ယခုနှစ် ( ၂၀၂၀ ) အတွင်း ကမ္ဘာ့အပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ရန် ချဉ်းကပ်လာတာကြောင့် ဖိလစ်ပိုင်တောင်ပိုင်း ရှိ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်ရှားကြ ဖို့ အမိန့်ထုတ်

Posted on

ယခုနှစ် အတွင်း ကမ္ဘာမှာ အပြင်းထန်ဆုံးဖြစ်တဲ့ category 5 တန်းဝင် မုန်တိုင်းတစ်လုံး နိုင်ငံကို ချဉ်းကပ်လာပြီဖြစ်တာကြောင့် တောင်ပိုင်းဒေသ လူဇုန်ကျွန်းမှ ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားကြဖို့ ဖိလစ်ပိုင် အာဏာပိုင်တွေ က စနေနေ့(အောက် တို ဘာ ၃၁) မှာ အမိန့်ထုတ်လိုက်ပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၁၃၃ မိုင်နဲ့ လေပြင်းတိုက်နှုန်း တစ်နာရီ ၁၆၄ မိုင်နှုန်းရှိတဲ့ တိုင်ဖွန်း ဂိုနီဟာ တနင်္ဂနွေနေ့(နိုဝင်ဘာ ၁) မှာ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ဖို့ရှိနေပြီး ဒီမုန်တိုင်းဟာ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်မှာ လူ ၆၃၀၀ ကျော် သေဆုံးခဲ့တဲ့ Haiyan မုန်တိုင်းနောက် ပိုင်း အပြင်းထန်ဆုံး တိုင်ဖွန်းဖြစ် ပါတယ် ။

ယခုနှစ် ( ၂၀၂၀ ) အတွင်း ကမ္ဘာ့အပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ရန် ချဉ်းကပ်လာတာကြောင့် ဖိလစ်ပိုင်တောင်ပိုင်း ရှိ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်ရှားကြ ဖို့ အမိန့်ထုတ်

ကြိုတင် ကာကွယ်မှုအဖြစ် Camarines Norte ၊ Camarines Sur ပြည်နယ်တွေရှိ ကမ်းရိုးတန်းဒေသတွေ ၊ မြေပြိုမှုအန္တရာယ် ရှိ လူနေဒေသတွေ မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ စတင်နေခဲ့ပါ တယ် ။ ဒါ့အပြင် Albay ပြည်နယ် အစိုးရကလည်း အန္တရာယ်များတဲ့ ဧရိယာတွေမှာ နေထိုင်ကြသူတွေအနေနဲ့ နေအိမ်တွေက ထွက်ခွာကြဖို့ အမိန့်ထုတ်သွားမှာဖြစ်ကြောင်း ဒေသဆိုင်ရာ သဘာဝဘေး တာဝန်ရှိသူ ဂရီမေးလ် နတ်ဇ်က DZBB အသံလွှင့်ဌာနကို ပြောဆိုပါတယ်။ “ဒီတိုင်ဖွန်းရဲ့ ပြင်းအားဆိုတာ ဟာသ ပြောနေတာ မဟုတ်ပါဘူး” လို့ ၎င်းက ဆိုပါ တယ် ။

ယခုနှစ် ( ၂၀၂၀ ) အတွင်း ကမ္ဘာ့အပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ရန် ချဉ်းကပ်လာတာကြောင့် ဖိလစ်ပိုင်တောင်ပိုင်း ရှိ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်ရှားကြ ဖို့ အမိန့်ထုတ်

ပြီး ခဲ့ တဲ့ သီတင်းပတ်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း Molave ကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပြီး မြို့တော် မနီလာတောင်ပိုင်းရှိ ပြည်နယ်တွေမှဖြစ်ကာ အများစုက ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတွင်း ၁၈ လုံးမြောက် မုန်တိုင်းအဖြစ် ဝင်ရောက်မယ့် ဂိုနီရဲ့ လမ်းကြောင်းမှာ လည်း ယင်း ပြည်နယ်တွေ ပါဝင်နေ ပါ တယ်။

ရွှေ့ပြောင်းနေရာချထားရေး စင်တာတွေ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် social distancing သတ်မှတ်ဖို့ လိုအပ်တာကြောင့် အာဏာပိုင်တွေဟာ နောက်ထပ် ဘေးကျပ်နံကျပ်အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရ ပါ တယ် ။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် COVID-19 ကူးစက်၊ သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။ဒေသဆိုင်ရာ တာဝန်ရှိသူတွေဟာ ဆိပ်ကမ်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ဖျက်သိမ်းခဲ့ပြီး ပင်လယ်ပြင်ထွက်မယ့် ငါးဖမ်းသမားတွေ ကိုလည်း တားမြစ်ထား ပါတယ်။

တိုင်ဖွန်း ဂိုနီဟာ ပစိဖိတ် သမုဒ္ဒရာကနေ အနောက်ဘက် အရပ်ကို တစ်နာရီ ၁၂ မိုင်နှုန်း ဦးတည်ရွေ့လျားနေပြီး စနေနေ့ ညနေပိုင်းမှာ မြို့တော် မနီလာနဲ့ အနီးဝန်းကျင် ပြည်နယ် ၁၄ ခုမှာ မိုးသည်းထန်စွာ ရွာသွန်းဖို့ရှိကာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်လာနိုင်ကြောင်း သိရပါ တယ်။

Ref;Reuters
Source; AKonThi

zawgyi

ယခုႏွစ္ အတြင္း ကမာၻမွာ အျပင္းထန္ဆုံးျဖစ္တဲ့ category 5 တန္းဝင္ မုန္တိုင္းတစ္လုံး နိုင္ငံကို ခ်ဥ္းကပ္လာၿပီျဖစ္တာေၾကာင့္ ေတာင္ပိုင္းေဒသ လူဇုန္ကြၽန္းမွ ေဒသခံေထာင္ေပါင္းမ်ားစြာကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းထားၾကဖို႔ ဖိလစ္ပိုင္ အာဏာပိုင္ေတြ က စေနေန႕(ေအာက္ တို ဘာ ၃၁) မွာ အမိန့္ထုတ္လိုက္ပါတယ္။

ေလတိုက္ႏႈန္း တစ္နာရီ ၁၃၃ မိုင္နဲ႕ ေလျပင္းတိုက္ႏႈန္း တစ္နာရီ ၁၆၄ မိုင္ႏႈန္းရွိတဲ့ တိုင္ဖြန္း ဂိုနီဟာ တနဂၤေႏြေန႕(နိုဝင္ဘာ ၁) မွာ ဖိလစ္ပိုင္နိုင္ငံကို ဝင္ေရာက္တိုက္ခတ္ဖို႔ရွိေနၿပီး ဒီမုန္တိုင္းဟာ ၂၀၁၃ ခုႏွစ္က ဖိလစ္ပိုင္မွာ လူ ၆၃၀၀ ေက်ာ္ ေသဆုံးခဲ့တဲ့ Haiyan မုန္တိုင္းေနာက္ ပိုင္း အျပင္းထန္ဆုံး တိုင္ဖြန္းျဖစ္ ပါတယ္ ။

ႀကိဳတင္ ကာကြယ္မႈအျဖစ္ Camarines Norte ၊ Camarines Sur ျပည္နယ္ေတြရွိ ကမ္းရိုးတန္းေဒသေတြ ၊ ေျမၿပိဳမႈအႏၲရာယ္ ရွိ လူေနေဒသေတြ မွာ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းမႈေတြ စတင္ေနခဲ့ပါ တယ္ ။ ဒါ့အျပင္ Albay ျပည္နယ္ အစိုးရကလည္း အႏၲရာယ္မ်ားတဲ့ ဧရိယာေတြမွာ ေနထိုင္ၾကသူေတြအေနနဲ႕ ေနအိမ္ေတြက ထြက္ခြာၾကဖို႔ အမိန့္ထုတ္သြားမွာျဖစ္ေၾကာင္း ေဒသဆိုင္ရာ သဘာဝေဘး တာဝန္ရွိသူ ဂရီေမးလ္ နတ္ဇ္က DZBB အသံလႊင့္ဌာနကို ေျပာဆိုပါတယ္။ “ဒီတိုင္ဖြန္းရဲ႕ ျပင္းအားဆိုတာ ဟာသ ေျပာေနတာ မဟုတ္ပါဘူး” လို႔ ၎က ဆိုပါ တယ္ ။

ၿပီး ခဲ့ တဲ့ သီတင္းပတ္က တိုက္ခတ္ခဲ့တဲ့ တိုင္ဖြန္း Molave ေၾကာင့္ လူ ၂၂ ဦး ေသဆုံးခဲ့ၿပီး ၿမိဳ႕ေတာ္ မနီလာေတာင္ပိုင္းရွိ ျပည္နယ္ေတြမွျဖစ္ကာ အမ်ားစုက ေရနစ္ေသဆုံးခဲ့တာျဖစ္ပါတယ္။ နိုင္ငံတြင္း ၁၈ လုံးေျမာက္ မုန္တိုင္းအျဖစ္ ဝင္ေရာက္မယ့္ ဂိုနီရဲ႕ လမ္းေၾကာင္းမွာ လည္း ယင္း ျပည္နယ္ေတြ ပါဝင္ေန ပါ တယ္။

ေ႐ႊ႕ေျပာင္းေနရာခ်ထားေရး စင္တာေတြ မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ မျဖစ္ေအာင္ ကာကြယ္ဖို႔အတြက္ social distancing သတ္မွတ္ဖို႔ လိုအပ္တာေၾကာင့္ အာဏာပိုင္ေတြဟာ ေနာက္ထပ္ ေဘးက်ပ္နံက်ပ္အေျခအေနတစ္ခုနဲ႕ ရင္ဆိုင္ေနရ ပါ တယ္ ။ ဖိလစ္ပိုင္ဟာ အေရွ႕ေတာင္အာရွမွာ အင္ဒိုနီးရွားၿပီးရင္ COVID-19 ကူးစက္၊ ေသဆုံးမႈ ဒုတိယအမ်ားဆုံးနိုင္ငံျဖစ္ပါတယ္။ေဒသဆိုင္ရာ တာဝန္ရွိသူေတြဟာ ဆိပ္ကမ္းဆိုင္ရာ လုပ္ငန္းေဆာင္တာေတြကို ဖ်က္သိမ္းခဲ့ၿပီး ပင္လယ္ျပင္ထြက္မယ့္ ငါးဖမ္းသမားေတြ ကိုလည္း တားျမစ္ထား ပါတယ္။

တိုင္ဖြန္း ဂိုနီဟာ ပစိဖိတ္ သမုဒၵရာကေန အေနာက္ဘက္ အရပ္ကို တစ္နာရီ ၁၂ မိုင္ႏႈန္း ဦးတည္ေ႐ြ႕လ်ားေနၿပီး စေနေန႕ ညေနပိုင္းမွာ ၿမိဳ႕ေတာ္ မနီလာနဲ႕ အနီးဝန္းက်င္ ျပည္နယ္ ၁၄ ခုမွာ မိုးသည္းထန္စြာ ႐ြာသြန္းဖို႔ရွိကာ ေရႀကီး၊ ေျမၿပိဳမႈေတြ ျဖစ္လာနိုင္ေၾကာင္း သိရပါ တယ္။

Ref;Reuters
Source; AKonThi

Leave a Reply

Your email address will not be published. Required fields are marked *