ဘင်္ဂလားဒေ့ရှ် ပြည်တွင်းမှာ လာရောက်စမ်းသပ်မယ့် တရုတ်ရဲ့ကာကွယ်ဆေး ညှိုနှိုင်းချက် ပယ်ချခံရ

Posted on

ဘင်္ဂလားဒေ့ရှ်က တရုတ်ရဲ့ကာကွယ်ဆေး ပြည်တွင်းမှာ လာရောက်စမ်းသပ်မှု အတွက် ငွေတစ်ပြားမှ စိုက်ထည့်မှာ မဟုတ်ပါတဲ့။ တရုတ်ပြည်က Sinovac က ဘင်္ဂလားဒေ့ရှ်မှာ နောက်ဆုံးအဆင့် late-stage domestic trial လာလုပ်ဖို့ ကမ်းလှမ်းထားတာပါ။

Sinovac က ဘင်္ဂလားဒေ့ရှ်ကို တစ်ဝက်တစ်ပျက်ငွေစိုက်ထည့်ဖို့ ပြောလာပါတယ်။ ထည့်ရမှာက ဒေါ်လာ ၇ သန်းလောက်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်တွင်းမှာ လာရောက်စမ်းသပ်မယ့် တရုတ်ရဲ့ကာကွယ်ဆေး ညှိုနှိုင်းချက် ပယ်ချခံရ

ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးက …

▪️ငါတို့တစ်ပြားမှထည့်မှာမဟုတ်ဘူး။ အဲ့ဒီကိစ္စက သဘောတူညီချက်ထဲမှာမပါဘူး။ သူတို့ငါတို့ကိုလာချဉ်းကပ်တုန်းက ငွေအကြောင်းမပြောခဲ့ဘူး။

▪️သဘောတူညီချက်အရ သူတို့တရုတ်ကုမ္ပဏီက ကုန်ကျငွေအကုန်ပေးရမှာလေ။

▪️သူတို့က ကာကွယ်ဆေး အလုံး ၁၁၀၀၀၀ ကိုတို့ကို အလကားပေးမှာလေ။

▪️ပြီးရင်သူတို့က သူတိူ့ရဲ့နည်းပညာကို တို့ကိုမျှဝေပြီး တို့ရဲ့ဆေးကုမ္ပဏီတွေက ကာကွယ်ဆေးကို ကိုယ်တိုင်ထုတ်နိုင်မှာလေ။

“သူတို့ စမ်းသပ်ချင်ရင် လာစမ်းသပ်လို့ရတယ်။ #ကိုယ့်ငွေကိုယ်စိုက်ပြီး လာစမ်းသပ်။ ငါတို့က ပုဂ္ဂလိကကုမ္ပဏီ တစ်ခုနဲ့ ငွေစပ်တူထည့် စမ်းသပ်မှာမဟုတ်ဘူး။ ငါတို့က Astrazeneca အပါအဝင် အနည်းဆုံး ကာကွယ်ဆေး ကုမ္ပဏီ ငါးခုနဲ့စကားပြောထားတာ။”

Sinovac ရဲ့လုပ်ရပ်ကိုရော ဘင်္ဂလားဒေ့ရှ်ကိုရော ကြည့်ပြီးပြုံးမိပါတယ်။

Richard Myo Thant(15-Octobet-2020)

မူရင္းလင့္

ဘဂၤလားေဒ့ရွ္က တ႐ုတ္ရဲ႕ကာကြယ္ေဆး ျပည္တြင္းမွာ လာေရာက္စမ္းသပ္မႈ အတြက္ ေငြတစ္ျပားမွ စိုက္ထည့္မွာ မဟုတ္ပါတဲ့။ တ႐ုတ္ျပည္က Sinovac က ဘဂၤလားေဒ့ရွ္မွာ ေနာက္ဆုံးအဆင့္ late-stage domestic trial လာလုပ္ဖို႔ ကမ္းလွမ္းထားတာပါ။

Sinovac က ဘဂၤလားေဒ့ရွ္ကို တစ္ဝက္တစ္ပ်က္ေငြစိုက္ထည့္ဖို႔ ေျပာလာပါတယ္။ ထည့္ရမွာက ေဒၚလာ ၇ သန္းေလာက္ရွိပါတယ္။

ဘဂၤလားေဒ့ရွ္က်န္းမာေရးဝန္ႀကီးက …

▪️ငါတို႔တစ္ျပားမွထည့္မွာမဟုတ္ဘူး။ အဲ့ဒီကိစၥက သေဘာတူညီခ်က္ထဲမွာမပါဘူး။ သူတို႔ငါတို႔ကိုလာခ်ဥ္းကပ္တုန္းက ေငြအေၾကာင္းမေျပာခဲ့ဘူး။

▪️သေဘာတူညီခ်က္အရ သူတို႔တ႐ုတ္ကုမၸဏီက ကုန္က်ေငြအကုန္ေပးရမွာေလ။

▪️သူတို႔က ကာကြယ္ေဆး အလုံး ၁၁၀၀၀၀ ကိုတို႔ကို အလကားေပးမွာေလ။

▪️ၿပီးရင္သူတို႔က သူတိူ႕ရဲ႕နည္းပညာကို တို႔ကိုမွ်ေဝၿပီး တို႔ရဲ႕ေဆးကုမၸဏီေတြက ကာကြယ္ေဆးကို ကိုယ္တိုင္ထုတ္နိုင္မွာေလ။

“သူတို႔ စမ္းသပ္ခ်င္ရင္ လာစမ္းသပ္လို႔ရတယ္။ #ကိုယ့္ေငြကိုယ္စိုက္ၿပီး လာစမ္းသပ္။ ငါတို႔က ပုဂၢလိကကုမၸဏီ တစ္ခုနဲ႕ ေငြစပ္တူထည့္ စမ္းသပ္မွာမဟုတ္ဘူး။ ငါတို႔က Astrazeneca အပါအဝင္ အနည္းဆုံး ကာကြယ္ေဆး ကုမၸဏီ ငါးခုနဲ႕စကားေျပာထားတာ။”

Sinovac ရဲ႕လုပ္ရပ္ကိုေရာ ဘဂၤလားေဒ့ရွ္ကိုေရာ ၾကည့္ၿပီးၿပဳံးမိပါတယ္။

Richard Myo Thant(15-Octobet-2020)

Leave a Reply

Your email address will not be published. Required fields are marked *