်။ သူမ၏ ဖခင်ဖြစ်သူ အောင်ဆန်း ကိုယ် တိုင်လည်း တိုင်းပြည်လွတ်လပ်ရေး အတွက် ဗြိတိသျှ နှင့် ဂျပန်တို့ထံမှ အောင်မြင်စွာ တိုက်ယူ ပေးနိုင်ခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်တွင် နိုင်ငံရေး ပြိုင်ဖက်တဦး ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည် ။

အောင်ဆန်းစုကြည် သည် မအောင်မြင်ခဲ့သော ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားပြီး နောက် နိုင်ငံရေး လောကထဲ ဝင်ရောက်လာပြီး တနှစ်မပြည့်ခင် ၁၉၈၉ ဇူလိုင်လတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထိုအချိန်ကတည်း က အဖမ်းခံလိုက်၊ ပြန်လွှတ်ပေးလိုက်နှင့် သံသရာ လည်နေခဲ့ရသည်။

“ဟီလာရီ ပြော သည့် ဒေါ်အောင်ဆန်းစုကြည်”

၁၉၉၀ တွင် စစ်တပ်မှ ရွေးကောက် ပွဲများ ကျင်းပပေးသည့် အခါတွင်တော့ သူမ၏ ပါတီသည် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ ချက်ခြင်းဆိုသလို ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကြေညာခဲ့ကြ သည် ။ နောက်တနှစ် တွင် သူမ သည် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထိုဆုကို ခင်ပွန်းဖြစ်သူ တိဘက် ဗုဒ္ဓဘာသာရေးရာ ကျွမ်းကျင်သူ ပညာရှင် ဗြိတိသျှ လူမျိုး အောက်စဖို့ ပါမောက္ခ ဒေါက်တာ မိုက်ကယ် အဲရစ်နှင့် သားဖြစ်သူက လက်ခံရယူခဲ့သည်။

အောင်ဆန်းစုကြည်သည် သူမ အကျယ်ချုပ် ကျခံနေရစဉ်အတွင်း မိသားစုနှင့် တွေ့ခွင့်ရ ခဲ့သော အကြိမ်ပေါင်းမှာ လက်ချိုး ရေတွက်၍ပင် ရနိုင်ပေသည်။ ဒေါက်တာ အဲရစ်သည် သူ့တွင် ဆီးကြိတ်ကင်ဆာ ဖြစ်နေပြီဟု သိရှိလာပြီးနောက်တွင်မူ မြန်မာ ဗိုလ်ချုပ်ကြီးများ က သူ့အား နောက်ဆုံးရက်များကို ဇနီးဖြစ်သူနှင့် အတူ ရှိနေရန် အတွက် လျောက်ထားလာသည့် ပြည်ဝင်ခွင့် ဗီဇာကို ထုတ်ပေးရန် ငြင်းဆိုလိုက်ကြပြီး ထိုအစား အောင်ဆန်းစုကြည် အား တိုင်းပြည်မှ ထွက်သွားရန် ပြောလာခဲ့ကြသည်။ သူတို့ ပြောသလို ထွက်သွားပါက မည်သည့် အခါမျှ ပြန်လာခွင့် ရတော့မည် မဟုတ်သည်ကို သူမသည် ကောင်းစွာ ရိပ်စားမိပြီးလည်း ဖြစ်သည်။ ထို့အတွက် ဗိုလ်ချုပ်ကြီးများ ပြောသည့်အကြံကို လက်မခံဘဲ ငြင်းပယ်လိုက်ပြီး ခင်ပွန်းဖြစ်သူအား နောက်ဆုံး နှုတ်ဆက်ရမည့် အခွင့်အရေးကို အဆုံးရှုံးခံလိုက်ပေတော့သည်။ ဒေါက်တာ အဲရစ်သည် ၁၉၉၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

အောင်ဆန်းစုကြည် သည် ရည်ရွယ်ချက် ကောင်းများကို သံသယ ဖြင့် ရှုမြင်တတ် အောင် သင်ကြားတတ် မြောက်လာခဲ့ပြီ ဖြစ်သည်။ ထိုအပြင် သူမ၏ အပေါ်ယံ စိတ်ကူးယဉ်ဆန်သည့် အတွေးအခေါ်များ အောက်တွင် တည်ရှိနေ သည့် အဖြစ် အပျက်များကို လက်တွေ့ကျကျ အသေးစိတ် သုံးသတ်တတ်သည့် အလေ့အကျင့်လည်း ရလာခဲ့ပြီ ဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး များ လမ်းပွင့်လာခြင်းသည် အစစ်အမှန် ဖြစ်သည်ဟု သုံးသပ်ခဲ့ သည်။ သို့သော် အကျအန စမ်းသပ်စစ်ဆေးရန်တော့ လိုသေးသည်ဟု သဘောထားခဲ့သည်။ ကျမတို့ နှစ်ဦးလည်း နောက်တနေ့တွင် သူမအိမ်တွင် ထပ်တွေ့ပြီး အသေးစိတ် ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

ကျမ မှာ သူနှင့် လမ်းခွဲခဲ့ပြီးနောက် ယခုလို တွေ့ခွင့်ရခဲ့ခြင်းသည် အိမ်မက်ဟုတ်မဟုတ် မိမိကိုယ် မိမိ ဆိတ်ဆွဲကြည့်ခဲ့ရသည့်အထိပင်၊ ကျမ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသည့် ၂၀၀၉ ခုနှစ်က ယခုလို တွေ့ဆုံဖို့ ဖြစ်လာနိုင်သည် ဟု မည်သူမျှ စိတ်ပင် ကူးမိကြမည်မဟုတ်ပေ။ ထိုအချိန်က မြန်မာစစ်သားများက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရွှေဝါရောင် သင်္ကန်းများ ဝတ်ဆင်ထားသည့် သံဃာတော်များ အား စက်သေနတ်များဖြင့် ပစ်ခတ်နှိမ်နှင်းနေသည့် မြင်ကွင်းကို ကမ္ဘာတဝှမ်းက ထိတ်လန့်တကြား တွေ့မြင်ခဲ့ရသည်မှာလည်း နှစ် နှစ်ခန့်ပင် ရှိသေး သည် မဟုတ်ပါလား။

ယခုအခါ တွင်တော့ နိုင်ငံသည် ခေတ်သစ် တခုသို့ ဝင်ရောက်ရန် အစပျိုးနေပြီ ဖြစ်သည် ။ ဤသည်ကို ကြည့်၍ ကမ္ဘာကြီး သည် မည်မျှ လျှင်မြန်စွာ ပြောင်းလဲနိုင်စွမ်း ရှိနေသည်နှင့် ထိုသို့ လျှင်မြန်စွာ ဖြစ်ပေါ်လာနေသော အပြောင်းအလဲများ ကို အမေရိကန် ပြည်ထောင်စု အနေဖြင့် ထွေးပွေ့နိုင်ဖို့ အဆင်သင့် ဖြစ်နေရန်လည်း မည်မျှ အထိ အရေးကြီးကြောင်း ကို ကျမတို့အား သတိပေး သလို ဖြစ်ခဲ့ရပြန်သည်။ (လှစိုးဝေ)

(ဆက်ပါဦးမည်)

Zawgyi

“ဟီလာရီ ေျပာ သည့္ ေဒၚေအာင္ဆန္းစုၾကည္”

သူမ ပုံက ပိန္ပိန္သြယ္သြယ္ ႏွင့္ ေပ်ာ့ဖတ္ဖတ္ ျဖစ္ေနသည္ဟူ၍ပင္ ေျပာနိုင္သည္ ။ သို႔ေသာ္ သူမ ၏ အတြင္းစိတ္ဓါတ္ သည္ အားမာန္အျပည့္ႏွင့္ ရွိေနသည္ ကိုက မည္သူမွ် သတိမမူမိဘဲ ရွိၾကလိမ့္မည္ မဟုတ္ေပ ။ တည္ၿငိမ္ ေအးေဆးသည့္ ဣေျနၵ ႏွင့္ ကာလၾကာျမင့္စြာ အက်ဥ္းခ်ခံေနရ သည့္ ခႏၶာကိုယ္ထဲ တြင္ အားအင္အျပည့္ရွိေန သည့္ စိတ္ဓါတ္ ခြန္အားမ်ား အရစ္လိုက္ အရစ္လိုက္ ဝိုင္းပတ္ေနသည္ကိုလည္း ေတြ႕ေနရျပန္သည္။ က်မသည္ သူမ လို အက်ဥ္းခ်ခံခဲ့ၾကရ သည့္ နယ္ဆင္ မင္ဒဲလား ႏွင့္ ဗားကလပ္ ေဟဗယ္တို႔တြင္ လ်ပ္တျပက္ ျမင္ေတြ႕ခြင့္ ရခဲ့သည့္ အရည္အေသြးမ်ိဳး သူမထံတြင္ ေတြ႕ေနရသည္ ။ သူတို႔လိုပင္ သူမ သည္ နိုင္ငံတခု၏ ေမွ်ာ္လင့္ခ်က္မ်ားကို ပုခုံးထက္တြင္ ထမ္းထားရၿပီ ျဖစ္သည္။

က်မ သည္ ေအာင္ဆန္းစုၾကည္အား ပထမဆုံး ေတြ႕ခြင့္ရခဲ့သည့္ အခ်ိန္ကား ၂၀၁၁ ခုႏွစ္ ဒီဇင္ဘာ ၁၁ ရက္ေန႕ ျဖစ္သည္။ ထိုေန႕ကား ကြၽန္မတို႔ ႏွစ္ဦးစလုံး အျဖဴေရာင္ ကို ဝတ္ဆင္ထားၾကသည္။ ဤသည္ကပင္ မေတာ္တဆ တိုက္ဆိုင္သြားခဲ့သည့္ မဂၤလာ တပါးပင္ ျဖစ္သည္ ။ ယခုလို ထင္ရွားေက်ာ္ၾကားလွသည့္ အစိုးရ ဆန႔္က်င္ေရး သမားတဦး အေၾကာင္းကို ႏွစ္ေပါင္းမ်ားစြာ စာအုပ္စာတန္းမ်ား ဖတ္ရႈခဲ့ရကာ အႀကိမ္ေပါင္း မ်ားစြာ အေတြးနယ္ခ်ဲ့ခဲ့ရၿပီးေနာက္ ယခုေတာ့ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ခြင့္ရခဲ့ၿပီ လည္း ျဖစ္သည္ ။ သူမသည္ အက်ယ္ခ်ဳပ္ ဘဝမွ လြတ္ေျမာက္လာ ခဲ့ၿပီး ျဖစ္သည္။ ထို႔အတြက္ က်မ အဖို႔ သူမ ၏ အာဏာရွင္နိုင္ငံတြင္ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး အလားအလာမ်ားကို ေဆြးေႏြးရန္ မိုင္ေပါင္း ေထာင္ခ်ီေဝးကြာလွေသာ ခရီးကို ႏွင္လာခဲ့ရျခင္းျဖစ္သည္။ ထိုေန႕မွာ ရန္ကုန္ ရွိ အေမရိကန္ သံ႐ုံးအႀကီးအကဲ၏ အိမ္ဝင္းအတြင္းတြင္ ႏွစ္ဦးတည္း ညစာ အတူ စားျဖစ္ခဲ့ၾကသည္။ က်မတို႔ အဖို႔က ယခုမွသာ ဆုံျဖစ္ခဲ့ၾကေသာ္လည္း ဘဝတေလွ်ာက္လုံး သိကြၽမ္းၿပီးခဲ့သူမ်ားလို စိတ္တြင္ ထင္ျမင္ေနမိၾကသည္။

က်မတြင္ ေမးစရာ ေမးခြန္းေပါင္း မ်ားစြာ ရွိေန သည္။ သူမတြင္လည္း က်မလို ရွိေနေပလိမ့္မည္သာ၊ ႏွစ္ေပါင္းမ်ားစြာ ဒီမိုကေရစီ လႈပ္ရွားမႈ အတြက္ အားလုံးက တေလးတစား အမႊန္းတင္ခံေနရသူ သူမသည္ ယခုအခါ ဒီမိုကေရစီ ႏွင့္ နဖူးေတြ႕ ဒူးေတြ႕ ႀကဳံရေတာ့မည္ ျဖစ္သည္။ ထိုအေရးကို အတိုက္အခံ လုပ္ ေတာင္းဆိုေနရသည့္ ဘဝမွ တကယ္က်င့္သုံးရမည္ အျဖစ္ကို မည္သို႔ ေ႐ြ႕လ်ားသြားမည္နည္း။ ေ႐ြးေကာက္ပြဲ တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး လမ္းေၾကာင္းသစ္ အေပၚ မိမိကိုယ္ မိမိ လုံးလုံးလ်ားလ်ား ေနရာခ်ထားျခင္းမ်ိဳး ႏွင့္ ဆင္တူေနမည္လား၊ အစပိုင္းတြင္ ေအးေအး သက္သာ ေျပာခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ က်မတို႔ ရီရီေမာေမာ ႏွင့္ လြတ္လပ္ပြင့္လင္းစြာ မိတ္ေဆြေဟာင္းမ်ားလို စကားေျပာျဖစ္ ခဲ့ၾကသည္။

ယခုအခ်ိန္သည္ လြန္စြာ သိမ္ေမြ႕စြာျဖင့္ လႈပ္ရွားမွ ျဖစ္မည္ကို က်မတို႔ ႏွစ္ဦးစလုံး သိေနခဲ့ၾကသည္။ သူမ၏ နိုင္ငံရွိ ဗိုလ္ခ်ဳပ္ႀကီးမ်ားက လြန္စြာ အေရးပါသည့္ အေျပာင္းအလဲမ်ား စတင္ျပဳလုပ္ေတာ့ မည္ အခ်ိန္လည္း ျဖစ္သည္။ ထိုသို႔ေသာ အခ်ိန္မ်ိဳးတြင္ နိုင္ငံသည္ ယခင္လို ေသြးအလူးလူး ႏွင့္ ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံ ဘဝသို႔ ခ်က္ျခင္းလို ျပန္ေရာက္သြားနိုင္သည္။ က်မတို႔ အဖို႔ မွန္ကန္သည့္ လမ္းေၾကာင္း သို႔သြားနိုင္ရန္ ေဖၚေဆာင္နိုင္ မွသာ တိုးတက္လာ မည့္ အလားအလာမ်ားက မ်ိဳးဆက္တခု အတြင္း အခ်ိန္မေ႐ြး ျဖစ္ေပၚလာနိုင္မည္ ျဖစ္သည္။

ျမန္မာျပည္အား အာဏာရွင္ စနစ္ မွ ဒီမိုကေရစီ စနစ္သို႔ ကူးေျပာင္းၿပီး ကမာၻမိသားစု အတြင္း ျပန္လည္ ဝင္ေရာက္နိုင္ေရး အတြက္ အေမရိကန္ ျပည္ေထာင္စု အဖို႔ အကူအညီေပးနိုင္ဖို႔ မခ်င့္မရဲ ျဖစ္ေနသည္မွာ ၾကာျမင့္လွၿပီ ျဖစ္သည္ ။ ျမန္မာ ကိုယ္ႏွိုက္ကပင္ ထိုသို႔ေသာ အခြင့္အေရးမ်ိဳး ရရန္ထိုက္တန္လွေပသည္။ သန္းေပါင္းမ်ားစြာ ေသာ နိုင္ငံသားမ်ားသည္ လြတ္လပ္ခြင့္ ႏွင့္ ႂကြယ္ဝခ်မ္းသာခြင့္ မ်ား ခံစားနိုင္ရန္ အခြင့္အေရးမ်ား ထိုက္ထိုက္တန္တန္ကို ရသင့္ေနၾကသူမ်ား ျဖစ္သည္။ မဟာဗ်ဴဟာအရ ပို၍ ႀကီးမားစြာ ပါဝင္ ပတ္သက္လာနိုင္စရာလည္း ရွိေနသည္။ ျမန္မာသည္ အေမရိကန္ႏွင့္ တ႐ုတ္ တို႔ ဩဇာလႊမ္းမိုးခြင့္ရရန္ ယွဥ္ၿပိဳင္ေနသည့္ အေရွ႕ေတာင္အာရွ၏ အလယ္ဗဟို တည့္တည့္တြင္ ရွိေနျပန္သည္။

ျမန္မာနိုင္ငံတြင္ အဓိပၸါယ္ အျပည့္အဝ ရွိမည့္ ျပဳျပင္ေျပာင္းလဲေရးမ်ား ေဖၚေဆာင္နိုင္ခဲ့မည္ ဆိုလွ်င္ က်မတို႔ အေကာင္အထည္ေဖၚရန္ ႀကိဳးစားေနသည့္ အာရွတခြင္ ဒီမိုကေရစီ ႏွင့္ လူ႕အခြင့္အေရးမ်ား တိုးျမႇင့္ ျဖစ္ေပၚ လာေရး အား ေဒါက္တိုင္ႀကီးသဖြယ္ အားျဖည့္ေပးမည့္ မဟာဗ်ဴဟာ အတြက္ မွတ္တိုင္ႀကီး တခု အျဖစ္ စိုက္ထူနိုင္မည္လည္း ျဖစ္သည္။ ထို႔အျပင္ အာရွတြင္သာ မက အျခားေနရာမ်ား ရွိ အာဏာရွင္မ်ားလည္း ၎တို႔ ျပည္သူမ်ား၏ ျပစ္တင္ မာန္မဲျခင္း ခံလာၾကရမည္ ျဖစ္သည္။

က်မတို႔ မေအာင္ျမင္ခဲ့ လွ်င္ေတာ့ ထိုအရာမ်ားႏွင့္ ဆန႔္က်င့္ဖက္ ရလဒ္မ်ား ထြက္ေပၚလာေပေတာ့မည္။ က်မတို႔အဖို႔ ျမန္မာ ဗိုလ္ခ်ဳပ္ႀကီးမ်ား၏ လွည့္ဖ်ားခံရမည့္ အႏၲရာယ္ကလည္း ရွိေနျပန္သည္။ လက္ေတြ႕တြင္ မည္မည္ရရ အေျပာင္းအလဲမ်ား လုပ္စရာ မလိုဘဲ နိုင္ငံတကာမွ ဝိုင္းပယ္ခံထားရမႈမ်ား အက္ေၾကာင္း ထလာ႐ုံေလာက္သာ၊ အနည္းငယ္ မဆိုသေလာက္ လိုက္ေလ်ာေပးလိုက္႐ုံျဖင့္ လုံေလာက္ မည္ ဟု ယူဆေကာင္း ယူဆလာနိုင္သည္။ ထိုသို႔ အေျခအေနမ်ား ကြဲကြဲျပားျပား ျဖစ္မလာေသးဘဲ ျမန္မာသို႔ လက္ကမ္းေပးျခင္းသည္ မွားသည္ဟု အေမရိကန္ ျပည္တြင္း ၌ ယုံၾကည္သူမ်ား လည္း ရွိေန သည္ ။ က်မအေနျဖင့္ ေစာေစာက ေျပာသည့္ အႏၲရာယ္မ်ားကို မ်က္စိ အစြမ္းကုန္ ဖြင့္၍ ၾကည့္ရေတာ့မည္သာ ျဖစ္သည္။ သို႔ေသာ္ ျဖစ္လာနိုင္စရာ ရွိသည္မ်ားကို ေသခ်ာ ခ်ိန္ဆ၍ စဥ္းစားၿပီးေနာက္ တြင္ ရရွိလာေသာ အခြင့္အေရးကို လက္လႊတ္ခံ၍ မျဖစ္ဟု ရႈျမင္လာမိသည္။

က်မ ႏွင့္ ေအာင္ဆန္းစုၾကည္ တို႔ ႏွစ္နာရီ နည္းပါးမွ် စကားေျပာျဖစ္ခဲ့ၾကသည္။ သူမသည္ ျမန္မာ စစ္အုပ္ခ်ဳပ္ ေရးသမားမ်ား ျပဳလုပ္ရန္ စဥ္းစားေနသည့္ ျပဳျပင္ေျပာင္းလဲေရးမ်ားကို အေမရိကန္မွ ဘယ္ပုံဘယ္နည္း တုန႔္ျပန္မည္ကို သိခ်င္ေနသည္။ က်မက မိမိတို႔မွ ျပဳလုပ္လာမည့္ လႈပ္ရွားမႈ တခုစီ ကို ၾကည့္ၿပီး အဆင့္လိုက္ တုန႔္ျပန္သြားမည္ဟု ျပန္ေျပာခဲ့သည္။ က်မတို႔ဖက္မွ ကမ္းလွမ္းနိုင္သည့္ အခ်က္မ်ားစြာ ရွိေနၿပီး ထိုအထဲတြင္ သံတမန္ဆက္ဆံေရး အျပည့္အဝ ျပန္လည္ ထူေထာင္ေရး မွသည္ ပိတ္ဆို႔ ဒဏ္ခတ္ထားမႈမ်ား ေလ်ာ့ခ်ၿပီး ရင္းႏွီးျမႇုပ္ႏွံမႈမ်ား ဝင္လာေအာင္ လုပ္ေပးနိုင္သည္ အထိ ပါဝင္ေန သည္။

ထိုသို႔ ျဖစ္မလာမီ က်မတို႔မွ နိုင္ငံေရး အက်ဥ္းသား မ်ား ဒီထက္မက လႊတ္ေပးတာမ်ိဳး၊ ယုံၾကည္ရေလာက္သည့္ ေ႐ြးေကာက္ပြဲမ်ား က်င္းပေပးျခင္းမ်ိဳး၊ တိုင္းရင္းသား လူနည္းစုမ်ား ၏ အခြင့္အေရးမ်ားကို အကာ အကြယ္ေပးခ်င္းမ်ိဳး၊ ေျမာက္ ကိုရီယားႏွင့္ စစ္ေရးအရ ဆက္ဆံတာမ်ိဳး၊ အဆုံးသတ္သြားတာမ်ိဳး ႏွင့္ ကာလၾကာျမင့္စြာ ျဖစ္ပြားေနသည့္ တိုင္းရင္းသား လူနည္းစုမ်ား ႏွင့္ ပဋိပကၡမ်ားကို အဆုံးသတ္ေစ မည့္ လမ္းေၾကာင္း ေပၚေပါက္လာတာ မ်ိဳး အစရွိတာေတြကို ျမင္လိုေသးေၾကာင္း ေျပာျပခဲ့သည္။ က်မတို႔ ဖက္က လုပ္လာတာ မွန္သမွ်သည္ ေရွ႕ေလွ်ာက္ တိုးတက္မႈမ်ား ျဖစ္ေပၚ လာေအာင္ ပ်ိဳးေထာင္ေပးခ်င္းမ်ိဳးသာ ျဖစ္လိမ့္မည္ဟုလည္း သူမကို က်မ အာမခံ ခဲ့သည္။

ေအာင္ဆန္းစုၾကည္သည္ ေရွ႕တြင္ သူမရင္ဆိုင္ရမည့္ အခက္အခဲမ်ားႏွင့္ တိုင္းျပည္ကို ထိန္းခ်ဳပ္ထားသည့္ လူမ်ား အေၾကာင္း ေကာင္းစြာ သိရွိနားလည္ထားၿပီး ျဖစ္ေနသည္။ သူမ၏ ဖခင္ျဖစ္သူ ေအာင္ဆန္း ကိုယ္ တိုင္လည္း တိုင္းျပည္လြတ္လပ္ေရး အတြက္ ၿဗိတိသွ် ႏွင့္ ဂ်ပန္တို႔ထံမွ ေအာင္ျမင္စြာ တိုက္ယူ ေပးနိုင္ခဲ့ၿပီးေနာက္ ၁၉၄၇ ခုႏွစ္တြင္ နိုင္ငံေရး ၿပိဳင္ဖက္တဦး ၏ လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရသူ ျဖစ္သည္ ။

ေအာင္ဆန္းစုၾကည္ သည္ မေအာင္ျမင္ခဲ့ေသာ ဒီမိုကေရစီ အေရးေတာ္ပုံႀကီး ျဖစ္ပြားၿပီး ေနာက္ နိုင္ငံေရး ေလာကထဲ ဝင္ေရာက္လာၿပီး တႏွစ္မျပည့္ခင္ ၁၉၈၉ ဇူလိုင္လတြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည္။ ထိုအခ်ိန္ကတည္း က အဖမ္းခံလိုက္၊ ျပန္လႊတ္ေပးလိုက္ႏွင့္ သံသရာ လည္ေနခဲ့ရသည္။

၁၉၉၀ တြင္ စစ္တပ္မွ ေ႐ြးေကာက္ ပြဲမ်ား က်င္းပေပးသည့္ အခါတြင္ေတာ့ သူမ၏ ပါတီသည္ အျပတ္အသတ္ အနိုင္ရရွိသြားခဲ့သည္။ ခ်က္ျခင္းဆိုသလို ဗိုလ္ခ်ဳပ္ႀကီးမ်ားက ေ႐ြးေကာက္ပြဲသည္ တရားမဝင္ေၾကာင္း ေၾကညာခဲ့ၾက သည္ ။ ေနာက္တႏွစ္ တြင္ သူမ သည္ နိုဘဲလ္ ၿငိမ္းခ်မ္းေရး ဆုကို ဆြတ္ခူးနိုင္ခဲ့သည္။ ထိုဆုကို ခင္ပြန္းျဖစ္သူ တိဘက္ ဗုဒၶဘာသာေရးရာ ကြၽမ္းက်င္သူ ပညာရွင္ ၿဗိတိသွ် လူမ်ိဳး ေအာက္စဖို႔ ပါေမာကၡ ေဒါက္တာ မိုက္ကယ္ အဲရစ္ႏွင့္ သားျဖစ္သူက လက္ခံရယူခဲ့သည္။

ေအာင္ဆန္းစုၾကည္သည္ သူမ အက်ယ္ခ်ဳပ္ က်ခံေနရစဥ္အတြင္း မိသားစုႏွင့္ ေတြ႕ခြင့္ရ ခဲ့ေသာ အႀကိမ္ေပါင္းမွာ လက္ခ်ိဳး ေရတြက္၍ပင္ ရနိုင္ေပသည္။ ေဒါက္တာ အဲရစ္သည္ သူ႕တြင္ ဆီးႀကိတ္ကင္ဆာ ျဖစ္ေနၿပီဟု သိရွိလာၿပီးေနာက္တြင္မူ ျမန္မာ ဗိုလ္ခ်ဳပ္ႀကီးမ်ား က သူ႕အား ေနာက္ဆုံးရက္မ်ားကို ဇနီးျဖစ္သူႏွင့္ အတူ ရွိေနရန္ အတြက္ ေလ်ာက္ထားလာသည့္ ျပည္ဝင္ခြင့္ ဗီဇာကို ထုတ္ေပးရန္ ျငင္းဆိုလိုက္ၾကၿပီး ထိုအစား ေအာင္ဆန္းစုၾကည္ အား တိုင္းျပည္မွ ထြက္သြားရန္ ေျပာလာခဲ့ၾကသည္။ သူတို႔ ေျပာသလို ထြက္သြားပါက မည္သည့္ အခါမွ် ျပန္လာခြင့္ ရေတာ့မည္ မဟုတ္သည္ကို သူမသည္ ေကာင္းစြာ ရိပ္စားမိၿပီးလည္း ျဖစ္သည္။ ထို႔အတြက္ ဗိုလ္ခ်ဳပ္ႀကီးမ်ား ေျပာသည့္အႀကံကို လက္မခံဘဲ ျငင္းပယ္လိုက္ၿပီး ခင္ပြန္းျဖစ္သူအား ေနာက္ဆုံး ႏႈတ္ဆက္ရမည့္ အခြင့္အေရးကို အဆုံးရႈံးခံလိုက္ေပေတာ့သည္။ ေဒါက္တာ အဲရစ္သည္ ၁၉၉၉ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့သည္။

ေအာင္ဆန္းစုၾကည္ သည္ ရည္႐ြယ္ခ်က္ ေကာင္းမ်ားကို သံသယ ျဖင့္ ရႈျမင္တတ္ ေအာင္ သင္ၾကားတတ္ ေျမာက္လာခဲ့ၿပီ ျဖစ္သည္။ ထိုအျပင္ သူမ၏ အေပၚယံ စိတ္ကူးယဥ္ဆန္သည့္ အေတြးအေခၚမ်ား ေအာက္တြင္ တည္ရွိေန သည့္ အျဖစ္ အပ်က္မ်ားကို လက္ေတြ႕က်က် အေသးစိတ္ သုံးသတ္တတ္သည့္ အေလ့အက်င့္လည္း ရလာခဲ့ၿပီ ျဖစ္သည္။ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး မ်ား လမ္းပြင့္လာျခင္းသည္ အစစ္အမွန္ ျဖစ္သည္ဟု သုံးသပ္ခဲ့ သည္။ သို႔ေသာ္ အက်အန စမ္းသပ္စစ္ေဆးရန္ေတာ့ လိုေသးသည္ဟု သေဘာထားခဲ့သည္။ က်မတို႔ ႏွစ္ဦးလည္း ေနာက္တေန႕တြင္ သူမအိမ္တြင္ ထပ္ေတြ႕ၿပီး အေသးစိတ္ ေဆြးေႏြးရန္ သေဘာတူခဲ့ၾကသည္။

က်မ မွာ သူႏွင့္ လမ္းခြဲခဲ့ၿပီးေနာက္ ယခုလို ေတြ႕ခြင့္ရခဲ့ျခင္းသည္ အိမ္မက္ဟုတ္မဟုတ္ မိမိကိုယ္ မိမိ ဆိတ္ဆြဲၾကည့္ခဲ့ရသည့္အထိပင္၊ က်မ နိုင္ငံျခားေရး ဝန္ႀကီး ျဖစ္လာသည့္ ၂၀၀၉ ခုႏွစ္က ယခုလို ေတြ႕ဆုံဖို႔ ျဖစ္လာနိုင္သည္ ဟု မည္သူမွ် စိတ္ပင္ ကူးမိၾကမည္မဟုတ္ေပ။ ထိုအခ်ိန္က ျမန္မာစစ္သားမ်ားက ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကေသာ ေ႐ႊဝါေရာင္ သကၤန္းမ်ား ဝတ္ဆင္ထားသည့္ သံဃာေတာ္မ်ား အား စက္ေသနတ္မ်ားျဖင့္ ပစ္ခတ္ႏွိမ္ႏွင္းေနသည့္ ျမင္ကြင္းကို ကမာၻတဝွမ္းက ထိတ္လန႔္တၾကား ေတြ႕ျမင္ခဲ့ရသည္မွာလည္း ႏွစ္ ႏွစ္ခန႔္ပင္ ရွိေသး သည္ မဟုတ္ပါလား။

ယခုအခါ တြင္ေတာ့ နိုင္ငံသည္ ေခတ္သစ္ တခုသို႔ ဝင္ေရာက္ရန္ အစပ်ိဳးေနၿပီ ျဖစ္သည္ ။ ဤသည္ကို ၾကည့္၍ ကမာၻႀကီး သည္ မည္မွ် လွ်င္ျမန္စြာ ေျပာင္းလဲနိုင္စြမ္း ရွိေနသည္ႏွင့္ ထိုသို႔ လွ်င္ျမန္စြာ ျဖစ္ေပၚလာေနေသာ အေျပာင္းအလဲမ်ား ကို အေမရိကန္ ျပည္ေထာင္စု အေနျဖင့္ ေထြးေပြ႕နိုင္ဖို႔ အဆင္သင့္ ျဖစ္ေနရန္လည္း မည္မွ် အထိ အေရးႀကီးေၾကာင္း ကို က်မတို႔အား သတိေပး သလို ျဖစ္ခဲ့ရျပန္သည္။ (လွစိုးေဝ)

(ဆက္ပါဦးမည္)

Leave a Reply

Your email address will not be published. Required fields are marked *