မြန်မာ့အရေး ဘက်မလိုက်ဘဲ အားလုံးနဲ့ ထိတွေ့သွားမယ်လို့ပြောလာတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ
Posted on
အိမ်နီး ချင်း မြန်မာနိုင်ငံ က အကျပ်အတည်းကို ဖြေလျော့နိုင်ဖို့အတွက် တရုတ်အနေနဲ့ ဘယ်ဘက်ကိုမှ မလိုက်ဘဲ အင်အားစု အားလုံးနဲ့ ထိတွေ့ ဆက်ဆံသွားဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ဒီကနေ့ပြောလိုက်ပါတယ်။
မြန်မာပြည်မှာဖြ စ်နေတဲ့အခြေအေ နတွေဟာ တရုတ်နို င်ငံက တွေ့မြင်လိုတဲ့အနေအထား လုံးဝမဟုတ်ဘူးလို့ ဆိုလိုက်ပြီး မြန်မာစစ်တပ်အာဏာသိမ်းတဲ့ အရေးမှာ တရုတ်ရဲ့ပါဝ င်မှုရှိနေတ ယ်ဆိုတဲ့ ကောလဟ လတွေကို ပယ်ချလိုက်ပါတယ်။
မြန်မာ့အရေး ဘက်မလိုက်ဘဲ အားလုံးနဲ့ ထိတွေ့သွားမယ်လို့ပြောလာတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ
“တရုတ်ပြည် အနေနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာ အာဏာနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားတဲ့အပေါ် အခြေခံပြီး ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်သွယ်သွားဖို့ ဆန္ဒရှိပါတယ်။
ဒါ့ကြောင့် တင်းမာမှုတွေေ လျာ့ကျသွားစေမယ့် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာပါ ဝင်လိုပါ တယ်”လို့ ဘေးဂျင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်ယီက ပြောခဲ့ပါတယ်။
မြန်မာ့အရေး ဘက်မလိုက်ဘဲ အားလုံးနဲ့ ထိတွေ့သွားမယ်လို့ပြောလာတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ
အနောက်နိုင်ငံေ တွအားလုံးက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကို အပြင်းအထန် ရှုတ်ချနေပေမယ့် တရုတ်နိုင်ငံက တည်ငြိမ်မှုကအရေးကြီးတယ်လို့သာ တစ်လျှောက်လုံးပြောနေခဲ့တာဖြစ်ပါတယ်။
“အမျိုးသားဒီမိုကေ ရ စီအဖွဲ့ချုပ်အပါ အဝင် မြန်မာနိုင်ငံက အဖွဲ့အစ ည်းအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို တရုတ်နိုင်ငံက ထားရှိနေပြီး တရုတ်နဲ့မိတ်ဆွေဖြစ်မှုက မြန်မာနိုင်ငံရဲ့ကဏ္ဍအားလုံးရဲ့ သဘောတူညီချက်ဖြစ်ပါတယ်”လို့ ဝမ်ယီက ဆိုပါတယ်။
မြန်မာ့အရေး ဘက်မလိုက်ဘဲ အားလုံးနဲ့ ထိတွေ့သွားမယ်လို့ပြောလာတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ
“မြန်မာပြည်အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း တရုတ်အနေနဲ့ တရုတ်-မြန်မာချစ်ကြည်ရေးကိုသာ ဆက်လက်မြှင့်တင်သွားဖို့ရှိနေပြီး ဒီလမ်းကြောင်းက ပြောင်းလဲ သွားမှာမဟုတ်ပါဘူး”လို့ ဝမ်ယီရဲ့ပြောဆိုချက်ကို ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။
မှတ်ချက်။ ။မြန်မာပြည်တွင်းရှိ တရုတ် စီမံကိန်းနှင့်စီးပွားရေးလုပ်ငန်းအများစုတို့ကမြန်မာပြည်တွင်း နိုင်ငံရေးမငြိမ်သက်မှုတွေ ဒီ့ထက်ဆိုးလာခဲ့ရင် စိုးရိမ်စရာအနေအထား၊အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။
အထူးသဖြင့် ရေနံ၊သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများနှင့် အထူးစီမံကိန်းလုပ်ငန်းတွေထိခိုက်ပျက်စီးမည့်အရေးကို တရုတ်ကြီးအထူးစိုးရိမ်နေပါပြီ။ အစောပိုင်းရက်များတုန်းက တရုတ်ကြီးဟာ မြန်မာ့အရေးကို လျှော့တွက်ထားပုံရပါသည်။
မြန်မာ့အရေး ဘက်မလိုက်ဘဲ အားလုံးနဲ့ ထိတွေ့သွားမယ်လို့ပြောလာတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ
သို့သော် လက်ရှိအချိန်မှာတော့ သူတို့ခန့်မှန်းထားသည့်အတိုင်း ဖြစ်မလာလို့ စိုးရိမ်မှုတွေရှိလာနေကြပြီလည်းဖြစ်သည်။
မြန်မာပြည်တွင်းမှာရှိနေကြတဲ့ တရုတ်နိုင်ငံအကျိုးပြုစီးပွားရေးလုပ်ငန်းတွေ အကုန်လုံးနီးပါး ရပ်ဆိုင်းသွားမည်ဆိုပါက တရုတ်ကြီးအတွက် ကြီးစွာသော ထိခိုက်ဆုံးရှုံးမှုကြီးအဖြစ် ရှိသွားနိုင်ပါသည်။
Credit
Credit
Leave a Reply
Your email address will not be published. Required fields are marked *