မန္တလေးတိုင်း ဆင်မွှေးကျေးရွာ ရှိ အများသုံးရေကန် အတွင်း အဆိပ်ခတ်သူ (၂)ဦး အား ဖမ်းဆီးရမိ

Posted on

သပိတ်ကျင်း ဇန်နဝါရီ ၂၆ ၊ ၂၀၂၁

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်းမှ ရေ ကို သောက်သုံးမိ ၍ အမျိုးသမီး တစ်ဦး သေဆုံးမှု ဖြစ်စဉ်တွင် အဆိပ်ခတ်သူ နှစ်ဦး ကို ဖမ်းဆီးရမိကြောင်း သပိတ်ကျင်းမြို့ မြို့မ ရဲစခန်းမှ ယနေ့ညနေပိုင်းက စုံစမ်းသိရှိ ရသည်။

အများသုံးရေကန် အတွင်း အဆိပ်ခတ်သူ (၂)ဦး အား ဖမ်းဆီးရမိ

သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာ အုပ်စု ဆင်မွှေးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ၂၁ ရက်က အများသုံးရေကန် အတွင်းမှ ရေကိုသောက်သုံးမိ ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ကြောင့် သပိတ်ကျင်းမြို့ မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄၁/၂၀၂၀ ဖြင့် ရေးဖွင့် စုံစမ်းစစ်ဆေးခဲ့ပြီး ရေကန်အတွင်း မှ ရေကို ဓာတုဗေဒဝန်ရုံး တွင် ပေးပို့စစ်ဆေး ခဲ့ရာ ဆိုင်ရာနိုက် စမ်းသပ်တွေ့ရှိရ၍ လူတစ်ဦး တစ်ယောက်အား အသက်သေ စေရန် အကြံဖြင့် အဆိပ်ခတ်သူကို အရေးယူပေးရန် သပိတ်ကျင်းမြို့ မြို့မရဲစခန်း ၌ (ပ)၁၃/၂၀၂၁၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၂၈ ဖြင့် ပြောင်းလဲဖွင့်လှစ်သည် ။

အများသုံးရေကန် အတွင်း အဆိပ်ခတ်သူ (၂)ဦး အား ဖမ်းဆီးရမိ

အဆိုပါအမှု အား ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးခင်ဇော်မြင့် ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲမှူးအောင်ကျော်ဦးနှင့် အဖွဲ့၊ သပိတ်ကျင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွဋ်ဦးရှိန်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး တင်မိုးဇော်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ရေကန် အတွင်း အဆိပ်ချသူ မင်းခန့်မောင်နှင့် ၎င်းအား စေခိုင်းသူ ဝင်းနိုင် တို့ကို စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်သူ မင်းခန့်မောင် က မိမိ သဘောဆန္ဒအလျောက် ၂၀၂၁ ဇန်နဝါရီ ၂၅ ရက် တွင် သပိတ်ကျင်းမြို့ မြို့နယ်တရားရုံး ၌ ဖြောင့်ချက်ပေးခဲ့သည်။

အများသုံးရေကန် အတွင်း အဆိပ်ခတ်သူ (၂)ဦး အား ဖမ်းဆီးရမိ

အဆိုပါအမှုနှင့် ပတ်သက် ၍ သပိတ်ကျင်းမြို့ မြို့မရဲစခန်းမှ အမှုအား အမြန်တရားစွဲတင်နိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည် ။( မြို့နယ်(ပြန်/ဆက်) မြန်မာ့အလင်း )

ယခင် သတင်း

သပိတ်ကျင်းမြို့နယ် ဆင်မွှေးကျေးရွာတွင် ဒီဇင်ဘာ ( ၂၁ )ရက် နံနက်ပိုင်းက အသက် (၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ကျေးရွာရှိ အများသုံးသောက်ရေကန်မှ ရေကိုအသုံးပြုပြီး မူးဝေအော့အန် ကာ လဲကျ သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အဆိုပါရေကန် မှ ရေကို အသုံးပြုခဲ့သည့် ဒေသခံ ဆယ်ဦးသည်လည်း မူးဝေအော့အန်ခြင်းများ ဖြစ်ပွားသဖြင့် ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ရကြောင်း အထက်ပါ ဌာနတာဝန်ရှိသူများကပြော သည်။

အများသုံးရေကန် အတွင်း အဆိပ်ခတ်သူ (၂)ဦး အား ဖမ်းဆီးရမိ

” ပထမတစ်ယောက်ကတော့ သေသွားတယ်ပေါ့ ။ အခြား အော့အန် မူးဝေပြီးတော့ ကျန်းမာရေးမကောင်းသလို ဖြစ်တာမျိုးက ဆယ်ယောက်ပေါ့။ သေသွားတဲ့ မိသားစုဝင်တွေကလည်း မသိလိုက်ဘူးပေါ့။ လေဖြတ်တယ်ပဲ ထင်နေကြတာ ။ သွားကြည့်မှ ရေထဲမှာ အနံ့ရတာတဲ့ ” ဟု မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အများသုံးရေကန် အတွင်း အဆိပ်ခတ်သူ (၂)ဦး အား ဖမ်းဆီးရမိ

မူးဝေအော့အန်မှု ဖြစ်ပွားခဲ့သည့် ဒေသခံဆယ်ဦး၏ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်ကြောင်း၊ ဆေးရုံတက်ရခြင်း မရှိဘဲ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း ၎င်းက ပြောသည်။

အများသုံရေကန် အသုံးပြုသဖြင့် အမ‌ျိုးသမီးတစ်ဦး သေဆုံးရခြင်းနှင့် ပတ်သက်၍ သေဆုံးသူ အမျိုးသမီး ၏ ရုပ်အလောင်း ကို သပိတ်ကျင်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးပြီး ဓာတုဗေဒ မှုခင်းရုံးသို့ ပို့ဆောင်ထားသည် ဟု မြို့နယ်ဆရာဝန်ကြီးက ပြောသည်။

“ဘာကြောင့်ဆိုတာ မသိရသေးဘူး ။ အလောင်းကနေ အစာအိမ်ရေရယ် ။ နှလုံးသွေးရယ် နမူနာယူပြီးတော့ ဓာတုဗေဒမှုခင်းရုံးကို ပို့ထားတယ်။ အဲဒီက အဖြေရလာမှ သိမှာ” ဟု မြို့နယ်ဆရာဝန်ကြီးက ပြောသည် ။

ဆင်မွှေးကျေးရွာ ၌ အများသုံးရေကန် အသုံးပြုရာမှ အမျိုးသမီးတစ်ဦး သေဆုံးပြီး ဒေသခံအချို့ မူးဝေအော့အန်ခြင်းနှင့် ပတ်သက် ၍ ကျေးရွာရေကန်သို့ သွာရောက်စစ်ဆေးရာ ရေကန်ဘောင်ပေါ်၌ ဆိုဒီယမ်ဆိုင်ရာနိုက်ဟု ယူဆရသော ပရုပ်လုံးကဲ့သို့ အဖြူရောင် အလုံးတစ်ခု တွေ့ရှိခဲ့ကြောင်း ၊ လတ်တလောတွင် သေဆုံးမှုနှင့်ပတ်သက် ၍ အဆိုပါရေနှင့် ဆေးလုံးကို ဓာတုဗေဒဌာန သို့ ပို့ဆောင်ထားပြီး ၊ သေဆုံးမှုနှင့် ပတ်သက် ၍လည်း သေမှုသေခင်းဖွင့်၍ စစ်ဆေးနေကြောင်း သပိတ်ကျင်းမြို့မ ရဲစခန်း စခန်းမှူးက ပြောသည်။

အများသုံးရေကန် အတွင်း အဆိပ်ခတ်သူ (၂)ဦး အား ဖမ်းဆီးရမိ

“အဲဒီကရေကိုလည်း ဓာတုဗေဒကို ပို့ထား ပါတယ် ။ မသိရသေးပါဘူး ။ ကျန်တာတွေလည်း စစ်ဆေးဆဲ ပါ။ တွေ့တာတော့ ပရုပ်လုံးလိုဟာပေါ့။ အဖြူရောင်ပေါ့။ ဆိုင်ရာနိုက်လို့ ထင်ရတဲ့ဟာပေါ့” ဟု စခန်းမှူးက ပြောသည်။

လတ်တလောတွင် ဆင်မွှေးကျေးရွာရှိ အဆိုပါရေကန်မှ ရေများကို သောက်သုံးခြင်း မပြုကြရန် တားမြစ်ထား ကာ ရေများကိုလည်း လဲလှယ်ထားကြောင်း၊ ကျေးရွာရှိ ဒေသခံ အိမ်ထောင်စု(၉၇)စုကိုလည်း ဌာနဆိုင်ရာများ မှ ရေသန့်ဗူများ ဝေငှထားကြောင်း မြို့နယ်အုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Zawgyi

သပိတ္က်င္း ဇန္နဝါရီ ၂၆ ၊ ၂၀၂၁

မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕နယ္ အုံးဇုံးေက်း႐ြာအုပ္စု ဆင္ေမႊးေက်း႐ြာရွိ အမ်ားသုံးေရကန္အတြင္းမွ ေရ ကို ေသာက္သုံးမိ ၍ အမ်ိဳးသမီး တစ္ဦး ေသဆုံးမႈ ျဖစ္စဥ္တြင္ အဆိပ္ခတ္သူ ႏွစ္ဦး ကို ဖမ္းဆီးရမိေၾကာင္း သပိတ္က်င္းၿမိဳ႕ ၿမိဳ႕မ ရဲစခန္းမွ ယေန႕ညေနပိုင္းက စုံစမ္းသိရွိ ရသည္။

သပိတ္က်င္းၿမိဳ႕နယ္ အုံးဇုံးေက်း႐ြာ အုပ္စု ဆင္ေမႊးေက်း႐ြာတြင္ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ၂၁ ရက္က အမ်ားသုံးေရကန္ အတြင္းမွ ေရကိုေသာက္သုံးမိ ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့သည့္ျဖစ္စဥ္ ေၾကာင့္ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕မရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ ၄၁/၂၀၂၀ ျဖင့္ ေရးဖြင့္ စုံစမ္းစစ္ေဆးခဲ့ၿပီး ေရကန္အတြင္း မွ ေရကို ဓာတုေဗဒဝန္႐ုံး တြင္ ေပးပို႔စစ္ေဆး ခဲ့ရာ ဆိုင္ရာနိုက္ စမ္းသပ္ေတြ႕ရွိရ၍ လူတစ္ဦး တစ္ေယာက္အား အသက္ေသ ေစရန္ အႀကံျဖင့္ အဆိပ္ခတ္သူကို အေရးယူေပးရန္ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕မရဲစခန္း ၌ (ပ)၁၃/၂၀၂၁၊ ရာဇ သတ္ႀကီးပုဒ္မ ၃၀၂/၃၂၈ ျဖင့္ ေျပာင္းလဲဖြင့္လွစ္သည္ ။

အဆိုပါအမႈ အား ျပင္ဦးလြင္ခရိုင္ ရဲတပ္ဖြဲ႕မႉး ဒုတိယ ရဲမႉးႀကီးခင္ေဇာ္ျမင့္ ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ မႉး႐ုံးမွ ရဲမႉးေအာင္ေက်ာ္ဦးႏွင့္ အဖြဲ႕၊ သပိတ္က်င္းၿမိဳ႕နယ္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးထြဋ္ဦးရွိန္၊ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး တင္မိုးေဇာ္တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စုံစမ္းေဖာ္ထုတ္ခဲ့ရာ ေရကန္ အတြင္း အဆိပ္ခ်သဴ မင္းခန႔္ေမာင္ႏွင့္ ၎အား ေစခိုင္းသူ ဝင္းနိုင္ တို႔ကို စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးရမိၿပီး ဆက္လက္စစ္ေဆးရာ ျပစ္မႈက်ဴးလြန္သူ မင္းခန႔္ေမာင္ က မိမိ သေဘာဆႏၵအေလ်ာက္ ၂၀၂၁ ဇန္နဝါရီ ၂၅ ရက္ တြင္ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕နယ္တရား႐ုံး ၌ ေျဖာင့္ခ်က္ေပးခဲ့သည္။

အဆိုပါအမႈႏွင့္ ပတ္သက္ ၍ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ အမႈအား အျမန္တရားစြဲတင္နိုင္ေရး အတြက္ ဆက္လက္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္ ။( ၿမိဳ႕နယ္(ျပန္/ဆက္) ျမန္မာ့အလင္း )

ယခင္ သတင္း

သပိတ္က်င္းၿမိဳ႕နယ္ ဆင္ေမႊးေက်း႐ြာတြင္ ဒီဇင္ဘာ ( ၂၁ )ရက္ နံနက္ပိုင္းက အသက္ (၄၀)ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ေက်း႐ြာရွိ အမ်ားသုံးေသာက္ေရကန္မွ ေရကိုအသုံးျပဳၿပီး မူးေဝေအာ့အန္ ကာ လဲက် ေသဆုံးခဲ့ေၾကာင္း၊ ထို႔အျပင္ အဆိုပါေရကန္ မွ ေရကို အသုံးျပဳခဲ့သည့္ ေဒသခံ ဆယ္ဦးသည္လည္း မူးေဝေအာ့အန္ျခင္းမ်ား ျဖစ္ပြားသျဖင့္ ေက်းလက္က်န္းမာေရးဌာနသို႔ သြားေရာက္ျပသခဲ့ရေၾကာင္း အထက္ပါ ဌာနတာဝန္ရွိသူမ်ားကေျပာ သည္။

” ပထမတစ္ေယာက္ကေတာ့ ေသသြားတယ္ေပါ့ ။ အျခား ေအာ့အန္ မူးေဝၿပီးေတာ့ က်န္းမာေရးမေကာင္းသလို ျဖစ္တာမ်ိဳးက ဆယ္ေယာက္ေပါ့။ ေသသြားတဲ့ မိသားစုဝင္ေတြကလည္း မသိလိုက္ဘူးေပါ့။ ေလျဖတ္တယ္ပဲ ထင္ေနၾကတာ ။ သြားၾကည့္မွ ေရထဲမွာ အနံ႕ရတာတဲ့ ” ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မူးေဝေအာ့အန္မႈ ျဖစ္ပြားခဲ့သည့္ ေဒသခံဆယ္ဦး၏ က်န္းမာေရး အေျခအေနသည္ ေကာင္းမြန္ေၾကာင္း၊ ေဆး႐ုံတက္ရျခင္း မရွိဘဲ ေက်းလက္က်န္းမာေရးဌာနမွ က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးထားေၾကာင္း ၎က ေျပာသည္။

အမ်ားသုံေရကန္ အသုံးျပဳသျဖင့္ အမ‌်ိဳးသမီးတစ္ဦး ေသဆုံးရျခင္းႏွင့္ ပတ္သက္၍ ေသဆုံးသူ အမ်ိဳးသမီး ၏ ႐ုပ္အေလာင္း ကို သပိတ္က်င္းၿမိဳ႕နယ္ ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ရင္ခြဲစစ္ေဆးၿပီး ဓာတုေဗဒ မႈခင္း႐ုံးသို႔ ပို႔ေဆာင္ထားသည္ ဟု ၿမိဳ႕နယ္ဆရာဝန္ႀကီးက ေျပာသည္။

“ဘာေၾကာင့္ဆိုတာ မသိရေသးဘူး ။ အေလာင္းကေန အစာအိမ္ေရရယ္ ။ ႏွလုံးေသြးရယ္ နမူနာယူၿပီးေတာ့ ဓာတုေဗဒမႈခင္း႐ုံးကို ပို႔ထားတယ္။ အဲဒီက အေျဖရလာမွ သိမွာ” ဟု ၿမိဳ႕နယ္ဆရာဝန္ႀကီးက ေျပာသည္ ။

ဆင္ေမႊးေက်း႐ြာ ၌ အမ်ားသုံးေရကန္ အသုံးျပဳရာမွ အမ်ိဳးသမီးတစ္ဦး ေသဆုံးၿပီး ေဒသခံအခ်ိဳ႕ မူးေဝေအာ့အန္ျခင္းႏွင့္ ပတ္သက္ ၍ ေက်း႐ြာေရကန္သို႔ သြာေရာက္စစ္ေဆးရာ ေရကန္ေဘာင္ေပၚ၌ ဆိုဒီယမ္ဆိုင္ရာနိုက္ဟု ယူဆရေသာ ပ႐ုပ္လုံးကဲ့သို႔ အျဖဴေရာင္ အလုံးတစ္ခု ေတြ႕ရွိခဲ့ေၾကာင္း ၊ လတ္တေလာတြင္ ေသဆုံးမႈႏွင့္ပတ္သက္ ၍ အဆိုပါေရႏွင့္ ေဆးလုံးကို ဓာတုေဗဒဌာန သို႔ ပို႔ေဆာင္ထားၿပီး ၊ ေသဆုံးမႈႏွင့္ ပတ္သက္ ၍လည္း ေသမႈေသခင္းဖြင့္၍ စစ္ေဆးေနေၾကာင္း သပိတ္က်င္းၿမိဳ႕မ ရဲစခန္း စခန္းမႉးက ေျပာသည္။

“အဲဒီကေရကိုလည္း ဓာတုေဗဒကို ပို႔ထား ပါတယ္ ။ မသိရေသးပါဘူး ။ က်န္တာေတြလည္း စစ္ေဆးဆဲ ပါ။ ေတြ႕တာေတာ့ ပ႐ုပ္လုံးလိုဟာေပါ့။ အျဖဴေရာင္ေပါ့။ ဆိုင္ရာနိုက္လို႔ ထင္ရတဲ့ဟာေပါ့” ဟု စခန္းမႉးက ေျပာသည္။

လတ္တေလာတြင္ ဆင္ေမႊးေက်း႐ြာရွိ အဆိုပါေရကန္မွ ေရမ်ားကို ေသာက္သုံးျခင္း မျပဳၾကရန္ တားျမစ္ထား ကာ ေရမ်ားကိုလည္း လဲလွယ္ထားေၾကာင္း၊ ေက်း႐ြာရွိ ေဒသခံ အိမ္ေထာင္စု(၉၇)စုကိုလည္း ဌာနဆိုင္ရာမ်ား မွ ေရသန႔္ဗူမ်ား ေဝငွထားေၾကာင္း ၿမိဳ႕နယ္အုပ္ေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

Leave a Reply

Your email address will not be published. Required fields are marked *