မြန်မာနိုင်ငံ ၏ လူဦးရေ ၂၀ % အတွက် Covid-19 ကာကွယ်ဆေး ရရှိရန် ဗြိတိန်က ကူညီမည်

Posted on

မြန်မာနိုင်ငံ ၏ လူဦးရေ ၂၀% အတွက် ကိုဗစ် ကာကွယ်ဆေး ရရှိရန် ဗြိတိန်ကကူညီမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက် ( ယနေ့ ) တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန် သည်။

ယူကေနိုင်ငံ အပါအဝင် နိုင်ငံတကာ အလှူရှင်များ မှ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံမတည် ကူညီကာ မြန်မာနိုင်ငံ အပါအဝင် ကိုဗစ်ကာကွယ်ဆေး လိုအပ်နေသည့် နိုင်ငံများကို ကာကွယ်ဆေး ရရှိရန် ကူညီမည်ဟု ဆို သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး က “မြန်မာနိုင် ငံအပါအဝင် အကူအညီ လိုအပ်နေသောနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိနိုင်ရေး အတွက် ယူကေနိုင်ငံက ၎င်း အပါအဝင် နိုင်ငံတကာအလှူရှင်များထံ မှ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို မတည် ကူညီပေးလျက် ရှိပါတယ်။ ၎င်းဟာ မြန်မာနိုင်ငံ ရှိ လူဦးရေ အနက် အကူအညီ အလိုအပ်ဆုံးဖြစ် သည့် ၂၀% သော သူတို့အတွက် ကာကွယ်ဆေးများရရှိနိုင်ရန် ကူညီပေးမှာဖြစ် ပါတယ်။ မြန်မာပြည်သူ အားလုံး ကာကွယ်ဆေး ရရှိရေး အတွက် ယူကေက ဆက်လက် ပံ့ပိုးကူညီသွားမှာဖြစ် ပါတယ်။

The UK helps raise $1 billion from global donors to help vulnerable countries, including Myanmar, access coronavirus vaccines. This will help provide vaccines for the most vulnerable 20% of the Myanmar population. The UK will continue to support Myanmar as it works to provide vaccines for everyone.” ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

The Ladies News

Zawgyi





The Ladies News

Leave a Reply

Your email address will not be published. Required fields are marked *