မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို မြှင့်တင်ဖို့ ဖိအားတွေ ရှိလာနိုင် တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်

Posted on

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင် နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံ ကို နှစ်ရက်တာ ခရီးစဉ် အဖြစ် ဇန်နဝါရီ ၁၁ ရက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ အိန္ဒိယ နဲ့ ဂျပန်နိုင်ငံ တို့ဟာ မြန်မာနိုင်ငံ နဲ့ ကဏ္ဍ အသီးသီးမှာ ပတ်သက် ဆက်နွယ်မှုတွေ လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံအပေါ် တရုတ် ရဲ့ လွှမ်းမိုးမှု လျော့နည်းလာ မှာ စိုးရိမ်နေတဲ့ အချိန်၊ ဒေသတွင်း မှာ နိုင်ငံတကာ အရေး အပြောင်းအလဲတွေကို ကြည့်ပြီး မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို မြှင့်တင်ဖို့ သူ့ရဲ့ ခရီးစဉ် မှာ ရည်ရွယ်ထားပုံ ရ ပါ တယ် ။

ဝမ်ယီအနေ နဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို အချိန်တို အတွင်း စီစဉ်လိုက်ရပုံ ရတယ် လို့ မြန်မာအစိုးရ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီခရီးစဉ်ဟာ ကာကွယ်ဆေးဆိုင်ရာ သံတမန် သဘောမျိုး ဖြစ်လာမှာ ဆိုပေမယ့် မြန်မာအစိုးရ အတွက်တော့ ကသိကအောက် ဖြစ်လာနိုင်တာတွေ ရှိတယ် လို့ သံတမန် အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။ သံတမန် အများစုနဲ့ နိုင်ငံရေး လေ့လာသူ အများစုကတော့ သူဟာ ဒီထက်စောပြီး မြန်မာနိုင်ငံကို လာဖို့ မျှော်လင့်ခဲ့ပါတယ် ။ ဒါပေမယ့် သူရဲ့ လက်ရှိ ခရီးစဉ်ဟာ တရုတ် – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် လုပ်ရိုးလုပ်စဉ်သာ ဖြစ်တယ်လို့ စင်ကာပူမှာ အခြေစိုက်တဲ့ ISEAS-Yusof Ishak Institute အဖွဲ့ရဲ့ ဒေသဆိုင်ရာ ကျွမ်းကျင်သူနဲ့ မြန်မာ အစီအစဉ်ဆိုင်ရာ ညှိနှိုင်းရေးမှူး မိုးသူဇာကတော့ ပြော ပါတယ်။ တရုတ် အာဏာပိုင်တွေနဲ့ ထိပ်တန်း တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံမှာ အစိုးရသစ် တစ်ရပ် တာဝန်ယူပြီ ဆိုတာနဲ့ မြန်မာနိုင်ငံကို လာကြတာဟာ ထုံးစံလို့ သူက ဆို ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်

အထူးသဖြင့် ဒီခရီးစဉ် ဟာ မြန်မာနိုင်ငံ မှာ သူ့အကျိုးစီးပွား ထိခိုက်စေနိုင်တယ်လို့ ယူဆရတဲ့ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ပါဝင် ပတ်သက်မှုတွေကို တရုတ်နိုင်ငံက စိုးရိမ်မှုတွေ မြင့်တက်နေတာကြောင့် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် တရုတ်နိုင်ငံရဲ့ ထောက်ခံမှု ခိုင်မာစေဖို့နဲ့ ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ အပေါ် ထောက်ပံ့မှုတွေကို မြှင့်တင်ဖို့လည်း ဖြစ်ဖွယ် ရှိပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အဓိက ရည်ရွယ်ချက်ကတော့ အရပ်ဘက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တရုတ်က အစဉ်တစိုက် ထောက်ခံနေတယ် ဆိုတာ နဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိတာကို ဂုဏ်ပြုဖို့ ဖြစ်ပြီး သူဟာ နိုဝင်ဘာ ရွေးကောက်ပွဲပြီးနောက် နေပြည်တော်ကို ပထမဆုံး လာရောက်တဲ့ နိုင်ငံတကာ ထိပ်တန်း သံတမန် ဖြစ် ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ၂၀၁၆ ခုနှစ်မှာ အင်န်အယ်လ်ဒီ အစိုးရ ဖွဲ့နိုင်ချိန်ကလည်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ နိုင်ငံတကာ ထိပ်တန်း တာဝန်ရှိသူ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ နိုင်လို့ ဝမ်ယီ ဒုတိယအကြိမ် လာတာလည်း မထူးဆန်းဘူးလို့ ဆိုရပါမယ်။ မစ္စတာဝမ်ယီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ညှိနှိုင်းနေဆဲ ဖြစ်ပေမယ့် သူဟာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံမယ့်အပြင် စီးပွားရေး နဲ့ ပတ်သက်တဲ့ ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံမယ်လို့ တရုတ် အစိုးရဘက် သတင်း ရင်းမြစ်တွေက ပြောပါတယ်။ လေ့လာသူ အများစုကတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ကိစ္စတွေနဲ့ ကိုဗစ် – ၁၉ အရေး ကူညီထောက်ပံ့မှုတွေကို ဦးစားပေးမယ်လို့ အကဲခတ်ကြ ပါတယ်။

ဒါပေမယ့် တရုတ်ဟာ မြန်မာနိုင်ငံ ကို ဒီထက်ပိုပြီး တွန်းအားပေး လာနိုင်တဲ့ ကိစ္စတွေ ရှိလာနိုင်တယ်လို့ အမေရိကန် အခြေစိုက် Stimson Centre ရဲ့ တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူ Yun Sun က သုံးသပ်ထား ပါတယ်။ တရုတ် – မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု နှေးကွေးနေတာဟာ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ် – ၁၉ ရောဂါကြောင့် ဖြစ်ဖွယ်ရှိပြီး ကိုဗစ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံအကြား အပြုသဘော ဆောင်တဲ့ ဆက်ဆံရေးဟာ အင်န်အယ်လ်ဒီ အစိုးရရဲ့ ဒုတိယ သက်တမ်းအတွင်း အမြင့်ဆုံး ဖြစ်လာမယ်လို့ သူက ဆိုပါတယ်။ အမှန်တကယ်တော့ တရုတ် – မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စင်္ကြံလမ်း (CMEC) ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နေပြည်တော်ကို ၂၀၁၇ ခုနှစ်က လာရောက် ကတည်းက အစပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပူးပေါင်း ဆောင်ရွက်မှုဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့ နည်းလမ်းတစ်ခု အဖြစ် အကြံပြုခဲ့ပါတယ်။ ဒါဟာ ဟိုးယခင်နှစ်တွေ ကတည်းက တရုတ် ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ပိုးလမ်းမ စီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ပါတယ်။

ဝမ်ယီ ရဲ့ ခရီးစဉ်ဟာ နှစ်ပေါင်း ၂၀ အတွင်း တရုတ်သမ္မတ တစ်ဦး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အဲဒီ ခရီးစဉ်ဟာ သူ့ ရဲ့ သမ္မတ သက်တမ်း အတွင်း တရုတ် – မြန်မာ ဆက်ဆံရေးရဲ့ အမြင့်ဆုံး အခြေအနေလို့ တရုတ် အသိုင်းအဝိုင်းက သတ်မှတ်ထားပါတယ်။ အဲဒီ ခရီးစဉ်ထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပါဝင်ပြီး အထူးသဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီ အရေးမှာ ထောက်ခံမှုတွေပေးပြီး မြန်မာနိုင်ငံကလည်း ထိုင်ဝမ်ဟာ တရုတ်နိုင်ငံ ရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံပေးပြီး အပြန်အလှန် ထောက်ခံဖို့တွေ ပါဝင်တယ်လို့ Yun Sun က သုံးသပ် ပြောဆိုပါတယ်။ ဒါပေမယ့် တရုတ် – မြန်မာ ဆက်ဆံရေးဟာ ယခုနှစ် အတွင်းမှာ တရုတ်ဘက်က မျှော်လင့်ထားသလို အဆင်ချော မလာခဲ့ ပါဘူး။

ပြီးခဲ့တဲ့ နှစ်က စပြီး နိုင်ငံရေးအရ ထောက်ခံမှု၊ စီးပွားရေး ပံ့ပိုးမှုနဲ့ ရင်းနှီး မြုပ်နှံမှုတွေမှာ မြန်မာဟာ တရုတ်အပေါ် မှီခို အားထားမှုတွေကို လျှော့ချလာခဲ့ပါတယ်။ တရုတ် – မြန်မာ နယ်စပ်ကို ကိုဗစ် – ၁၉ ရောဂါကြောင့် ပိတ်ပစ်ခဲ့သလို နယ်စပ် ကုန်သွယ်ရေးတွေကိုလည်း တရုတ်ဘက်က ပိတ်ပစ်တာကြောင့် မြန်မာဘက်က နိုင်ငံခြားရေးရာ မူဝါဒ အပြောင်းအလဲတချို့ ဖြစ်ပေါ်စေခဲ့ပုံ ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လုံခြုံရေး၊ ကူညီ ထောက်ပံ့မှု ရရှိရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ကဏ္ဍတွေမှာ မိတ်ဖက် နိုင်ငံတွေ ပိုပြီး များလာစေဖို့လည်း ဦးတည် လာခဲ့ပုံ ရှိပါတယ်။ ဒါပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင် ပထမဆုံး လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာတွေ အများ အပြား ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်မှာတော့ မြန်မာနိုင်ငံနဲ့ ပိုးလမ်းမ စီမံကိန်းကို ရလဒ် အခြေပြုပြီး ဖော်ဆောင်ရေး၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်၊ ရှမ်းနဲ့ ကချင်ဘက်မှာ တရုတ် – မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေ ပါဝင်ခဲ့ ပါတယ်။

တရုတ်အစိုးရ အနေ နဲ့ ဒီစီမံကိန်းတွေ နှောင့်နှေးသွားမှာ စိုးရိမ်နေပြီး စက်တင်ဘာလ အတွင်းကလည်း တရုတ် ကွန်မြူနစ် ပါတီရဲ့ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင် အကြီးအကဲ Yang Jiechi က မြန်မာ့ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့နဲ့ တရုတ် – မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းတွေ ဘယ်လောက် အဆင်ချောလဲ သိနိုင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ ပါသေးတယ်။

ဝမ်ယီရဲ့ ခရီးစဉ်ဟာလည်း တရုတ် – မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းတွေ အကြောင်း သိဖို့ အဓိက ပါဝင်တယ် လို့ သံတမန်တွေနဲ့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။ မြန်မာ အစိုးရ အနေနဲ့ တရုတ်နဲ့ သဘောတူထား တဲ့ စီမံကိန်းတွေမှာ ဒေသခံတွေ အတွက် ဆိုးကျိုး သက်ရောက်နိုင်တာ၊ ပဋိပက္ခတွေ ပိုမို ဆိုးရွားလာစေနိုင်တာနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်နေဖွယ် ရှိတယ် လို့ ISEAS-Yusof Ishak Institute အဖွဲ့ရဲ့ ဒေသဆိုင်ရာ ကျွမ်းကျင်သူနဲ့ မြန်မာအစီအစဉ်ဆိုင်ရာ ညှိနှိုင်းရေးမှူး မိုးသူဇာက ပြော ပါတယ်။

စီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှုနဲ့ ဒေသခံ လူထုကို တိုင်ပင် ဆွေးနွေးဖို့ လိုတယ် ဆိုတာကို မြန်မာ အစိုးရ အနေနဲ့ ပိုမိုနားလည် သိရှိလာပြီး ဒါဟာ စီမံကိန်းတွေ အကောင် အထည်ဖော်ရေး နှောင့်နှေးရုံမျှမက တရုတ်က အမျက်ဒေါသ ထွက်စေနိုင်တယ်လို့ သူက ဆိုပါတယ်။ နိုင်ငံရေးအရ ထင်သာမြင်သာ ကိစ္စတွေလည်း ရှိနေပါသေးတယ်။ ဂျပန်နိုင်ငံ ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ကို သိသိသာသာ ထောက်ခံနေပြီး ရခိုင်အရေးမှာ လည်း မြန်မာ့တပ်မတော် နဲ့ အေအေတို့အကြား အွန်လိုင်းကနေ အလွတ်သဘော ဆွေးနွေးမှု ဖြစ်ဖို့ပါ ကြားဝင် စေ့စပ်နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် တရုတ်နိုင်ငံဘက်ကလည်း ကူမင်းမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်တာမျိုး အပါအဝင် အေအေ နဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ထုတ်ဖော် ပြောကြားနိုင်ခြေ ရှိ ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး တရုတ် ရဲ့ နောက်ထပ်စိုးရိမ် ပူပန်မှု တစ်ရပ်ကတော့ မြန်မာ့ တပ်မတော်ဟာ ရုရှားလုပ် အိန္ဒိယ ရဲ့ ရေငုပ်သငေ်္ဘာကို ဝယ်ယူလိုက်တာ ဖြစ်ပြီး ဒါဟာ ပြဿနာ တစ်ရပ် မဟုတ်ပေမယ့် လည်း မြန်မာရဲ့ မူဝါဒ ပြောင်းလဲလာမှုကို ထင်သာမြင်သာ ရှိစေ ပါတယ်။ အထူးသဖြင့် မြန်မာစစ်ဘက် ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံထုတ် စစ်ဘက် အသုံးအဆောင်တွေထက် အိန္ဒိယနဲ့ ရုရှားနိုင်ငံထုတ် ပစ္စည်းတွေ ကို ပိုမို လိုလားတယ် ဆိုတာ မြင်သာစေ ပါတယ်။ ဒါ့အပြင် ကိုဗစ် – ၁၉ အရေးနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရ တဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေ ထက် အိန္ဒိယက ကာကွယ်ဆေးတွေကို မှာယူ အသုံးပြုဖို့ စီစဉ်နေတဲ့ အတွက် တရုတ်နိုင်ငံအတွက် ရတက်မအေးဖွယ် ဖြစ် ပါတယ်။

အခြေအနေ အရပ်ရပ် ကို သုံးသပ်ကြည့်ရရင် ဝမ်ယီ ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကိုဗစ် – ၁၉ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ အတွက် ကာကွယ်ဆေး ဆိုင်ရာ သံတမန် ချဉ်းကပ်မှု လို့ ယူဆရပေမယ့် လည်း စီးပွားရေး စီမံကိန်းတွေ၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးနဲ့ အထွေထွေ လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ အတူ အလွန်ရှုပ်ထွေးဖွယ် ရှိနေ ပါတယ်။

Real Power Online Media

Zawgyi

တ႐ုတ္ျပည္သူ႕ သမၼတနိုင္ငံ နိုင္ငံေတာ္ ေကာင္စီဝင္ နဲ႕ နိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယီဟာ ျမန္မာနိုင္ငံ ကို ႏွစ္ရက္တာ ခရီးစဥ္ အျဖစ္ ဇန္နဝါရီ ၁၁ ရက္မွာ ေရာက္ရွိမွာ ျဖစ္ပါတယ္။ အိႏၵိယ နဲ႕ ဂ်ပန္နိုင္ငံ တို႔ဟာ ျမန္မာနိုင္ငံ နဲ႕ က႑ အသီးသီးမွာ ပတ္သက္ ဆက္ႏြယ္မႈေတြ လုပ္ေဆာင္ေနတာေၾကာင့္ ျမန္မာနိုင္ငံအေပၚ တ႐ုတ္ ရဲ႕ လႊမ္းမိုးမႈ ေလ်ာ့နည္းလာ မွာ စိုးရိမ္ေနတဲ့ အခ်ိန္၊ ေဒသတြင္း မွာ နိုင္ငံတကာ အေရး အေျပာင္းအလဲေတြကို ၾကည့္ၿပီး ျမန္မာနိုင္ငံ အေပၚ ၾသဇာ လႊမ္းမိုးမႈကို ျမႇင့္တင္ဖို႔ သူ႕ရဲ႕ ခရီးစဥ္ မွာ ရည္႐ြယ္ထားပုံ ရ ပါ တယ္ ။

ဝမ္ယီအေန နဲ႕ ျမန္မာနိုင္ငံ ခရီးစဥ္ကို အခ်ိန္တို အတြင္း စီစဥ္လိုက္ရပုံ ရတယ္ လို႔ ျမန္မာအစိုးရ သတင္းရင္းျမစ္ေတြက ဆိုပါတယ္။ ဒီခရီးစဥ္ဟာ ကာကြယ္ေဆးဆိုင္ရာ သံတမန္ သေဘာမ်ိဳး ျဖစ္လာမွာ ဆိုေပမယ့္ ျမန္မာအစိုးရ အတြက္ေတာ့ ကသိကေအာက္ ျဖစ္လာနိုင္တာေတြ ရွိတယ္ လို႔ သံတမန္ အသိုင္းအဝိုင္းက သုံးသပ္ၾကပါတယ္။ သံတမန္ အမ်ားစုနဲ႕ နိုင္ငံေရး ေလ့လာသူ အမ်ားစုကေတာ့ သူဟာ ဒီထက္ေစာၿပီး ျမန္မာနိုင္ငံကို လာဖို႔ ေမွ်ာ္လင့္ခဲ့ပါတယ္ ။ ဒါေပမယ့္ သူရဲ႕ လက္ရွိ ခရီးစဥ္ဟာ တ႐ုတ္ – ျမန္မာ ႏွစ္နိုင္ငံ ဆက္ဆံေရး ပုံမွန္ လုပ္ရိုးလုပ္စဥ္သာ ျဖစ္တယ္လို႔ စင္ကာပူမွာ အေျခစိုက္တဲ့ ISEAS-Yusof Ishak Institute အဖြဲ႕ရဲ႕ ေဒသဆိုင္ရာ ကြၽမ္းက်င္သူနဲ႕ ျမန္မာ အစီအစဥ္ဆိုင္ရာ ညွိႏွိုင္းေရးမႉး မိုးသူဇာကေတာ့ ေျပာ ပါတယ္။ တ႐ုတ္ အာဏာပိုင္ေတြနဲ႕ ထိပ္တန္း တာဝန္ရွိသူေတြဟာ ျမန္မာနိုင္ငံမွာ အစိုးရသစ္ တစ္ရပ္ တာဝန္ယူၿပီ ဆိုတာနဲ႕ ျမန္မာနိုင္ငံကို လာၾကတာဟာ ထုံးစံလို႔ သူက ဆို ပါတယ္။

အထူးသျဖင့္ ဒီခရီးစဥ္ ဟာ ျမန္မာနိုင္ငံ မွာ သူ႕အက်ိဳးစီးပြား ထိခိုက္ေစနိုင္တယ္လို႔ ယူဆရတဲ့ အိႏၵိယနဲ႕ ဂ်ပန္နိုင္ငံတို႔ရဲ႕ ပါဝင္ ပတ္သက္မႈေတြကို တ႐ုတ္နိုင္ငံက စိုးရိမ္မႈေတြ ျမင့္တက္ေနတာေၾကာင့္ ႏွစ္နိုင္ငံအၾကား စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္ မႈ၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အတြက္ တ႐ုတ္နိုင္ငံရဲ႕ ေထာက္ခံမႈ ခိုင္မာေစဖို႔နဲ႕ ကပ္ေရာဂါ ရင္ဆိုင္ေနရတဲ့ ျမန္မာနိုင္ငံ အေပၚ ေထာက္ပံ့မႈေတြကို ျမႇင့္တင္ဖို႔လည္း ျဖစ္ဖြယ္ ရွိပါတယ္။ တ႐ုတ္ နိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယီ ရဲ႕ ျမန္မာနိုင္ငံ ခရီးစဥ္ အဓိက ရည္႐ြယ္ခ်က္ကေတာ့ အရပ္ဘက္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို တ႐ုတ္က အစဥ္တစိုက္ ေထာက္ခံေနတယ္ ဆိုတာ နဲ႕ ေ႐ြးေကာက္ပြဲမွာ အင္န္အယ္လ္ဒီ ပါတီက ေသာင္ၿပိဳကမ္းၿပိဳ အနိုင္ရရွိတာကို ဂုဏ္ျပဳဖို႔ ျဖစ္ၿပီး သူဟာ နိုဝင္ဘာ ေ႐ြးေကာက္ပြဲၿပီးေနာက္ ေနျပည္ေတာ္ကို ပထမဆုံး လာေရာက္တဲ့ နိုင္ငံတကာ ထိပ္တန္း သံတမန္ ျဖစ္ ပါတယ္။

တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီဟာ ၂၀၁၆ ခုႏွစ္မွာ အင္န္အယ္လ္ဒီ အစိုးရ ဖြဲ႕နိုင္ခ်ိန္ကလည္း ျမန္မာနိုင္ငံကို ပထမဆုံး လာေရာက္တဲ့ နိုင္ငံတကာ ထိပ္တန္း တာဝန္ရွိသူ ျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ နိုင္လို႔ ဝမ္ယီ ဒုတိယအႀကိမ္ လာတာလည္း မထူးဆန္းဘူးလို႔ ဆိုရပါမယ္။ မစၥတာဝမ္ယီရဲ႕ ျမန္မာနိုင္ငံ ခရီးစဥ္ေတြနဲ႕ ပတ္သက္ၿပီး အေသးစိတ္ ညွိႏွိုင္းေနဆဲ ျဖစ္ေပမယ့္ သူဟာ သမၼတ ဦးဝင္းျမင့္၊ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္တို႔ကို သီးျခားစီ ေတြ႕ဆုံမယ့္အျပင္ စီးပြားေရး နဲ႕ ပတ္သက္တဲ့ ဝန္ႀကီးေတြနဲ႕လည္း ေတြ႕ဆုံမယ္လို႔ တ႐ုတ္ အစိုးရဘက္ သတင္း ရင္းျမစ္ေတြက ေျပာပါတယ္။ ေလ့လာသူ အမ်ားစုကေတာ့ တ႐ုတ္နိုင္ငံျခားေရး ဝန္ႀကီး ရဲ႕ ျမန္မာနိုင္ငံ ခရီးစဥ္ဟာ ႏွစ္နိုင္ငံအၾကား စီးပြားေရးဆိုင္ရာ ကိစၥေတြနဲ႕ ကိုဗစ္ – ၁၉ အေရး ကူညီေထာက္ပံ့မႈေတြကို ဦးစားေပးမယ္လို႔ အကဲခတ္ၾက ပါတယ္။

ဒါေပမယ့္ တ႐ုတ္ဟာ ျမန္မာနိုင္ငံ ကို ဒီထက္ပိုၿပီး တြန္းအားေပး လာနိုင္တဲ့ ကိစၥေတြ ရွိလာနိုင္တယ္လို႔ အေမရိကန္ အေျခစိုက္ Stimson Centre ရဲ႕ တ႐ုတ္နိုင္ငံေရးရာ ကြၽမ္းက်င္သူ Yun Sun က သုံးသပ္ထား ပါတယ္။ တ႐ုတ္ – ျမန္မာ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈ ေႏွးေကြးေနတာဟာ ၂၀၂၀ ျပည့္ႏွစ္မွာ ကိုဗစ္ – ၁၉ ေရာဂါေၾကာင့္ ျဖစ္ဖြယ္ရွိၿပီး ကိုဗစ္ဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္မႈနဲ႕ ႏွစ္နိုင္ငံအၾကား အျပဳသေဘာ ေဆာင္တဲ့ ဆက္ဆံေရးဟာ အင္န္အယ္လ္ဒီ အစိုးရရဲ႕ ဒုတိယ သက္တမ္းအတြင္း အျမင့္ဆုံး ျဖစ္လာမယ္လို႔ သူက ဆိုပါတယ္။ အမွန္တကယ္ေတာ့ တ႐ုတ္ – ျမန္မာ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈ စၾကၤံလမ္း (CMEC) ဟာ တ႐ုတ္ နိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယီ ေနျပည္ေတာ္ကို ၂၀၁၇ ခုႏွစ္က လာေရာက္ ကတည္းက အစျပဳခဲ့တာ ျဖစ္ပါတယ္။ ဒီလို ပူးေပါင္း ေဆာင္႐ြက္မႈဟာ အမ်ိဳးသား ျပန္လည္ ရင္ၾကားေစ့ေရးနဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ ျမႇင့္တင္ဖို႔ နည္းလမ္းတစ္ခု အျဖစ္ အႀကံျပဳခဲ့ပါတယ္။ ဒါဟာ ဟိုးယခင္ႏွစ္ေတြ ကတည္းက တ႐ုတ္ ထိပ္ပိုင္း ေခါင္းေဆာင္ေတြရဲ႕ ပိုးလမ္းမ စီမံကိန္းရဲ႕ အစိတ္အပိုင္း တစ္ရပ္လည္း ျဖစ္ပါတယ္။

ဝမ္ယီ ရဲ႕ ခရီးစဥ္ဟာ ႏွစ္ေပါင္း ၂၀ အတြင္း တ႐ုတ္သမၼတ တစ္ဦး ျမန္မာနိုင္ငံကို လာေရာက္ခဲ့တဲ့ ႏွစ္ပတ္လည္နဲ႕လည္း တိုက္ဆိုင္ေနပါတယ္။ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္ရဲ႕ အဲဒီ ခရီးစဥ္ဟာ သူ႕ ရဲ႕ သမၼတ သက္တမ္း အတြင္း တ႐ုတ္ – ျမန္မာ ဆက္ဆံေရးရဲ႕ အျမင့္ဆုံး အေျခအေနလို႔ တ႐ုတ္ အသိုင္းအဝိုင္းက သတ္မွတ္ထားပါတယ္။ အဲဒီ ခရီးစဥ္ထဲမွာ နိုင္ငံေရး၊ စီးပြားေရး၊ လုံၿခဳံေရးရာ ပူးေပါင္း ေဆာင္႐ြက္မႈေတြ ပါဝင္ၿပီး အထူးသျဖင့္ တ႐ုတ္နိုင္ငံက ျမန္မာနိုင္ငံရဲ႕ ဘဂၤါလီ အေရးမွာ ေထာက္ခံမႈေတြေပးၿပီး ျမန္မာနိုင္ငံကလည္း ထိုင္ဝမ္ဟာ တ႐ုတ္နိုင္ငံ ရဲ႕ အစိတ္အပိုင္းအျဖစ္ လက္ခံေပးၿပီး အျပန္အလွန္ ေထာက္ခံဖို႔ေတြ ပါဝင္တယ္လို႔ Yun Sun က သုံးသပ္ ေျပာဆိုပါတယ္။ ဒါေပမယ့္ တ႐ုတ္ – ျမန္မာ ဆက္ဆံေရးဟာ ယခုႏွစ္ အတြင္းမွာ တ႐ုတ္ဘက္က ေမွ်ာ္လင့္ထားသလို အဆင္ေခ်ာ မလာခဲ့ ပါဘူး။

ၿပီးခဲ့တဲ့ ႏွစ္က စၿပီး နိုင္ငံေရးအရ ေထာက္ခံမႈ၊ စီးပြားေရး ပံ့ပိုးမႈနဲ႕ ရင္းႏွီး ျမဳပ္ႏွံမႈေတြမွာ ျမန္မာဟာ တ႐ုတ္အေပၚ မွီခို အားထားမႈေတြကို ေလွ်ာ့ခ်လာခဲ့ပါတယ္။ တ႐ုတ္ – ျမန္မာ နယ္စပ္ကို ကိုဗစ္ – ၁၉ ေရာဂါေၾကာင့္ ပိတ္ပစ္ခဲ့သလို နယ္စပ္ ကုန္သြယ္ေရးေတြကိုလည္း တ႐ုတ္ဘက္က ပိတ္ပစ္တာေၾကာင့္ ျမန္မာဘက္က နိုင္ငံျခားေရးရာ မူဝါဒ အေျပာင္းအလဲတခ်ိဳ႕ ျဖစ္ေပၚေစခဲ့ပုံ ရပါတယ္။ ျမန္မာနိုင္ငံအေနနဲ႕ လုံၿခဳံေရး၊ ကူညီ ေထာက္ပံ့မႈ ရရွိေရး၊ ကုန္သြယ္ေရးနဲ႕ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈ မိတ္ဖက္က႑ေတြမွာ မိတ္ဖက္ နိုင္ငံေတြ ပိုၿပီး မ်ားလာေစဖို႔လည္း ဦးတည္ လာခဲ့ပုံ ရွိပါတယ္။ ဒါေပမယ့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ပထမဆုံး လာေရာက္ခဲ့တဲ့ ျမန္မာနိုင္ငံ ခရီးစဥ္ အတြင္းမွာေတာ့ ႏွစ္နိုင္ငံအၾကား နားလည္မႈ စာခြၽန္လႊာေတြ အမ်ား အျပား ကို လက္မွတ္ ေရးထိုးခဲ့ပါတယ္။ သူ႕ရဲ႕ ခရီးစဥ္မွာေတာ့ ျမန္မာနိုင္ငံနဲ႕ ပိုးလမ္းမ စီမံကိန္းကို ရလဒ္ အေျချပဳၿပီး ေဖာ္ေဆာင္ေရး၊ ေက်ာက္ျဖဴ အထူး စီးပြားေရးဇုန္၊ ရွမ္းနဲ႕ ကခ်င္ဘက္မွာ တ႐ုတ္ – ျမန္မာ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈဇုန္နဲ႕ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းေတြ ပါဝင္ခဲ့ ပါတယ္။

တ႐ုတ္အစိုးရ အေန နဲ႕ ဒီစီမံကိန္းေတြ ေႏွာင့္ေႏွးသြားမွာ စိုးရိမ္ေနၿပီး စက္တင္ဘာလ အတြင္းကလည္း တ႐ုတ္ ကြန္ျမဴနစ္ ပါတီရဲ႕ ဗဟို နိုင္ငံျခားေရးရာ ေကာ္မရွင္ အႀကီးအကဲ Yang Jiechi က ျမန္မာ့ေ႐ြးေကာက္ပြဲ မတိုင္ခင္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံဖို႔နဲ႕ တ႐ုတ္ – ျမန္မာ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈ စီမံကိန္းေတြ ဘယ္ေလာက္ အဆင္ေခ်ာလဲ သိနိုင္ဖို႔ ၿပီးခဲ့တဲ့ စက္တင္ဘာလ အတြင္းက ျမန္မာနိုင္ငံကို လာေရာက္ခဲ့ ပါေသးတယ္။

ဝမ္ယီရဲ႕ ခရီးစဥ္ဟာလည္း တ႐ုတ္ – ျမန္မာ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈ စီမံကိန္းေတြ အေၾကာင္း သိဖို႔ အဓိက ပါဝင္တယ္ လို႔ သံတမန္ေတြနဲ႕ နိုင္ငံေရး အကဲခတ္ေတြက ဆိုပါတယ္။ ျမန္မာ အစိုးရ အေနနဲ႕ တ႐ုတ္နဲ႕ သေဘာတူထား တဲ့ စီမံကိန္းေတြမွာ ေဒသခံေတြ အတြက္ ဆိုးက်ိဳး သက္ေရာက္နိုင္တာ၊ ပဋိပကၡေတြ ပိုမို ဆိုး႐ြားလာေစနိုင္တာနဲ႕ ပတ္သက္ၿပီး စိုးရိမ္ ပူပန္ေနဖြယ္ ရွိတယ္ လို႔ ISEAS-Yusof Ishak Institute အဖြဲ႕ရဲ႕ ေဒသဆိုင္ရာ ကြၽမ္းက်င္သူနဲ႕ ျမန္မာအစီအစဥ္ဆိုင္ရာ ညွိႏွိုင္းေရးမႉး မိုးသူဇာက ေျပာ ပါတယ္။

စီမံကိန္းႀကီးေတြနဲ႕ ပတ္သက္ၿပီး ပြင့္လင္း ျမင္သာမႈနဲ႕ ေဒသခံ လူထုကို တိုင္ပင္ ေဆြးေႏြးဖို႔ လိုတယ္ ဆိုတာကို ျမန္မာ အစိုးရ အေနနဲ႕ ပိုမိုနားလည္ သိရွိလာၿပီး ဒါဟာ စီမံကိန္းေတြ အေကာင္ အထည္ေဖာ္ေရး ေႏွာင့္ေႏွး႐ုံမွ်မက တ႐ုတ္က အမ်က္ေဒါသ ထြက္ေစနိုင္တယ္လို႔ သူက ဆိုပါတယ္။ နိုင္ငံေရးအရ ထင္သာျမင္သာ ကိစၥေတြလည္း ရွိေနပါေသးတယ္။ ဂ်ပန္နိုင္ငံ ဟာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရ အဖြဲ႕ကို သိသိသာသာ ေထာက္ခံေနၿပီး ရခိုင္အေရးမွာ လည္း ျမန္မာ့တပ္မေတာ္ နဲ႕ ေအေအတို႔အၾကား အြန္လိုင္းကေန အလြတ္သေဘာ ေဆြးေႏြးမႈ ျဖစ္ဖို႔ပါ ၾကားဝင္ ေစ့စပ္နိုင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ တ႐ုတ္နိုင္ငံဘက္ကလည္း ကူမင္းမွာ ဆက္ဆံေရး႐ုံး ဖြင့္လွစ္တာမ်ိဳး အပါအဝင္ ေအေအ နဲ႕ နီးကပ္တဲ့ ဆက္ဆံေရးမ်ိဳး ရွိတာကို ေဒၚေအာင္ဆန္းစုၾကည္နဲ႕ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ကို ထုတ္ေဖာ္ ေျပာၾကားနိုင္ေျခ ရွိ ပါတယ္။

ဒါ့အျပင္ ျမန္မာနိုင္ငံ နဲ႕ ပတ္သက္ၿပီး တ႐ုတ္ ရဲ႕ ေနာက္ထပ္စိုးရိမ္ ပူပန္မႈ တစ္ရပ္ကေတာ့ ျမန္မာ့ တပ္မေတာ္ဟာ ႐ုရွားလုပ္ အိႏၵိယ ရဲ႕ ေရငုပ္သေင္ၻာကို ဝယ္ယူလိုက္တာ ျဖစ္ၿပီး ဒါဟာ ျပႆနာ တစ္ရပ္ မဟုတ္ေပမယ့္ လည္း ျမန္မာရဲ႕ မူဝါဒ ေျပာင္းလဲလာမႈကို ထင္သာျမင္သာ ရွိေစ ပါတယ္။ အထူးသျဖင့္ ျမန္မာစစ္ဘက္ ေခါင္းေဆာင္ေတြဟာ တ႐ုတ္နိုင္ငံထုတ္ စစ္ဘက္ အသုံးအေဆာင္ေတြထက္ အိႏၵိယနဲ႕ ႐ုရွားနိုင္ငံထုတ္ ပစၥည္းေတြ ကို ပိုမို လိုလားတယ္ ဆိုတာ ျမင္သာေစ ပါတယ္။ ဒါ့အျပင္ ကိုဗစ္ – ၁၉ အေရးနဲ႕ ပတ္သက္ၿပီး ရင္ဆိုင္ေနရ တဲ့ ျမန္မာနိုင္ငံဟာ တ႐ုတ္နိုင္ငံထုတ္ ကာကြယ္ေဆးေတြ ထက္ အိႏၵိယက ကာကြယ္ေဆးေတြကို မွာယူ အသုံးျပဳဖို႔ စီစဥ္ေနတဲ့ အတြက္ တ႐ုတ္နိုင္ငံအတြက္ ရတက္မေအးဖြယ္ ျဖစ္ ပါတယ္။

အေျခအေန အရပ္ရပ္ ကို သုံးသပ္ၾကည့္ရရင္ ဝမ္ယီ ရဲ႕ ျမန္မာနိုင္ငံ ခရီးစဥ္ဟာ ကိုဗစ္ – ၁၉ ကပ္ေရာဂါနဲ႕ ရင္ဆိုင္ေနရတဲ့ ျမန္မာနိုင္ငံ အတြက္ ကာကြယ္ေဆး ဆိုင္ရာ သံတမန္ ခ်ဥ္းကပ္မႈ လို႔ ယူဆရေပမယ့္ လည္း စီးပြားေရး စီမံကိန္းေတြ၊ ၿငိမ္းခ်မ္းေရး၊ ရခိုင္ျပည္နယ္ အေရးနဲ႕ အေထြေထြ လုံၿခဳံေရးဆိုင္ရာ ကိစၥေတြနဲ႕ အတူ အလြန္ရႈပ္ေထြးဖြယ္ ရွိေန ပါတယ္။

Real Power Online Media

Leave a Reply

Your email address will not be published. Required fields are marked *