မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန် ပြည်သူကိုေ တာင်းပန်ပြီး မျက်ရည်ကျခဲ့တယ်ဆိုတဲ့ သတင်း နဲ့ နိုင်ငံရေးမျက်လှည့်များ

Posted on

ကမ္ဘာ့နိုင် ငံရေးမျ က်လှည့်ဆရာ ထရန့်ကို မျက်လှ ည့်ပြန်ပြသော မြောက်ဝက်ပု (သို့) မြောက်ဝက်ပု နိုင်ငံရေးမျက်လှည့်အကွက်နဲ့ တရုတ်အား ဒုအကြိမ် ကူညီပေးမှု( နိုင်ငံရေးမျက်လှည့်အကွက်များနဲ့ ကမ္ဘာ့သရုပ်ပြယှဉ်ပြိုင်မှု )

တကမ္ဘာလုံး ကျားမ လူကြီး လူငယ် မရွေး ရင်ထဲရောက်ပြီး ထိတဲ့အကွက်က မျက်ရည်ကျ ဒရမ်မာချူအကွက်ပဲ ဒီအကွက်ကို ဆိုးသွမ်းနေတဲ့ လူကြမ်းက လုပ်ပြရင်တောင် ခွင့်လွှတ် သနားလာတတ်ကြတာ လူသား နှလုံးသား စိတ်စွမ်းအင်ပဲဆိုတော့ ဒီအကွက်ကို အာဏာရှင်တွေလည်း တခါတရံ နူးညံ့ သိမ်မွေ့ မျက်ရည်ဝဲပြ တောင်းပန်ပြပြီး ပြည်သူကို လှည့်စားတ တ်တယ်ဆိုတာ

နိုင်ငံရေးမျက်လှည့်အကွက်များနဲ့ ကမ္ဘာ့သရုပ်ပြယှဉ်ပြိုင်မှု

အခု ကမ္ဘာ့နိုင်ငံရေးမျ က်လှည့်ဆရာ ထရန့်ကိုေ တာင် ပညာခြင်းယှဉ်ပြဖို့ လှည့်စားခဲ့တဲ့ မြောက်ဝက်ပု နိုင်ငံရေးလှည့်ကွက်နဲ့ တရုတ်ကို ကူညီပေးမှုဆိုတာကို မိမိအမြင် ခန့်မှန်းမှုနဲ့ သုံးသပ်ကြည့်ရသော် . .

ထိုနိုင်ငံရေး ရုပ်ရှင်ပိတ် ကားအထက်က ပြကွက်ကို လူတွေ တွေ့မြင်ပြီး ချက်ခြင်း အီမိုရှင်းဖြစ် စိတ်ပြောင်းလဲ အမြင်ပြောင်းလဲသွားကြပြီး မြောက်အာဏာရှင် အပေါ်မှာတောင် အ မှား သံသယတွေေ ပျာက်ကာ ကင်ဂျုံအန်ဟာ ကိုယ်ချင်းစာ သနားညင်နာစိတ် နူးညံ့မှုနဲ့ မေတ္တာစိတ် ချစ်တတ်ခံစားတတ်တဲ့ စိတ်ရှိပါ့လားလို တတဂ်မိမိမသိစိတ်တွင်းမှာ ခံစားသိမြင် သွားကြတယ် မဟုတ်လား

ဒီတော့ ပြီးခဲ့တဲ့ရက် ပိုင်းအတွင်းက မြောက်ကို ရီးယားသမ္မတ ကင်ဂျုံအန် ပြည်သူကိုတောင်းပန်ပြီး မျက်ရည်ကျခဲ့တယ်ဆိုတဲ့သတင်းက တကမ္ဘာလုံး ဟိုးလေကျော် ရိုက်ခတ်သွားပြီး ကမ္ဘာ့နိုင်ငံရေးလောကအကြား လှုပ်ခတ်သွားသောကြောင့် သံသယတွေများစွာ ၊ ဖြစ်နိုင်ပါ့မလား ၊ ဟန်ဆောင်တာလား ၊ ဟုတ်ပါ့ဟုတ်ပါ့မလား ၊ လှည့်ကွက်တွေလား ၊ ကင်ဂျုံအန်အစစ်လား

စသည့် မယုံကြည်မှု မြောက်မြားစွာနဲ့ ကမ္ဘာ့နိုင်ငံတွေအပေါိ သို့လောသို့လောနဲ့ အထင်မြင်ပေါင်းများစွာ ခန့်မှန်းမှုပေါင်းများစွာနဲ့ ကင်ဂျုံအန်တစ်ယောက် ပြောင်းလဲ လာပြီလားလို့တောင် တွေးဆ သုံးသပ်ကြပါလိမ့်မယ်

ဘာကြောင့်ဆိုတော့ ကင်ဂျုံအန်က သူ့ပြည်သူတင် မဟုတ် တောင်ကိုရီးယား ငါးဖမ်းသဘ်ောပါ ဖမ်းစီးနစ်မြုပ်ပစ်ခတ်ခဲ့သောကြောင့် တောင်ကိုပါတောင်းပန်ရင်း ထို့နောက် သူ့ပြည်သူကိုပါ တောင်းပန် မျက်ရည်ကျမှုကို လေ့လာကြည့်ရင် ကင်ဂျုံအန်ဟာ

– ပထမ သေပြီဆိုပြီး ကောလဟာလနဲ့ တရုတ်၏ နိုင်ငံရေးအကြပ်တည်းကို လမ်းကြောင်းလွှဲ ကူညီပေးထားသလို

– ယခုလည်း မျက်ရည်ကျ ဒရမ်မာချူပြသည့် အကွက်နဲ့ တရုတ်ကို ထပ်ကူညီပေးလိုက်တာပဲဖြစ်သည်

အဘယ့်ကြောင့်ဆိုသော် အကြောင်းအရင်းက ယခုချိန် တရုတ်ဟာ တကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်နေပြီး အထူးသဖြင့် သူတို့ကျင့်သူံးလုပ်ဆောင်နေသည့် ကွန်မြူနစ်အာဏာရှင်စနစ်ကို တကမ္ဘာလုံးမှ ဆန့်ကျင် ရှုံ့ချနပြီး ထိုစနစ်ကို ပြောင်းလဲဖြိုဖျက်ဖို့ လုပ်ဆောင်နေသောကြောင့်

ထို့အပြင် ထိုစနစ်နဲ့ ရပ်တည်နေသော တရုတ်နဲ့ မြောက်ကိုရီးယားတို့၏ နိုင်ငံရေး သိက္ခာပုံရိပ်သည် ကမ္ဘာအလည်တွင် ကျဆင်းနေပြီး အဆင့်မရှိ တန်းမဝင်သော အဖက်မလုပ်ခံရသာ အခြေနေ အဖြစ်သို့ ရောက်ရှိနေသောကြောင့် အဆိုးဆုံးမှာ ကမ္ဘာက တရုတ်ကို ဖြိုချပြီးလည်း မြောက်ကိုရီးယားဟာ သူ့အလှည့် လာတော့မည်ဆိုတာ ကြိုသိ၍ လက်နက်တွေ ထုတ်ပြပြီး

နိုင်ငံရေးမျက်လှည့်အကွက်များနဲ့ ကမ္ဘာ့သရုပ်ပြယှဉ်ပြိုင်မှု

ထိုစနစ်နဲ့ အုပ်ချုပ်နေသော သူများသည် လူအများသမုတ်သော အာဏာရှင်များ စနစ်ဟုဆိုသော်ငြား ကွန်မြူနစ်ခေါင်းဆောင်များမှာမူ ပြည်သူကို သနား ကြင်နာ ချစ်ခင်ပြီး ကြည့်ရှု့စောင့်ရှောက်သော စိတ်ထား မေတ္တာများ ရှိပါကြောင်း ပြယုဒ်ကို ကမ္ဘာအား မြင်အောင်ပြသလိုက်ပြီး

သူတို့ကွန်မြူနစ် စနစ်ဟာလည်း ကမ္ဘာကကျင့်သုံး လက်ခံသော ဒီမိုကရေစီ စနစ်ကဲ့သို့ အဆင့်နဲ့ တန်းတူ ဖြစ်ပါကြောင်း ပုံရိပ်ကို ပြသ ဆွဲတင်ပြီး တရုတ်ထိုးနှပ်ခံနေရမှုနဲ့ တရုတ်ပြည်စနစ်ကို စစ်ရေးအရ အရေးယူပြီး ပြောင်းလဲဖို့ လုပ်ဆောင်နေသော ကမ္ဘာ့နိုင်ငံများကို သတိပေး ပြသလိုက်ပြီး

သူတို့ ကွန်မြူနစ်စနစ်နဲ့ ခေါင်း‌ဆောင်များသည် သူတို့လည်း တိုင်းပြည်နဲ့လူမျိုးကို ချစ်တတ်ကြောင်း စောင့်ရှောက်ကူညီနေကြောင်း လူ့အခွင့်အရေးများကို အလေးထားကြောင်း မေတ္တာစိတ်နဲ့ အုပ်ချုပ်နေသူတွေ စနစ်ဖြစ်ကြောင်း အရိပ်မွတ် ပြသလိုက်ခြင်းဖြစ်ပေသည် သို့အတွက် ကမ္ဘာမှ တရုတ်အပေါ် ပုံမဲနေမှုနဲ့ အမြင်များ သွေဖီသွားအောင် မြောက်ဝက်ပုမှ ကမ္ဘာကိုလှည့်စားကာ

သူတို့အာဏာရှင် ကွန်မြူနစ်စနစ်သည်လည်း ဒီမိုကရေစီ စနစ်ခေါင်းဆောင် နိုင်ငံများကဲ့သို့ ဖြစ်ကြောင်း လူသားတို့၏စိတ်အတွင်းသဏ္ဍန်ထဲသို့ အတွေးဝင်စေရန် ပုံရိပ်ကို တပ်လှန့် ဖော်ဆောင်ပြသလိုက်ခြင်း ဖြစ်ပေသည်

သို့အရာတွင် ထိုအရာ လှည့်စားမှုကို မယုံကြည်ရမှုများစွာနဲ့ အချက်လက်တွေကို တွေ့မြင်နေရသောကြောင့် ကင်ဂျုံအင်သည်လည်းပဲ နိုင်ငံရေး မျက်လှည့်ဆရာ တစ်ဆူဖြစ်ကြောင်း သဘောပါက် သိမြင်လာနိုင်လေသည်

အဘယ့်ကြောင့်ဆိုသော် မြောက်ကိုရီးယား၏ ထိုစစ်‌ရေးပြအခမ်းနားအပြီး

– တရုတ်မှသဝဏ်လွှာ‌ပေးပို့ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးကို ပိုမိုတည်ဆောက်သွားမည် ဖြစ်ကြောင်း နဲ့ ကျေးဇူးတင်လွှာကို ပို့သလိုက်သလို

– နိုင်ငံပြည်သူ အကြပ်တည်းဖြစ်နေတာတောင်မှ လက်နက်တွေပဲ ဦးတည် တည်ဆောက် စုဆောင်း ကြွားဝါ ပြသနေခြင်း

– တောင်ကိုရီးယား ငါးဖမ်းသဘ်ော ပစ်ခတ်နစ်မြုပ်မှုအားတောင်းပန်ပြီး ပြန်လည်ပေါင်းစည်းမည်ဆို တာက သူငတ်တိုင်း ပြောနေ လုပ်နေကြဖြစ်ခြင်း

– သူ့ပြည်သူအား မျက်ရည်ကျ တောင်းပန်သည်ဆိုတာက ယခုလို နိုင်ငံရေး လှည့်ဖျားပြီး တရုတ်အား ကူညီပေးမှု ကစားကွက်ဖြစ်ပြီး

– ကွန်မြူနစ် အာဏာရှင်စနစ်ကို Role တင်ခြင်းနဲ့ သူ့ ပြည်သူ ကြပ်တည်း ဆူပူမှုနဲ့ ငြိုငြင်မှုမှနေ လွတ်မြောက်အောင် ချွေးသိပ်ပြခြင်းသာ ဖြစ်ပြီး

– လက်နက်တွေ ထုတ်ကြွားမှုက သူ့နိုင်ငံပြည်သူအတွက် ကာကွယ်ပေးနေကြောင်းနဲ့ ဂျပန်၏စစ်ရေး ခြိမ်းခြောက်မှုကို တန်ပြန်တုံ့ပြန်ပြခြင်း

နိုင်ငံရေးမျက်လှည့်အကွက်များနဲ့ ကမ္ဘာ့သရုပ်ပြယှဉ်ပြိုင်မှု

ထူးခြားမှုမှာ သူ့ပြည်သူအား ကိုဗစ်ဘေးမှ မကာကွယ်နိုင်ဘူးဟု ပြောဆိုပြီး မျက်ရည်ကျပြခြင်းဟာ တနည်းအားဖြင့် ကိုဗစ်ကြောင့် ဆုံးရှုံးမှုများအတွက် တရုတ်ဆီမှနေ တဖက်လှည့်နဲ့ လျော်ကြေးအသွင် အကူညီများ ပေရန် တောင်းဆိုလိုက်ခြင်းပင် ဖြစ်လေသည်

အဘယ့်ကြောင့်ဆိုသော် ကမ္ဘာမှ တရုတ်ထံ ‌ကိုဗစ်လျော်ကြေး ဝိုင်းတောင်းဆိုထားချိန် မြောက်ဝက်ပုမှ ပေါ်တင် တောင်းမရပဲ တစ်စုံတစ်ရာ အကူညီ အစားသောက် ဆေးဝါး နိုင်ငံပြည်သူအတွက် လိုအပ်သော အရာများကို ကိုဗစ်နာမည်တပ် အကြောင်းပြပြီး

တရုတ်ထံ တဖက်လှည့်နဲ့ တောင်းဆိုလိုက်သည်ဆိုတာ တရုတ်လည်း မြွေမြွေခြင်း ခြေမြင်၍ ခုလောက်ဆို စားနက်ရိက္ခာနဲ့ ဆေးဝါးကူညီမှုများ ခိုးကြောင်ဝှတ်စွာ ထောက်ပံ့ပေးနေမှာ ကြိမ်းသေနေသောကြောင့်

လက်ဝါးခြင်းရိုက် ကမ္ဘာ့နိုင်ငံရေးမျက်လှည့်ဆရာနဲ့ ဒီမိုကရေစီအပေါင်းအပါ နိုင်ငံများတသိုက်ကို မြောက်မှ ပါးပါးလေးပုတ် ဂျင်းထဲ့ပြီး မျက်ရည်ချူ ဖိန့် ဒရမ်မာအကွက်နဲ့ တရုတ်အားကူညီပေးပြီး

သူ့ Image ကို ခပ်တည်တည်နဲ့ လုပ်ဆောင် တင်ပြသွားသောကြောင့် ကျန်ခဲ့ မြင်ရ ကြားရသူ အပေါင်းမှာ ဟာခနဲ ဟင်ခနဲ့ လှည့်စားမှု အတတ်ပညာမှာ မျက်စိကျ ပွဲအရသာ တွေ့ပြီး အာဏာရှင်ကင်ဂျုံအင်တစ်ယောက် မေတ္တာတရားကြီးမားပါ့လား နူးညံ့ပြောင်းလဲ လာပြီလားဟု တွေဝေ ငိုင်ထွေသွားကြသည် မဟုတ်ပါလား

သို့ကြောင့် ယခု ကင်ဂျုံအန် လုပ်ဆောင်မှု သရုပ်ဆောင်မှု ပြကွက်ကို မြင်လိုက်ရတော့

– IS ခေါင်းဆောင်တွေ အသေခံဗုံးခွဲမည့်သူတွေကို ဘုရားကစောင့်နေတယ် သွားတော့ဟူသော စကားနဲ့

– ရှီကျင့်ဖျင် ကိုဗစ်ဖြစ်အပြီး ပြည်သူကို သွားနှစ်သိမ့်ပုံ

– ပြည်သူကို ရက်စက်ညှင်းပန်းခဲ့တဲ့ ကဒါဖီနဲ့ ဆာဒန်ဟူစိန်ရဲ့ နောက်ဆုံးထွက်သက်အထိ ဒါငါ့နိုင်ငံ ငါ့ပြည်သူဟူသော စကား ပုံရိပ်တို့ကို ပြန်လည် မြင်ယောင်လာပြီး

ယခုလည်း ထိုအတိုင်းပဲဟု အာဏာရှင်တို့မည်သည် လက်တွေ့မရှိ မလုပ် အထက်ရောက်လျင် ဖိနှိပ်မည် အောက်ကျလျင်လည်း တောင်းပန်ကန်တော့ဖို့ ဝန်လေးနေမှာ မဟုတ်သလို သူတို့အတွက် ဂုဏ်သိက္ခာဆိုတာမရှိ အနာဂါတ်ဆိုတာမသိ

သူတပါးအတွက်ဆိုတာမကြည့် မိမိပစ္စုပ္ပန်အတွက်ပဲ အာဏာစက်နဲ့ တည်မြဲ ကောင်းမွန်အောင် နေထိုင် ကျင့်သုံး လုပ်ဆောင်မည့် ကိုယ်ကျိုးကြည့် အတ္တသမားတွေ ဖြစ်သောကြောင့်

ကင်ဂျုံအင် ယခု အပြောအဆို အမူယာတွေအား စစ်လား မှန်လား သိချင်ရင် သူ၏ ပြောဆိုထားမှုတွေအား လက်တွေ့ အကောင်ထည်ဖော် ဖြစ်လာ လုပ်လာလေမလားဆိုတာနဲ့ နှိုင်းယှဉ် ဆူံးဖြတ် သုံးသပ်ကြရမှာ ဖြစ်သလို ထိုအတွက် စောင့်ကြည့်လေ့လာရုံမှတပါး အခြားမရှိပေ

ထို့အတူ တရုတ်မှလည်း သူနိုင်ငံစနစ်နဲ့ အာဏာရှင်ကွန်မြူနစ်ပါတီ CCP မှ နိုင်ငံအုပ်ချုပ်မှု ကျင့်ဝတ်တွင် မည်မျှ မှန်ကန်ကောင်းမွန်သည်ဆိုတာကို လက်တွေ့ လုပ်ဆောင် ပြောင်းလဲမှုတွေရှိမှ လက်ခံ ယုံကြည် သက်မှတ်နိုင်သလို

နိုင်ငံရေးမျက်လှည့်အကွက်များနဲ့ ကမ္ဘာ့သရုပ်ပြယှဉ်ပြိုင်မှု

ခုတော့ တိဗက်ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကြောင့် အမေရိကန်မှ တိဗက်ဒေသအား စောင့်ကြည့်လေ့လာ ကူညီပေးရန်အတွက် သံတမန်ခန့်အပ်မှုကို တရုတ်မှ လက်မခံပဲ ပြည်တွင်းရေး ဝင်စွတ်ဖက်သည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆန် ကန့်ကွက်နေသည် ဖြစ်ရာ

သို့ကြောင့် မြောက်ကိုရီးယား တရုတ်တို့၏ လုပ်ဆောင်မှု ပြယုဒ်တွေဟာ အပြောနဲ့ လက်တွေ့ များစွာကွာဟရုံမက အလိမ်အညာတွေ ဖြစ်သောကြောင့် ရုပ်ရှင်သာသာ ပြကွက် လှည့်စားမှုတွေ ဖြစ်ကြောင်း သိသာထင်ရှား သက်သေထူလွန်းနေသဖြင့်

မြောက်ကိုရီယား ကင်ဂျုံအန်ရဲ့ တရုတ်ကို ကူညီပေးမှုနဲ့ သူ့နိုင်ငံအတွက် အခက်ခဲအတွက် လွတ်မြောက်အောင် လုပ်ဆောင်မှုနဲ့ နိုင်ငံရေးပါဝါ Image Role မြှင့်တင်မှုဟာ US ရဲ့ တိဗက်ဒေသကို ချက်ကစားဖို့ ကင်းတစ်ကောင် တင်ပြီး အကွက်ရွေ့ပြလိုက်သည်နဲ့ နိုင်ငံရေး အလိမ်ညာဂျင်းဟာ ဗူးပေါ်သလို ပေါ်လာတယ်ဆိုတာ ကမ္ဘာ့နိုင်ငံရေး ရေချိန်မြင့်သူတိုင်း အထင်သား မြင်တွေနေရကြောင်းပါဟု ။

( သုံးသပ်မှု အနေဖြင့်သာ )

မင်းကြည်ညိုနေ (လေးစားစွာ ခရက်ဒစ် ပေးပါသည်)






စသည့် မယုံကြည်မှု မြောက်မြားစွာနဲ့ ကမ္ဘာ့နိုင်ငံတွေအပေိါ သို့လောသို့လောနဲ့ အထင်မြင်ပေါင်းများစွာ ခန့်မှန်းမှုပေါင်းများစွာနဲ့ ကင်ဂျုံအန်တစ်ယောက် ပြောင်းလဲ လာပြီလားလို့တောင် တွေးဆ သုံးသပ်ကြပါလိမ့်မယ်




































Leave a Reply

Your email address will not be published. Required fields are marked *