မြန်မာပြည် ရဲ့ပထမဦးဆုံးသော အမျိုးသမီး ဆရာဝန် ဒေါက်တာေ ဒါ်စောဆ ( ၁၈၈၄ – ၁၉၆၂)

Posted on

မြန်မာပြည် ရဲ့ ပထမဦးဆုံးသော အမျိုးသမီး ဆရာဝန်ဘွဲ့ရရှိသူ ၊ မြန်မာ့ အမျိုးသမီးဆေးလောက ကို စတင်ဦးဆောင် ခဲ့တဲ့ မိခင်ကြီးလို့ တောင်တင်စားခေါ်ဝေါ်ခဲ့ရ တဲ့ သူကတော့ ဒေါက်တာဒေါ်စောဆဖြစ် ပါတယ်။ ဘာလို့လဲ ဆိုတော့ စစ်ကြိုကာလ(pre-WWII)မှာ အမျိုးသမီး ဆရာဝန်ဆို လို့ ဒေါက်တာ ဒေါ်မေ စုနဲ့ ဒေါက်တာဒေါ်စောဆ ၂ ဦးသာရှိခဲ့ တာပါ။ ဒေါက်တာဒေါ်စောဆ က မြန်မာ အ မျိုးသမီးတွေထဲမှာ မှ ပထမဆုံး ခွဲစိပ် ပါရဂူဘွဲ့ F.R.C.S (Fellowship of the Royal Colleges of Surgeons) ကို ရရှိခဲ့သူဖြစ်ပါ တယ်။

မြန်မာ့ ရိုးရာဆေးလောကမှာတော့ တိုင်းရင်းဆေးဆရာမတွေ ရှိခဲ့ပေမယ့် အနောက်တိုင်းဆေး ပညာလောကမှာတော့ ဒေါ်စောဆက မြန်မာပြည်ရဲ့ပထမဦးဆုံးသော အမျိုးသမီးဆရာဝန်ပါ။

မြန်မာပြည် ရဲ့ပထမဦးဆုံးသော အမျိုးသမီး ဆရာဝန် ဒေါက်တာေ ဒါ်စောဆ

ဒေါ်စောဆ ကို မြန်မာသက္ကရာဇ် ၁၂၄၆-ခု၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်နှစ် ၁၈၈၄-ခု၊ ဩဂုတ်လ (၁)ရက် နေ့ ပြည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ပြည်မြို့ နယ်ပိုင်ဝန်ထောက် ဦးဘိုးစော ဖြစ်ပြီး မိခင်အမည်ကိုမူ မသိရပေ။ ဖခင် ဦးဘိုးစော၏နံမည်ပေးပုံကထူးခြား သည် ။ သူ့တွင်သမီးခြောက်ယောက်ထွန်းကားရာ သမီးများအမည်ကို သူ့အမည် စောနှင့်တွဲဖက်၍ ပါဠိဘာသာ ဂဏန်းအခေါ်အဝေါ်များဖြင့် တွဲဖက်မှည့်ခေါ်ခဲ့သည်။ ပထမဆုံး သမီးကို ပါဠိဘာသာ (ဧက)နှင့် တွဲ ဖက်ပြီး မစောအစ်၊ ဒုတိယသမီးကို မစောဒွေး၊ တတိယသမီးကို မစောတ စသည်ဖြင့် မှည့်ခေါ်ခဲ့သည်။ နောက်ဆုံး ဆဋ္ဌမမြောက် (၆ယောက်မြောက်) သမီးမှာ မစောဆ ဖြစ်လာ ခဲ့သည် ။ သူမ သည် ခရစ်ယာန်ဘာသာဝ င်တဦးဖြစ်ပြီး၊ ငယ်စဉ်ကပင်ပညာတော်သူ တဦးဖြစ်ပါသည် ။

မြန်မာ အမျိုးသမီး ခေတ်ပညာ တတ်များ အလွန်ရှားပါးလှသော ကိုလိုနီခေတ် တွင် ဒေါ်စောဆမှာ သာသနာပြုကောလိပ် တက်ရောက်ခွင့် ရရှိခဲ့သည်။ ယင်းကောလိပ်မှာ ရန်ကုန်မြို့၊ အလုံရပ်ရှိ ဘက်(ပ်)တစ်ကောလိပ် ဖြစ်ပြီး နောင်တွင် ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း သို့ ဂျပ်ဆင်ကောလိပ် အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ ပါသည် ။ ၁၉၀၆ ခုနှစ်တွင် ဒေါ်စောဆ သည် သာသနာပြုကောလိပ် မှ F.A (Faculty of Arts) စာမေးပွဲကို အောင်မြင် ခဲ့သည် ။

မြန်မာပြည် ရဲ့ပထမဦးဆုံးသော အမျိုးသမီး ဆရာဝန် ဒေါက်တာေ ဒါ်စောဆ

ထိုစဉ်ကသူမ အသက် သည် ၂၂ နှစ်သာရှိသေးသည် ။ ထိုအချိန် တွင် ရန်ကုန် တက္ကသိုလ်ဟူ ၍ မရှိသေးပေ ။ သို့ဖြင့် ဒေါ်စောဆက ဝါသနာပါရာ ဆေးကောလိပ် ဆက်တက် သည်။ နောင်ငါးနှစ်အကြာတွင် ဆေးကောလိပ် မှ L.M.S (Licentiate in Medicine and Surgery) ဘွဲ့ကို ၁၉၁၁ ခုနှစ်တွင်ရရှိခဲ့သည်။ စာအလွန်တော်သူ ဖြစ်သဖြင့် လေဒီဒပ်ဖရင် ပညာသင်ဆုကို ရရှိကာ အိုင်ယာလန်နိုင် ငံ၊ ဒဗ္ဗလင်မြို့ရှိ တော်ဝင်ဆေးကောလိပ် ( Royal College of Surgeons ) သို့ ဆက်လက်တက်ရောက် ပညာသင်ကြားခွင့် ရရှိခဲ့သည် ။

ထို့နောက် ၁၉၁၂ ခုနှစ် တွင် ခွဲစိတ် ပါရဂူဘွဲ့ F.R.C.S (Fellowship of the Royal Colleges of Surgeons) ဘွဲ့ကို ရရှိခဲ့သည်။ ဒေါ်စောဆကား ယင်းဘွဲ့ ကို မြန်မာ အမျိုးသမီးများထဲ မှ ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ မကြာမီ ဒေါ်စောဆသည် M.B.E (ခေါ်) Member of the British Empire ဘွဲ့အပြင် အထက်လွှတ်တော် အမတ်အဖြစ်ပါ ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၁၃ ခုနှစ် တွင် Royal College of Physicians ကျောင်း မှ D.P.H (Doctor of Public Health) ဘွဲ့ကို ထပ်မံရရှိပြန်သည် ။

ဒေါ်စောဆသည် ဆရာဝန်ကြီး ဖြစ်လာပြီးနောက် ရန်ကုန်ဆေးရုံကြီး တွင် အမျိုးသမီးဌာန ၏ လက်ထောက် ဆရာဝန်မကြီး အဖြစ်၎င်း၊ ဒပ်ဖရင်တွင် ၁၉၁၄ မှ ၁၉၂၀ ထိ ဆေးရုံအုပ်အဖြစ်၎င်း၊ (၇)နှစ်တိုင်တိုင် အမှုထမ်းခဲ့ သည် ။ မျက်နှာဖြူယောက်ကျား ဆရာဝန်များအကြား ဘီးဆံထုံးကြီး တကားကားဖြင့် ပုဝါစုံချကာ အမှုထမ်းရင်း ပြည်သူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည်။ ဒေါ်စောဆသည် တကိုယ်ရေတကာယဘဝနှင့် လွတ်လပ်စွာလူ တိုင်းအပေါ်ချစ်ခင်သနားကြင်နာစိတ် အပြည့်ဖြင့်ဆက်ဆံခဲ့သူဖြစ်ပါသည်။

သူ့ကို “ဒေါ်ဒေါ်ဆ… ဒေါ်ဒေါ်ဆ… နှင့်“ လူငယ်ပိုင်း ၏ ချစ်ခင်လေး စားမှု ကိုခံခဲ့ရသူဖြစ်ပါသည်။ ဒေါက်တာဒေါ်စောဆဟာသိပ်စိတ်ရှည်တယ်၊ အသန့်အပြန့်ကလည်းအင်မတန်မှကြိုက်တယ် မွေးလူနာအတွက်ရေနွေးတည်တာကအစ ရေနွေးဆူ မဆူလာကြည့်ပြီး ၊ မသန့်ဘူးထင်ရင် သွန်ပစ်ခိုင်းသေးတယ်ဟုသူနာပြုဆရာမများကပြောကြပါတယ်။ “ဆေးနှင့် ကုတာထက် ဒေါ်စောဆက မေတ္တာကရုဏာ နဲ့ ကုတာက ပိုများတယ်” လို့ သူ့ လူနာများရော၊ လက်အောက်ဆရာဝန်ငယ်များကပါပြောကြပါတယ်။

မြန်မာပြည် ရဲ့ပထမဦးဆုံးသော အမျိုးသမီး ဆရာဝန် ဒေါက်တာေ ဒါ်စောဆ

၁၉၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ (A.B.W.F.M.S)၏ ရွှေရတုသဘင် သို့ မြန်မာပြည်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၂၂ အမေရိကန်မှ ပြန်ရောက်လာသောအခါ ကိုယ်ပိုင်သားဖွား ဆေးခန်းကို ဖွင့်လှစ်ခဲ့ သည် ။ ကိုယ်ပိုင်သားဖွားဆေးခန်း တည်ထောင်ထားသော်လည်း ပုဇွန်တောင်ဆေးရုံ၊ ကျွန်းတောလမ်းဆေးရုံ စသည်တို့တွင် ကုသိုလ်ဖြစ် သွားရောက်ကုသပေးခဲ့သည်။ ဒေါက်တာဒေါ်စောဆသည် ဆရာဝန်ကြီး အဖြစ်သာမက ၁၉၂၃ ခုနှစ်တွင် ရန်ကုန်မြူနီစီပါယ်လူကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ထိုစဉ်က ဒေါက်တာ ဒေါ်စောဆသည် မြန်မာအမျိုးသမီးများထဲ ၌ ပထမဆုံး ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည့် မြူနီစီပါယ်လူကြီးဖြစ်ခဲ့သည်။

၁၉၂၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး (Round Table Conference)သို့ အဖွဲ့ဝင်တဦးအဖြစ် တက်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပါဝင်ဆောင်ရွ က် ခဲ့သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှာ အထူးများပြားလှပေသည်။ ကြက်ခြေနီအသင်း၊ ဗြိတိသျှ အင်ပါယာ ကုဋ္ဌနူနာကယ်ဆယ်ရေးအဖွဲ့၊ ခရစ်ယာန်အမျိုးသမီးအသင်း၊ ရန်ကုန်အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့ စသည်တို့တွင် ကိုယ်အားဉာဏ်အားဖြင့် ကူညီဆောင်ရွက်ခဲ့သည်။

၁၉၄၀ ခုနှစ်တွင် ရုတ်တရက် ညာဘက် ကိုယ်တခြမ်း ထုံကျဉ်ကာ လေးလတိတိ အနားယူကာ ဆေးဝါးကုသခံယူခဲ့ ရသည်။ စစ်ကြီး အတွင်း ဂျပန်ခေတ် တွင် တော်တော်နှင့်နလံမထူနိုင်ရှာပါ။ တဖြည်းဖြည်းကျန်းမာလာသည့်နောက် စလင်း၊ လယ်ကိုင်း၊ ညောင်ကိုင်း၊ မင်းဘူး စသည့်ဒေသများသို့ စစ်ပြေးခဲ့ရသည်။ စစ်ပြေးကာလတွင်လည်း အလကားမနေဘဲ အခမဲ့ဆေးကုပေးခဲ့သည်။ ထိုအချိန်က မင်းဘူး မန်းချောင်းတဝိုက်တွင်စစ်ပြေးများခိုလှုံနေရ ဆဲ နူနာမှာလည်းကူးစက်ဖို့အမြန်ဆုံးဖြစ်နေရာ ဒေါ်စောဆမှာ ကာကွယ်ရေးကို အလျင်အမြန်ပြုလုပ်ရတော့သည်။ ဆေးရုံမှလိုအပ်သည်များကိုတောင်းပြီးဝေငှပေးခဲ့သည်။ ဘုန်းကြီးရဟန်း သံဃာတော်အများပင် သူရှိရာ ကိုလာရောက် အလှူခံလေ့ရှိသည်။ လယ်ကိုင်းဖ က် မှေ ဝဒနာရှင်အများစု မှာသူကိုအားကိုးအားထားပြုခဲ့ကြသည်။

မြန်မာပြည် ရဲ့ပထမဦးဆုံးသော အမျိုးသမီး ဆရာဝန် ဒေါက်တာေ ဒါ်စောဆ

တခါတရံ သူကိုယ်တိုင် မအားလပ်သဖြင့်မသွားနိုင်ပါက တူမများကိုအရင်လွှတ်ပြီး အဖျားတိုင်းခိုင်းလေ့ရှိသည်။ လူနာတွေအပေါ်အလွန်စိတ်ရှည်သလောက် သူနာပြုဆရာမလေးများကိုမူ ခပ်တင်းတင်းကြပ်ကြပ်အုပ်ချုပ် သည်။ အင်္ဂလိပ်ဆရာဝန်များလက်လျော့ထားသည်ကိုပင်စိတ်မလျော့ဘဲဆက်လက်ကုသပေးတတ်သည်။စစ်ပြေးတုန်းကဆေးရုံကလည်းရှားပါး၊ ဖျားနာ၊ ဒဏ်ရာရသူတွေကလည်းပေါများ ဆို တော့လက်မလည်အောင်အလုပ်များခဲ့သည်။

မြန်မာပြည် ရဲ့ပထမဦးဆုံးသော အမျိုးသမီး ဆရာဝန် ဒေါက်တာေ ဒါ်စောဆ

တခါတရံမွေးလူနာကို လယ်တောထဲတွင် ကလေးမီးဖွားပေးခဲ့ရတာမျိုးလည်း ရှိသေးသည် ။ ဒေါက်တာဒေါ်စောဆရေးသားပြုစုခဲ့သော သူနာပြုဝမ်းဆွဲ ဆရာမများလက်စွဲစာအုပ် မှာ နောင်သူနာပြုများ အတွက်များစွာ အထောက်အကူဖြစ်ခဲ့သည် ။ ဒေါ်စောဆသည် သစ်ပင် ပန်းပင်စိုက်ပျိုးခြင်းလည်း ဝါသနာပါသေးသည် ။ ကျန်းမာရေးလည်း လိုက်စားသူဖြစ်ကာ သူ့မော်တော် ကားသူမောင်းပြီး တင်းနစ်အမြဲသွား ရိုက်သည် ။

ဒေါ်စောဆသည် ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၈ ) ရက်၊ ည ( ၁၁ )နာရီ အချိန် တွင် သွေးတိုးရောဂါဖြင့် အသက်( ၇၈ )နှစ် အရွယ် တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

မှီငြမ်း – ကိုလိုနီခေတ်ထင် ပေါ်ကျော်ကြား မြန်မာ အမျိုးသမီးများ ( တင်နိုင်တိုး ), မြန်မာ အမျိုးသမီးများ (စောမုံညင်း)

Zawgyi

ျမန္မာျပည္ ရဲ႕ ပထမဦးဆုံးေသာ အမ်ိဳးသမီး ဆရာဝန္ဘြဲ႕ရရွိသူ ၊ ျမန္မာ့ အမ်ိဳးသမီးေဆးေလာက ကို စတင္ဦးေဆာင္ ခဲ့တဲ့ မိခင္ႀကီးလို႔ ေတာင္တင္စားေခၚေဝၚခဲ့ရ တဲ့ သူကေတာ့ ေဒါက္တာေဒၚေစာဆျဖစ္ ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ စစ္ႀကိဳကာလ(pre-WWII)မွာ အမ်ိဳးသမီး ဆရာဝန္ဆို လို႔ ေဒါက္တာ ေဒၚေမ စုနဲ႕ ေဒါက္တာေဒၚေစာဆ ၂ ဦးသာရွိခဲ့ တာပါ။ ေဒါက္တာေဒၚေစာဆ က ျမန္မာ အ မ်ိဳးသမီးေတြထဲမွာ မွ ပထမဆုံး ခြဲစိပ္ ပါရဂူဘြဲ႕ F.R.C.S (Fellowship of the Royal Colleges of Surgeons) ကို ရရွိခဲ့သူျဖစ္ပါ တယ္။

ျမန္မာ့ ရိုးရာေဆးေလာကမွာေတာ့ တိုင္းရင္းေဆးဆရာမေတြ ရွိခဲ့ေပမယ့္ အေနာက္တိုင္းေဆး ပညာေလာကမွာေတာ့ ေဒၚေစာဆက ျမန္မာျပည္ရဲ႕ပထမဦးဆုံးေသာ အမ်ိဳးသမီးဆရာဝန္ပါ။

ေဒၚေစာဆ ကို ျမန္မာသကၠရာဇ္ ၁၂၄၆-ခု၊ ဝါေခါင္လဆန္း (၁၀)ရက္၊ ခရစ္ႏွစ္ ၁၈၈၄-ခု၊ ဩဂုတ္လ (၁)ရက္ ေန႕ ျပည္ၿမိဳ႕တြင္ ေမြးဖြားခဲ့သည္။ ဖခင္မွာ ျပည္ၿမိဳ႕ နယ္ပိုင္ဝန္ေထာက္ ဦးဘိုးေစာ ျဖစ္ၿပီး မိခင္အမည္ကိုမူ မသိရေပ။ ဖခင္ ဦးဘိုးေစာ၏နံမည္ေပးပုံကထူးျခား သည္ ။ သူ႕တြင္သမီးေျခာက္ေယာက္ထြန္းကားရာ သမီးမ်ားအမည္ကို သူ႕အမည္ ေစာႏွင့္တြဲဖက္၍ ပါဠိဘာသာ ဂဏန္းအေခၚအေဝၚမ်ားျဖင့္ တြဲဖက္မွည့္ေခၚခဲ့သည္။ ပထမဆုံး သမီးကို ပါဠိဘာသာ (ဧက)ႏွင့္ တြဲ ဖက္ၿပီး မေစာအစ္၊ ဒုတိယသမီးကို မေစာေဒြး၊ တတိယသမီးကို မေစာတ စသည္ျဖင့္ မွည့္ေခၚခဲ့သည္။ ေနာက္ဆုံး ဆ႒မေျမာက္ (၆ေယာက္ေျမာက္) သမီးမွာ မေစာဆ ျဖစ္လာ ခဲ့သည္ ။ သူမ သည္ ခရစ္ယာန္ဘာသာဝ င္တဦးျဖစ္ၿပီး၊ ငယ္စဥ္ကပင္ပညာေတာ္သူ တဦးျဖစ္ပါသည္ ။

ျမန္မာ အမ်ိဳးသမီး ေခတ္ပညာ တတ္မ်ား အလြန္ရွားပါးလွေသာ ကိုလိုနီေခတ္ တြင္ ေဒၚေစာဆမွာ သာသနာျပဳေကာလိပ္ တက္ေရာက္ခြင့္ ရရွိခဲ့သည္။ ယင္းေကာလိပ္မွာ ရန္ကုန္ၿမိဳ႕၊ အလုံရပ္ရွိ ဘက္(ပ္)တစ္ေကာလိပ္ ျဖစ္ၿပီး ေနာင္တြင္ ရန္ကုန္ တကၠသိုလ္ဝင္း အတြင္း သို႔ ဂ်ပ္ဆင္ေကာလိပ္ အျဖစ္ ေျပာင္းေ႐ႊ႕ဖြင့္လွစ္ခဲ့ ပါသည္ ။ ၁၉၀၆ ခုႏွစ္တြင္ ေဒၚေစာဆ သည္ သာသနာျပဳေကာလိပ္ မွ F.A (Faculty of Arts) စာေမးပြဲကို ေအာင္ျမင္ ခဲ့သည္ ။

ထိုစဥ္ကသူမ အသက္ သည္ ၂၂ ႏွစ္သာရွိေသးသည္ ။ ထိုအခ်ိန္ တြင္ ရန္ကုန္ တကၠသိုလ္ဟူ ၍ မရွိေသးေပ ။ သို႔ျဖင့္ ေဒၚေစာဆက ဝါသနာပါရာ ေဆးေကာလိပ္ ဆက္တက္ သည္။ ေနာင္ငါးႏွစ္အၾကာတြင္ ေဆးေကာလိပ္ မွ L.M.S (Licentiate in Medicine and Surgery) ဘြဲ႕ကို ၁၉၁၁ ခုႏွစ္တြင္ရရွိခဲ့သည္။ စာအလြန္ေတာ္သူ ျဖစ္သျဖင့္ ေလဒီဒပ္ဖရင္ ပညာသင္ဆုကို ရရွိကာ အိုင္ယာလန္နိုင္ ငံ၊ ဒဗၺလင္ၿမိဳ႕ရွိ ေတာ္ဝင္ေဆးေကာလိပ္ ( Royal College of Surgeons ) သို႔ ဆက္လက္တက္ေရာက္ ပညာသင္ၾကားခြင့္ ရရွိခဲ့သည္ ။

ထို႔ေနာက္ ၁၉၁၂ ခုႏွစ္ တြင္ ခြဲစိတ္ ပါရဂူဘြဲ႕ F.R.C.S (Fellowship of the Royal Colleges of Surgeons) ဘြဲ႕ကို ရရွိခဲ့သည္။ ေဒၚေစာဆကား ယင္းဘြဲ႕ ကို ျမန္မာ အမ်ိဳးသမီးမ်ားထဲ မွ ပထမဆုံး ရရွိခဲ့သူျဖစ္သည္။ မၾကာမီ ေဒၚေစာဆသည္ M.B.E (ေခၚ) Member of the British Empire ဘြဲ႕အျပင္ အထက္လႊတ္ေတာ္ အမတ္အျဖစ္ပါ ခန႔္အပ္ျခင္း ခံခဲ့ရသည္။ ၁၉၁၃ ခုႏွစ္ တြင္ Royal College of Physicians ေက်ာင္း မွ D.P.H (Doctor of Public Health) ဘြဲ႕ကို ထပ္မံရရွိျပန္သည္ ။

ေဒၚေစာဆသည္ ဆရာဝန္ႀကီး ျဖစ္လာၿပီးေနာက္ ရန္ကုန္ေဆး႐ုံႀကီး တြင္ အမ်ိဳးသမီးဌာန ၏ လက္ေထာက္ ဆရာဝန္မႀကီး အျဖစ္၎၊ ဒပ္ဖရင္တြင္ ၁၉၁၄ မွ ၁၉၂၀ ထိ ေဆး႐ုံအုပ္အျဖစ္၎၊ (၇)ႏွစ္တိုင္တိုင္ အမႈထမ္းခဲ့ သည္ ။ မ်က္ႏွာျဖဴေယာက္က်ား ဆရာဝန္မ်ားအၾကား ဘီးဆံထုံးႀကီး တကားကားျဖင့္ ပုဝါစုံခ်ကာ အမႈထမ္းရင္း ျပည္သူတို႔၏ အသက္ေပါင္းမ်ားစြာကို ကယ္တင္ခဲ့သည္။ ေဒၚေစာဆသည္ တကိုယ္ေရတကာယဘဝႏွင့္ လြတ္လပ္စြာလူ တိုင္းအေပၚခ်စ္ခင္သနားၾကင္နာစိတ္ အျပည့္ျဖင့္ဆက္ဆံခဲ့သူျဖစ္ပါသည္။

သူ႕ကို “ေဒၚေဒၚဆ… ေဒၚေဒၚဆ… ႏွင့္“ လူငယ္ပိုင္း ၏ ခ်စ္ခင္ေလး စားမႈ ကိုခံခဲ့ရသူျဖစ္ပါသည္။ ေဒါက္တာေဒၚေစာဆဟာသိပ္စိတ္ရွည္တယ္၊ အသန႔္အျပန႔္ကလည္းအင္မတန္မွႀကိဳက္တယ္ ေမြးလူနာအတြက္ေရေႏြးတည္တာကအစ ေရေႏြးဆူ မဆူလာၾကည့္ၿပီး ၊ မသန႔္ဘူးထင္ရင္ သြန္ပစ္ခိုင္းေသးတယ္ဟုသူနာျပဳဆရာမမ်ားကေျပာၾကပါတယ္။ “ေဆးႏွင့္ ကုတာထက္ ေဒၚေစာဆက ေမတၱာက႐ုဏာ နဲ႕ ကုတာက ပိုမ်ားတယ္” လို႔ သူ႕ လူနာမ်ားေရာ၊ လက္ေအာက္ဆရာဝန္ငယ္မ်ားကပါေျပာၾကပါတယ္။

၁၉၂၁ ခုႏွစ္တြင္ အေမရိကန္နိုင္ငံ (A.B.W.F.M.S)၏ ေ႐ႊရတုသဘင္ သို႔ ျမန္မာျပည္၏ ကိုယ္စားလွယ္အျဖစ္ တက္ေရာက္ခဲ့သည္။ ၁၉၂၂ အေမရိကန္မွ ျပန္ေရာက္လာေသာအခါ ကိုယ္ပိုင္သားဖြား ေဆးခန္းကို ဖြင့္လွစ္ခဲ့ သည္ ။ ကိုယ္ပိုင္သားဖြားေဆးခန္း တည္ေထာင္ထားေသာ္လည္း ပုဇြန္ေတာင္ေဆး႐ုံ၊ ကြၽန္းေတာလမ္းေဆး႐ုံ စသည္တို႔တြင္ ကုသိုလ္ျဖစ္ သြားေရာက္ကုသေပးခဲ့သည္။ ေဒါက္တာေဒၚေစာဆသည္ ဆရာဝန္ႀကီး အျဖစ္သာမက ၁၉၂၃ ခုႏွစ္တြင္ ရန္ကုန္ျမဴနီစီပါယ္လူႀကီးအျဖစ္ပါ တာဝန္ထမ္းေဆာင္ခဲ့ေသးသည္။ ထိုစဥ္က ေဒါက္တာ ေဒၚေစာဆသည္ ျမန္မာအမ်ိဳးသမီးမ်ားထဲ ၌ ပထမဆုံး ေ႐ြးခ်ယ္တင္ျမႇောက္ျခင္း ခံခဲ့ရသည့္ ျမဴနီစီပါယ္လူႀကီးျဖစ္ခဲ့သည္။

၁၉၂၃ ခုႏွစ္တြင္ အဂၤလန္နိုင္ငံ၊ လန္ဒန္ၿမိဳ႕၌ က်င္းပေသာ ျမန္မာနိုင္ငံဆိုင္ရာ မ်က္ႏွာစုံညီ အစည္းအေဝး (Round Table Conference)သို႔ အဖြဲ႕ဝင္တဦးအျဖစ္ တက္ေရာက္ခဲ့သည္။ ဒုတိယကမာၻစစ္ မတိုင္မီက ပါဝင္ေဆာင္႐ြ က္ ခဲ့သည့္ ေစတနာ့ဝန္ထမ္း အဖြဲ႕အစည္းမ်ားမွာ အထူးမ်ားျပားလွေပသည္။ ၾကက္ေျခနီအသင္း၊ ၿဗိတိသွ် အင္ပါယာ ကု႒ႏူနာကယ္ဆယ္ေရးအဖြဲ႕၊ ခရစ္ယာန္အမ်ိဳးသမီးအသင္း၊ ရန္ကုန္အမ်ိဳးသမီး ေစာင့္ေရွာက္ေရးအဖြဲ႕ စသည္တို႔တြင္ ကိုယ္အားဉာဏ္အားျဖင့္ ကူညီေဆာင္႐ြက္ခဲ့သည္။

၁၉၄၀ ခုႏွစ္တြင္ ႐ုတ္တရက္ ညာဘက္ ကိုယ္တျခမ္း ထုံက်ဥ္ကာ ေလးလတိတိ အနားယူကာ ေဆးဝါးကုသခံယူခဲ့ ရသည္။ စစ္ႀကီး အတြင္း ဂ်ပန္ေခတ္ တြင္ ေတာ္ေတာ္ႏွင့္နလံမထူနိုင္ရွာပါ။ တျဖည္းျဖည္းက်န္းမာလာသည့္ေနာက္ စလင္း၊ လယ္ကိုင္း၊ ေညာင္ကိုင္း၊ မင္းဘူး စသည့္ေဒသမ်ားသို႔ စစ္ေျပးခဲ့ရသည္။ စစ္ေျပးကာလတြင္လည္း အလကားမေနဘဲ အခမဲ့ေဆးကုေပးခဲ့သည္။ ထိုအခ်ိန္က မင္းဘူး မန္းေခ်ာင္းတဝိုက္တြင္စစ္ေျပးမ်ားခိုလႈံေနရ ဆဲ ႏူနာမွာလည္းကူးစက္ဖို႔အျမန္ဆုံးျဖစ္ေနရာ ေဒၚေစာဆမွာ ကာကြယ္ေရးကို အလ်င္အျမန္ျပဳလုပ္ရေတာ့သည္။ ေဆး႐ုံမွလိုအပ္သည္မ်ားကိုေတာင္းၿပီးေဝငွေပးခဲ့သည္။ ဘုန္းႀကီးရဟန္း သံဃာေတာ္အမ်ားပင္ သူရွိရာ ကိုလာေရာက္ အလႉခံေလ့ရွိသည္။ လယ္ကိုင္းဖ က္ ေမွ ဝဒနာရွင္အမ်ားစု မွာသူကိုအားကိုးအားထားျပဳခဲ့ၾကသည္။

တခါတရံ သူကိုယ္တိုင္ မအားလပ္သျဖင့္မသြားနိုင္ပါက တူမမ်ားကိုအရင္လႊတ္ၿပီး အဖ်ားတိုင္းခိုင္းေလ့ရွိသည္။ လူနာေတြအေပၚအလြန္စိတ္ရွည္သေလာက္ သူနာျပဳဆရာမေလးမ်ားကိုမူ ခပ္တင္းတင္းၾကပ္ၾကပ္အုပ္ခ်ဳပ္ သည္။ အဂၤလိပ္ဆရာဝန္မ်ားလက္ေလ်ာ့ထားသည္ကိုပင္စိတ္မေလ်ာ့ဘဲဆက္လက္ကုသေပးတတ္သည္။စစ္ေျပးတုန္းကေဆး႐ုံကလည္းရွားပါး၊ ဖ်ားနာ၊ ဒဏ္ရာရသူေတြကလည္းေပါမ်ား ဆို ေတာ့လက္မလည္ေအာင္အလုပ္မ်ားခဲ့သည္။

တခါတရံေမြးလူနာကို လယ္ေတာထဲတြင္ ကေလးမီးဖြားေပးခဲ့ရတာမ်ိဳးလည္း ရွိေသးသည္ ။ ေဒါက္တာေဒၚေစာဆေရးသားျပဳစုခဲ့ေသာ သူနာျပဳဝမ္းဆြဲ ဆရာမမ်ားလက္စြဲစာအုပ္ မွာ ေနာင္သူနာျပဳမ်ား အတြက္မ်ားစြာ အေထာက္အကူျဖစ္ခဲ့သည္ ။ ေဒၚေစာဆသည္ သစ္ပင္ ပန္းပင္စိုက္ပ်ိဳးျခင္းလည္း ဝါသနာပါေသးသည္ ။ က်န္းမာေရးလည္း လိုက္စားသူျဖစ္ကာ သူ႕ေမာ္ေတာ္ ကားသူေမာင္းၿပီး တင္းနစ္အၿမဲသြား ရိုက္သည္ ။

ေဒၚေစာဆသည္ ၁၉၆၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ( ၂၈ ) ရက္၊ ည ( ၁၁ )နာရီ အခ်ိန္ တြင္ ေသြးတိုးေရာဂါျဖင့္ အသက္( ၇၈ )ႏွစ္ အ႐ြယ္ တြင္ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္သည္။

မွီျငမ္း – ကိုလိုနီေခတ္ထင္ ေပၚေက်ာ္ၾကား ျမန္မာ အမ်ိဳးသမီးမ်ား ( တင္နိုင္တိုး ), ျမန္မာ အမ်ိဳးသမီးမ်ား (ေစာမုံညင္း)

Leave a Reply

Your email address will not be published. Required fields are marked *