ပြည်သူ့အစိုးရကတော့ နိုင်ငံတော်ထောက်ပံ့ကြေးများကို ဒီလထဲ‌မှာပဲ နောက်တစ်ခါ ထပ်ပေးပါတော့မယ်

Posted on

ဇန်နဝါရီ ၁၂ ရက် ၊ ရန်ကုန် ၊ ၂၀၂၁

နိုင်ငံတော် မှ အခြေခံလူတန်းစားများ အတွက်ပေးအပ်တဲ့ ထောက်ပံ့ကြေးများ ကို ဒီလထဲနောက်တစ်ခါထပ်ပေးမယ်လို့ သိရပါတယ်။

ဇန်နဝါရီ၁၂ရက် နိုင်ငံတော်ထောက်ပံ့ကြေးနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ မှာ အုတ်တွင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုကပြော ပါတယ်။

“တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ပေးမှာပေါ့။နှုန်းတော့ အတိအကျ မသိသေးဘူး။ နှစ်သောင်းထက်တော့ မနည်းတာသေချာတယ် ။ ဒီတစ်ခါတော့ ထောက်ပံ့ကြေးတွေကို အပြည့်အဝရမှာပါ ။ ဒီလထဲပဲပေးမှာပါ”ဟု ၎င်းကပြောပါတယ်။

နိုင်ငံတော် အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့‌ရာ တွင်Stay at Home ပြင်ပတွင် ရှိသော အိမ်ထောင်စု (၁)စု လျှင် (၂၀၀၀၀)ကျပ်နှုန်း၊ Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၆.၁)သန်းခန့် အတွက် ကျပ်(၁၆၃.၉၀၅)ဘီလီယံကို နိုင်ငံတော် အစိုးရက ထောက်ပံ့ကြေးများ နိုဝင်ဘာလ အတွင်း စတင်ပေးအပ်ထောက်ပံ့ခြင်းဖြစ် ပါတယ် ။

ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ကို ငွေ (၂၀၀၀၀) ကျပ်စီ ထောက်ပံ့ခြင်းအား ၂၀၂၀ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ အသီးသီး၌ စုစုပေါင်း(၃) ကြိမ် ဆောင်ရွက်ခဲ့ ရာ နိုင်ငံတော် အစိုးရအနေဖြင့် အိမ်ထောင်စုပေါင်း ( ၅.၇ )သန်း အတွက် ကျပ် (၄၀၄.၇၃၅) ဘီလီယံ ကို ထောက်ပံ့ပေးနိုင်ခဲ့ ပါတယ်။

Myanmar Harp

Zawgyi

ဇန္နဝါရီ ၁၂ ရက္ ၊ ရန္ကုန္ ၊ ၂၀၂၁

နိုင္ငံေတာ္ မွ အေျခခံလူတန္းစားမ်ား အတြက္ေပးအပ္တဲ့ ေထာက္ပံ့ေၾကးမ်ား ကို ဒီလထဲေနာက္ တစ္ခါထပ္ေပးမယ္ လို႔ သိရပါတယ္။

ဇန္နဝါရီ၁၂ရက္ နိုင္ငံေတာ္ေထာက္ပံ့ေၾကးႏွင့္ ပတ္သက္ ၍ ဆက္သြယ္ေမးျမန္းရာ မွာ အုတ္တြင္းၿမိဳ႕နယ္ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳကေျပာ ပါတယ္။

“တစ္နိုင္ငံလုံး အတိုင္းအတာ နဲ႕ေပးမွာေပါ့။ႏႈန္းေတာ့ အတိအက် မသိေသးဘူး။ ႏွစ္ေသာင္းထက္ေတာ့ မနည္းတာေသခ်ာတယ္ ။ ဒီတစ္ခါေတာ့ ေထာက္ပံ့ေၾကးေတြကို အျပည့္အဝရမွာပါ ။ ဒီလထဲပဲေပးမွာပါ”ဟု ၎ကေျပာပါတယ္။

နိုင္ငံေတာ္ အစိုးရက စတုတၳအႀကိမ္ ေထာက္ပံ့‌ရာ တြင္ Stay at Home ျပင္ပတြင္ ရွိေသာ အိမ္ေထာင္စု (၁)စု လွ်င္ (၂၀၀၀၀)က်ပ္ႏႈန္း၊ Stay at Home အတြင္းရွိေသာ အိမ္ေထာင္စု (၁)စုလွ်င္ (၄၀၀၀၀)က်ပ္ႏႈန္းျဖင့္ အိမ္ေထာင္စုေပါင္း ( ၆.၁ )သန္းခန႔္ အတြက္ က်ပ္( ၁၆၃.၉၀၅ )ဘီလီယံကို နိုင္ငံေတာ္ အစိုးရက ေထာက္ပံ့ေၾကးမ်ား နိုဝင္ဘာလ အတြင္း စတင္ေပးအပ္ေထာက္ပံ့ျခင္းျဖစ္ ပါတယ္ ။

ပုံမွန္ဝင္ေငြ မရွိေသာ အေျခခံလူတန္းစား အိမ္ေထာင္စုမ်ား ကို ေငြ (၂၀၀၀၀) က်ပ္စီ ေထာက္ပံ့ျခင္းအား ၂၀၂၀ဇူလိုင္လ၊ ဩဂုတ္လႏွင့္ စက္တင္ဘာလ အသီးသီး၌ စုစုေပါင္း(၃) ႀကိမ္ ေဆာင္႐ြက္ခဲ့ ရာ နိုင္ငံေတာ္ အစိုးရအေနျဖင့္ အိမ္ေထာင္စုေပါင္း ( ၅.၇ )သန္း အတြက္ က်ပ္ (၄၀၄.၇၃၅) ဘီလီယံ ကို ေထာက္ပံ့ေပးနိုင္ခဲ့ ပါတယ္။

Myanmar Harp

Leave a Reply

Your email address will not be published. Required fields are marked *