ရှေးရိုးစွဲ အသိဉာဏ်နည်းတဲ့ မိဘတွေ နဲ့ ပဲဆီကြောင့် မသေသင့်ပဲ သေရတဲ့ ခလေးငယ်တွေ

Posted on

အသိဉာဏ်နည်းတဲ့ ရှေးရိုးစွဲမိဘတွေ နှင့် ပဲဆီကြောင့် မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်တွေ..

အစိုးရဆရာဝန် လုပ်လာတဲ့ တလျောက် မှာ ကိုယ့်အတွက် အခက်ခဲဆုံး ကိစ္စက ကလေးတယောက် သေသွားပြီ အသက် မရှိတော့ဘူး ဆိုတာ အမေဖြစ်သူ ကို ပြောရတဲ့ အချိန်ပဲ ။ သေ‌လောက်မယ့်ရောဂါ မို့လို့ ကြိုတင် ရှင်းပြထားပြီးသား ဆိုရင် တော်သေး ။ ရုတ်တရက် သေသွားတာမျိုး ဆို သေပြီပြောတဲ့ ဆရာဝန်လုပ်သူပါ ပြသနာရှာခံ ထိတတ်တယ် ။ လက်ခံရခက် တဲ့ သတင်း မို့လို့ တော်တော်ဖြေရှင်းရ ခက်ပါတယ် ။

ဒါကြောင့်မို့ ကိုယ့်ဂျူတီ ဆိုရင် လဲ အဲလိုမျိုးတွေ မလာပါစေ နဲ့ အမြဲဆုတောင်းပေ မယ့် ကံကလဲ အရမ်းကောင်း ဆိုတော့ ကိုယ့် EMO နေ့ဆို အသည်းအသန်ဖျားနာ တွေ ဆုံးပြီးသားတွေ ခနခန လာ တတ် တယ် ။ လာတော့လဲ အတွေ့အကြုံတွေ ရတာပေါ့ ။

ပဲဆီထည့ျလို့သရေတဲ့ ကလေးတှေ

ပြောပြချင်တာ က အဲလို ဆုံးပြီးသား ကလေးတွေ ရောက်လာရင် အများစုက ပဲဆီ လက်ချက်ဖြစ်နေတာ ပဲ ။ ပဲဆီ က ဘယ်လိုသေစေတာ လဲ ရှင်းပြ မယ်။

ကလေးလေး တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ‘တက်’ တတ် ပါတယ် ။ ရောဂါကြောင့်ဖြစ်ဖြစ် အဖျားကြီးလို့ဖြစ်ဖြစ် ‘တက်’ တဲ့ အခါ လူကြီးမိဘတွေက ‘တက်’ နေတဲ့ ကလေးလေးကို အတက်ကျအောင်ဆိုပြီး လုပ်မိလုပ်ရာ အစုံလုပ်ကြပါတော့ တယ် ။ တချို့တွေ မြန်မာဆေးနည်း ဆိုပြီး ပါးစပ်ထဲ စပါးကြီးသည်းခြေ ထိုးထည့်တယ်။ ငယ်ထိပ်ကို မှုတ်တယ်။ ခြေတွေ လက်တွေ ချိုးတယ် နှိပ်တယ် ။

တခြားဒေသတွေတော့ မသိဘူး။ မြိတ်မြို့က လူကြီးတွေ ကတော့ ပါးစပ်ထဲ ပဲဆီလောင်းထည့်ကြ တယ် ။ ပအုန်းရည် ရှာလကာရည် ဆား သကြား အချိုမှုန့်ရည် လောင်းထည့်တယ်။ ကြက်ချေးတွေ ပြာတွေ လောင်းထည့်တာလဲ‌ ရှိတယ် ။ ပြောမယုံ ကြုံမှသိ အစုံကို လုပ်ကြတာ ။ အဲလိုလုပ်တဲ့သူတွေကလဲ စာမတတ်တဲ့ဆင်းရဲသားမိဘကနေ ဘွဲ့ရပညာတတ် ကျောင်းဆရာမ တွေပါ ပါတာနော် ။

မိဘကိုယ်တိုင်ကနေ အဖိုးအဖွား အိမ်နားနီးချင်းတွေ ပါပါတာ ။

ဆေးရုံမှာ တက်လို့ဆိုပြီး ရောက်လာတဲ့ ကလေးတွေ ကို အိမ်မှာ ဘာလုပ်ပေးလာသလဲ မေးလိုက်ရင် ဆယ်ယောက် မှာ ကိုးယောက် အဲလိုတွေ တခုမဟုတ် တခုလုပ်လာကြတယ်။ ဘယ်သူက စတဲ့ အယူအဆလဲတော့ မသိဘူး ။ တော်တော်များများ ကလေးတက်ရင် အဲလိုလုပ်ရတယ် ပဲထင်ကြတယ်။

စဉ်းစားကြည့်ပါ သတိလစ် တက်နေ တဲ့ လူတယောက် ရဲ့ ပါးစပ်ထဲ အရည်တွေ ပစ္စည်းတွေ သွားလောင်းထည့်တဲ့ အခါ မမျိုချနိုင်ပါဘူး ။ တခါထဲ အသက်ရှုလမ်းကြောင်းထဲ ဝင်သွားရင် ပိတ်ပြီး ဆုံးပါလေရော ။ ရေနစ်သူ ဝါးကူ ထိုးလိုက်သလိုပါပဲ။ တခါထဲ မဆုံးပဲလဲ အသက်ရှုလမ်းကြောင်းထဲ ပစ္စည်းဝင်သောကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ဖြစ်ရင် ဆေးအကြာကြီးထိုး ကုရတတ်ပါတယ်။

အမှန်တော့ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် တက်သွားတယ်ဆိုရင် အသက်ရှုလမ်းကြောင်းပွင့်နေအောင်ထားပြီး ဆေးရုံခေါ်လာရမှာပါ။ ပါးစပ်ထဲနှာခေါင်းထဲ ဘာမှ သွားမထည့်ရပါဘူး။ ပါးစပ်ထဲ အန်ဖတ်တွေ ရှိနေရင်တောင် ဖယ်ပစ်ရမှာပါ ။ လူနာကို ဘေးတစောင်းအနေအထား ချက်ချင်းထားပြီး အသက်ရှု လမ်းကြောင်း ပိတ်မနေအောင်လုပ်ပေးရမှာပါ ။ တက်တာက ဦးနှောက်ထဲက ပြသနာကြောင့်တက်တာမို့ ‌ခြေလက်တွေ ချိုးနှိပ်လို့ မထူးပါဘူး။ လူနာအသားနာရုံပဲရှိမှာပါ။ ဘေးတ‌စောင်းထားပြီး ဆေးရုံ ဆေးခန်းခေ ါ်လာပါ။

ပုံထဲက ကံဆိုးရှာသူ ကလေးလေး ပါးစပ် မှာ ပဲဆီတွေ နဲ့မည်းနေတာ တွေ့မှာ ပါ။ ကိုယ်ကတော့ အဲလိုတွေ့လိုက်ကထဲက သွားပြီ ဆိုတာ ၈၀% လောက်သေချာနေပြီ။ အဲ့သလောက်ကို အံတိုနေပြီ။

ကလေး မိဘများ ကိုပြောချင်တာက ကလေးတွေကို လက်တည့် မစမ်းကြပါနဲ့။ ဆရာဝန်နဲ့ တွေ့ခွင့်ပေးလိုက်ပါ။ ရောဂါကြီးကြီးမားမား ကြောင့်ဆုံးသွားရတာ မဟုတ်ပဲ အဲလို ပဲဆီထည့်လို့ ဆုံးရတာ မတန်လွန်းလို့ပါ။ ဆေးခန်းပြဖို့ ပိုက်ဆံ မတတ်နိုင်ရင်လဲ အစိုးရဆေးရုံ မှာ ၂၄ နာရီလုံး အလကားလာပြလို့ရနေပါတယ်။

ကလေးမွေးထားရင်လဲ ကလေးကျန်းမာရေး နဲ့ ပတ်သက်လို့ ဗဟုသုတရှိအောင်လုပ်ကြပါ။ သူငယ်နာကျမ်း နဲ့ ပေါက်က‌ရတွေ မလုပ်ကြပါနဲ့။ ကလေးဆရာဝန်ကြီးတွေ ရေးထားတဲ့ စာအုပ်တွေ ပေ့ချ်တွေ အများကြီးရှိပါတယ် ။ ဖတ်ကြပါလို့။

ဘိတ်မြို့က လူကြီးမိဘတွေ ကိုလဲ ပဲဆီ ပအုန်းရည်‌‌ ကို ကိုက်ကြေးကိုက်ကြော်တဲ့နေရာမှာပဲ သုံးကြပါ ။ ကလေးပါးစပ်ထဲ မထည့်ကြပါနဲ့ ပဲဆီထည့်လို့သေရတဲ့ ကလေးတွေ များပါပြီ လို့ပြောချင် ပါတယ် ။

“ကလေးလေး က အသက်မပါလာဘူး အမေရယ် ” လို့နောက်ထပ်မပြောပါရစေ နဲ့တော့။

အလုပ်နဲ့ပတ်သက်တာတွေ ဖေ့စဘွတ်ပေါ်မတ င်ဖို့ ဆုံးဖြတ်ထားသော်လည်း ခနခန ရင်နာရ‌တဲ့ ကိစ္စမို့လို့ စာအရှည်ကြီးရေးတင်ပါတယ်။ ကြယ်ငါးလေးတကောင် ရှင်သွားရင် ကျေနပ်ပါပြီ။

(ဒေါက်တာသူသူဇင်ဦး)

Zawgyi

အသိဉာဏ္နည္းတဲ့ ေရွးရိုးစြဲမိဘေတြ ႏွင့္ ပဲဆီေၾကာင့္ မေႂကြသင့္ပဲ ေႂကြလြင့္ခဲ့ရတဲ့ ကေလးငယ္ေတြ..

အစိုးရဆရာဝန္ လုပ္လာတဲ့ တေလ်ာက္ မွာ ကိုယ့္အတြက္ အခက္ခဲဆုံး ကိစၥက ကေလးတေယာက္ ေသသြားၿပီ အသက္ မရွိေတာ့ဘူး ဆိုတာ အေမျဖစ္သူ ကို ေျပာရတဲ့ အခ်ိန္ပဲ ။ ေသ‌ေလာက္မယ့္ေရာဂါ မို႔လို႔ ႀကိဳတင္ ရွင္းျပထားၿပီးသား ဆိုရင္ ေတာ္ေသး ။ ႐ုတ္တရက္ ေသသြားတာမ်ိဳး ဆို ေသၿပီေျပာတဲ့ ဆရာဝန္လုပ္သူပါ ျပသနာရွာခံ ထိတတ္တယ္ ။ လက္ခံရခက္ တဲ့ သတင္း မို႔လို႔ ေတာ္ေတာ္ေျဖရွင္းရ ခက္ပါတယ္ ။

ဒါေၾကာင့္မို႔ ကိုယ့္ဂ်ဴတီ ဆိုရင္ လဲ အဲလိုမ်ိဳးေတြ မလာပါေစ နဲ႕ အၿမဲဆုေတာင္းေပ မယ့္ ကံကလဲ အရမ္းေကာင္း ဆိုေတာ့ ကိုယ့္ EMO ေန႕ဆို အသည္းအသန္ဖ်ားနာ ေတြ ဆုံးၿပီးသားေတြ ခနခန လာ တတ္ တယ္ ။ လာေတာ့လဲ အေတြ႕အႀကဳံေတြ ရတာေပါ့ ။

ေျပာျပခ်င္တာ က အဲလို ဆုံးၿပီးသား ကေလးေတြ ေရာက္လာရင္ အမ်ားစုက ပဲဆီ လက္ခ်က္ျဖစ္ေနတာ ပဲ ။ ပဲဆီ က ဘယ္လိုေသေစတာ လဲ ရွင္းျပ မယ္။

ကေလးေလး ေတြဟာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ‘တက္’ တတ္ ပါတယ္ ။ ေရာဂါေၾကာင့္ျဖစ္ျဖစ္ အဖ်ားႀကီးလို႔ျဖစ္ျဖစ္ ‘တက္’ တဲ့ အခါ လူႀကီးမိဘေတြက ‘တက္’ ေနတဲ့ ကေလးေလးကို အတက္က်ေအာင္ဆိုၿပီး လုပ္မိလုပ္ရာ အစုံလုပ္ၾကပါေတာ့ တယ္ ။ တခ်ိဳ႕ေတြ ျမန္မာေဆးနည္း ဆိုၿပီး ပါးစပ္ထဲ စပါးႀကီးသည္းေျခ ထိုးထည့္တယ္။ ငယ္ထိပ္ကို မႈတ္တယ္။ ေျခေတြ လက္ေတြ ခ်ိဳးတယ္ ႏွိပ္တယ္ ။

တျခားေဒသေတြေတာ့ မသိဘူး။ ၿမိတ္ၿမိဳ႕က လူႀကီးေတြ ကေတာ့ ပါးစပ္ထဲ ပဲဆီေလာင္းထည့္ၾက တယ္ ။ ပအုန္းရည္ ရွာလကာရည္ ဆား သၾကား အခ်ိဳမႈန႔္ရည္ ေလာင္းထည့္တယ္။ ၾကက္ေခ်းေတြ ျပာေတြ ေလာင္းထည့္တာလဲ‌ ရွိတယ္ ။ ေျပာမယုံ ႀကဳံမွသိ အစုံကို လုပ္ၾကတာ ။ အဲလိုလုပ္တဲ့သူေတြကလဲ စာမတတ္တဲ့ဆင္းရဲသားမိဘကေန ဘြဲ႕ရပညာတတ္ ေက်ာင္းဆရာမ ေတြပါ ပါတာေနာ္ ။

မိဘကိုယ္တိုင္ကေန အဖိုးအဖြား အိမ္နားနီးခ်င္းေတြ ပါပါတာ ။

ေဆး႐ုံမွာ တက္လို႔ဆိုၿပီး ေရာက္လာတဲ့ ကေလးေတြ ကို အိမ္မွာ ဘာလုပ္ေပးလာသလဲ ေမးလိုက္ရင္ ဆယ္ေယာက္ မွာ ကိုးေယာက္ အဲလိုေတြ တခုမဟုတ္ တခုလုပ္လာၾကတယ္။ ဘယ္သူက စတဲ့ အယူအဆလဲေတာ့ မသိဘူး ။ ေတာ္ေတာ္မ်ားမ်ား ကေလးတက္ရင္ အဲလိုလုပ္ရတယ္ ပဲထင္ၾကတယ္။

စဥ္းစားၾကည့္ပါ သတိလစ္ တက္ေန တဲ့ လူတေယာက္ ရဲ႕ ပါးစပ္ထဲ အရည္ေတြ ပစၥည္းေတြ သြားေလာင္းထည့္တဲ့ အခါ မမ်ိဳခ်နိဳင္ပါဘူး ။ တခါထဲ အသက္ရႈလမ္းေၾကာင္းထဲ ဝင္သြားရင္ ပိတ္ၿပီး ဆုံးပါေလေရာ ။ ေရနစ္သူ ဝါးကူ ထိုးလိုက္သလိုပါပဲ။ တခါထဲ မဆုံးပဲလဲ အသက္ရႈလမ္းေၾကာင္းထဲ ပစၥည္းဝင္ေသာေၾကာင့္ျဖစ္ေသာ အဆုတ္ေရာင္ေရာဂါ ျဖစ္ရင္ ေဆးအၾကာႀကီးထိုး ကုရတတ္ပါတယ္။

အမွန္ေတာ့ ကေလးျဖစ္ျဖစ္ လူႀကီးျဖစ္ျဖစ္ တက္သြားတယ္ဆိုရင္ အသက္ရႈလမ္းေၾကာင္းပြင့္ေနေအာင္ထားၿပီး ေဆး႐ုံေခၚလာရမွာပါ။ ပါးစပ္ထဲႏွာေခါင္းထဲ ဘာမွ သြားမထည့္ရပါဘူး။ ပါးစပ္ထဲ အန္ဖတ္ေတြ ရွိေနရင္ေတာင္ ဖယ္ပစ္ရမွာပါ ။ လူနာကို ေဘးတေစာင္းအေနအထား ခ်က္ခ်င္းထားၿပီး အသက္ရႈ လမ္းေၾကာင္း ပိတ္မေနေအာင္လုပ္ေပးရမွာပါ ။ တက္တာက ဦးေႏွာက္ထဲက ျပသနာေၾကာင့္တက္တာမို႔ ‌ေျခလက္ေတြ ခ်ိဳးႏွိပ္လို႔ မထူးပါဘူး။ လူနာအသားနာ႐ုံပဲရွိမွာပါ။ ေဘးတ‌ေစာင္းထားၿပီး ေဆး႐ုံ ေဆးခန္းေခ ၚလာပါ။

ပုံထဲက ကံဆိုးရွာသူ ကေလးေလး ပါးစပ္ မွာ ပဲဆီေတြ နဲ႕မည္းေနတာ ေတြ႕မွာ ပါ။ ကိုယ္ကေတာ့ အဲလိုေတြ႕လိုက္ကထဲက သြားၿပီ ဆိုတာ ၈၀% ေလာက္ေသခ်ာေနၿပီ။ အဲ့သေလာက္ကို အံတိုေနၿပီ။

ကေလး မိဘမ်ား ကိုေျပာခ်င္တာက ကေလးေတြကို လက္တည့္ မစမ္းၾကပါနဲ႕။ ဆရာဝန္နဲ႕ ေတြ႕ခြင့္ေပးလိုက္ပါ။ ေရာဂါႀကီးႀကီးမားမား ေၾကာင့္ဆုံးသြားရတာ မဟုတ္ပဲ အဲလို ပဲဆီထည့္လို႔ ဆုံးရတာ မတန္လြန္းလို႔ပါ။ ေဆးခန္းျပဖို႔ ပိုက္ဆံ မတတ္နိုင္ရင္လဲ အစိုးရေဆး႐ုံ မွာ ၂၄ နာရီလုံး အလကားလာျပလို႔ရေနပါတယ္။

ကေလးေမြးထားရင္လဲ ကေလးက်န္းမာေရး နဲ႕ ပတ္သက္လို႔ ဗဟုသုတရွိေအာင္လုပ္ၾကပါ။ သူငယ္နာက်မ္း နဲ႕ ေပါက္က‌ရေတြ မလုပ္ၾကပါနဲ႕။ ကေလးဆရာဝန္ႀကီးေတြ ေရးထားတဲ့ စာအုပ္ေတြ ေပ့ခ်္ေတြ အမ်ားႀကီးရွိပါတယ္ ။ ဖတ္ၾကပါလို႔။

ဘိတ္ၿမိဳ႕က လူႀကီးမိဘေတြ ကိုလဲ ပဲဆီ ပအုန္းရည္‌‌ ကို ကိုက္ေၾကးကိုက္ေၾကာ္တဲ့ေနရာမွာပဲ သုံးၾကပါ ။ ကေလးပါးစပ္ထဲ မထည့္ၾကပါနဲ႕ ပဲဆီထည့္လို႔ေသရတဲ့ ကေလးေတြ မ်ားပါၿပီ လို႔ေျပာခ်င္ ပါတယ္ ။

“ကေလးေလး က အသက္မပါလာဘူး အေမရယ္ ” လို႔ေနာက္ထပ္မေျပာပါရေစ နဲ႕ေတာ့။

အလုပ္နဲ႕ပတ္သက္တာေတြ ေဖ့စဘြတ္ေပၚမတ င္ဖို႔ ဆုံးျဖတ္ထားေသာ္လည္း ခနခန ရင္နာရ‌တဲ့ ကိစၥမို႔လို႔ စာအရွည္ႀကီးေရးတင္ပါတယ္။ ၾကယ္ငါးေလးတေကာင္ ရွင္သြားရင္ ေက်နပ္ပါၿပီ။

(ေဒါက္တာသူသူဇင္ဦး)

Leave a Reply

Your email address will not be published. Required fields are marked *