သာဝတို့ အတွက် တရား

Posted on

သာဝတို့ အတွက် တရား

“စကား စကား ပြောပါများ စကားထဲက ဇာတိပြ” ဆိုသည့် သဘောတရားလေး ရှိပါသည်။

“ဇာတိ” ဆိုသည်မှာ မွေးဖွားရာအရပ် ဖြစ်ပါသည်။

ကိုယ့်စိတ်ထဲ၊ ကိုယ့်ဝမ်းထဲက ဇာတိကို အချို့သောသူများသည် ပါးစပ်ကတစ်ဆင့် ထုတ်ပြတတ်ကြ၏။

ဤအကြောင်းသည် ဆရာကြီး အိုရှို၏ Death is Devine ဆိုသော ဟောစဉ်တရားထဲမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

အဘိုးအိုတစ်ယောက် မြို့တံခါးဝတွင် ထိုင်နေသည်။ ထိုစဉ်မြင်းစီးလာသူတစ်ယောက်က အဘိုးအိုရှေ့တွင် မြင်းကို ရပ်လိုက်ပြီး

“ဟောဒီမြို့ထဲက လူတွေ ဘယ်လိုစိတ်ထား ရှိကြသလဲဗျ” ဟု မေးလိုက်သည်။

အဘိုးအိုက ပြန်မေးသည်

“ဘာဖြစ်လို့ မေးတာလဲမောင်ရင်”

မြင်းစီးလာသူက

“ဒီလိုပါဗျာ … ကျွန်တော်လာခဲ့တဲ့ရွာက လူတွေက အလွန်ရိုင်းပါတယ်။ ကျွန်တော် သူတို့စရိုက်တွေကို စိတ်ပျက်လွန်းတာနဲ့ ထွက်လာခဲ့တာပါ။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို ဒီရွာပြောင်းနေရင် ကောင်းမလားလို့ပါ။ ဒါကြောင့် ဒီရွာကလူတွေ ဘယ်လိုစိတ်ထားရှိကြသလဲလို့ မေးကြည့်တာပါ” ဟုဆိုသည်။

Osho, Death is Divine

အဘိုးအိုကလည်း

“မောင်ရင် မင်းဒီကိုပြောင်းလာတာ ကောင်းပါပေတယ်။ ဒါပေမဲ့ ဒီရွာကလူတွေက မင်းစောစောကပြောတဲ့ လူတွေထက် ပိုပြီး ရိုင်းကြသကွယ်။ ပိုပြီးတော့လည်း ကောက်ကျစ်ယုတ်မာကြသေး။ စိတ်ပျက်စရာကြီးပါ ကွယ်။ အင်း … ဒီရွာမှာ မင်းပိုပြီးတော့ စိတ်ဆင်းရဲရမယ်ထင်တယ်။ သွား … သွား … ကြည့်ပြီးတော့သာ နေထိုင်ပါကွယ်” ဟု ပြောလိုက်သည်။

မြင်းစီးသမားက မြို့ထဲဝင်သွားသည်။

သူနောက်တွင် လှည်းတစ်စီးက ရပ်နေပြီး ရှေ့ကို တိုးလိုက်ကာ လှည်းသမားက အဘိုးအိုကို မေးလိုက်သည်။

“အဘိုးခင်ဗျား … ဒီရွာကလူတွေ ဘယ်လိုနေသလဲခင်ဗျာ။ စိတ်ထားကောင်းကြပါရဲ့လား”

အဘိုးအိုက သူ့ကို ပြန်မေးသည်

“မောင်ရင် တစ်နယ်တစ်ကျေးက လာတာလား”

“မှန်ပါတယ်အဘိုး”

“အရင်နေခဲ့တဲ့ရွာက လူတွေက ဘယ်လိုစိတ်မျိုးရှိကြသလဲကွယ်”

လှည်းသမား မျက်လုံးတွင် မျက်ရည်တွေဝဲလာသည် ။ သူက အဘိုးအိုကို လွမ်းမောဖွယ်ရာ ပြောပြရှာသည်

“အဘိုးရယ် အမှန်အတိုင်းပြောရရင် အဲဒီရွာကတောင် ပြောင်းမလာချင်ပါဘူး ။ အရင်ရွာက လူတွေက ချစ်စရာ ကောင်းတယ်ခင်ဗျ ။ သူတို့အကြောင်း စဉ်းစားလိုက်တိုင်း စိတ်မကောင်း ဖြစ်ရတယ် ။ စီးပွားရေးမကောင်း လို့သာ ပြောင်းလာရတာပါခင်ဗျာ ။ တကယ်လို့ လုပ်စား ကိုင်စားရတာများ အဆင်ပြေရင် အဲဒီကနေ ပြောင်းလာမှာ မဟုတ်ပါဘူး။ တကယ်လို့ ဒီမှာသာ ရှာဖွေစားသောက်ရတာ အနေအထားကောင်းပြီး ပိုက်ဆံ လေးများစုမိရင် အဲဒီရွာကို ပြန်မှာပါ။ အမှန်အတိုင်းပြောတာပါခင်ဗျာ။ သေရင်တောင် အရင်ရွာမှာပဲပြန်ပြီး သေချင်ပါတယ်။ ဒီမှာတော့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့သဘောနဲ့ လာပြီးတော့ စီးပွားရှာတာပါ”

အဘိုးအိုက ပြုံးလိုက်သည်

“ကြိုဆိုပါတယ်ကွာ … မင်းရှာနေတဲ့ရွာ ရောက်ပြီလို့ သဘောထားလိုက်ပါ။ ရွာထဲမှာ မင်းတွေ့ချင်တဲ့ သူတွေကလည်း အရင်ရွာက လူတွေလိုပဲ ဖြစ်မှာပါ” ဟုဆိုလိုက်သည်။

လှည်းသမားက မေးပြန်သည်

“အဘိုးရယ် တစ်ခုလောက် မေးပါရစေ”

“မေးပါကွယ်”

“စောစောက မြင်းစီးလာတဲ့သူကိုတော့ အဘိုးက ဘာဖြစ်လို့ ဒီရွာကလူတွေဟာ ရိုင်းစိုင်းယုတ်မာကြတယ်လို့ ပြောရပါသလဲခင်ဗျာ”

အဘိုးအိုက

“အင်း … မင်းက ငါပြောတဲ့စကားနှစ်မျိုးကို ကြားလိုက်ရတော့ အံ့ဩသွားမှာပေါ့”

“အံ့ဩမိပါတယ်အဘိုး”

“ဒီရွာမှာ နေတဲ့သူတွေက မင်းစိတ်ရင်းထဲကအတိုင်း မင်းဖြစ်စေချင်တဲ့သူမျိုးတွေဖြစ်နိုင်ပါတယ်ကွယ် … သွားပေတော့”

အိုရှိုတရားလေးကို သဘောပေါက်မည်ထင်ပါသည်။

သင့်ဝမ်းတွင်း ဇာတိထဲကအတိုင်း သင့်ကို ဆက်ဆံမည့် ပြည်သူတွေကို သင်ရင်ဆိုင်ရပါလိမ့်မည်။

(Osho, Death is Divine)

တင်ညွန့်

၃၀.၁.၂၀၂၁

Zawgyi

သာဝတို႔ အတြက္ တရား

“စကား စကား ေျပာပါမ်ား စကားထဲက ဇာတိျပ” ဆိုသည့္ သေဘာတရားေလး ရွိပါသည္။

“ဇာတိ” ဆိုသည္မွာ ေမြးဖြားရာအရပ္ ျဖစ္ပါသည္။

ကိုယ့္စိတ္ထဲ၊ ကိုယ့္ဝမ္းထဲက ဇာတိကို အခ်ိဳ႕ေသာသူမ်ားသည္ ပါးစပ္ကတစ္ဆင့္ ထုတ္ျပတတ္ၾက၏။

ဤအေၾကာင္းသည္ ဆရာႀကီး အိုရွို ၏ Death is Devine ဆိုေသာ ေဟာစဥ္တရားထဲမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

အဘိုးအိုတစ္ေယာက္ ၿမိဳ႕တံခါးဝတြင္ ထိုင္ေနသည္။ ထိုစဥ္ျမင္းစီးလာသူတစ္ေယာက္က အဘိုးအိုေရွ႕တြင္ ျမင္းကို ရပ္လိုက္ၿပီး

“ေဟာဒီၿမိဳ႕ထဲက လူေတြ ဘယ္လိုစိတ္ထား ရွိၾကသလဲဗ်” ဟု ေမးလိုက္သည္။

အဘိုးအိုက ျပန္ေမးသည္

“ဘာျဖစ္လို႔ ေမးတာလဲေမာင္ရင္”

ျမင္းစီးလာသူက

“ဒီလိုပါဗ်ာ … ကြၽန္ေတာ္လာခဲ့တဲ့႐ြာက လူေတြက အလြန္ရိုင္းပါတယ္။ ကြၽန္ေတာ္ သူတို႔စရိုက္ေတြကို စိတ္ပ်က္လြန္းတာနဲ႕ ထြက္လာခဲ့တာပါ။ တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ဆိုသလို ဒီ႐ြာေျပာင္းေနရင္ ေကာင္းမလားလို႔ပါ။ ဒါေၾကာင့္ ဒီ႐ြာကလူေတြ ဘယ္လိုစိတ္ထားရွိၾကသလဲလို႔ ေမးၾကည့္တာပါ” ဟုဆိုသည္။

အဘိုးအိုကလည္း

“ေမာင္ရင္ မင္းဒီကိုေျပာင္းလာတာ ေကာင္းပါေပတယ္။ ဒါေပမဲ့ ဒီ႐ြာကလူေတြက မင္းေစာေစာကေျပာတဲ့ လူေတြထက္ ပိုၿပီး ရိုင္းၾကသကြယ္။ ပိုၿပီးေတာ့လည္း ေကာက္က်စ္ယုတ္မာၾကေသး။ စိတ္ပ်က္စရာႀကီးပါ ကြယ္။ အင္း … ဒီ႐ြာမွာ မင္းပိုၿပီးေတာ့ စိတ္ဆင္းရဲရမယ္ထင္တယ္။ သြား … သြား … ၾကည့္ၿပီးေတာ့သာ ေနထိုင္ပါကြယ္” ဟု ေျပာလိုက္သည္။

ျမင္းစီးသမားက ၿမိဳ႕ထဲဝင္သြားသည္။

သူေနာက္တြင္ လွည္းတစ္စီးက ရပ္ေနၿပီး ေရွ႕ကို တိုးလိုက္ကာ လွည္းသမားက အဘိုးအိုကို ေမးလိုက္သည္။

“အဘိုးခင္ဗ်ား … ဒီ႐ြာကလူေတြ ဘယ္လိုေနသလဲခင္ဗ်ာ။ စိတ္ထားေကာင္းၾကပါရဲ႕လား”

အဘိုးအိုက သူ႕ကို ျပန္ေမးသည္

“ေမာင္ရင္ တစ္နယ္တစ္ေက်းက လာတာလား”

“မွန္ပါတယ္အဘိုး”

“အရင္ေနခဲ့တဲ့႐ြာက လူေတြက ဘယ္လိုစိတ္မ်ိဳးရွိၾကသလဲကြယ္”

လွည္းသမား မ်က္လုံးတြင္ မ်က္ရည္ေတြဝဲလာသည္ ။ သူက အဘိုးအိုကို လြမ္းေမာဖြယ္ရာ ေျပာျပရွာသည္

“အဘိုးရယ္ အမွန္အတိုင္းေျပာရရင္ အဲဒီ႐ြာကေတာင္ ေျပာင္းမလာခ်င္ပါဘူး ။ အရင္႐ြာက လူေတြက ခ်စ္စရာ ေကာင္းတယ္ခင္ဗ် ။ သူတို႔အေၾကာင္း စဥ္းစားလိုက္တိုင္း စိတ္မေကာင္း ျဖစ္ရတယ္ ။ စီးပြားေရးမေကာင္း လို႔သာ ေျပာင္းလာရတာပါခင္ဗ်ာ ။ တကယ္လို႔ လုပ္စား ကိုင္စားရတာမ်ား အဆင္ေျပရင္ အဲဒီကေန ေျပာင္းလာမွာ မဟုတ္ပါဘူး။ တကယ္လို႔ ဒီမွာသာ ရွာေဖြစားေသာက္ရတာ အေနအထားေကာင္းၿပီး ပိုက္ဆံ ေလးမ်ားစုမိရင္ အဲဒီ႐ြာကို ျပန္မွာပါ။ အမွန္အတိုင္းေျပာတာပါခင္ဗ်ာ။ ေသရင္ေတာင္ အရင္႐ြာမွာပဲျပန္ၿပီး ေသခ်င္ပါတယ္။ ဒီမွာေတာ့ တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ဆိုတဲ့သေဘာနဲ႕ လာၿပီးေတာ့ စီးပြားရွာတာပါ”

အဘိုးအိုက ၿပဳံးလိုက္သည္

“ႀကိဳဆိုပါတယ္ကြာ … မင္းရွာေနတဲ့႐ြာ ေရာက္ၿပီလို႔ သေဘာထားလိုက္ပါ။ ႐ြာထဲမွာ မင္းေတြ႕ခ်င္တဲ့ သူေတြကလည္း အရင္႐ြာက လူေတြလိုပဲ ျဖစ္မွာပါ” ဟုဆိုလိုက္သည္။

လွည္းသမားက ေမးျပန္သည္

“အဘိုးရယ္ တစ္ခုေလာက္ ေမးပါရေစ”

“ေမးပါကြယ္”

“ေစာေစာက ျမင္းစီးလာတဲ့သူကိုေတာ့ အဘိုးက ဘာျဖစ္လို႔ ဒီ႐ြာကလူေတြဟာ ရိုင္းစိုင္းယုတ္မာၾကတယ္လို႔ ေျပာရပါသလဲခင္ဗ်ာ”

အဘိုးအိုက

“အင္း … မင္းက ငါေျပာတဲ့စကားႏွစ္မ်ိဳးကို ၾကားလိုက္ရေတာ့ အံ့ဩသြားမွာေပါ့”

“အံ့ဩမိပါတယ္အဘိုး”

“ဒီ႐ြာမွာ ေနတဲ့သူေတြက မင္းစိတ္ရင္းထဲကအတိုင္း မင္းျဖစ္ေစခ်င္တဲ့သူမ်ိဳးေတြျဖစ္နိုင္ပါတယ္ကြယ္ … သြားေပေတာ့”

အိုရွိုတရားေလးကို သေဘာေပါက္မည္ထင္ပါသည္။

သင့္ဝမ္းတြင္း ဇာတိထဲကအတိုင္း သင့္ကို ဆက္ဆံမည့္ ျပည္သူေတြကို သင္ရင္ဆိုင္ရပါလိမ့္မည္။

(Osho, Death is Divine)

တင္ၫြန႔္

၃၀.၁.၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *