သင့်ရဲ့ အိုဇာတာ ကောင်း/မကောင်း သိနိုင်မယ့် လက္ခဏာ အမှတ်အသားလေး

Posted on

ကံတရားကို ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ကြဘူး ဆိုတာ လူတိုင်းသိပြီးဖြစ်တယ်။ ဒီ ကံတရားကိုလည်း ဘုရားကလွဲပြီး ဘယ်သူကမှကြိုတင်မမြင်နိုင်ဘူးဆိုတာလည်း လူတိုင်းလက်ခံကြလိမ့်မယ်

သို့သော်လည်း လူတစ်ယောက်ရဲ့ ကံတရားကို အနီစပ်ဆုံး အတတ်နိုင်ဆုံး ကြိုတင်ခန့်မှန်းနိုင်တာဟာ ဗေဒင်နှင့်လက္ခဏာ ပညာရပ်ပါပဲ

အကျွန်နော်တွေ့တဲ့ ပို့လေး တစ်ခုကတော့ လူတစ်ယောက်ဟာ အသက်ကြီးလာတဲ့အခါမှာ အိုဇာတာကောင်းမကောင်း ခန့်မှန်းနိုင်တဲ့ လက္ခဏာ အမှတ်အသားလို့ သိရတဲ့အကြောင်းလေးပါ

အိုဇာတာကောင်းမှာလား မကောင်းဘူးလား ဒီမှာဖတ်ကြည့်သွားဗျ

ပုံမှာပြထားတဲ့အတိုင်းလက်မရဲ့ အကွေးအစစ်အတွင်းပိုင်းနေရာမှာ လူတိုင်းမှာပါရှိတဲ့ အရေးအကြောင်းလက္ခဏာ လေးဖြစ်ပါတယ်

ဒီအကြောင်းလေးဟာစပါးစေ့လို သေးချွန်ပြီး ပိတ်နေရင်အိုဇာတာကောင်းပါတယ်။ ထိုလူဟာ အသက်အရွယ်ကြီးလာတဲ့ အခါ မိမိရှာသည်ဖြစ်စေ သူတစ်ပါးကူညီသည် ဖြစ်စေပြည့်စုံပြီး မပူပင်ရပါ။

စိတ်ချမ်းသာစွာနေထိုင်ရပါမယ်။ ဒါဟာအသက်ကြီး သူတို့ရဲ့ အလိုအပ်ဆုံး အရေးကြီးဆုံး အချက်တစ်ချက် လို့ပြောလို့ရပါတယ်

သို့တည်းမဟုတ် လက်မရဲ့ အကွေး အစစ်နေရာက အရေးအကြောင်းလေးဟာ စပါးစေ့ပုံ မဖြစ်ပဲ ဟနေရင် မျဉ်းပြိုင်ဖြစ်နေရင် ဆင်းရဲချမ်းသာမဟူ မိမိကရှာ သူများကသုံး သူများက လာမပေးတဲ့ ကံမျိုးပါ အားလုံး ကံကောင်းကြပါစေ

Zawgyi Version









Leave a Reply

Your email address will not be published. Required fields are marked *