ရန်ကု န်မိုးပျံ အမြန်လမ်း စီမံကိန်း အပိုင်း ( ၁ ) အတွက် ကန်ဒေါ်လာ သန်း (၈၀၀) ကုန်ကျမည် ဟု ခန့်မှန်း

Posted on

ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်းအပိုင်း(၁)အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် မှ ပြောသည် ။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်း Preferred Bidder ကြေညာနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် စတုတ္ထအကြိမ်အစည်းအဝေး ကို နိုဝင်ဘာ ၁၈ ရက် ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာ နအစည်းအဝေးခန်းမ တွင်ပြုလုပ်ခဲ့ ရာ ၎င်းမှ အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကု န်မိုးပျံ အမြန်လမ်း စီမံကိန်း အပိုင်း ( ၁ ) အတွက် ကန်ဒေါ်လာ သန်း (၈၀၀) ကုန်ကျမည် ဟု ခန့်မှန်း

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း၏ စီမံကိန်းအကြံပေး အဖြစ် ကမ္ဘာ့၏ အဖွဲ့ဝင်ဖြစ်သော(IFC)က ဆောင်ရွက် လျက်ရှိပြီး တင်ဒါလုပ်ငန်းစဉ်များ အနေဖြင့် စီမံကိန်းစိတ်ဝင်စားမှုအဆိုပြုလွှာကို ၂၀၁၈ ခုနှစ် မေလတွင် ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၅၅ ခုမှအဆိုပြုလွှာတင်သွင်းခဲ့ကြ သည်။

စီမံကိန်းအရည်အချင်း စစ် အဆိုပြုလွှာ ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်ခေါ်ယူခဲ့ရာ Consortium နှင့် ကုမ္ပ ဏီအဖွဲ့ ၁၂ ဖွဲ့လျှောက်ထားလာပြီး အကြိုအရည်အချင်းစစ် အောင်မြင်သည့် ကုမ္ပဏီ ၁၀ ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ သည်။

ရန်ကု န်မိုးပျံ အမြန်လမ်း စီမံကိန်း အပိုင်း ( ၁ ) အတွက် ကန်ဒေါ်လာ သန်း (၈၀၀) ကုန်ကျမည် ဟု ခန့်မှန်း

ထို့အပြင် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး Phase-1 အဖြစ် အရှေ့ ဘက်ခြမ်း လေးလမ်းသွား လမ်းမကြီး ၁၉ ကီလိုမီတာ ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေး လမ်းသွား ၆ ကီလိုမီတာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာ စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာ အရှည်ရှိသည် ဟု ဆွေးနွေးခဲ့ကြ သည်။

ရန်ကု န်မိုးပျံ အမြန်လမ်း စီမံကိန်း အပိုင်း ( ၁ ) အတွက် ကန်ဒေါ်လာ သန်း (၈၀၀) ကုန်ကျမည် ဟု ခန့်မှန်း

အလားတူ ရန်ကုန်မိုးပျံ အမြန်လ မ်း စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ တွင် ယာဉ်ကြောကျပ်တည်း မှုဖြေလျှော့စေရန်နှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ၂၇ ဒသမ ၅ ကီလိုမီတာအရှည်ရှိ သည့် အဆိုပါ မိုးပျံလမ်းအား ppp စီမံကိန်းအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းမှပြောကြားခဲ့သည်။

Source; PeopleMedia

Zawgyi

ရန္ကုန္မိုးပ်ံ အျမန္လမ္း စီမံကိန္းအပိုင္း(၁)အတြက္ အေမရိကန္ေဒၚလာ သန္း ၈၀၀ ကုန္က်မည္ဟု ခန႔္မွန္း ထားေၾကာင္း ရန္ကုန္မိုးပ်ံအျမန္လမ္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္အျပင္ပတ္လမ္းစီမံကိန္း ဦးေဆာင္ေကာ္မတီ ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ မွ ေျပာသည္ ။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး ရန္ကုန္မိုးပ်ံ အျမန္လမ္း စီမံကိန္း Preferred Bidder ေၾကညာနိုင္ေရးႏွင့္ ဆက္လက္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားအတြက္ စတုတၳအႀကိမ္အစည္းအေဝး ကို နိုဝင္ဘာ ၁၈ ရက္ ညေန ၃ နာရီအခ်ိန္တြင္ ေနျပည္ေတာ္ရွိ ေဆာက္လုပ္ေရးဝန္ႀကီးဌာ နအစည္းအေဝးခန္းမ တြင္ျပဳလုပ္ခဲ့ ရာ ၎မွ အထက္ပါ အတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္း၏ စီမံကိန္းအႀကံေပး အျဖစ္ ကမာၻ႔၏ အဖြဲ႕ဝင္ျဖစ္ေသာ(IFC)က ေဆာင္႐ြက္ လ်က္ရွိၿပီး တင္ဒါလုပ္ငန္းစဥ္မ်ား အေနျဖင့္ စီမံကိန္းစိတ္ဝင္စားမႈအဆိုျပဳလႊာကို ၂၀၁၈ ခုႏွစ္ ေမလတြင္ ေခၚယူခဲ့ရာ ကုမၸဏီ ၅၅ ခုမွအဆိုျပဳလႊာတင္သြင္းခဲ့ၾက သည္။

စီမံကိန္းအရည္အခ်င္း စစ္ အဆိုျပဳလႊာ ကို ၂၀၁၈ ခုႏွစ္ နိုဝင္ဘာလတြင္ေခၚယူခဲ့ရာ Consortium ႏွင့္ ကုမၸ ဏီအဖြဲ႕ ၁၂ ဖြဲ႕ေလွ်ာက္ထားလာၿပီး အႀကိဳအရည္အခ်င္းစစ္ ေအာင္ျမင္သည့္ ကုမၸဏီ ၁၀ ဖြဲ႕ကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလတြင္ ထုတ္ျပန္ခဲ့ သည္။

ထို႔အျပင္ ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္းအား ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႔မွ ပူးေပါင္း၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး Phase-1 အျဖစ္ အေရွ႕ ဘက္ျခမ္း ေလးလမ္းသြား လမ္းမႀကီး ၁၉ ကီလိုမီတာ ၊ အေရွ႕ႏွင့္အေနာက္ ခ်ိတ္ဆက္ထားေသာ ေလး လမ္းသြား ၆ ကီလိုမီတာ

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ ဆက္သြယ္ထားေသာ ႏွစ္လမ္းသြား ၂ ဒသမ ၅ ကီလိုမီတာ စုစုေပါင္း ၂၇ ဒသမ ၅ ကီလိုမီတာ အရွည္ရွိသည္ ဟု ေဆြးေႏြးခဲ့ၾက သည္။

အလားတူ ရန္ကုန္မိုးပ်ံ အျမန္လ မ္း စီမံကိန္းသည္ ရင္းႏွီးျမႇုပ္ႏွံမႈႀကီးမားသည့္ စီမံကိန္းတစ္ခုျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ တြင္ ယာဥ္ေၾကာက်ပ္တည္း မႈေျဖေလွ်ာ့ေစရန္ႏွင့္ အေျခခံအေဆာက္အအုံက႑ ဖြံ႕ၿဖိဳးတိုး တက္ေရး အတြက္ ၂၇ ဒသမ ၅ ကီလိုမီတာအရွည္ရွိ သည့္ အဆိုပါ မိုးပ်ံလမ္းအား ppp စီမံကိန္းအျဖစ္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း ၎မွေျပာၾကားခဲ့သည္။

Source; PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *