မြန်မာ့ စစ်ခေါင်းဆောင်တွေ ငှားရမ်းလိုက်တဲ့ ကမ္ဘာ့စစ်အာဏာသိမ်းခေါင်းဆောင်တွေကို လော်ဘီလုပ်ပေးခဲ့တဲ့ ကမ္ဘာကျော်ပွဲစားလူလိမ် ကြီး ARI BEN-MENASHE အကြောင်း…

Posted on

ကမ္ဘာ့ စစ်အာဏာသိ မ်းခေါင်းဆောင်ေ တွကိုလော်ဘီ လုပ်ပေးခဲ့ တဲ့ ကမ္ဘာကျော်ပွဲစားလူလိမ် ကြီး Ari Ben-Menasheကို မြန်မာစ စ်ခေါင်းဆောင်တွေ ငှားရမ်းလိုက် တယ်လို့ ရိုက်တာသတင်း ကကနဦးေ ဖာ်ပြခဲ့ပါတယ်။

မြန်မာစစ်ခေါ င်းဆောင်တွေက အကျိုးဆော င်အဖြစ် သူနဲ့သူ့ကုမ္ပဏီကို ငှားရ မ်းထားကြောင်း ကနေဒါနိုင်ငံ Dickens & Madson ကုမ္ပဏီက အစ္စရေး- ကနေဒါနိုင်ငံသား က မနေ့ကထုတ်ဖော်ေြ ပာကြားလိုက်တာပါ။

ကမ္ဘာကျော်ပွဲစားလူလိမ် ကြီး ARI BEN-MENASHE အကြောင်း…

မြန်မာစစ်ဗိုလ်ချု ပ်တွေဟာ နိုင်ငံရေးကနေ စွန့်ခွါလို သူတွေဖြစ်ပြီး သူတို့ဟာ တရုတ် လွမ်းမိုးမှုကနေ ဖယ်ခွါပြီး အမေရိကန်နဲ့ ပိုမိုနည်းစပ်ဖို့ ဆန္ဒရှိတယ်လူတွေဖြစ်တယ်လို့ သူတို့ ငှားရမ်းထားတဲ့ အစ္စရေးေ ကနေဒါ လော်ဘီကနေ ပြောပါတယ်…

အစ္စရေးရဲ့ ထောက်လှ မ်းရေးဟောင်း ဖြစ်တဲ့ Ari Ben-Menashe က အခုလိုမျိုးပြောခဲ့တာပါ…

ကမ္ဘာကျော်ပွဲစားလူလိမ် ကြီး ARI BEN-MENASHE အကြောင်း…

သူဟာ အရင်တုန်းက ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီနဲ့ ဆူဒန် စစ်အုပ်ချုပ်မှုအတွက် လော်ဘီလုပ်ခဲ့သူပါ…

မြန်မာလက်ရှိ အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေဟာ နေရပ်စွန့်ခွါသွားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ်မှာလည်း လိုလိုလားလား ပြန်လည်လက်ခံဖို့ ဆန္ဒရှိတဲ့လူတွေ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်…

ကမ္ဘာကျော်ပွဲစားလူလိမ် ကြီး ARI BEN-MENASHE အကြောင်း…

UN ရဲ့စာရင်းတွေရတော့ အာဏာသိမ်းပြီးနောက် ဆန္ဒပြသူ အယောက်ငါးဆယ်ထက်မနည်း အသတ်ခံခဲ့ရပြီးဖြစ်ပါတယ်…. စစ်ခေါင်းဆောင်တွေရဲ့ သတ်ဖြတ်မှုတွေအပေါ် အမြန်ဆုံး တုန့်ပြန်ဖို့ UN အထူးသံသမန်ဟာ က UN လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့ သောကြာနေ့ကတောင်းဆိုခဲ့ပါတယ်…

သူတို့အပေါ်မှာ နားလည်မှု လွဲနေကြတာပါလို့… စစ်ဗိုလ်ချုပ်ကြီးတွေ ငှားထားတဲ့ လော်ဘီက ဖုန်းအင်တာဗျူးမှာ ပြောခဲ့ပါတယ်…

ကမ္ဘာကျော်ပွဲစားလူလိမ် ကြီး ARI BEN-MENASHE အကြောင်း…

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ အာဏာရပြီးနောက်ပိုင်းမှာ တရုတ်နဲ့ အရမ်းနည်းစပ်သွားခဲ့တယ် တကယ်လို့ အနောက်နဲ့ အမေရိကန်တို့က ပိုမိုတွန်းအားပေးနိုင်မယ်ဆိုရင် တရုတ်နဲ့နီးစပ်တာတွေကို ဖယ်ခွါနိုင်ပါတယ်…သူတို့ဟာ တရုတ်လွမ်းမိုးအောက်ကနေ ရုန်းထွက်ချင်နေကြတဲ့သူတွေပါ

ကမ္ဘာကျော်ပွဲစားလူလိမ် ကြီး ARI BEN-MENASHE အကြောင်း…

အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန် အစိုးရကတော့ အာဏာသိမ်းမှုကို လူသိရှင်ကြား ရှုတ်ချထာတာဖြစ်ပြီး ပိတ်ဆို့အရေးယူမှုတွေပါ လုပ်ခဲ့တာပါ… ဒီလော်ဘီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရပြောရေးဆိုခွင့်ရှိတဲ့ လူဆီမှာ မှတ်ချက်တောင်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်…

ဒီအင်တာဗျူးကိုတော့ လော်ဘီ Ben-Menashe က တောင်ကိုးရီးယားကနေ ဖုန်းနဲ့ဖြေခဲ့တာဖြစ်ပြီး သူဟာ နေပြည်တော်မှာ လော်ဘီကိစ္စအတွက် အာဏာသိမ်းဗိုလ်ချုပ်ရဲ့ ကာကွယ်ရေးဝန်ကြီး မြတ်ထွန်းဉီးနဲ့ စာချုပ်ချုပ်ဆိုခဲ့တာလို့ဆိုပါတယ်…

တကယ်လို့များသာ ပိတ်ဆို့မှုတွေ အမေရိကန်ရုပ်သိမ်းခဲ့မယ်ဆိုရင်တော့ စာချုပ်ပါအတိုင်း သူက စစ်အစိုးရဆီက ပိုက်ဆံရမှာဖြစ်ပြီး ဘယ်လောက်ရမယ်ဆိုတာတော့ သူမပြောခဲ့ပါဘူး

မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဒီလော်ဘီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်ဆက်သွယ်ရာရမှာ ဆက်သွယ်လို့မရခဲ့ပါဘူး

လော်ဘီ Ben-Menashe က သူအနေနဲ့ ၂၀၁၆ နဲ့ ၂၀၁၇ မှာ နေရပ်စွန့်ခွါခဲ့ရတဲ့ ရိုဟင်ဂျာ တွေကို နေရပ်ပြန်နိုင်ရေးအတွက် တွန်းအားပေးမဲ့ အစီစဉ်တွေကို ဆော်ဒီအာရေးဗီးယား UAE တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေလို့လဲဆိုပါတယ်…

စစ်သားတွေဟာ ရိုဟင်ဂျာတွေကို 2016 နဲ့ 2017 မှာ လက်လွတ်စပါယ် သတ်ပစ်ခဲ့ကြပြီး အမျိုးသမီးတွေကို မဒိန်းကျင့် အိမ်တွေကိုမီးရှို့ခဲ့တယ် လို့ UN ရဲ့ အချက်လက်ရှာဖွေရေးက ဆိုထားပါတယ်…

အခြခံအားဖြင့်တော့ သူတို့အခေါ် ဘင်္ဂါလီတွေပေါ့ သူတို့တွေနေရပ်ပြန်လာနိုင်ရေးအတွက် ရန်ပုံငွေ ရှာတာပေါ့ဗျာ လို့ လော်ဘီက ဆက်ပြောပါတယ် သိန်းနဲ့ချီတဲ့လူတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ မြို့တိုင်းနီးပါးမှာ နေ့တိုင်းဆန္ဒပြနေကြပါတယ်..

ဒေါ်အောင်ဆန်းစုကြည်ပါဝင် ဖမ်းထားသူတွေကိုပြန်လွတ်ဖို့နဲ့ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုပေးဖို့ တောင်းဆိုနေကြပါ..

လော်ဘီက ဆက်ပြောရာမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အကြံအဖန်ပါ..တစ်ချို့တိုင်းရင်းသား လူအနည်းစုတွေကိုတောင် မဲထည့်ခွင့်ပေးခဲ့တာ မဟုတ်ဘူးလေ.. လို့ပြောခဲ့ပေးမယ့် သူ့ဘက်ကတော့ သက်သေပြနိုင်စရာ မရှိပါဘူး…

ဒီရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့ နိုင်ငံတကာ အဖွဲ့စည်းတွေကတော့ ကြီးမားတဲ့ မှားယွင်းမှုမရှိဘူးလို့ ဆိုထားပါတယ်…

လော်ဘီဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ကို နှစ်ကြိမ်တိုင်တိုင်သွားခဲ့ပြီး ဖြစ်တယ်လို့ ပြောခဲ့ပြီး ဒီဆန္ဒပြပွဲတွေကို မြန်မာလူထု အများစုက သဘောမကျကြဘူးလို့ဆိုပါတယ်…

ဆန္ဒပြပွဲတွေကို ဖြိုခွင်းရမှာလည်း ရဲတပ်ဖွဲ့ကသာကိုင်တွယ် ဖြေရှင်းနေတာဖြစ်ပြီး စစ်တပ်ပါဝင်မှုမရှိဘူးလို့ ဆိုပါတယ်… ဒါပေမယ့် လက်တွေ့မှာတော့ စစ်တပ်ရဲ့ပါဝင်ပတ်သက်မှုတွေ ဓာတ်ပုံ ဗီဒီယိုသက်တွေရှိနေပါတယ်…

သူက ဆက်ပြောပါတယ် စစ်တပ်သာလျှင် မြန်မာနိုင်ရဲ့ ဒီမိုကရေစီကိုပြန်ဖော်ဆောင်ပေးနိုင်မှာဖြစ်ပြီး သူတို့က နိုင်ငံရေးကနေ အပြီးတိုင်ထွက်သွားချင်နေတဲ့သူတွေပါတဲ့..

ကမ္ဘာ့စစ်အာဏာသိမ်းခေါင်းေ ဆာင်တွေ ကိုလော်ဘီလုပ်ပေးခဲ့တဲ့က မ္ဘာကျော်ပွဲစားလူ လိမ် ကြီး Ari Ben-Menashe ဘယ်လော က်အထိ လိမ်ပြနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ဖိုတောင် မလိုအပ်တော့ ပါကြောင်းပါဗျား

မူရင်း Soe Zeya Tun ထံမှ ကူးယူဖော်ပြပါသည်။ Credit

Leave a Reply

Your email address will not be published. Required fields are marked *