ရန်သူကို ဘယ်တော့မှ လျှော့မတွက်ပဲ ထောင့်စေ့တဲ့ အမေရိကန် နဲ့ တဖြည်းဖြည်း နီးကပ် လာတဲ့ တောင်တရုတ် ပင်လယ် က စစ်ပွဲ

Posted on

ကျုပ် အထင်တော့ စစ်ပွဲဟာ နီးကပ်လာပါပြီ ..။ ကျု ပ်ရဲ့ အထင်နဲ့ အမြင် မှာ အကြောင်း ပြချက်ကောင်းကောင်း ရှိပါတယ်။

ဒီမိုကရေစီ ဘိုးအေကြီး လို့ ကျုပ်တို့ သိခဲ့ရတဲ့ ပွင့်လင်း လွတ်လပ်မှု အပြည့်ဝရှိတဲ့ အမေရိကန်တို့( အထူးသဖြင့် စစ်ေ ရးစစ်ရာ ကိစ္စတွေမှာ )သိပ်ပြီး ထိန်ချန်တတ်တဲ့ အကျင့်မရှိတဲ့ US ဟာဒီရက် ပိုင်းအတွင်း မှာတော့…သူတို့ရဲ့ပြည်တွင်းပြည်ပ media တွေကို ထိမ်းချုပ်ထား လိုက်ပြီ ဖြစ်သလို…လွှင့်နေကြ ရုပ်သံ သတင်း ဌာန တွေ ဆီကလည်း ဘာသတင်းမှ တက်မလာ တော့ပါဘူး။ ဒီအချက်က….မုန်တိုင်း မလာခင် ငြိမ်သက်နေတဲ့ ပင်လယ်ပြင်နဲ့တူနေပါတယ်။

ရန်သူကို ဘယ်တော့မှ လျှော့မတွက်ပဲ ထောင့်စေ့တဲ့ အမေရိကန် နဲ့ တဖြည်းဖြည်း နီးကပ် လာတဲ့ တောင်တရုတ် ပင်လယ် က စစ်ပွဲ

နောက်တချက်က….

တောင် တရုတ်ပင်လယ် အတွက်..စစ်ရေး လေ့ကျင့်တဲ့နေရာ မှာ စတင်အသုံးပြုခဲ့တဲ့ ဒုန်းကျည်တွေ M1 တင့်ကားတွေ တစ်ယာက်စီး အပေါ့စား တိုက် လေယာဉ်တွေ လေယာဉ် ပစ် စက်အမြောက်နဲ့ ဝေဟင်ပစ်အပေါ့စား ဒုန်း ကျည်တွေကိုသီရိုဒိုရုစဗဲ့ နဲ့ထိုင်ဝမ် ကို ပို့ပေးလိုက်ပြီး..သီရိုဒိုရုစဗဲ့ ကိုလည်း ဖျောက်ထားလိုက်တယ်လို့ သိရပါတယ်။ ဒါဆို အဲ့ဒီလက်နက်တွေရဲ့ နေရာမှာ အစားထိုးဖို့ဆိုရင်ခေတ် မှီပြီး နည်းပညာပိုင်းအရ ပိုပြီး အဆင့်မှီတဲ့ လက်နက်တွေကို အစားထိုးဖို့လုပ်နေပြီလို့ခန့်မှန်းလို့ရသလို(အရင်က ပြင်ဆင်မှုတွေကို သတင်းပေးဖော်ပြခဲ့ပေမဲ့ ယခု ပိတ်ထား)

ရန်သူကို ဘယ်တော့မှ လျှော့မတွက်ပဲ ထောင့်စေ့တဲ့ အမေရိကန် နဲ့ တဖြည်းဖြည်း နီးကပ် လာတဲ့ တောင်တရုတ် ပင်လယ် က စစ်ပွဲ

မိတ်ဆွေ တို့ သိတဲ့ အတိုင်းပါပဲ…အရင်ရက်ပိုင်းတွေကဆိုရင်…ဖိလစ်ပိုင် မှာ လေယာဉ်ကွင်းအကြီးစားဆောက်နေတာတွေ… ဗုံးကြဲ လေယာဉ်တွေကို စစ် အင်္ဂျင်နီယာတွေက ဗုံး လက်နက်တွေ တပ်ဆင်နေပုံ..စစ်တန်းလျှားတွေ ဆောက်လုပ်မှု..သင်္ဘောတွေ နဲ့ ကုန်းရေ နှစ်ထွေသွားယာဉ်တွေ ကမ်းတက် လေ့ကျင့်နေပုံတွေနဲ့… ဒီဂျစ်တယ် စနစ်သုံး ဖျက် သင်္ဘောတွေလေဆာရောင် ခြည်သုံး ဖျက်သင်္ဘော တွေUS navy က silent service လို့ခေါ် တဲ့ရေအောက်သစ္ဆေ ရေငုတ် သင်္ဘောတွေရဲ့ ဘယ်လိုအရေးပါပုံ ဘယ်လိုထိရောက်ပုံ ဘယ်လိုပြင်ဆင်နေပုံဆိုပြီး စတဲ့ ..အကြောင်းတွေ ကို ရုပ်သံဖိုင်တွေနဲ့တင်ပြပေးခဲ့ပေမဲ့ …ဒီရက်ပိုင်း မှာတော့… ဘာဆို ဘာမှ တက်မလာတော့ ဘူး။

ရန်သူကို ဘယ်တော့မှ လျှော့မတွက်ပဲ ထောင့်စေ့တဲ့ အမေရိကန် နဲ့ တဖြည်းဖြည်း နီးကပ် လာတဲ့ တောင်တရုတ် ပင်လယ် က စစ်ပွဲ

ဒါဟာ အမေရိကန် ရဲ့ ဗျူဟာ….စစ်ပွဲ အတွက် လျှို့ဝှက်စွာ ပြင်ဆင်နေမှု…သို့မဟုတ်..အကောင်းဆုံး ပရိုဂရန်တစ်ခုကို တည်ဆောက်နေတယ်လို့ မြင်မိပါတယ်။ တိုက်ဆိုင်စွာပါပဲ….အမေရိကန်အုပ်စုဘက်က ထင်မထားလောက်တဲ့ အထိ စစ်ပွဲနဲ့ပတ်သတ်တဲ့ သတင်းတွေ ငြိမ်နေချိန် မှာ… နဂါးကြီးကတော့ မပဌာမြေလူး ဖြစ်ပြီး…အိန္ဒိယ နယ်စပ်မှာ စစ်ဖြစ်လာရင် အသင့်အနေအထား ဖြစ်နေဖို့အတွက် စစ်အင်အား ဖြည့်ထားတဲ့ သတင်းအပြင်…နှူ လက်နက် ကို ထုတ်သုံးဖို့အတွက်..မိနစ် အနည်းငယ်ပဲ အချိန် လိုတော့တာ ပါဆိုပြီး..သွေးရူးသွေးတမ်း စကားတွေထပြောလာတဲ့ သတင်းတွေ တက်လာတယ်။

ရန်သူကို ဘယ်တော့မှ လျှော့မတွက်ပဲ ထောင့်စေ့တဲ့ အမေရိကန် နဲ့ တဖြည်းဖြည်း နီးကပ် လာတဲ့ တောင်တရုတ် ပင်လယ် က စစ်ပွဲ

သာကောတို့ ရဲ့သတင်းကြောင့်လား မသိဘူး ။အမေရိကန်ကလည်း ရှေ့နောက် ဆိုသလို…အသံလွှင့်ဌာနကနေ လွှင့်လိုက်တယ် ။ SCS မှာ တရုတ်တို့ရဲ့စစ်အင်အားထက် သာအောင်..ပိုလွန် အောင် ဆောင်ရွက်နေပါတယ် ဆိုပြီး….လေလိုင်းကနေ လှန်းပြီး ခြောက်နေတယ်။ ။ အမေရိကန်ဟာ တကယ်စစ်တိုက်ဖို့အတွက်…စစ်ပွဲက ရလာမဲ့ တန်ပြန်မှုကို ကာကွယ်ဖို့အတွက်..အာရှမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်..ဆိုတဲ့ သတင်း…ပြိုင်ဘက် ကို လျော့မတွက်ပဲ…သေခြာပေါက် အနိုင်ရရေး နဲ့ ဆုံးရှုံးနစ်နာမှုနည်းရေးကိုဂရုတစိုက်ပြင်ဆင်နေတာ သိသာတယ်။

ရန်သူကို ဘယ်တော့မှ လျှော့မတွက်ပဲ ထောင့်စေ့တဲ့ အမေရိကန် နဲ့ တဖြည်းဖြည်း နီးကပ် လာတဲ့ တောင်တရုတ် ပင်လယ် က စစ်ပွဲ

တကယ်လည်း ဒီလိုပဲဖြစ်ရမှာပါ ။ရန်သူ ကို လျှော့တွက်ပြီး တိုက်တာမျိုး မဟုတ်ပဲ..တရုတ်ဘက်က တန်ပြန်လာမဲ့ နျုလက်နက်နဲ့ဒုံးကျည်တွေရဲ့ အန်တရာယ်ကို ထိန်းချုပ်ပြီး…ဆုံးရှုံးမှု မရှိအောင် နည်းနိုင်သလောက်နည်းအောင်ပြင်ဆင်ပြီး စစ်ပွဲ အတွက် ပိုကောင်းပြီး ..ပြီးပြည့်စုံတဲ့ ပရိုဂရမ်တွေ ကို ရေးဆွဲနေတယ် လို့ ခန့်မှန်းကြည့်မိပါတယ်။

ဒီတော့…စစ်ပွဲ က ဖြစ်လာဖို့ များပါတယ် ။ဘယ်တော့လဲ ဆိုတာကတော့….တွေးကြည့်တာဟာပြေးကြည့်တာလောက် မသေခြာတဲ့အတွက်…တိတိကျကျ သိချင်ရင်တော့…တောင်တရုတ်ပင်လယ်ထဲကိုသွားကြည့်..ဒါမှမဟုတ်…ဒေါ်နယ်ထရန့်ဆီ ဖုန်းဆက်မေး တာက..ပိုသေခြာမယ် ထင်ပါတ ယ်။ သေခြာတာက….မုန်တိုင်း လာတော့မယ်ဆိုရင်…ပင်လယ်ဟာ ငြိမ်သက်ေ နသလိုမျိုး…တောင်တရုတ်ပင်လယ်အရေး မှာ USငြိမ်နေတာက..ဘာကြောင့်ဆိုတဲ့ အဖြေပဲ။

သံပါးစပ်

16.8.2020

နိုင်ငံတကာသတင်းများကိုအခြေခံ၍ သုံးသပ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *