ရန်ကုန်ဆန္ဒပြပွဲ တွေမှာ ပြဿနာ မဖြစ်ဖြစ်အောင် မဆူဆူအောင် ဆွနေသလို မင်းမဲ့စရိုက် ရန်ရှာမှုတွေ တွေကြောင့် ” ပြည်သူက ဒေါသ မထွက်ပါနဲ့။ ထွက်လိုက်ရင် ဆင်ထားတဲ့အကွက် ထဲ ရောက်သွားနိုင်ပါတယ် လို့ သတိပေးလိုက်တဲ့ သက္က မိုးညို

Posted on

ဒီနေ့ ရန်ကုန်ဆန္ဒပြပွဲမှာ တက်စီတစင်း ဖြတ်ဝင်လာလို့ ရိုက်ဖို့ ကြိုးစားတယ်။ စက်ဘီးသမားတယောက်လည်း အဲလိုပဲလို့ ကြားတယ်။ ဆိုက်ကားသမားတယောက် NLD အင်္ကျီဝတ်ပြီး ရပ်ကြည့်လို့ ရန်စပြီး ထိုးတယ်၊ ရိုက်တယ်။ နောက်ကနေ လိုက်ရိုက်တယ်။

UEC ကန့်ကွက်ပွဲနှင်တပ်ထောက်ခံပွဲ

ကြည့်ရတာ ပြဿနာ မဖြစ်ဖြစ်အောင် မဆူဆူအောင် ဆွနေသလိုပါပဲ။ ဒီတော့ အခုအချိန်မှာ ပြည်သူက ဒေါသ မထွက်ပါနဲ့။ ထွက်လိုက်ရင် ဆင်ထားတဲ့အကွက်ထဲ ရောက်သွားဦးမယ်။ စိတ်တိုပြီး ငါတို့ NLD အင်္ကျီ ဝတ်တယ်ကွာ၊ မြင်လားလို့ လုပ်ရမယ့် အချိန်မဟုတ်ပါ။

UEC ကန့်ကွက်ပွဲနှင်တပ်ထောက်ခံပွဲ

အရေးအကြီးဆုံးသည် လွှတ်တော်အသစ်စပြီး အစိုးရအဖွဲ့ အမြန်ဆုံး ဖွဲ့နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုအချိန် ဝန်းရံပုံသည် စိတ်ရှည်လက်ရှည်နဲ့ ငြိမ်းချမ်းစွာ နေရေးကို အထောက်အကူ ဖြစ်ဖို့ပါပဲ။ NLD ကို ထောက်ခံတယ်။ အစိုးရသစ်ကို ထောက်ခံတယ်။ UEC ကို ထောက်ခံတယ်ဆိုတာ လိုင်းပေါ်မှာ ပြလို့ရပါတယ်။

UEC ကန့်ကွက်ပွဲနှင်တပ်ထောက်ခံပွဲ

အိမ်မှာ အလံထူလို့ ရပါတယ်။ ကားမှာ လူမှာ ဝတ်ဆင်ပြီးတော့ တလွှားလွှားတော့ မလုပ်ပါနဲ့။ အရင်ဆုံး ကိုယ့်အန္တရာယ် ရှိလို့ပါ ။ လက်လွတ်စပါယ်မတုံ့ပြန်ပါနဲ့ ။ အစိုးရ အခက်တွေ့မစိုးလို့ပါ

UEC ကန့်ကွက်ပွဲနှင်တပ်ထောက်ခံပွဲ

ဒီလိုပြောလို့ အစိုးရကို ဖိအားမပေးရလို့ မဆိုလိုပါ။ လမ်းပေါ်တက်ပြီး မင်းမဲ့စရိုက်နဲ့ ရမ်းကားနေသူတွေကို ထိရောက်စွာ အရေးယူပေးပါ။ အမှိုက်ကစ ပြဿာဒ်မီးလောင် မဖြစ်စေချင်လို့ မီးပွားကလေးကစ သတ်ရပါ့မယ် ။

သက္က မိုးညို

Photo-Credit

Zawgyi

ဒီေန႕ ရန္ကုန္ဆႏၵျပပြဲမွာ တက္စီတစင္း ျဖတ္ဝင္လာလို႔ ရိုက္ဖို႔ ႀကိဳးစားတယ္။ စက္ဘီးသမားတေယာက္လည္း အဲလိုပဲလို႔ ၾကားတယ္။ ဆိုက္ကားသမားတေယာက္ NLD အကၤ်ီဝတ္ၿပီး ရပ္ၾကည့္လို႔ ရန္စၿပီး ထိုးတယ္၊ ရိုက္တယ္။ ေနာက္ကေန လိုက္ရိုက္တယ္။

ၾကည့္ရတာ ျပႆနာ မျဖစ္ျဖစ္ေအာင္ မဆူဆူေအာင္ ဆြေနသလိုပါပဲ။ ဒီေတာ့ အခုအခ်ိန္မွာ ျပည္သူက ေဒါသ မထြက္ပါနဲ႕။ ထြက္လိုက္ရင္ ဆင္ထားတဲ့အကြက္ထဲ ေရာက္သြားဦးမယ္။ စိတ္တိုၿပီး ငါတို႔ NLD အကၤ်ီ ဝတ္တယ္ကြာ၊ ျမင္လားလို႔ လုပ္ရမယ့္ အခ်ိန္မဟုတ္ပါ။

အေရးအႀကီးဆုံးသည္ လႊတ္ေတာ္အသစ္စၿပီး အစိုးရအဖြဲ႕ အျမန္ဆုံး ဖြဲ႕နိုင္ဖို႔ပဲ ျဖစ္ပါတယ္။ အခုအခ်ိန္ ဝန္းရံပုံသည္ စိတ္ရွည္လက္ရွည္နဲ႕ ၿငိမ္းခ်မ္းစြာ ေနေရးကို အေထာက္အကူ ျဖစ္ဖို႔ပါပဲ။ NLD ကို ေထာက္ခံတယ္။ အစိုးရသစ္ကို ေထာက္ခံတယ္။ UEC ကို ေထာက္ခံတယ္ဆိုတာ လိုင္းေပၚမွာ ျပလို႔ရပါတယ္။

အိမ္မွာ အလံထူလို႔ ရပါတယ္။ ကားမွာ လူမွာ ဝတ္ဆင္ၿပီးေတာ့ တလႊားလႊားေတာ့ မလုပ္ပါနဲ႕။ အရင္ဆုံး ကိုယ့္အႏၲရာယ္ ရွိလို႔ပါ ။ လက္လြတ္စပါယ္မတုံ႕ျပန္ပါနဲ႕ ။ အစိုးရ အခက္ေတြ႕မစိုးလို႔ပါ

ဒီလိုေျပာလို႔ အစိုးရကို ဖိအားမေပးရလို႔ မဆိုလိုပါ။ လမ္းေပၚတက္ၿပီး မင္းမဲ့စရိုက္နဲ႕ ရမ္းကားေနသူေတြကို ထိေရာက္စြာ အေရးယူေပးပါ။ အမွိုက္ကစ ျပႆာဒ္မီးေလာင္ မျဖစ္ေစခ်င္လို႔ မီးပြားကေလးကစ သတ္ရပါ့မယ္ ။

သကၠ မိုးညို

Photo-Credit

Leave a Reply

Your email address will not be published. Required fields are marked *