ဟာရီကိန္းမုန္တိုင္း Sally ေၾကာင့္ အေမရိကန္ ေတာင္ပိုင္းျပည္နယ္ တခ်ိဳ႕ ေရႀကီး ေရလွ်ံမႈ အႏၲရာယ္မ်ားျဖင့္ ရင္ဆိုင္ေနရ

Posted on

တနာရီကို ၁၆၅ – ကီလိုမီတာႏႈန္းေလတိုက္ၿပီး မိုးပါသယ္လာ တဲ့ ဟာရီကိန္းမုန္တိုင္း Sally ေၾကာင့္ မကၠဆီကို ပင္လယ္ေကြ႕က အေမရိကန္ကမ္းရိုး တန္း ေဒသေတြမွာ ဗုဒၶဟူးေန႕က မိုးသည္းသည္း ထန္ထန္ ႐ြာသြန္းခဲ့ၿပီး အယ္ဘားမား (Alabama) နဲ႕ ဖေရာ္ရီဒါ (Florida) ျပည္နယ္ ေဒသတခ်ိဳ႕ မွာ မႀကဳံစဖူး စံခ်ိန္တင္ ေရႀကီးမႈေတြ ျဖစ္ေပၚမယ့္ အႏၲရာယ္ကို ရင္ဆိုင္ေန ရ ပါတယ္။

တျဖည္းျဖည္းခ်င္းေ႐ြ႕ေန တဲ့ ဟာရီကိန္း မုန္တိုင္း အဆင့္ ၂ ရွိတဲ့ Sally မုန္တိုင္း ဗုဒၶဟူးေန႕ညပိုင္း မွာ Alabama ကမ္းရိုးတန္း နဲ႕ Florida ျပည္နယ္ၾကား ကုန္းတြင္းပိုင္းကို ဝင္ေရာက္တိုက္ခတ္မယ္လို႔ ခန႔္မွန္းထား ပါ တယ္ ။

ဒီမုန္တိုင္းေၾကာင့္ ဒီေရလွိုင္းေတြ တက္လာၿပီး ေနအိမ္ေတြ နစ္ျမႇစ္ကာ လူေတြကို ပိတ္မိေစခဲ့ပါတယ္။ တနာရီ ၃ မိုင္ႏႈန္းေလာက္ နဲ႕ ဒီေရေတြတေျဖးေျဖးတက္လာၿပီး အယ္ဘားမား ျပည္နယ္ ကမ္းရိုးတန္းတေလ်ာက္က မိုင္ ၃၀ ခန႔္ကို ေရလႊမ္းခဲ့ပါတယ္။

မုန္တိုင္းေၾကာင့္ ေဒသတစ္ခ်ိဳ႕ မွာ လွ်ပ္စစ္မီးျပတ္ေတာက္တာ ၊ သစ္ပင္ေတြလဲၿပိဳတာနဲ႕ ေရႀကီးေရလွ်ံတာေတြ စတင္ ျဖစ္ပြားေနၿပီ ျဖစ္ပါတယ္။ ေဒသစံေတာ္ခ်ိန္ မနက္ ၁၀ နာရီအထိ Sally မုန္တိုင္းဟာ အျမင့္ဆုံး ေလတိုက္ႏႈန္း တနာရီကို ၁၀၅ မိုင္ႏႈန္း ရွိခဲ့ တယ္လို႔ လည္း Miami အေျခစိုက္ အမ်ိဳးသား ဟာရီကိန္းစင္တာ (NHC) ကေျပာပါတယ္။

မုန္တိုင္းဝင္ေရာက္ခ်ိန္ တခ်ိဳ႕ ေဒသေတြမွာ မိုးေရခ်ိန္ ၃၅ လက္မ ေလာက္ အထိ႐ြာသြန္းနိုင္တယ္လို႔ လည္း (NHC)ကေျပာပါတယ္။

Florida ျပည္နယ္ Tallahassee အေနာက္ပိုင္းကေန Alabama ျပည္နယ္ Mobile Bay အထိ ကုန္းတြင္းပိုင္း မွာ မႀကဳံစဖူး အႀကီးအက်ယ္ေရေဘး အႏၲရာယ္နဲ႕ ႀကဳံေတြ႕နိုင္တယ္လို႔ (NHC)က ခန္းမွန္းထား ပါတယ္။

အေရးေပၚကယ္ဆယ္ေရး လုပ္သားေတြက ေရလႊမ္းေနအိမ္ေတြဆီ က လူေတြကို ကယ္ထုတ္ ေန ပါတယ္။ တံတားေတြ က်ိဳးေနတာ လည္း ေတြ႕ရပါတယ္။ ငါးဖမ္းေလွ ဆိပ္ကမ္းေတြလည္း ပ်က္စီးကုန္ပါတယ္။ အခု ေလာေလာဆယ္ မွာ Alabama, Florida နဲ႕ Mississippi ျပည္နယ္ေတြက အိမ္ေျခ စုစုေပါင္း ၅ သိန္းေက်ာ္ လွ်ပ္စစ္မီး မရွိ ေတာ့ဘူးလို႔လည္း လွ်ပ္စစ္မီး ျပတ္ေတာက္တာေတြ အစီရင္ခံ တဲ့ Poweroutage.us. ဝက္ဘ္ဆိုဒ္က ေျပာ ပါ တယ္ ။

ေန႕လည္ပိုင္း မွာေတာ့ မုန္တိုင္းဟာ တနာရီ ၁၁၀ ကီလိုႏႈန္းအထိ အရွိန္က်သြား ပါတယ္။ ဒါေပမယ့္ မိုးသဲေနဆဲျဖစ္တဲ့ အတြက္ ၾကာသပေတးေန႕မွာ အယ္ဘားမား နဲ႕ ေဂ်ာ္ဂ်ီယာ ျပည္နယ္ ကုန္းတြင္းပိုင္းဆီ ဝင္ေရာက္လာနိုင္ပါတယ္။

ဒါေၾကာင့္ လာမယ့္ ရက္ပိုင္း အတြင္း ေထာင္နဲ႕ခ်ီတဲ့လူေတြ ေရလြတ္ရာကိုေ႐ြ႕ေျပာင္းဖို႔ လိုအပ္ပါလိမ့္မယ္လို႔ ေဒသဆိုင္ရာ အာဏာပိုင္ေတြကေျပာပါတယ္။ Pensacola ၿမိဳ႕မွာ မိုးေရခ်ိန္ ၂ ေပအထိ စံခ်ိန္တင္ခဲ့ၿပီး ၿမိဳ႕တြင္းလမ္းမေတြေပၚမွာေတာ့ ေရက ၃ ေပေက်ာ္အထိ လႊမ္းခဲ့တယ္လို႔ အမ်ိဳးသား မိုး-ဇလ ဌာနကေျပာပါတယ္။

မိုးေရခ်ိန္ ဒီေလာက္မ်ားတာ ပုံမွန္မဟုတ္ဘူး။ Sally မုန္းတိုင္းဟာ တေျဖးေျဖးခ်င္းေ႐ြ႕ေနၿပီး ေလေရာ ၊ မိုးပါသဲတဲ့ အတြက္ စိုးရိမ္ထိန႔္လန႔္စရာ ပါပဲ- လို႔ မိုး-ဇလ ကြၽမ္းက်င္သူ David Eversole ကေျပာပါတယ္။

Sally မုန္းတိုင္း ဟာ သီတင္း ၃ ပတ္ အတြင္း ဒီပင္လယ္ေကြ႕ေဒသဆီဝင္လာ တဲ့ ဒုတိယ ေျမာက္ မုန္တိုင္းျဖစ္ပါတယ္။

သမၼတ ေဒၚနယ္ထရမ့္ကေတာ့ ဖေရာ္ရီဒါ၊ အယ္ဘားမား၊ မစ္စ္စပီ နဲ႕ လူဝီစီယားနား ျပည္နယ္ ၄ ခုက ေနရာအခ်ိဳ႕ကို အေရးေပၚအေျခအေနအျဖစ္ ေၾကညာထား ပါတယ္။

Sally ဟာရီကိန္း မုန္တိုင္း ဟာ လြန္ခဲ့ေသာ ၁၆ ႏွစ္ ၂၀၀၄ ခုႏွစ္ ၌ တိုက္ခတ္ခဲ႕ေသာ Alabama ျပည္နယ္ ၏ ေနာက္ဆုံးမုန္တိုင္း အိုင္ဗန္ဟာရီကိန္းမုန္တိုင္း တိုက္ခတ္မႈႏွင့္ ေန႕ရက္ အခ်ိန္ အတူတူ ျဖစ္တယ္လို႕ ဆိုပါတယ္ ။

Unicode

တနာရီကို ၁၆၅ – ကီလိုမီတာနှုန်းလေတိုက်ပြီး မိုးပါသယ်လာ တဲ့ ဟာရီကိန်းမုန်တိုင်း Sally ကြောင့် မက္ကဆီကို ပင်လယ်ကွေ့က အမေရိကန်ကမ်းရိုး တန်း ဒေသတွေမှာ ဗုဒ္ဓဟူးနေ့က မိုးသည်းသည်း ထန်ထန် ရွာသွန်းခဲ့ပြီး အယ်ဘားမား (Alabama) နဲ့ ဖရော်ရီဒါ (Florida) ပြည်နယ် ဒေသတချို့ မှာ မကြုံစဖူး စံချိန်တင် ရေကြီးမှုတွေ ဖြစ်ပေါ်မယ့် အန္တရာယ်ကို ရင်ဆိုင်နေ ရ ပါတယ်။

တဖြည်းဖြည်းချင်းရွေ့နေ တဲ့ ဟာရီကိန်း မုန်တိုင်း အဆင့် ၂ ရှိတဲ့ Sally မုန်တိုင်း ဗုဒ္ဓဟူးနေ့ညပိုင်း မှာ Alabama ကမ်းရိုးတန်း နဲ့ Florida ပြည်နယ်ကြား ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထား ပါ တယ် ။

ဒီမုန်တိုင်းကြောင့် ဒီရေလှိုင်းတွေ တက်လာပြီး နေအိမ်တွေ နစ်မြှစ်ကာ လူတွေကို ပိတ်မိစေခဲ့ပါတယ်။ တနာရီ ၃ မိုင်နှုန်းလောက် နဲ့ ဒီရေတွေတဖြေးဖြေးတက်လာပြီး အယ်ဘားမား ပြည်နယ် ကမ်းရိုးတန်းတလျောက်က မိုင် ၃၀ ခန့်ကို ရေလွှမ်းခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဒေသတစ်ချို့ မှာ လျှပ်စစ်မီးပြတ်တောက်တာ ၊ သစ်ပင်တွေလဲပြိုတာနဲ့ ရေကြီးရေလျှံတာတွေ စတင် ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၁၀ နာရီအထိ Sally မုန်တိုင်းဟာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို ၁၀၅ မိုင်နှုန်း ရှိခဲ့ တယ်လို့ လည်း Miami အခြေစိုက် အမျိုးသား ဟာရီကိန်းစင်တာ (NHC) ကပြောပါတယ်။

မုန်တိုင်းဝင်ရောက်ချိန် တချို့ ဒေသတွေမှာ မိုးရေချိန် ၃၅ လက်မ လောက် အထိရွာသွန်းနိုင်တယ်လို့ လည်း (NHC)ကပြောပါတယ်။

Florida ပြည်နယ် Tallahassee အနောက်ပိုင်းကနေ Alabama ပြည်နယ် Mobile Bay အထိ ကုန်းတွင်းပိုင်း မှာ မကြုံစဖူး အကြီးအကျယ်ရေဘေး အန္တရာယ်နဲ့ ကြုံတွေ့နိုင်တယ်လို့ (NHC)က ခန်းမှန်းထား ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေက ရေလွှမ်းနေအိမ်တွေဆီ က လူတွေကို ကယ်ထုတ် နေ ပါတယ်။ တံတားတွေ ကျိုးနေတာ လည်း တွေ့ရပါတယ်။ ငါးဖမ်းလှေ ဆိပ်ကမ်းတွေလည်း ပျက်စီးကုန်ပါတယ်။ အခု လောလောဆယ် မှာ Alabama, Florida နဲ့ Mississippi ပြည်နယ်တွေက အိမ်ခြေ စုစုပေါင်း ၅ သိန်းကျော် လျှပ်စစ်မီး မရှိ တော့ဘူးလို့လည်း လျှပ်စစ်မီး ပြတ်တောက်တာတွေ အစီရင်ခံ တဲ့ Poweroutage.us. ဝက်ဘ်ဆိုဒ်က ပြော ပါ တယ် ။

နေ့လည်ပိုင်း မှာတော့ မုန်တိုင်းဟာ တနာရီ ၁၁၀ ကီလိုနှုန်းအထိ အရှိန်ကျသွား ပါတယ်။ ဒါပေမယ့် မိုးသဲနေဆဲဖြစ်တဲ့ အတွက် ကြာသပတေးနေ့မှာ အယ်ဘားမား နဲ့ ဂျော်ဂျီယာ ပြည်နယ် ကုန်းတွင်းပိုင်းဆီ ဝင်ရောက်လာနိုင်ပါတယ်။

ဒါကြောင့် လာမယ့် ရက်ပိုင်း အတွင်း ထောင်နဲ့ချီတဲ့လူတွေ ရေလွတ်ရာကိုရွေ့ပြောင်းဖို့ လိုအပ်ပါလိမ့်မယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောပါတယ်။ Pensacola မြို့မှာ မိုးရေချိန် ၂ ပေအထိ စံချိန်တင်ခဲ့ပြီး မြို့တွင်းလမ်းမတွေပေါ်မှာတော့ ရေက ၃ ပေကျော်အထိ လွှမ်းခဲ့တယ်လို့ အမျိုးသား မိုး-ဇလ ဌာနကပြောပါတယ်။

မိုးရေချိန် ဒီလောက်များတာ ပုံမှန်မဟုတ်ဘူး။ Sally မုန်းတိုင်းဟာ တဖြေးဖြေးချင်းရွေ့နေပြီး လေရော ၊ မိုးပါသဲတဲ့ အတွက် စိုးရိမ်ထိန့်လန့်စရာ ပါပဲ- လို့ မိုး-ဇလ ကျွမ်းကျင်သူ David Eversole ကပြောပါတယ်။

Sally မုန်းတိုင်း ဟာ သီတင်း ၃ ပတ် အတွင်း ဒီပင်လယ်ကွေ့ဒေသဆီဝင်လာ တဲ့ ဒုတိယ မြောက် မုန်တိုင်းဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဖရော်ရီဒါ၊ အယ်ဘားမား၊ မစ်စ်စပီ နဲ့ လူဝီစီယားနား ပြည်နယ် ၄ ခုက နေရာအချို့ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထား ပါတယ်။

Sally ဟာရီကိန်း မုန်တိုင်း ဟာ လွန်ခဲ့သော ၁၆ နှစ် ၂၀၀၄ ခုနှစ် ၌ တိုက်ခတ်ခဲ့သော Alabama ပြည်နယ် ၏ နောက်ဆုံးမုန်တိုင်း အိုင်ဗန်ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုနှင့် နေ့ရက် အချိန် အတူတူ ဖြစ်တယ်လို့ ဆိုပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *