ယေန႕နံနက္ထိ ျပည္တြင္းကူးစက္မႈမ်ား ထပ္မံေတြ႕ရွိေနတဲ႕ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ ကို ေလာ့ေဒါင္း ခ်သင့္ / မခ်သင့္

Posted on

ရခိုင္ျပည္နယ္ ၊ စစ္ေတြၿမိဳ ႕တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူ (၃) ဦး ထပ္မံေတြ႕ ရွိေၾကာင္း ယမန္ေန႕ ၾသဂုတ္ ၁၉ ရက္ နံနက္ ၈ နာရီ က က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ ပါတယ္။ အလားတူ ၾသဂုတ္ ၁၆ ရက္ေန႕က လည္း ၁ ဦး ေတြ႕ရွိခဲ့ ပါတယ္ ။ ယေန႕ နံနက္မွာ လဲ ( ျပည္တြင္းကူးစက္မႈ) အျဖစ္ ၂ ဦး ထပ္မံေတြ႕ရွိခဲ႔ပါတယ္ ။ ထိုသို႔ ေတြ႕ရွိခဲ့ ေသာေၾကာင့္ စစ္ေတြၿမိဳ႕လူထု အတြင္း၌ စိုးရိမ္ပူပန္မႈမ်ား တိုးပြားေနေၾကာင္း သိရ ပါတယ္။ ကိုဗစ္ေရာဂါကူးစက္ခံရမႈ နဲ႕ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လႊတ္ေတာ္ဥကၠဌ အပါအတင္ အလႊာစုံမွ ျပည္သူမ်ား၏ သေဘာထား ကို ေဖာ္ျပ လိုက္ပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕

ရခိုင္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွ – အစိုးရက သူ႕အတိုင္းအတာနဲ႕သူ လုပ္တာပဲ။ လုပ္ေပမယ့္ အခုဆို စစ္ေတြမွာ ပိုးေတြ႕လူနာေတြဟာ ေတာ္ေတာ္မ်ားမ်ား ေတြ႕လာရေတာ့ အစိုးရအေနနဲ႕ ဒီထက္ ပိုၿပီး ဂ႐ုစိုက္ဖို႔လိုအပ္တယ္။ ဂ႐ုစိုက္တယ္ ဆိုတာ မွာ လုံေလာက္တယ္ ၊ ပိုသြားတယ္ ဆိုတာေတာ့ မရွိဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ ဒီထက္တိုးၿပီး ဂ႐ုစိုက္ ေဆာင္႐ြက္ေပးရ မယ္ေပါ့။

စစ္ေတြၿမိဳ႕မိၿမိဳ႕ဖ ဦးသာစိန္ – တစ္ၿမိဳ႕လုံးကို ေလာ့ခ္ေဒါင္းခ်သင့္ေနၿပီလို႔ ျမင္ပါတယ္။ ၿပီးေတာ့ အျပင္ကို ထြက္ရင္ နားေခါင္းစည္း Mask မပါရင္ ဖမ္းရမယ္ေပါ့။ အဲဒါကို သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းက အမိန႔္ထုတ္သင့္ၿပီလို႔ ထ င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပထမတစ္ေယာက္ေတြ႕တုန္းက လူေတြက အရမ္းတုန္လႈပ္သြားတာ၊ အခုဆိုရင္ အကုန္လုံးက နားကားသြားၿပီ။ အစလည္း ရွာမရေတာ့ဘူး။ ဘယ္လိုလုပ္ ရမလဲဆိုတာ ကို။ အဲဒါေၾကာင့္ ေလာ့ခ္ေဒါင္း ခ်ထား သင့္တယ္။ အျပင္ထြက္ တဲ့သူေတြ ကို Mask မပါရင္ဖမ္း။ အဲလို အမိန႔္ထုတ္သင့္တယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ အစိုးရက လုပ္သင့္တာ လုပ္တာကို ဘယ္သူမွ အျပစ္ေျပာ မွာ မဟုတ္ဘူး။ အားလုံး ေကာင္းဖို႔အတြက္ လုပ္တာပဲေလ။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕

ကြၽန္ေတာ္သာ လုပ္ခြင့္ရွိတယ္ ဆိုရင္ လုပ္တာၾကာၿပီ။ သက္ဆိုင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ခရိုင္အုပ္ခ်ဳပ္ေရးမႉးတို႔က ပူးေပါင္းၿပီး ေလာ့ခ္ေဒါင္းခ်ကိဳခ်သင့္တယ္။ မခ်လိဳ႕မရဘူး။ မခ်ရင္ ဒီထက္တိုးလာရင္ေရာ။ အခု လက္ရွိ အခ်ိန္ ထိဆိုရင္ေတာ့ ဒီအေပၚမွာ အစိုးရလုပ္တာကို အားမရဘူး။ အခုေလာေလာဆယ္က သူတို႔က ဘာမွလုပ္ေသးတာ မဟုတ္ဘူး။ Mask ေပးတဲ့အဆင့္ပဲ။ အဲေလာက္နဲ႕ မရဘူးေလ။ အျပင္ထြက္ရင္စည္းကမ္းခ်က္ေတြနဲ႕ဘာညာမွ အားရမႈရွိမွာေပါ့။ Mask မပါဘဲ မသြားရ၊ ၿမိဳ႕ကိုေလာခ့္ေဒါင္းခ်၊ အဲလိုဆိုရင္ ကြၽန္ေတာ္တို႔ ေက်နပ္တယ္။ ေနာက္တစ္ခုက သက္ဆိုင္ရာ အစိုးရ အဖြဲ႕ကေနၿပီး ေက်ာင္းဖြင့္ထားတဲ့ထဲ ဘယ္ႏွစ္ေက်ာင္းဖြင့္ထားၿပီလဲ၊ အဲဒီေက်ာင္းေတြကိုလည္း ပိတ္သင့္ရင္ ပိတ္ထားရမယ္။ လူေသတာေလာက္ အေရးႀကီး တာ ဘာ မွ မရွိဘူး။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕

စစ္ေတြၿမိဳ႕ မွ လူမႈေရး လႈပ္ရွားသူ ဦးစိုးနိုင္ – လူထုက ဘယ္လိုေနသင့္လဲဆိုတာကို အစိုးရက စနစ္တက် ေဆာင္႐ြက္ေပးဖို႔လိုတယ္။ အဓိက လက္ေတြ႕ က်က် ပူးေပါင္းေျဖရွင္းဖို႔အတြက္ အစိုးရမွာ စီစဥ္ေဆာင္႐ြက္နိုင္ တဲ့ စြမ္းရည္ ရွိရမယ္။ ေလာခ့္ေဒါင္း ခ်မယ္ ဆိုရင္လည္း ျဗဳန္းစားႀကီးဆို လြယ္မယ္မထင္ဘူး။ ၿပီးျပည့္စုံတဲ့ ၿမိဳ႕တစ္ၿမိဳ႕လည္း မဟုတ္ဘူး။ အကုန္လုံးကလည္း ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ေနေနၾကတဲ့အခ်ိန္မွာ အခုခ်က္ခ်င္း ပိတ္လိုက္မယ္ ဆိုရင္ ကိုရိုနာကူးတာ/ မကူးတာထက္ ငတ္မယ့္ ကိစၥက အရင္ျဖစ္သြားမယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕

ေလာခ့္ေဒါင္းခ်မယ္ဆိုရင္လည္း ပြင့္ပြင့္လင္းလင္း နဲ႕ အခ်ိန္ဇယားတစ္ခု သတ္မွတ္ေပးရမယ္။ ဘယ္ေန႕ဘယ္ရက္မွာ ဘယ္လိုခ်မယ္။ အဲလိုမခ်ခင္ကတည္းက ေစ်းမွာ လူေတြ အစုလိုက္အၿပဳံလိုက္ မျဖစ္ရေအာင္ စီမံေပး ရမယ္။ သေဘာက ေလာခ့္ေဒါင္းခ်မယ္ဆိုရင္ ေစ်းမွာ ႀကိတ္ႀကိတ္တိုးၿပီး ဝယ္ၾကေတာ့မွာေလ။ ေလာေလာဆယ္ အငတ္က မခံနိုင္ၾကဘူးေလ။ ဆိုေတာ့ အဲဒီလို မျဖစ္ရေအာင္ကို အစိုးရက လုပ္ေပး ရမယ္။ အဓိကက ေလာခ့္ေဒါင္းခ်ဖိဳ႕ အစီစဥ္ထဲမွာ ဆန္ကိုက ဘယ္ပုံစံနဲ႕ျဖန႔္မယ္၊ အလကားေပးတာေပးမယ္၊ ေရာင္းတာေရာင္းမယ္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္ကိုက ဘယ္ပုံစံမ်ိဳးေပးသြား မယ္။ ဥပမာ အိမ္တိုင္လာေရာက္ ေရာင္းမွာလား။ အဲလို ေရာင္းေတာ့မယ္ဆိုရင္ အဲဒီအစိုးရတစ္ခုတည္းနဲ႕ မလုပ္နိုင္ေတာ့ဘူးေလ။ ခဏကေျပာသလို ဝယ္မယ္ဆိုရင္ေတာင္ အစိုးရအေနနဲ႕ ရေအာင္ မလုပ္ေပးနိုင္ဘူး။ လူထုအေျချပဳအဖြဲ႕အစည္းေတြနဲ႕ လုပ္ကို လုပ္ရမွာျဖစ္လာတယ္။

အဓိကက လူထုတမ္းတေနတာက အစိုးရ တစ္ခုခု လုပ္ျပတာကို လိုခ်င္တယ္။ ကားနဲ႕ ၿမိဳ႕ကိုပတ္ၿပီး သီခ်င္းဆိုျပေနတာနဲ႕ကေတာ့ ဘယ္လိုမွ မလုံေလာက္ဘူး။ အခုက အစိုးရ ဘာလုပ္လဲဆိုတာကို ဘယ္သူမွ ဘာမွ မသိၾကဘူး။ ဒီကိုဗစ္ နဲ႕ပတ္သက္ၿပီး ရခိုင္ျပည္မွာ အစိုးရ လုပ္ေဆာင္ခ်က္ တစ္ခုခု လုပ္ေနတယ္ ဆိုတာ ကို သိခ်င္တယ္။ အစိုးရ ရဲ႕ လုပ္ရပ္က ေပါ့ေလ်ာ့တာ မဟုတ္ဘူး ။ လုံးဝကို အေလး မ ထား တာ။ အခုလက္ရွိ အတိုင္း အတာအထိ လုံးဝေက်နပ္အားရမႈ တစ္စုံတစ္ရာ နည္းနည္းေလးေတာင္ မရွိဘူး ။ လုံးဝ ရခိုင္ျပည္သူလူထုကို ဂ႐ုမစိုက္၊ လ်စ္လ်ဴရႈထားတာ ။ အဲလိုပဲ ျမင္ တယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕

အခုစစ္ေတြမွာ ဆိုရင္ စစ္ေတြၿမိဳ႕ နယ္ခံခ်ည္းသက္သက္ မဟုတ္ဘူး။ ဒီစစ္ေဘးေရွာင္ ငါးေထာင္ေက်ာ္ေလာက္က ေရာက္ေနတယ္။ မေန႕ကလည္း ေတြ႕ခဲ့တယ္။ ကယ္ဆယ္ေရးသြားေပးလို႔။ မိုး႐ြာလို႔ အေဆာက္အအုံ တစ္ခုတည္း ရဲ႕ ေအာက္မွာ ပတ္ၿပီးေနၾကရတယ္ ။ သူတို႔မွာ ဗိုင္းရပ္စပ္ကို ထားဦး။ ထမင္း ဘယ္သူလာေပးမလဲဆိုတာ ကို ေစာင့္ေနၾကရတဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္။ အဲဒါကို ဘယ္လို ကုစားနိုင္မလဲ။ အားလုံးကို အစိုးရက တၿပိဳင္တည္း လုပ္ရမယ္လို႔ မေျပာဘူး။ ဘာလုပ္မလဲဆိုတာကို ျပည္သူလူထု တစ္ရပ္အေနနဲ႕ သိခ်င္တယ္။ ဘာအစီစဥ္ ရွိလဲဆိုတာကို သိခ်င္တယ္။ ခက္တာက အစိုးရ ဘာလုပ္ေနလဲ၊ ဘာလုပ္မလဲ ဆိုတာကို သိပိုင္ခြင့္လည္း မရွိသလို ျမင္လည္း မျမင္ဖူးတာက ခက္ေနတယ္။

ၿမိဳ႕မေစ်း၌ ဂ်ာနယ္ေရာင္းသူ မစိုးခိုင္ – ဒီအေပၚမွာ အရမ္းစိုးရိမ္စိတ္ျဖစ္ပါတယ္။ ဒါက ေစ်းမွာျဖစ္တာဆိုေတာ့ေလ။ ေစ်းမွာျဖစ္တာဆိုေတာ့ ကြၽန္မတို႔အတြက္ အႏၲရာယ္လည္း ပိုၿပီးျဖစ္ေစတယ္။ ကြၽန္မ တို႔က ေစ်းမွာတစ္ေနကုန္ လုပ္စားေနရတာေလ ။ အခုဆို ေစ်းမွာ လူေတြေတာင္ မေရာက္ေတာ့ဘူး ။ Mask လည္းမတပ္၊ လမ္းမွာ ကလည္း လူေတြက အမ်ားႀကီး သြားေနၾကတာဆိုေတာ့ အရမ္းအႏၲရာယ္မ်ား တယ္ ။ ဒါက မထင္မွတ္ဘဲ ျဖစ္လာတာေလ။ ကြၽန္မကေတာ့ လူအမ်ားစုကို ေရွာင္ရွားရမယ္။ Mask တပ္ရမယ္၊ လက္ေဆးရမယ္၊ အဲလို တစ္ကိုယ္ရည္ သန႔္ရွင္းမႈနဲ႕ သန႔္သန႔္ရွင္းရွင္းေနၾကရေတာ့မွာေပါ့။ လူအမ်ားစုဆိုေတာ့ ။ ကိုယ့္အိမ္ထဲမွာ ကိုယ္ေနတာ အေကာင္းဆုံးပဲလို႔ ထင္တယ္။

လတ္တေလာ ကိုဗစ္လူနာမ်ားနဲ႕ ပတ္သက္ၿပီး မည္ကဲ့သို႔ လုပ္ေဆာင္လ်က္ ရွိသည္ကို သိလို၍ ရခိုင္ျပည္နယ္ လုံၿခဳံ‌ေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန္း၊ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕မွ လူမႈေရးဝန္ႀကီး ေဒါက္တာ ခ်မ္းသာ၊ လွ်ပ္စစ္၊ စက္မႈႏွင့္ လမ္းပန္း ဆက္သြယ္ေရး ဝန္ႀကီး ဦးေအာင္ေက်ာ္ဇံန်င့္ စည္ပင္ဝန္ႀကီး ဦးဝင္းျမင့္တို႔ထံ ဖုန္းျဖင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖ ဆိုခဲ့ျခင္း မရွိခဲ့ ပါဘူး ။

Source;HN M

Unicode

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ (၃) ဦး ထပ်မံတွေ့ ရှိကြောင်း ယမန်နေ့ သြဂုတ် ၁၉ ရက် နံနက် ၈ နာရီ က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ပါတယ်။ အလားတူ သြဂုတ် ၁၆ ရက်နေ့က လည်း ၁ ဦး တွေ့ရှိခဲ့ ပါတယ် ။ ယနေ့ နံနက်မှာ လဲ ( ပြည်တွင်းကူးစက်မှု) အဖြစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ် ။ ထိုသို့ တွေ့ရှိခဲ့ သောကြောင့် စစ်တွေမြို့လူထု အတွင်း၌ စိုးရိမ်ပူပန်မှုများ တိုးပွားနေကြောင်း သိရ ပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရမှု နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ အပါအတင် အလွှာစုံမှ ပြည်သူများ၏ သဘောထား ကို ဖော်ပြ လိုက်ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ – အစိုးရက သူ့အတိုင်းအတာနဲ့သူ လုပ်တာပဲ။ လုပ်ပေမယ့် အခုဆို စစ်တွေမှာ ပိုးတွေ့လူနာတွေဟာ တော်တော်များများ တွေ့လာရတော့ အစိုးရအနေနဲ့ ဒီထက် ပိုပြီး ဂရုစိုက်ဖို့လိုအပ်တယ်။ ဂရုစိုက်တယ် ဆိုတာ မှာ လုံလောက်တယ် ၊ ပိုသွားတယ် ဆိုတာတော့ မရှိဘူးပေါ့နော်။ အဲဒါကြောင့် ဒီထက်တိုးပြီး ဂရုစိုက် ဆောင်ရွက်ပေးရ မယ်ပေါ့။

စစ်တွေမြို့မိမြို့ဖ ဦးသာစိန် – တစ်မြို့လုံးကို လော့ခ်ဒေါင်းချသင့်နေပြီလို့ မြင်ပါတယ်။ ပြီးတော့ အပြင်ကို ထွက်ရင် နားခေါင်းစည်း Mask မပါရင် ဖမ်းရမယ်ပေါ့။ အဲဒါကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမိန့်ထုတ်သင့်ပြီလို့ ထ င်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမတစ်ယောက်တွေ့တုန်းက လူတွေက အရမ်းတုန်လှုပ်သွားတာ၊ အခုဆိုရင် အကုန်လုံးက နားကားသွားပြီ။ အစလည်း ရှာမရတော့ဘူး။ ဘယ်လိုလုပ် ရမလဲဆိုတာ ကို။ အဲဒါကြောင့် လော့ခ်ဒေါင်း ချထား သင့်တယ်။ အပြင်ထွက် တဲ့သူတွေ ကို Mask မပါရင်ဖမ်း။ အဲလို အမိန့်ထုတ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အစိုးရက လုပ်သင့်တာ လုပ်တာကို ဘယ်သူမှ အပြစ်ပြော မှာ မဟုတ်ဘူး။ အားလုံး ကောင်းဖို့အတွက် လုပ်တာပဲလေ။

ကျွန်တော်သာ လုပ်ခွင့်ရှိတယ် ဆိုရင် လုပ်တာကြာပြီ။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပြီး လော့ခ်ဒေါင်းချကိုချသင့်တယ်။ မချလို့မရဘူး။ မချရင် ဒီထက်တိုးလာရင်ရော။ အခု လက်ရှိ အချိန် ထိဆိုရင်တော့ ဒီအပေါ်မှာ အစိုးရလုပ်တာကို အားမရဘူး။ အခုလောလောဆယ်က သူတို့က ဘာမှလုပ်သေးတာ မဟုတ်ဘူး။ Mask ပေးတဲ့အဆင့်ပဲ။ အဲလောက်နဲ့ မရဘူးလေ။ အပြင်ထွက်ရင်စည်းကမ်းချက်တွေနဲ့ဘာညာမှ အားရမှုရှိမှာပေါ့။ Mask မပါဘဲ မသွားရ၊ မြို့ကိုလောခ့်ဒေါင်းချ၊ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်တယ်။ နောက်တစ်ခုက သက်ဆိုင်ရာ အစိုးရ အဖွဲ့ကနေပြီး ကျောင်းဖွင့်ထားတဲ့ထဲ ဘယ်နှစ်ကျောင်းဖွင့်ထားပြီလဲ၊ အဲဒီကျောင်းတွေကိုလည်း ပိတ်သင့်ရင် ပိတ်ထားရမယ်။ လူသေတာလောက် အရေးကြီး တာ ဘာ မှ မရှိဘူး။

စစ်တွေမြို့ မှ လူမှုရေး လှုပ်ရှားသူ ဦးစိုးနိုင် – လူထုက ဘယ်လိုနေသင့်လဲဆိုတာကို အစိုးရက စနစ်တကျ ဆောင်ရွက်ပေးဖို့လိုတယ်။ အဓိက လက်တွေ့ ကျကျ ပူးပေါင်းဖြေရှင်းဖို့အတွက် အစိုးရမှာ စီစဉ်ဆောင်ရွက်နိုင် တဲ့ စွမ်းရည် ရှိရမယ်။ လောခ့်ဒေါင်း ချမယ် ဆိုရင်လည်း ဗြုန်းစားကြီးဆို လွယ်မယ်မထင်ဘူး။ ပြီးပြည့်စုံတဲ့ မြို့တစ်မြို့လည်း မဟုတ်ဘူး။ အကုန်လုံးကလည်း ပေါ့ပေါ့လျော့လျော့ နေနေကြတဲ့အချိန်မှာ အခုချက်ချင်း ပိတ်လိုက်မယ် ဆိုရင် ကိုရိုနာကူးတာ/ မကူးတာထက် ငတ်မယ့် ကိစ္စက အရင်ဖြစ်သွားမယ်။

လောခ့်ဒေါင်းချမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း နဲ့ အချိန်ဇယားတစ်ခု သတ်မှတ်ပေးရမယ်။ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လိုချမယ်။ အဲလိုမချခင်ကတည်းက ဈေးမှာ လူတွေ အစုလိုက်အပြုံလိုက် မဖြစ်ရအောင် စီမံပေး ရမယ်။ သဘောက လောခ့်ဒေါင်းချမယ်ဆိုရင် ဈေးမှာ ကြိတ်ကြိတ်တိုးပြီး ဝယ်ကြတော့မှာလေ။ လောလောဆယ် အငတ်က မခံနိုင်ကြဘူးလေ။ ဆိုတော့ အဲဒီလို မဖြစ်ရအောင်ကို အစိုးရက လုပ်ပေး ရမယ်။ အဓိကက လောခ့်ဒေါင်းချဖို့ အစီစဉ်ထဲမှာ ဆန်ကိုက ဘယ်ပုံစံနဲ့ဖြန့်မယ်၊ အလကားပေးတာပေးမယ်၊ ရောင်းတာရောင်းမယ်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကိုက ဘယ်ပုံစံမျိုးပေးသွား မယ်။ ဥပမာ အိမ်တိုင်လာရောက် ရောင်းမှာလား။ အဲလို ရောင်းတော့မယ်ဆိုရင် အဲဒီအစိုးရတစ်ခုတည်းနဲ့ မလုပ်နိုင်တော့ဘူးလေ။ ခဏကပြောသလို ဝယ်မယ်ဆိုရင်တောင် အစိုးရအနေနဲ့ ရအောင် မလုပ်ပေးနိုင်ဘူး။ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ လုပ်ကို လုပ်ရမှာဖြစ်လာတယ်။

အဓိကက လူထုတမ်းတနေတာက အစိုးရ တစ်ခုခု လုပ်ပြတာကို လိုချင်တယ်။ ကားနဲ့ မြို့ကိုပတ်ပြီး သီချင်းဆိုပြနေတာနဲ့ကတော့ ဘယ်လိုမှ မလုံလောက်ဘူး။ အခုက အစိုးရ ဘာလုပ်လဲဆိုတာကို ဘယ်သူမှ ဘာမှ မသိကြဘူး။ ဒီကိုဗစ် နဲ့ပတ်သက်ပြီး ရခိုင်ပြည်မှာ အစိုးရ လုပ်ဆောင်ချက် တစ်ခုခု လုပ်နေတယ် ဆိုတာ ကို သိချင်တယ်။ အစိုးရ ရဲ့ လုပ်ရပ်က ပေါ့လျော့တာ မဟုတ်ဘူး ။ လုံးဝကို အလေး မ ထား တာ။ အခုလက်ရှိ အတိုင်း အတာအထိ လုံးဝကျေနပ်အားရမှု တစ်စုံတစ်ရာ နည်းနည်းလေးတောင် မရှိဘူး ။ လုံးဝ ရခိုင်ပြည်သူလူထုကို ဂရုမစိုက်၊ လျစ်လျူရှုထားတာ ။ အဲလိုပဲ မြင် တယ်။

အခုစစ်တွေမှာ ဆိုရင် စစ်တွေမြို့ နယ်ခံချည်းသက်သက် မဟုတ်ဘူး။ ဒီစစ်ဘေးရှောင် ငါးထောင်ကျော်လောက်က ရောက်နေတယ်။ မနေ့ကလည်း တွေ့ခဲ့တယ်။ ကယ်ဆယ်ရေးသွားပေးလို့။ မိုးရွာလို့ အဆောက်အအုံ တစ်ခုတည်း ရဲ့ အောက်မှာ ပတ်ပြီးနေကြရတယ် ။ သူတို့မှာ ဗိုင်းရပ်စပ်ကို ထားဦး။ ထမင်း ဘယ်သူလာပေးမလဲဆိုတာ ကို စောင့်နေကြရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ အဲဒါကို ဘယ်လို ကုစားနိုင်မလဲ။ အားလုံးကို အစိုးရက တပြိုင်တည်း လုပ်ရမယ်လို့ မပြောဘူး။ ဘာလုပ်မလဲဆိုတာကို ပြည်သူလူထု တစ်ရပ်အနေနဲ့ သိချင်တယ်။ ဘာအစီစဉ် ရှိလဲဆိုတာကို သိချင်တယ်။ ခက်တာက အစိုးရ ဘာလုပ်နေလဲ၊ ဘာလုပ်မလဲ ဆိုတာကို သိပိုင်ခွင့်လည်း မရှိသလို မြင်လည်း မမြင်ဖူးတာက ခက်နေတယ်။

မြို့မဈေး၌ ဂျာနယ်ရောင်းသူ မစိုးခိုင် – ဒီအပေါ်မှာ အရမ်းစိုးရိမ်စိတ်ဖြစ်ပါတယ်။ ဒါက ဈေးမှာဖြစ်တာဆိုတော့လေ။ ဈေးမှာဖြစ်တာဆိုတော့ ကျွန်မတို့အတွက် အန္တရာယ်လည်း ပိုပြီးဖြစ်စေတယ်။ ကျွန်မ တို့က ဈေးမှာတစ်နေကုန် လုပ်စားနေရတာလေ ။ အခုဆို ဈေးမှာ လူတွေတောင် မရောက်တော့ဘူး ။ Mask လည်းမတပ်၊ လမ်းမှာ ကလည်း လူတွေက အများကြီး သွားနေကြတာဆိုတော့ အရမ်းအန္တရာယ်များ တယ် ။ ဒါက မထင်မှတ်ဘဲ ဖြစ်လာတာလေ။ ကျွန်မကတော့ လူအများစုကို ရှောင်ရှားရမယ်။ Mask တပ်ရမယ်၊ လက်ဆေးရမယ်၊ အဲလို တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ သန့်သန့်ရှင်းရှင်းနေကြရတော့မှာပေါ့။ လူအများစုဆိုတော့ ။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာ အကောင်းဆုံးပဲလို့ ထင်တယ်။

လတ်တလော ကိုဗစ်လူနာများနဲ့ ပတ်သက်ပြီး မည်ကဲ့သို့ လုပ်ဆောင်လျက် ရှိသည်ကို သိလို၍ ရခိုင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနျင့် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်တို့ထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေ ဆိုခဲ့ခြင်း မရှိခဲ့ ပါဘူး ။

Source;HN M

Leave a Reply

Your email address will not be published. Required fields are marked *