ယေန႕ နံနက္ ေတြ႕ရွိခဲ႕သည့္ ကိုဗစ္ လူနာႏွစ္ဦး လူနာအမွတ္ (၃၉၅ ၊ ၃၉၆) တို ႔မွာ ဆရာဝန္ ႏွင့္ ေထြအုပ္ ဝန္ထမ္းျဖစ္ကာ၊ ၄င္းတို႕ႏွင့္ ဆက္စပ္ခဲ့သူ ၆၀ ဝန္းက်င္ရွိေန

Posted on

ဒီေန႕မနက္ေတြ႕ ရွိ ခဲ့တဲ့ လူနာ အမွတ္ ၃၉၅ က ၃၇၅ နဲ႕ထိေတြ ႕ခဲ့တဲ့ ဆရာဝန္ တစ္ဦးျဖစ္ၿပီး ၃၉၆က ကိုဗစ္ ၁၉ ေရာဂါပိုးရွိသူ နဲ႕ ထိေတြ႕မႈ မရွိခဲ့တဲ့ အေထြေထြ အုပ္ခ်ဳပ္ေရးမႉ႐ုံးး ဝန္ထမ္း တစ္ဦးျဖစ္တယ္လို႔ စစ္ေတြၿမိဳ႕နယ္ ၊ ျပည္သူ႕က်န္းမာေရးဦးစီးဌာန က ေဒါက္တာစိုးဝင္းပိုင္ က ေျပာ ပါတယ္။

လူနာ အမွတ္ ၃၉၅ က ၃၇၅

အဆိုပါႏွစ္ဦး နဲ႕ဆက္စပ္သူ အေရအတြက္ ၆၀ ေက်ာ္ရွိေနတာျဖစ္ၿပီး ၎ တို႔ကို ႏွာေခါင္းတို႔ဖတ္ ၊ အာေခါင္ တို႔ဖတ္ယူထားၿပီး ယေန႕ညစစ္ေဆးမွာျဖစ္တယ္လို႔ သိရပါတယ္။

“၃၉၅က ၃၇၅ေဆးခန္းျပ တဲ့ ဆရာဝန္ ၊ သူ႕မိသားစု နဲ႕ ထိေတြ႕တဲ့ ပတ္ဝန္းက်င္က လူေတြအားလုံးေပါင္း က ၄၀ေက်ာ္ ။ ၃၉၆က ေထြအုပ္ဝန္ထမ္း ။ သူ႕မိသားစု နဲ႕႐ုံးခန္းကလူေတြေပါင္းက ၁၇ေယာက္ ။ အားလုံးကို ႏွာေခါင္းတို႔ဖတ္ ၊ အာေခါင္တို႔ဖတ္ယူၿပီးၿပီ။ ဒီေန႕ညစစ္ေဆးမယ္ “ လို႔ စစ္ေတြၿမိဳ႕နယ္ ၊ ျပည္သူ႕က်န္းမာေရးဦးစီးဌာန ၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာ စိုးဝင္းပိုင္က ေျပာ ပါတယ္ ။

ယေန႕စစ္ေတြၿမိဳ ႕၌ ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး အတြက္ ႏွာေခါင္းစည္း(Mask)မ်ား အခမဲ့ျဖန႔္ေဝျခင္းႏွင့္ အသိပညာေပးျခင္းေဆာင္႐ြက္ေနပုံ (ဓာတ္ပုံ-IRPD Sittwe)

ဘယ္က ကူးစက္မွန္း မသိရတဲ့ လူနာအမွတ္ ၃၉၆ က စစ္ေတြ႕ၿမိဳ႕တြင္းကလြဲ လို႔ တျခားေနရာေတြ ကို သြားလာခဲ့ျခင္း မရွိဘူးလို႔လည္း သိရ ပါတယ္ ။

ယေန႕စစ္ေတြၿမိဳ ႕၌ ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး အတြက္ ႏွာေခါင္းစည္း(Mask)မ်ား အခမဲ့ျဖန႔္ေဝျခင္းႏွင့္ အသိပညာေပးျခင္းေဆာင္႐ြက္ေနပုံ (ဓာတ္ပုံ-IRPD Sittwe)

ၾသဂုတ္လ ၁၆ ရက္ေန႕ က စတင္ေတြ႕ရွိ ခဲ့တဲ့ ျပည္တြင္း ကူးစက္လူနာမ်ားဟာ ယေန႕ၾသဂုတ္လ ၂၀ ရက္ေန႕အထိ ၅ ရက္အတြင္း ၆ ဦးေတြ႕ ရွိထားၿပီျဖစ္ၿပီး လူနာ အမွတ္ ၃၉၅ ကလြဲလို႔ က်န္လူနာ ၅ ဦး မွာ စတင္ကူးစက္ တဲ့ေနရာ ကို အတိအက် အေသခ်ာ မသိရေသး ပါဘူး ။SOurce; Duwun

Unicode

ဒီနေ့မနက်တွေ့ ရှိ ခဲ့တဲ့ လူနာ အမှတ် ၃၉၅ က ၃၇၅ နဲ့ထိတွေ့ခဲ့တဲ့ ဆရာဝန် တစ်ဦးဖြစ်ပြီး ၃၉၆က ကိုဗစ် ၁၉ ရောဂါပိုးရှိသူ နဲ့ ထိတွေ့မှု မရှိခဲ့တဲ့ အထွေထွေ အုပ်ချုပ်ရေးမှူရုံးး ဝန်ထမ်း တစ်ဦးဖြစ်တယ်လို့ စစ်တွေမြို့နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ဒေါက်တာစိုးဝင်းပိုင် က ပြော ပါတယ်။

အဆိုပါနှစ်ဦး နဲ့ဆက်စပ်သူ အရေအတွက် ၆၀ ကျော်ရှိနေတာဖြစ်ပြီး ၎င်း တို့ကို နှာခေါင်းတို့ဖတ် ၊ အာခေါင် တို့ဖတ်ယူထားပြီး ယနေ့ညစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

“၃၉၅က ၃၇၅ဆေးခန်းပြ တဲ့ ဆရာဝန် ၊ သူ့မိသားစု နဲ့ ထိတွေ့တဲ့ ပတ်ဝန်းကျင်က လူတွေအားလုံးပေါင်း က ၄၀ကျော် ။ ၃၉၆က ထွေအုပ်ဝန်ထမ်း ။ သူ့မိသားစု နဲ့ရုံးခန်းကလူတွေပေါင်းက ၁၇ယောက် ။ အားလုံးကို နှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ်ယူပြီးပြီ။ ဒီနေ့ညစစ်ဆေးမယ် “ လို့ စစ်တွေမြို့နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြော ပါတယ် ။

ဘယ်က ကူးစက်မှန်း မသိရတဲ့ လူနာအမှတ် ၃၉၆ က စစ်တွေ့မြို့တွင်းကလွဲ လို့ တခြားနေရာတွေ ကို သွားလာခဲ့ခြင်း မရှိဘူးလို့လည်း သိရ ပါတယ် ။

သြဂုတ်လ ၁၆ ရက်နေ့ က စတင်တွေ့ရှိ ခဲ့တဲ့ ပြည်တွင်း ကူးစက်လူနာများဟာ ယနေ့သြဂုတ်လ ၂၀ ရက်နေ့အထိ ၅ ရက်အတွင်း ၆ ဦးတွေ့ ရှိထားပြီဖြစ်ပြီး လူနာ အမှတ် ၃၉၅ ကလွဲလို့ ကျန်လူနာ ၅ ဦး မှာ စတင်ကူးစက် တဲ့နေရာ ကို အတိအကျ အသေချာ မသိရသေး ပါဘူး ။SOurce; Duwun

Leave a Reply

Your email address will not be published. Required fields are marked *