“ ရန်ကုန် နှင့် အီအီး ပြဿနာ ”

Posted on

ဖင်ကလေးချွတ်၊ ဖုန်းကလေးပွတ် ၊ ရေကလေး‌ ဝေါခနဲဆွဲချ ပါနိုင်ဖို့ ဘယ်လိုကြိုးစားခဲ့ရ သလဲ .. ” အီးရှင်း သမိုင်း ”

“ ရန်ကုန် နှင့် အီအီးပြဿနာ ”

၁၈၅၂ အင်္ဂလိပ် – မြန်မာဒုတိယစစ်ပွဲ အပြီး မှာ အင်္ဂလိပ်တို့ ဟာ ခေတ်မီ ရန်ကုန်မြို့ ကို စတင်တည်ထောင်ခဲ့ ပါတယ် ။

ဥရောပသားတွေ ၊ အိန္ဒိယသားတွေ၊ တရုတ်တွေ နဲ့အတူ အထက်မြန်မာပြည်က ရွှေ့ပြောင်းအခြေစိုက်သူတွေ များလာတဲ့ အခါ လာသမျှလူ ပါကြတဲ့ အီအီး ကိစ္စကလည်း ပြဿနာဖြစ်လာ ပါတယ်။

“ ရန်ကုန် နှင့် အီအီး ပြဿနာ ”

၁၈၅၂ မတိုင်ခင်ကတော့ ရန်ကုန်သားတွေ ဟာ အီအီးပါချင်ရင် နီးရာခြုံ တိုးလေ့ရှိကြ ပါတယ် ။ အဲ့ဒီတုန်း က ရန်ကုန် ဟာ ဆူးလေတဝိုက် ဆိုတော့ ရန်ကုန်သားတွေဟာ အီးပါချင်တဲ့ အခါ ပုဇွန်တောင်ဘက် က တောတန်းတွေ ထဲ သွားပြီး ပါကြပါ တဲ့ ။

၁၈၅၂ မှာတော့ စစ်အင်ဂျင်နီယာ လက်ဖနင်တင်ဖရေဇာ ဦးဆောင် တဲ့ အဖွဲ့က ရန်ကုန်မြို့သစ်တည်ဆောက်ရေးစီမံကိန်း နဲ့အတူ မိလ္လာစနစ်သစ် ကို စတင်တည်ဆောက်ပေးခဲ့ ပါတယ် ။ ပထမဆုံး ရန်ကုန်မြူနီစပယ် အဖွဲ့ က တီထွင်လိုက် တဲ့ စနစ်က မြို့တွင်းက မိလ္လာမြောင်းတွေ ကို ကန်ပုံစံ တဆက်တည်းတူး လိုက်တာ ပါပဲ ။ ပြီးတာ နဲ့ အဲ့ဒီကန်တွေ ကို ရန်ကုန်မြစ်နဲ့ ချိတ်ဆက်လိုက် ပါတယ်။ ဒီတော့ မြစ်ရေတက်တဲ့ အခါ ကန်တွေထဲ ရေပြည့်ပြီး မြစ်ရေကျတဲ့အခါ အညစ်အကြေးတွေဟာ ရေနဲ့အတူ မြစ်ထဲပြန်ပါသွားတဲ့စနစ်ပါ။

“ ရန်ကုန် နှင့် အီအီး ပြဿနာ ”

နောက်ပိုင်းမှာ မြို့ကွက် က တဖြည်းဖြည်း ကျယ်လာတဲ့ အခါ ရန်ကုန်မြစ်ရေ မရောက်နိုင် တဲ့ နေရာတွေ ရှိလာ ပါတယ် ။ အဲ့ဒီ အခါ ဒေါက်တာမောင့်ဂိုမာရီက ရန်ကုန် ကို အခြားနိုင်ငံတွေက မြို့တည် ပုံစံ အတိုင်း မိလ္လာစနစ်ထားဖို့ အကြံပြုခဲ့ ပါတယ် ။ ဒီနည်းကတော့ ရပ်ကွက် အသီးသီး က နေအိမ်တွေ မှာ ရှိတဲ့ မိလ္လာပိုက်တွေ ကို စုပေါင်းဆက် သွယ်ပြီး မြေအောက်ပိုက်လိုင်းကနေ တဆင့် လူနေရပ်ကွက် နဲ့ ဝေးတဲ့ မြစ်အတွင်းစွန့်တဲ့ နည်းပါ ။

နောက်ပိုင်း မှာတော့ ဗိုလ်တစ်ထောင်မြို့နယ်မှာ မိလ္လာသန့်စင်စက်ရုံတစ်ခုဆောက်ပြီး အညစ်အကြေးအားလုံး အဲ့ဒီကို ပို့ သန့်စင်စေပြီးမှ နောက်ဆုံးအဆင့်ကို ရန်ကုန်မြစ်ထဲ စွန့်တဲ့နည်းပညာ ဖြစ်လာပါတယ်။ မိလ္လာစနစ်သစ် အရ ရန်ကုန်သားတွေပါ သမျှ မြေအောက် ပိုက်လိုင်းတွေ က တဆင့် ဗိုလ်တစ်ထောင်မြို့နယ်ထဲ က မိလ္လာသန့်စင် စက်ရုံ ကို ရောက် ပါတယ် ။ အီးကို သန့်စင်ပေးတာ ဆိုတော့ အီးစပါး ပဲ ဆိုကြပါစို့။ အဲ့ဒီအီးစပါးက ထွက်လာတဲ့‌ သန့်စင်ပြီး နောက်ဆုံး အဆင့် အီအီးတွေကို ရန်ကုန်မြစ်ထဲ ကို စွန့်ပစ်ပါသတဲ့။

ပုဇွန်တောင်၊ တာမွေစတဲ့ ရန်ကုန် အရှေ့ပိုင်း ဆင်ခြေဖုံးမြို့သစ်ရပ်ကွက်တွေ ပေါ်လာတဲ့အခါ ၁၈၆၃ မှာတော့ လူနေများပြားလာတဲ့ အတွက် ပထမမိလ္လာစနစ်များဟာ မလုံလောက်တော့ပါဘူး။ အဲ့ဒီအခါမှာတော့ အိမ်သာကို ဇလား နဲ့ ပါတဲ့ စနစ် ကို ပြုလုပ်ပြီး ရန်ကုန်မြူနီ စပယ်လက်အောက်ခံ ၊ အမှိုက်သိမ်း အဖွဲ့က ဇယားတွေ ကို လိုက်သိမ်း၊ မြင်းလှည်း၊ နွားလှည်းတွေနဲ့ တင်ပြီး ရန်ကုန်မြစ်ထဲ ပစ်ရတဲ့စနစ်ကိုပါ ကျင့်သုံးရ ပါတော့ တယ်။

“ ရန်ကုန် နှင့် အီအီး ပြဿနာ ”

၁၈၈၇ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ မြူနီစပယ်အဖွဲ့က ကန်ထရိုက်ပေးထားတဲ့ Messes.Shone and Ault ကုမ္ပဏီက ရေ‌အားနဲ့ လေအားပေါင်းစပါသောစနစ် (Hydre Pneumatic System) ကို ရူပီး ၃၁ ကုဋေအကုန် ခံပြီး အသုံးပြုခဲ့ ပါတယ် ။ အဲ့ဒီစနစ်ဟာ ရန်ကုန်မြို့တွင်း နဲ့ အလုံ၊သိမ်ဖြူ၊ ပုဇွန်တောင်ဘက်တွေ အထိ အသုံးပြုနိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း လူဦးရေများ တဲ့ ဆင်ခြေဖုံးတွေမှာတော့ ဇလားစနစ် နဲ့ အိမ်သာတွင်းနက်နက်တူးပြီး မြေပြန်ဖို့တဲ့ စနစ်တွေ ကို သုံးနေရဆဲပါတဲ့။

“ ရန်ကုန် နှင့် အီအီး ပြဿနာ ”

ချစ်သော ရန်ကုန်မြို့ကြီးမှာ ကျွန်တော်တို့ အေးအေးဆေးဆေး ဂျက်ကလေးထိုး ၊ ဖင်ကလေးချွတ်၊ ဖုန်းကလေးပွတ်၊ ရေကလေး‌ဝေါခနဲ ဆွဲနိုင်ဖို့ ခေတ် အဆက်ဆက်က ဘယ်လိုကြိုးစားခဲ့ရလဲ ဆိုတာ အီးရှင်း သမိုင်းက သက်သေပါပဲ ဗျာ။

ပုံကတော့ ရန်ကုန် ရဲ့ မြေအောက်မိလ္လာစနစ်တွေနဲ့ အီးစပါး တဖြစ်လည်း လေမှုတ် စက်ရုံပါ ။ (kyaw swa naing)

Zawgyi

ဖင္ကေလးခြၽတ္၊ ဖုန္းကေလးပြတ္ ၊ ေရကေလး‌ ေဝါခနဲဆြဲခ် ပါနိုင္ဖို႔ ဘယ္လိုႀကိဳးစားခဲ့ရ သလဲ .. ” အီးရွင္း သမိုင္း ”

“ ရန္ကုန္ ႏွင့္ အီအီးျပႆနာ ”

၁၈၅၂ အဂၤလိပ္ – ျမန္မာဒုတိယစစ္ပြဲ အၿပီး မွာ အဂၤလိပ္တို႔ ဟာ ေခတ္မီ ရန္ကုန္ၿမိဳ႕ ကို စတင္တည္ေထာင္ခဲ့ ပါတယ္ ။

ဥေရာပသားေတြ ၊ အိႏၵိယသားေတြ၊ တ႐ုတ္ေတြ နဲ႕အတူ အထက္ျမန္မာျပည္က ေ႐ႊ႕ေျပာင္းအေျခစိုက္သူေတြ မ်ားလာတဲ့ အခါ လာသမွ်လူ ပါၾကတဲ့ အီအီး ကိစၥကလည္း ျပႆနာျဖစ္လာ ပါတယ္။

၁၈၅၂ မတိုင္ခင္ကေတာ့ ရန္ကုန္သားေတြ ဟာ အီအီးပါခ်င္ရင္ နီးရာၿခဳံ တိုးေလ့ရွိၾက ပါတယ္ ။ အဲ့ဒီတုန္း က ရန္ကုန္ ဟာ ဆူးေလတဝိုက္ ဆိုေတာ့ ရန္ကုန္သားေတြဟာ အီးပါခ်င္တဲ့ အခါ ပုဇြန္ေတာင္ဘက္ က ေတာတန္းေတြ ထဲ သြားၿပီး ပါၾကပါ တဲ့ ။

၁၈၅၂ မွာေတာ့ စစ္အင္ဂ်င္နီယာ လက္ဖနင္တင္ဖေရဇာ ဦးေဆာင္ တဲ့ အဖြဲ႕က ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ေရးစီမံကိန္း နဲ႕အတူ မိလႅာစနစ္သစ္ ကို စတင္တည္ေဆာက္ေပးခဲ့ ပါတယ္ ။ ပထမဆုံး ရန္ကုန္ျမဴနီစပယ္ အဖြဲ႕ က တီထြင္လိုက္ တဲ့ စနစ္က ၿမိဳ႕တြင္းက မိလႅာေျမာင္းေတြ ကို ကန္ပုံစံ တဆက္တည္းတူး လိုက္တာ ပါပဲ ။ ၿပီးတာ နဲ႕ အဲ့ဒီကန္ေတြ ကို ရန္ကုန္ျမစ္နဲ႕ ခ်ိတ္ဆက္လိုက္ ပါတယ္။ ဒီေတာ့ ျမစ္ေရတက္တဲ့ အခါ ကန္ေတြထဲ ေရျပည့္ၿပီး ျမစ္ေရက်တဲ့အခါ အညစ္အေၾကးေတြဟာ ေရနဲ႕အတူ ျမစ္ထဲျပန္ပါသြားတဲ့စနစ္ပါ။

ေနာက္ပိုင္းမွာ ၿမိဳ႕ကြက္ က တျဖည္းျဖည္း က်ယ္လာတဲ့ အခါ ရန္ကုန္ျမစ္ေရ မေရာက္နိုင္ တဲ့ ေနရာေတြ ရွိလာ ပါတယ္ ။ အဲ့ဒီ အခါ ေဒါက္တာေမာင့္ဂိုမာရီက ရန္ကုန္ ကို အျခားနိုင္ငံေတြက ၿမိဳ႕တည္ ပုံစံ အတိုင္း မိလႅာစနစ္ထားဖို႔ အႀကံျပဳခဲ့ ပါတယ္ ။ ဒီနည္းကေတာ့ ရပ္ကြက္ အသီးသီး က ေနအိမ္ေတြ မွာ ရွိတဲ့ မိလႅာပိုက္ေတြ ကို စုေပါင္းဆက္ သြယ္ၿပီး ေျမေအာက္ပိုက္လိုင္းကေန တဆင့္ လူေနရပ္ကြက္ နဲ႕ ေဝးတဲ့ ျမစ္အတြင္းစြန႔္တဲ့ နည္းပါ ။

ေနာက္ပိုင္း မွာေတာ့ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္မွာ မိလႅာသန႔္စင္စက္႐ုံတစ္ခုေဆာက္ၿပီး အညစ္အေၾကးအားလုံး အဲ့ဒီကို ပို႔ သန႔္စင္ေစၿပီးမွ ေနာက္ဆုံးအဆင့္ကို ရန္ကုန္ျမစ္ထဲ စြန႔္တဲ့နည္းပညာ ျဖစ္လာပါတယ္။ မိလႅာစနစ္သစ္ အရ ရန္ကုန္သားေတြပါ သမွ် ေျမေအာက္ ပိုက္လိုင္းေတြ က တဆင့္ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ထဲ က မိလႅာသန႔္စင္ စက္႐ုံ ကို ေရာက္ ပါတယ္ ။ အီးကို သန႔္စင္ေပးတာ ဆိုေတာ့ အီးစပါး ပဲ ဆိုၾကပါစို႔။ အဲ့ဒီအီးစပါးက ထြက္လာတဲ့‌ သန႔္စင္ၿပီး ေနာက္ဆုံး အဆင့္ အီအီးေတြကို ရန္ကုန္ျမစ္ထဲ ကို စြန႔္ပစ္ပါသတဲ့။

ပုဇြန္ေတာင္၊ တာေမြစတဲ့ ရန္ကုန္ အေရွ႕ပိုင္း ဆင္ေျခဖုံးၿမိဳ႕သစ္ရပ္ကြက္ေတြ ေပၚလာတဲ့အခါ ၁၈၆၃ မွာေတာ့ လူေနမ်ားျပားလာတဲ့ အတြက္ ပထမမိလႅာစနစ္မ်ားဟာ မလုံေလာက္ေတာ့ပါဘူး။ အဲ့ဒီအခါမွာေတာ့ အိမ္သာကို ဇလား နဲ႕ ပါတဲ့ စနစ္ ကို ျပဳလုပ္ၿပီး ရန္ကုန္ျမဴနီ စပယ္လက္ေအာက္ခံ ၊ အမွိုက္သိမ္း အဖြဲ႕က ဇယားေတြ ကို လိုက္သိမ္း၊ ျမင္းလွည္း၊ ႏြားလွည္းေတြနဲ႕ တင္ၿပီး ရန္ကုန္ျမစ္ထဲ ပစ္ရတဲ့စနစ္ကိုပါ က်င့္သုံးရ ပါေတာ့ တယ္။

၁၈၈၇ နိုဝင္ဘာ ၁၁ ရက္ေန႕မွာေတာ့ ျမဴနီစပယ္အဖြဲ႕က ကန္ထရိုက္ေပးထားတဲ့ Messes.Shone and Ault ကုမၸဏီက ေရ‌အားနဲ႕ ေလအားေပါင္းစပါေသာစနစ္ (Hydre Pneumatic System) ကို ႐ူပီး ၃၁ ကုေဋအကုန္ ခံၿပီး အသုံးျပဳခဲ့ ပါတယ္ ။ အဲ့ဒီစနစ္ဟာ ရန္ကုန္ၿမိဳ႕တြင္း နဲ႕ အလုံ၊သိမ္ျဖဴ၊ ပုဇြန္ေတာင္ဘက္ေတြ အထိ အသုံးျပဳနိုင္ခဲ့ ပါတယ္။ ဒါေပမယ့္လည္း လူဦးေရမ်ား တဲ့ ဆင္ေျခဖုံးေတြမွာေတာ့ ဇလားစနစ္ နဲ႕ အိမ္သာတြင္းနက္နက္တူးၿပီး ေျမျပန္ဖို႔တဲ့ စနစ္ေတြ ကို သုံးေနရဆဲပါတဲ့။

ခ်စ္ေသာ ရန္ကုန္ၿမိဳ႕ႀကီးမွာ ကြၽန္ေတာ္တို႔ ေအးေအးေဆးေဆး ဂ်က္ကေလးထိုး ၊ ဖင္ကေလးခြၽတ္၊ ဖုန္းကေလးပြတ္၊ ေရကေလး‌ေဝါခနဲ ဆြဲနိုင္ဖို႔ ေခတ္ အဆက္ဆက္က ဘယ္လိုႀကိဳးစားခဲ့ရလဲ ဆိုတာ အီးရွင္း သမိုင္းက သက္ေသပါပဲ ဗ်ာ။

ပုံကေတာ့ ရန္ကုန္ ရဲ႕ ေျမေအာက္မိလႅာစနစ္ေတြနဲ႕ အီးစပါး တျဖစ္လည္း ေလမႈတ္ စက္႐ုံပါ ။ (kyaw swa naing)

Leave a Reply

Your email address will not be published. Required fields are marked *