ဘယ်လိုပဲ အိမ်ထောင်သည် ဘဝ မှာ ပျော်ရတယ် ပြောပြော အပျိုဘဝ ကိုတော့ တဝက်တောင် မမှီဘူး …

Posted on

အပျိုတုန်းက ဘယ်သူ့အတွက် မှ ထည့်စဉ်းစားပေးစရာမလိုဘူး ဘာအတွက် မှ ခေါင်းငုံ့ပေးစရာမလိုဘူး ကြိတ်မှိတ်ခံရတယ်ဆိုတာ အပျိုတွေရဲ့ သမိုင်းမှာ မရှိဘူး လုပ်ချင်တာ လုပ် အချိန်တန် သုံးစရာ ရှိတာသုံး ကိုယ့်အိမ်မီတာခ ဘယ်လောက်ကျမလဲ လို့တောင် တွေးစရာ မလိုဘူး

ကိုယ့်ကို သေတာတောင်မစွန့်ပြစ် ဘူးဆိုတာ အာမခံကောင်းကောင်း ပေးထားတဲ့ မိဘရင် ခွင်လောက် ဘယ်ရင်ခွင် မှ အပေးပဲမရှိပါ အိမ်ထောင်ကျပြီဆို တင်းခဲ့တဲ့ အကြောတိုင်း အနည်းနဲ့ အများတော့ လျှော့ထား ရတယ် ။

ပျက်မှာ စိုးတဲ့စိတ် နဲ့ ဆက်ဆက်ထိမခံ တဲ့ စိတ်ကို သော့ခတ်သိမ်းထား ဘာကိစ္စဖြစ်ဖြစ် အကောင်းဆုံး သည်းခံ ဇနီးမယား ဝတ္တရား ကျေပွန်ဖို့ တာဝန်ထမ်းဆောင်ရင်း

မိခင်တာဝန်ပါ တိုးလို့ တာဝန်ထမ်းဆောင် ရချိန်ဆို သိပ်သိရတယ် အာ့မို့ အပျိုဘဝကနေ အိမ်ထောင်သည်ဘ ဝကို လွယ်လွယ်မကူးကြပါ နဲ့ ညမလေး တို့ ငယ်ရွယ်တုန်း ပျော်ရွှင်စွာ ပျံသန်းပါ လွတ်လပ်စွာ ရှင်သန်ပါ

Zawgyi ဖြင့်ဖတ်ရန်





Leave a Reply

Your email address will not be published. Required fields are marked *