မြူများ ထူထပ်စွာ ကျဆင်းပြီး အအေးပိုမည် ဟု မိုးဇလ ညွှန်ချုပ် ဦးကျော်မိုးဦး ပြောကြား

Posted on

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင် မြူထူများ ဆိုင်းပြီး အအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး က ပြော ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်၊ ချင်း၊ ရှမ်း၊ ကယားနှင့် မွန်ပြည်နယ်များတွင် ခုနစ်ရက် မှ ကိုးရက်ခ န့်အထိ မြူဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး ၊ မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့်အထိ နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြထား ပါတယ် ။

မြူများ ထူထပ်စွာ ကျဆင်းပြီး အအေးပိုမည် ဟု မိုးဇလ ညွှန်ချုပ် ဦးကျော်မိုးဦး ပြောကြား

“အအေးလည်း နည်းနည်းပိုလာ မယ် ။ ဘာလို့ဆို လေထဲမှာ moisture(အစိုဓာတ်) လေး နည်းနည်းရှိနေခြင်းက မြူကျတာပေါ့နော်။ မြူကျတယ် အအေးလည်းနည်းနည်းပိုလာမယ့် အနေအထားမျိုးမှာ ရှိတာပေါ့။ ပြီးခဲ့တဲ့နှစ်တွေက ထက်စာရင်တော့ ဒီနှစ်က အနည်းငယ် ပိုအေးတဲ့ အနေအထား မျိုးလေးတော့ ရှိပါတယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

ယခုနှစ် ဆောင်းရာသီ တွင် လာနီညာဖြစ်နိုင်ခြေ အားကောင်းသည့် အတွက် လာနီညာ နှစ်ဖြစ်နိုင်ကြောင်း မိုးလေဝသ ပညာရှင်များမှ ခန့်မှန်းထားကြ ပါတယ် ။

လာနီညာ၏ သဘောသဘာဝသည် အေးပြီး စိုစွတ်ကာ ယခင်လာနီညာဖြစ်သည့်နှစ်များ တွင် သိသိသာသာ အအေးပိုသော်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ ကမ္ဘာကြီးပူ‌နွေးလာသည့်အတွက် နှစ်စဉ် အပူချိန်များတိုးလာကြောင်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မြူများ ထူထပ်စွာ ကျဆင်းပြီး အအေးပိုမည် ဟု မိုးဇလ ညွှန်ချုပ် ဦးကျော်မိုးဦး ပြောကြား

“ဒီ ၂၀၂၀ ဟာ လာနီညာနှစ်ဖြစ်ပေမယ့်လည်း အပူချိန်ကတော့ ပိုပြီးတော့ပူတဲ့အနေအထားရှိတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ လာနီညာရဲ့သက်ရောက်မှုကို အနည်းငယ်ခံစားရတဲ့အနေအထားရှိတဲ့ အတွက်ကြောင့် နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလောက်မှာတော့ ပုံမှန်အပူချိန်လောက်ရှိတယ်။” ဟု အဆိုပါ ပုဂ္ဂိုလ်ကဆို ပါတယ် ။

နံနက်ခင်းပိုင်းတွင် မြူများကျလာနိုင်သည့် အနေအထား ရှိသဖြင့် ယာဉ်မတော်တဆဖြစ်မှုများအား သတိပြုရန် လိုအပ်ပြီး မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းစွန်းများတွင် မိုးအနည်းငယ်ရွာနိုင်သည့်အတွက် ထိုဒေသများရှိ စိုက်ပျိုးသီးနှံများအား ရေမထိအောင် ဂရုစိုက်ရန် လိုကြောင်း ဒေါက်တာကျော်မိုးဦး က ပြော ပါတယ်။

Zawgyi

ရန္ကုန္တိုင္းေဒသႀကီး အပါအဝင္ အျခားတိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ား တြင္ ျမဴထူမ်ား ဆိုင္းၿပီး အေအးပိုနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦး က ေျပာ ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ကခ်င္၊ ခ်င္း၊ ရွမ္း၊ ကယားႏွင့္ မြန္ျပည္နယ္မ်ားတြင္ ခုနစ္ရက္ မွ ကိုးရက္ခ န႔္အထိ ျမဴဆိုင္းနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားပါတယ္။

ထို႔ျပင္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလး ၊ မေကြး ၊ ပဲခူး ၊ ရန္ကုန္ ၊ ဧရာဝတီ၊ တနသၤာရီတိုင္းေဒသႀကီးမ်ားႏွင့္ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္တို႔တြင္ သုံးရက္မွ ငါးရက္ခန႔္အထိ နံနက္ပိုင္းတြင္ ျမဴထူမ်ား ဆိုင္းနိုင္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထား ပါတယ္ ။

“အေအးလည္း နည္းနည္းပိုလာ မယ္ ။ ဘာလို႔ဆို ေလထဲမွာ moisture(အစိုဓာတ္) ေလး နည္းနည္းရွိေနျခင္းက ျမဴက်တာေပါ့ေနာ္။ ျမဴက်တယ္ အေအးလည္းနည္းနည္းပိုလာမယ့္ အေနအထားမ်ိဳးမွာ ရွိတာေပါ့။ ၿပီးခဲ့တဲ့ႏွစ္ေတြက ထက္စာရင္ေတာ့ ဒီႏွစ္က အနည္းငယ္ ပိုေအးတဲ့ အေနအထား မ်ိဳးေလးေတာ့ ရွိပါတယ္” ဟု ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

ယခုႏွစ္ ေဆာင္းရာသီ တြင္ လာနီညာျဖစ္နိုင္ေျခ အားေကာင္းသည့္ အတြက္ လာနီညာ ႏွစ္ျဖစ္နိုင္ေၾကာင္း မိုးေလဝသ ပညာရွင္မ်ားမွ ခန႔္မွန္းထားၾက ပါတယ္ ။

လာနီညာ၏ သေဘာသဘာဝသည္ ေအးၿပီး စိုစြတ္ကာ ယခင္လာနီညာျဖစ္သည့္ႏွစ္မ်ား တြင္ သိသိသာသာ အေအးပိုေသာ္လည္း ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းမွစတင္ကာ ကမာၻႀကီးပူ‌ေႏြးလာသည့္အတြက္ ႏွစ္စဥ္ အပူခ်ိန္မ်ားတိုးလာေၾကာင္း ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

“ဒီ ၂၀၂၀ ဟာ လာနီညာႏွစ္ျဖစ္ေပမယ့္လည္း အပူခ်ိန္ကေတာ့ ပိုၿပီးေတာ့ပူတဲ့အေနအထားရွိတယ္။ ျမန္မာနိုင္ငံအေနနဲ႕ေတာ့ လာနီညာရဲ႕သက္ေရာက္မႈကို အနည္းငယ္ခံစားရတဲ့အေနအထားရွိတဲ့ အတြက္ေၾကာင့္ နိုဝင္ဘာ၊ ဒီဇင္ဘာနဲ႕ ဇန္နဝါရီေလာက္မွာေတာ့ ပုံမွန္အပူခ်ိန္ေလာက္ရွိတယ္။” ဟု အဆိုပါ ပုဂၢိဳလ္ကဆို ပါတယ္ ။

နံနက္ခင္းပိုင္းတြင္ ျမဴမ်ားက်လာနိုင္သည့္ အေနအထား ရွိသျဖင့္ ယာဥ္မေတာ္တဆျဖစ္မႈမ်ားအား သတိျပဳရန္ လိုအပ္ၿပီး ျမန္မာနိုင္ငံေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းစြန္းမ်ားတြင္ မိုးအနည္းငယ္႐ြာနိုင္သည့္အတြက္ ထိုေဒသမ်ားရွိ စိုက္ပ်ိဳးသီးႏွံမ်ားအား ေရမထိေအာင္ ဂ႐ုစိုက္ရန္ လိုေၾကာင္း ေဒါက္တာေက်ာ္မိုးဦး က ေျပာ ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *