ရောင်းမှား/ဝယ်မှား မဖြစ်ရအောင် ပြင်ဦးလွင်မြေကွက် ဝယ်လိုသူများအတွက် အခမဲ့ လိုက်လံ စစ်ဆေးပေးမည့်အဖွဲ့ လာပါပြီ…

Posted on

ပြီးခဲ့တဲ့ရက်က ပြင်ဦးလွင်သ စ်တောကြိုးဝိုင်းအတွင်း မှာ တရားမဝင် အကွက်ရိုက် ရောင်းချသူတွေကို ဥပဒေအရ အရေး ယူသွားမှာဖြ စ်တယ်လို့ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီး ဌာန ပြောဆိုထားပါတယ် ။

ပြင်ဦးလွင်မြို့မှာ မြေကွက်ဝယ် မယ့်သူတွေ အတွက် ဝယ်သင့် မဝယ်သင့်ကို စိန်းလန်းပြင်ဦးလွင်အဖွဲ့က အခမဲ့လိုက်လံ စစ်ဆေးပေးမယ်လို့ သိရပါတယ် ။ ပြင်ဦးလွင်မြို့ သစ်တောကြိုးဝိုင်းမြေအတွင်းမှာ တရားမဝင် အကွက်ရိုက် ရောင်းချမှုတွေနဲ့ ခြံစည်းရိုး ကာရံမှုတွေ ရှိနေတာကြောင့် အများပြည် သူတွေ ရောင်းမှားဝယ်မှား မဖြစ်ပေါ်ေ စဖို့အတွက် ခုလိုလုပ်ဆောင်တာြ ဖစ်တယ်လို့ သိရပါတယ် ။

ရောင်းမှား/ဝယ်မှား မဖြစ်ရအောင် ပြင်ဦးလွင်မြေကွက် ဝယ်လိုသူများအတွက် အခမဲ့ လိုက်လံ စစ်ဆေးပေးမည့်အဖွဲ့ လာပါပြီ…

ဒါ့အပြင် မြေကွက်ဝယ် သူတွေအနေနဲ့ တရားဝင်မြေကွက် ဟုတ်၊ မဟုတ် စုံစမ်းပြီးမှသာ ဝယ်ယူကြဖို့ ပြဿနာဖြစ်ပေါ်လာပါက ဝယ်ယူသူသာ နစ်နာဆုံးရှုံးမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေ သြကြီးသစ်တော ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းမြင့်က ပြောဆိုထားပါတယ် ။

ပြင်ဦးလွင်မြို့သစ်တောကြိုးဝိုင်းမြေအတွင်းမှာ ၂၀၁၆ ခုနှစ်ကနေ ဒီနေ့အချိန်အထိ ကျူးကျော်နေထိုင်တာနဲ့ အကွက်ရိုက်ရောင်းချမှု အမှုပေါင်း ၁၉၁ မှု ရှိပြီး လူဦးရေ ၁၄၁ ဦးကို အမှုဖွင့် အရေးယူထားတယ်လို့ သစ်တောဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ရောင်းမှား/ဝယ်မှား မဖြစ်ရအောင် ပြင်ဦးလွင်မြေကွက် ဝယ်လိုသူများအတွက် အခမဲ့ လိုက်လံ စစ်ဆေးပေးမည့်အဖွဲ့ လာပါပြီ…

ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုဝိုင်းသည် မြေဧက (၁၆,၅၄၀) ကျော် ကျယ်ဝန်းပြီး မြို့ရွာများအနီး လမ်းပန်းဆက်သွယ်ရေး ကောင်းသောနေရာများတွင် တရားမဝင် မြေအကွက်ရိုက် ရောင်းချခြင်းများ ပိုမိုဖြစ်ပွားနေသဖြင့် မြေကွက် ဝယ်ယူလိုသူများ အနေဖြင့်လည်း စုံစမ်းမေးမြန်းပြီးမှသာ ဝယ်ယူကြရန် လိုအပ်ကြောင်း ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ပြင်ဦးလွင်မြို့သည် ရာသီဥတု ကောင်းမွန်ပြီး နေထိုင်စရာ ကောင်းသဖြင့် မြေကွက်ဝယ်ယူသူများ ပေါများလာရာမှ တရားမဝင် မြေကွက် ရောင်းချခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

Zawgyi

ၿပီးခဲ့တဲ့ရက္က ျပင္ဦးလြင္သ စ္ေတာႀကိဳးဝိုင္းအတြင္း မွာ တရားမဝင္ အကြက္ရိုက္ ေရာင္းခ်သဴေတြကို ဥပေဒအရ အေရး ယူသြားမွာျဖ စ္တယ္လို႔ ျပင္ဦးလြင္ခရိုင္ သစ္ေတာဦးစီး ဌာန ေျပာဆိုထားပါတယ္ ။

ျပင္ဦးလြင္ၿမိဳ ႕မွာ ေျမကြက္ဝယ္ မယ့္သူေတြ အတြက္ ဝယ္သင့္ မဝယ္သင့္ကို စိန္းလန္းျပင္ဦးလြင္အဖြဲ႕က အခမဲ့လိုက္လံ စစ္ေဆးေပးမယ္လို႔ သိရပါတယ္ ။ ျပင္ဦးလြင္ၿမိဳ႕ သစ္ေတာႀကိဳးဝိုင္းေျမအတြင္းမွာ တရားမဝင္ အကြက္ရိုက္ ေရာင္းခ်မႈေတြနဲ႕ ၿခံစည္းရိုး ကာရံမႈေတြ ရွိေနတာေၾကာင့္ အမ်ားျပည္ သူေတြ ေရာင္းမွားဝယ္မွား မျဖစ္ေပၚေ စဖို႔အတြက္ ခုလိုလုပ္ေဆာင္တာျ ဖစ္တယ္လို႔ သိရပါတယ္ ။

ဒါ့အျပင္ ေျမကြက္ဝယ္ သူေတြအေနနဲ႕ တရားဝင္ေျမကြက္ ဟုတ္၊ မဟုတ္ စုံစမ္းၿပီးမွသာ ဝယ္ယူၾကဖို႔ ျပႆနာျဖစ္ေပၚလာပါက ဝယ္ယူသူသာ နစ္နာဆုံးရႈံးမွာျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒ ၾသႀကီးသစ္ေတာ ဦးစီးဌာနမွ တိုင္းဦးစီးမႉး ဦးေဇာ္ဝင္းျမင့္က ေျပာဆိုထားပါတယ္ ။

ျပင္ဦးလြင္ၿမိဳ႕သစ္ေတာႀကိဳးဝိုင္းေျမအတြင္းမွာ ၂၀၁၆ ခုႏွစ္ကေန ဒီေန႕အခ်ိန္အထိ က်ဴးေက်ာ္ေနထိုင္တာနဲ႕ အကြက္ရိုက္ေရာင္းခ်မႈ အမႈေပါင္း ၁၉၁ မႈ ရွိၿပီး လူဦးေရ ၁၄၁ ဦးကို အမႈဖြင့္ အေရးယူထားတယ္လို႔ သစ္ေတာဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္ ေမၿမိဳ႕ထင္းႀကိဳဝိုင္းသည္ ေျမဧက (၁၆,၅၄၀) ေက်ာ္ က်ယ္ဝန္းၿပီး ၿမိဳ႕႐ြာမ်ားအနီး လမ္းပန္းဆက္သြယ္ေရး ေကာင္းေသာေနရာမ်ားတြင္ တရားမဝင္ ေျမအကြက္ရိုက္ ေရာင္းခ်ျခင္းမ်ား ပိုမိုျဖစ္ပြားေနသျဖင့္ ေျမကြက္ ဝယ္ယူလိုသူမ်ား အေနျဖင့္လည္း စုံစမ္းေမးျမန္းၿပီးမွသာ ဝယ္ယူၾကရန္ လိုအပ္ေၾကာင္း ျပင္ဦးလြင္ခရိုင္ သစ္ေတာဦးစီးဌာနက တိုက္တြန္းထားပါတယ္။

ျပင္ဦးလြင္ၿမိဳ႕သည္ ရာသီဥတု ေကာင္းမြန္ၿပီး ေနထိုင္စရာ ေကာင္းသျဖင့္ ေျမကြက္ဝယ္ယူသူမ်ား ေပါမ်ားလာရာမွ တရားမဝင္ ေျမကြက္ ေရာင္းခ်ျခင္းမ်ား ျဖစ္ေပၚလာရျခင္းျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *