” လစ်ဗျား မှာ နေတိုးက ဘယ်လို ဝင်တိုက်ခဲ့လဲ..?

Posted on

လစ်ဗျား မှာ နေတိုးက ဘယ်လို ဝင်တိုက်ခဲ့လဲ..?

စာရေးသူ ဒီစာရေးတာက လက်နက်ကိုင် တိုက်ပွဲတွေ ကို ကြိုက်လို့ မဟုတ်ပါ ။ စာရေးသူ တို့ တိုင်းပြည် ကို လစ်ဗျားလို ဆီးရီးယားလို မဖြစ်စေလိုပါ ။ ဒါပေမယ့် သာဝဟာ သေချင်ရင် တားမရတာရှိ ပါတယ်။ ပျက်ချိန်တန်ရင် ပျက်တတ် ပါတယ် ။

ဒါ့ကြောင့် သမိုင်း ကို သင်ခန်းစာယူနိုင်အောင် ရေးပြတာပါ ။ အချို့ကလဲ ဟောင်လွန်းတဲ့ခွေး မကိုက်တတ် လို့ ပြောကြ ပါတယ် ။ ဒါလဲ မှန်နိုင် ပါတယ် ။ ယခုလို အာဏာသိမ်းဘာညာ ဆိုပြီး သာဝထောက်ခံသူ ငပိန်းအုပ်စုထဲမှာ ပြောနေတာက ကြာခဲ့ပါပြီ။ တစ်ပတ်တစ်ခါနီးနီးကို အာဏာသိမ်းနေတာပါ ။ ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိဆိုတဲ့ စကားနဲ့ ရေးလိုက် ပါတယ်။

လစ္ဗ်ား မွာ ေနတိုးက ဘယ္လို ဝင္တိုက္ခဲ့လဲ

၂၀၁၁ မှာပါ ။ လစ်ဗျား မှာ ပြည်သူတွေက ကဒါဖီအစိုးရကို ဆန္ဒပြကြပါတယ်။ ကဒါဖီက နင်တို့ကို နှိမ်နင်းမယ် ဘာညာနဲ့ ကြိမ်းဝါးပါတယ်။ သူ့ရဲ့ ကုလအမြဲတမ်း ဒုကိုယ်စားလှယ်က အစိုးရက ခွဲထွက်ပြီး လေယဉ်မပျံရနယ်သတ်မှတ်ဖို့ ကုလလုံခြုံရေးကောင်စီမှာ တောင်းဆိုခဲ့ပါတယ်။

သူက သူ့အစိုးရကို ဆန့်ကျင်ပြီးပါ။ မြန်မာပြည်မှာက လက်ရှိ အစိုးရဟာ DASSK အစိုးရမိုလို့ သူမ နဲ့ သူမရဲ့ ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေက တောင်းဆိုရင် နိုင်ငံခြားတပ်ဟာ ကုလလုံခြုံရေးကောင်စီ ရဲ့ ခွင့်ပြုချက်မလိုဘဲ ဝင်စွက်လို့ရ ပါတယ်။ နိုင်ငံတကာ ဥပမာအနေ နဲ့ ဘာရိန်းက ဆော်ဒီတပ်ခေါ်တာနဲ့ ဆီးရီးယားက ရုရှားတပ်ခေါ်တာပါ ။

လစ္ဗ်ား မွာ ေနတိုးက ဘယ္လို ဝင္တိုက္ခဲ့လဲ

တရားဝင်လုံခြုံရေးကောင်စီမလိုဘဲ ရပါတယ်။ ဒါ့ကြောင့် DASSK အစိုးရဟာ နိုင်ငံခြားက ဘယ်တပ်ကိုမဆို တရားဝင်ခေါ်လို့ရ ပါတယ်။ သူမ မခေါ်လဲ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်တွေက နိုင်ငံခြားတပ် ကို တရားဝင်ခေါ်လို့ရ ပါတယ်။

ဒါဆိုရင် လာတဲ့ နိုင်ငံခြားတပ် ကို ငါတို့ရဲ့ အဘတပ်က ပြန်တိုက် လိုက်မှာပေါ့လို့ ပြောသူငတုံး မျိုးချစ်များ ရှိမှာပါ ။ ရခိုင်မှာ ဓာတ်ခဲကို မနိုင်လို့ အသေထွက်ပြေးပြီး လေတပ်ကူပါ ရေတပ်ကူပါ အော်ခဲ့ရတာ အတိပ်မမေ့လောက်သေးဘူး ထင်ပါတယ်။ လစ်ဗျား က ကဒါဖီမှာ အကြီးစား မြေပြင်က ဝေဟင်ပစ် ဒုံးပျံ ၃၀၊ အလယ်အလတ် ၁၇ ခု၊ အပေါ့စား ၅၅ ခု၊ အခြား လေယဉ်ပစ်အမြောက်တွေ လောင်ချာတွေရှိခဲ့ပါတယ်။

လစ္ဗ်ား မွာ ေနတိုးက ဘယ္လို ဝင္တိုက္ခဲ့လဲ

လစ်ဗျားကို အသားထားပြီး သူ့ဆရာ ဆီးရီးယားမှာ မြန်မာပြည်က ယခုမှ ဝယ်ဖို့လုပ်နေတဲ့ Pantsir S1နဲ့ S300 လေကြောင်းရန် ကာကွယ်ရေးစနစ်ရှိတာတောင် ဘာမှမလုပ်နိုင်ပါ။ ယခုလက်ရှိ ရုရှားကဝယ်ထားတဲ့ လေယဉ်ခြောက်စီးဟာလဲ အကုန်မရောက်လာသေးပါ။ ရှိလဲ ဘာမှလုပ်မရပါ။ လစ်ဗျားဟာ အဆိုပါလေကြောင်းရန် ကာကွယ်ရေးစနစ်ရှိတဲ့ကြားက နေတိုးလေယဉ်တွေကို မပစ်ချနိုင် ခဲ့ပါ။

လစ္ဗ်ား မွာ ေနတိုးက ဘယ္လို ဝင္တိုက္ခဲ့လဲ

ထိုအချိန်က အိုဘားမားဟာ စစ်တိုက်ဖို့ သိပ်စိတ်မဝင်စားပါ ။ သူ့ကို တိုက်ဖို့ပြောတာက သူ့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးရယ် အဲ့ဒီအချိန်က နိုင်ငံခြားရေးအကြံပေး ယခုဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ပါ။ အဆိုပါအကြောင်း ကို အိုဘားမားက သူ့ရဲ့ Promised Land စာအုပ်ထဲမှာ ရေးထားခဲ့ပါတယ်။ စစချင်း အင်္ဂလိပ်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ပြင်သစ်သမ္မတတို့က လေယဉ်မပျံရနယ်လောက်သာ လုပ်ချင်ပေမယ့် အိုဘားမား က သူဝင်ရရင် မြေပြင်က ပြည်သူ ကို ဒုက္ခပေးမယ့် ကဒါဖီရဲ့ တင့်ကားတွေ ကိုပါ ဖျက်မှရမယ် ဆိုလို့ နောက်ဆုံးသဘောတူပြီး ဝင်ဝုန်းကြတာပါ ။ အဆိုပါစစ်ပွဲ ဟာ မတ်လမှာစပြီး အောက်တိုဘာမှာ ကဒါဖီသေတာနဲ့ အဆုံးသတ် ပါတယ်။

လစ္ဗ်ား မွာ ေနတိုးက ဘယ္လို ဝင္တိုက္ခဲ့လဲ

ဒါဆိုရင် နိုင်ငံခြားတပ်ဝင်အောင် ဘာတွေလုပ်ရလဲ ။ ပုံမှန်မှာက ပြည်သူတွေက အာဏာရှင်အစိုးရကို ဆန္ဒပြ၊ ဒါကို နိုင်ငံခြားက ဝင်ကူပေါ့ ။ မြန်မာပြည်မှာက တရားဝင် အစိုးရကို သာဝက သူပုန်ထပြီး အာဏာသိမ်း မှ ဆန္ဒပြရမှာပါ ။ တရားဝင် အစိုးရကို အာဏာသိမ်းလို့ သာဝဟာ အကြမ်းဖက်သမား သူပုန်ဖြစ်သွားမှာပါ ။ သူဟာ ICC မှာ တရားစွဲခံရနိုင် တဲ့ တရားခံဖြစ်နေလို့ သူကပြည်သူတွေ ကို ဒုက္ခပေးမယ်ဆိုတဲ့ အကြောင်းပြချက်ကို ကမ္ဘာက လက်ခံဖို့ မခက်ခဲပါ ။

နောက်ပြီးတော့ ပြည်သူတွေမှာ ကလဲ လစ်ဗျားတော်လှန်ရေး လို ဆီးရီးယားတော်လှန်ရေး လို ခေါင်းဆောင်မရှိတာ မဟုတ်ဘဲ မြန်မာပြည် မှာက ခေါင်းဆောင် နဲ့ တရားဝင် အစိုးရက ရှိနေပြီးသားပါ ။ သူက သူပုန်ထတာသာဖြစ်ပြီး သူပုန်ခေါင်းဆောင် ကို ဖမ်းဖို့ နှိမ်နင်းဖို့သာ လိုတာပါ ။

လစ္ဗ်ား မွာ ေနတိုးက ဘယ္လို ဝင္တိုက္ခဲ့လဲ

ပြည်သူတွေက သူအာဏာ သိမ်းရင် အသက်အသေခံပြီး ဆန္ဒပြမလား ဆိုတဲ့ မေးခွန်းပါ ။ မြန်မာပြည် ရဲ့ ပြည်မအားလုံးဟာ နီပြီးသားပါ ။ ဒါ့ကြောင့် သူသာအာဏာသိမ်းခဲ့ ရင် ထိုင်းလို လွယ်လွယ်ရမှာ မဟုတ်ဘဲ အသေအပျောက်များမှာပါ ။ ထိုင်းဟာ အမေရိကန် နဲ့ စစ်ရေးစာချုပ်ရှိလို့ ဝင်မစွက်တာပါ ။ မြန်မာနဲ့က ဘာမှမရှိလို့ ဝင်စွက်ရလွယ် ပါတယ်။ နောက်မြန်မာပြည် မှာက ထိုင်းလို မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေက ရှိပြီးသားမိုလို့ ဒီအချိန် မှာ သူတို့နဲ့ ပေါင်းစပ်ပြီး သာဝကို အပြီးကိုင်ဖို့က ပိုလွယ်နိုင် ပါတယ်။

နောက်မေးခွန်း တစ်ခုက တပ်ထဲကနေ ပြည်သူ့စစ်သားတွေ ဟာ ဆီးရီးယား နဲ့ လစ်ဗျားမှာလို ပြည်သူ နဲ့ လာပေါင်းမလား ဆိုတာပါ။ သာဝအမိန့်ကို နာခံတဲ့ ရာထူးကြီးတွေ ရှိနိုင်ပေမယ့် အောက်ခြေက တပ်မတော်သားတွေဟာ သူတို့ တပ်ချုပ်ဟာ အာဏာ သိမ်းရင် သူပုန်မိုလို့ သူပုန်ရဲ့ အမိန့်ကို မနာခံဘဲ အစိုးရနဲ့ ပြည်သူကို ပေါင်းရတာ လွယ်မှာပါ ။ ရခိုင်စစ်မြေပြင်မှာတောင် သူတို့လူမျိုးတွေက ဘက်ပြောင်းသွားကြ ပါတယ်။

စာရေးသူတို့ ပြည်သူ အများစုက အမေရိကန် (သို့) အနောက်တိုင်းကသာ ဝင်စွက်နိုင်တယ် လို့ ထင်ထားပေမယ့် တရုတ်ဟာလဲ DASSK ကို ထောက်ခံသူအနေ နဲ့ ပါလာနိုင်ပါတယ်။ ဒါပေမယ့် အမေရိကန် နဲ့ ဥရောပက စာရေးသူတို့နဲ့ စနစ်တူ ပါတယ် ။ အဆုံးမှာတော့ သာဝသူပုန် ကို ဖမ်းထိန်းဖို့က ရတဲ့ အကူအညီယူရမှာပါ ။
အကျဉ်းချုပ်ပြော လိုတာက သူပုန်ထခဲ့ ရင်တော့ မနိုင်ရင် ကြိုးမိန့်ပါလို့ ကြိုပြောထား ပါရစေ ။ နယ်သာလန်ကလဲ သာဝ ကို စောင့်ကြိုနေ ပါတယ် ။ မဖြစ်ခဲ့ရင် အကောင်းဆုံးပါ ။ ဒေဝဒတ်ဟာ မြေမြိုတဲ့အထိ မိုက်သွားလို့ အမှားမလုပ်မိအောင် ရေးပြတာပါ။

Myat Tun Oo ( လေးစားစွာဖြင့် ဆရာအား ခရက်ဒစ်ပေးပါသည် )

Zawgyi

လစ္ဗ်ား မွာ ေနတိုးက ဘယ္လို ဝင္တိုက္ခဲ့လဲ..?

စာေရးသူ ဒီစာေရးတာက လက္နက္ကိုင္ တိုက္ပြဲေတြ ကို ႀကိဳက္လို႔ မဟုတ္ပါ ။ စာေရးသူ တို႔ တိုင္းျပည္ ကို လစ္ဗ်ားလို ဆီးရီးယားလို မျဖစ္ေစလိုပါ ။ ဒါေပမယ့္ သာဝဟာ ေသခ်င္ရင္ တားမရတာရွိ ပါတယ္။ ပ်က္ခ်ိန္တန္ရင္ ပ်က္တတ္ ပါတယ္ ။ ဒါ့ေၾကာင့္ သမိုင္း ကို သင္ခန္းစာယူနိုင္ေအာင္ ေရးျပတာပါ ။ အခ်ိဳ႕ကလဲ ေဟာင္လြန္းတဲ့ေခြး မကိုက္တတ္ လို႔ ေျပာၾက ပါတယ္ ။ ဒါလဲ မွန္နိုင္ ပါတယ္ ။ ယခုလို အာဏာသိမ္းဘာညာ ဆိုၿပီး သာဝေထာက္ခံသူ ငပိန္းအုပ္စုထဲမွာ ေျပာေနတာက ၾကာခဲ့ပါၿပီ။ တစ္ပတ္တစ္ခါနီးနီးကို အာဏာသိမ္းေနတာပါ ။ ဒါေပမယ့္ သတိဆိုတာ ပိုတယ္မရွိဆိုတဲ့ စကားနဲ႕ ေရးလိုက္ ပါတယ္။

၂၀၁၁ မွာပါ ။ လစ္ဗ်ား မွာ ျပည္သူေတြက ကဒါဖီအစိုးရကို ဆႏၵျပၾကပါတယ္။ ကဒါဖီက နင္တို႔ကို ႏွိမ္နင္းမယ္ ဘာညာနဲ႕ ႀကိမ္းဝါးပါတယ္။ သူ႕ရဲ႕ ကုလအၿမဲတမ္း ဒုကိုယ္စားလွယ္က အစိုးရက ခြဲထြက္ၿပီး ေလယဥ္မပ်ံရနယ္သတ္မွတ္ဖို႔ ကုလလုံၿခဳံေရးေကာင္စီမွာ ေတာင္းဆိုခဲ့ပါတယ္။

သူက သူ႕အစိုးရကို ဆန႔္က်င္ၿပီးပါ။ ျမန္မာျပည္မွာက လက္ရွိ အစိုးရဟာ DASSK အစိုးရမိုလို႔ သူမ နဲ႕ သူမရဲ႕ ဝန္ႀကီးေတြ ဝန္ႀကီးခ်ဳပ္ေတြက ေတာင္းဆိုရင္ နိုင္ငံျခားတပ္ဟာ ကုလလုံၿခဳံေရးေကာင္စီ ရဲ႕ ခြင့္ျပဳခ်က္မလိုဘဲ ဝင္စြက္လို႔ရ ပါတယ္။ နိုင္ငံတကာ ဥပမာအေန နဲ႕ ဘာရိန္းက ေဆာ္ဒီတပ္ေခၚတာနဲ႕ ဆီးရီးယားက ႐ုရွားတပ္ေခၚတာပါ ။

တရားဝင္လုံၿခဳံေရးေကာင္စီမလိုဘဲ ရပါတယ္။ ဒါ့ေၾကာင့္ DASSK အစိုးရဟာ နိုင္ငံျခားက ဘယ္တပ္ကိုမဆို တရားဝင္ေခၚလို႔ရ ပါတယ္။ သူမ မေခၚလဲ ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြက နိုင္ငံျခားတပ္ ကို တရားဝင္ေခၚလို႔ရ ပါတယ္။

ဒါဆိုရင္ လာတဲ့ နိုင္ငံျခားတပ္ ကို ငါတို႔ရဲ႕ အဘတပ္က ျပန္တိုက္ လိုက္မွာေပါ့လို႔ ေျပာသူငတုံး မ်ိဳးခ်စ္မ်ား ရွိမွာပါ ။ ရခိုင္မွာ ဓာတ္ခဲကို မနိုင္လို႔ အေသထြက္ေျပးၿပီး ေလတပ္ကူပါ ေရတပ္ကူပါ ေအာ္ခဲ့ရတာ အတိပ္မေမ့ေလာက္ေသးဘူး ထင္ပါတယ္။ လစ္ဗ်ား က ကဒါဖီမွာ အႀကီးစား ေျမျပင္က ေဝဟင္ပစ္ ဒုံးပ်ံ ၃၀၊ အလယ္အလတ္ ၁၇ ခု၊ အေပါ့စား ၅၅ ခု၊ အျခား ေလယဥ္ပစ္အေျမာက္ေတြ ေလာင္ခ်ာေတြရွိခဲ့ပါတယ္။

လစ္ဗ်ားကို အသားထားၿပီး သူ႕ဆရာ ဆီးရီးယားမွာ ျမန္မာျပည္က ယခုမွ ဝယ္ဖို႔လုပ္ေနတဲ့ Pantsir S1နဲ႕ S300 ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ရွိတာေတာင္ ဘာမွမလုပ္နိုင္ပါ။ ယခုလက္ရွိ ႐ုရွားကဝယ္ထားတဲ့ ေလယဥ္ေျခာက္စီးဟာလဲ အကုန္မေရာက္လာေသးပါ။ ရွိလဲ ဘာမွလုပ္မရပါ။ လစ္ဗ်ားဟာ အဆိုပါေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ရွိတဲ့ၾကားက ေနတိုးေလယဥ္ေတြကို မပစ္ခ်နိဳင္ ခဲ့ပါ။

ထိုအခ်ိန္က အိုဘားမားဟာ စစ္တိုက္ဖို႔ သိပ္စိတ္မဝင္စားပါ ။ သူ႕ကို တိုက္ဖို႔ေျပာတာက သူ႕ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးရယ္ အဲ့ဒီအခ်ိန္က နိုင္ငံျခားေရးအႀကံေပး ယခုဘိုင္ဒင္ရဲ႕ နိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken ပါ။ အဆိုပါအေၾကာင္း ကို အိုဘားမားက သူ႕ရဲ႕ Promised Land စာအုပ္ထဲမွာ ေရးထားခဲ့ပါတယ္။ စစခ်င္း အဂၤလိပ္ဝန္ႀကီးခ်ဳပ္ ကင္မ႐ြန္းနဲ႕ ျပင္သစ္သမၼတတို႔က ေလယဥ္မပ်ံရနယ္ေလာက္သာ လုပ္ခ်င္ေပမယ့္ အိုဘားမား က သူဝင္ရရင္ ေျမျပင္က ျပည္သူ ကို ဒုကၡေပးမယ့္ ကဒါဖီရဲ႕ တင့္ကားေတြ ကိုပါ ဖ်က္မွရမယ္ ဆိုလို႔ ေနာက္ဆုံးသေဘာတူၿပီး ဝင္ဝုန္းၾကတာပါ ။ အဆိုပါစစ္ပြဲ ဟာ မတ္လမွာစၿပီး ေအာက္တိုဘာမွာ ကဒါဖီေသတာနဲ႕ အဆုံးသတ္ ပါတယ္။

ဒါဆိုရင္ နိုင္ငံျခားတပ္ဝင္ေအာင္ ဘာေတြလုပ္ရလဲ ။ ပုံမွန္မွာက ျပည္သူေတြက အာဏာရွင္အစိုးရကို ဆႏၵျပ၊ ဒါကို နိုင္ငံျခားက ဝင္ကူေပါ့ ။ ျမန္မာျပည္မွာက တရားဝင္ အစိုးရကို သာဝက သူပုန္ထၿပီး အာဏာသိမ္း မွ ဆႏၵျပရမွာပါ ။ တရားဝင္ အစိုးရကို အာဏာသိမ္းလို႔ သာဝဟာ အၾကမ္းဖက္သမား သူပုန္ျဖစ္သြားမွာပါ ။ သူဟာ ICC မွာ တရားစြဲခံရနိုင္ တဲ့ တရားခံျဖစ္ေနလို႔ သူကျပည္သူေတြ ကို ဒုကၡေပးမယ္ဆိုတဲ့ အေၾကာင္းျပခ်က္ကို ကမာၻက လက္ခံဖို႔ မခက္ခဲပါ ။

ေနာက္ၿပီးေတာ့ ျပည္သူေတြမွာ ကလဲ လစ္ဗ်ားေတာ္လွန္ေရး လို ဆီးရီးယားေတာ္လွန္ေရး လို ေခါင္းေဆာင္မရွိတာ မဟုတ္ဘဲ ျမန္မာျပည္ မွာက ေခါင္းေဆာင္ နဲ႕ တရားဝင္ အစိုးရက ရွိေနၿပီးသားပါ ။ သူက သူပုန္ထတာသာျဖစ္ၿပီး သူပုန္ေခါင္းေဆာင္ ကို ဖမ္းဖို႔ ႏွိမ္နင္းဖို႔သာ လိုတာပါ ။

ျပည္သူေတြက သူအာဏာ သိမ္းရင္ အသက္အေသခံၿပီး ဆႏၵျပမလား ဆိုတဲ့ ေမးခြန္းပါ ။ ျမန္မာျပည္ ရဲ႕ ျပည္မအားလုံးဟာ နီၿပီးသားပါ ။ ဒါ့ေၾကာင့္ သူသာအာဏာသိမ္းခဲ့ ရင္ ထိုင္းလို လြယ္လြယ္ရမွာ မဟုတ္ဘဲ အေသအေပ်ာက္မ်ားမွာပါ ။ ထိုင္းဟာ အေမရိကန္ နဲ႕ စစ္ေရးစာခ်ဳပ္ရွိလို႔ ဝင္မစြက္တာပါ ။ ျမန္မာနဲ႕က ဘာမွမရွိလို႔ ဝင္စြက္ရလြယ္ ပါတယ္။ ေနာက္ျမန္မာျပည္ မွာက ထိုင္းလို မဟုတ္ဘဲ တိုင္းရင္းသားလက္နက္ကိုင္ေတြက ရွိၿပီးသားမိုလို႔ ဒီအခ်ိန္ မွာ သူတို႔နဲ႕ ေပါင္းစပ္ၿပီး သာဝကို အၿပီးကိုင္ဖို႔က ပိုလြယ္နိုင္ ပါတယ္။

ေနာက္ေမးခြန္း တစ္ခုက တပ္ထဲကေန ျပည္သူ႕စစ္သားေတြ ဟာ ဆီးရီးယား နဲ႕ လစ္ဗ်ားမွာလို ျပည္သူ နဲ႕ လာေပါင္းမလား ဆိုတာပါ။ သာဝအမိန႔္ကို နာခံတဲ့ ရာထူးႀကီးေတြ ရွိနိုင္ေပမယ့္ ေအာက္ေျခက တပ္မေတာ္သားေတြဟာ သူတို႔ တပ္ခ်ဳပ္ဟာ အာဏာ သိမ္းရင္ သူပုန္မိုလို႔ သူပုန္ရဲ႕ အမိန႔္ကို မနာခံဘဲ အစိုးရနဲ႕ ျပည္သူကို ေပါင္းရတာ လြယ္မွာပါ ။ ရခိုင္စစ္ေျမျပင္မွာေတာင္ သူတို႔လူမ်ိဳးေတြက ဘက္ေျပာင္းသြားၾက ပါတယ္။

စာေရးသူတို႔ ျပည္သူ အမ်ားစုက အေမရိကန္ (သို႔) အေနာက္တိုင္းကသာ ဝင္စြက္နိုင္တယ္ လို႔ ထင္ထားေပမယ့္ တ႐ုတ္ဟာလဲ DASSK ကို ေထာက္ခံသူအေန နဲ႕ ပါလာနိုင္ပါတယ္။ ဒါေပမယ့္ အေမရိကန္ နဲ႕ ဥေရာပက စာေရးသူတို႔နဲ႕ စနစ္တူ ပါတယ္ ။ အဆုံးမွာေတာ့ သာဝသူပုန္ ကို ဖမ္းထိန္းဖို႔က ရတဲ့ အကူအညီယူရမွာပါ ။
အက်ဥ္းခ်ဳပ္ေျပာ လိုတာက သူပုန္ထခဲ့ ရင္ေတာ့ မနိုင္ရင္ ႀကိဳးမိန႔္ပါလို႔ ႀကိဳေျပာထား ပါရေစ ။ နယ္သာလန္ကလဲ သာဝ ကို ေစာင့္ႀကိဳေန ပါတယ္ ။ မျဖစ္ခဲ့ရင္ အေကာင္းဆုံးပါ ။ ေဒဝဒတ္ဟာ ေျမၿမိဳတဲ့အထိ မိုက္သြားလို႔ အမွားမလုပ္မိေအာင္ ေရးျပတာပါ။

Myat Tun Oo ( ေလးစားစြာျဖင့္ ဆရာအား ခရက္ဒစ္ေပးပါသည္ )

Leave a Reply

Your email address will not be published. Required fields are marked *