ပုစွန်တုပ်ထဲ က သံခဲ နှစ်ခဲ နှင့် မှတ်ကျောက် အတင် မခံရဲတဲ့ မြန်မာတို့ ရဲ့ ရိုးသားမှု

Posted on

ယနေ့ ဈေးက ဝယ်လာ တဲ့ ပုစွန်တုပ် ကို ချက်မလို့ သန့်ရှင်းရေး လုပ်လိုက်တဲ့ အခါ မှာတော့ ပုစွန်တုပ် အသားထဲ မှာ မြှုပ်ထား တဲ့ သံခဲ ၂ ခဲ ကို ထူးဆန်းစွာ တွေ့ရ ပါ တယ် ။ သံခဲ ၂ ခဲက တော်တော် လေးပြီး အနည်းဆုံး ၁၀ သားလောက် ရှိ ပါ တယ် ။ ဒီလို လုပ်တာဟာ အလေးခိုး တဲ့ နည်းလို ပါ ပဲ၊ ဈေးဆိုင်ထဲ က ချိန်ခွင်တွေ၊ ကတ္တားတွေ မှာ အလေးခိုး မထားဘဲ ဝယ်မယ့် ပစ္စည်းထဲ မှာ အလေးချိန် များ‌အောင် ထည့်လိုက်တဲ့ သဘောပါ။

ပုစွန်တုပ်ထဲ က သံခဲ နှစ်ခဲ နှင့် မှတ်ကျောက် အတင် မခံရဲတဲ့ မြန်မာတို့ ရဲ့ ရိုးသားမှု

ကြက်ဆိုလည်း ဆေးထိုးအပ် နဲ့ ရေထိုး၊ ဝက်သားဆိုလည်း လတ်တယ်ထင်ရအောင် သွေးတွေကို အသားတွေ ပေါ် သုတ်ပေး၊ ငါးဆိုလည်း ဗိုက်တို့ ခေါင်းတို့ထဲမှာ အခုလို သံတုံးတွေ ခဲတုံးတွေထည့်၊ နှမ်းထဲ မှာဆို သဲရော စတဲ့ နည်းတွေ ဟာ မြန်မာပြည်က ဝိသမ လောဘသား ဈေးသည် အတော် များများ ရဲ့ ဈေးဝယ်သူ ကို ဂျင်းထည့် နည်း ဖြစ်ပါတယ်။

ဒီလို ပုံစံ နဲ့ ခေတ်အဆက်ဆက် ဈေးဝယ်သူကို ဂျင်းထည့်လာခဲ့ကြတာ ယနေ့ခေတ်တိုင်အောင်ပါပဲ။ ဈေးသည်တွေကတော့ ဈေးဝယ်တွေက ဆစ်တာနဲ့ ကာမိအောင် ဒီလို လုပ်ရတယ်ဆိုပြီး အကြောင်းပြပေ မယ့် ဒါဟာ မကောင်းမှု လုပ်တာ ပါပဲ ။ ဆရာတော်ကြီးတွေ ကလည်း ဈေးသည်တွေ အလေးခိုးရင် ခံရမယ့် အပြစ်တွေ ကိုလည်း အတိအလင်း ဟောထားပေမယ့် ယခုထက်ထိ လုပ်နေကြတုန်း ပါပဲ ။

ပုစွန်တုပ်ထဲ က သံခဲ နှစ်ခဲ နှင့် မှတ်ကျောက် အတင် မခံရဲတဲ့ မြန်မာတို့ ရဲ့ ရိုးသားမှု

အရင်တုန်း ကတော့ အလေး မပြည့်ဘူး လို့ ဈေးဝယ်သူက ယူဆရင် ဈေးခေါင်းရုံးရှေ့မှာ ထားတဲ့ သမာဓိချိန်ခွင်မှာ သွားချိန်ပြီး အလေးပြည့် မပြည့် ကြည့်လို့ရပါတယ်။ ဈေးခေါင်းကလည်း တာဝန် ယူပေးလေ့ ရှိပါတယ်။ အခုနောက်ပိုင်း ကျတော့ ဈေးခေါင်းတွေလည်း ဈေးကောက် ကောက်တာကလွဲလို့ ဘာမှ မလုပ်တောတာ ကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။

နိုင်ငံတကာ မှာတော့ wet market လို့ ခေါ်တဲ့ ဒီလိုသားစိမ်းငါးစိမ်းဈေးမှာ ရောင်းမယ်ဆို သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ရမယ်၊ အလေး မခိုးရဘူး စတဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်မှ သာ ရောင်း ရမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ မြန်မာပြည် မှာကျတော့ ဈေးကောက်နဲ့ အဆင်ပြေရင် ဘယ်လိုပဲ ရောင်းရောင်း အိုကေပါပြီ ဆိုတဲ့ ပုံစံဖြစ်နေပါတယ်။

မြန်မာတွေဟာ ရိုးသားကြပါတယ်ဆိုပြီး ပြောနေပေမယ့်လည်း ဒီလို တနပ်စား ဉာဏ်တွေ နဲ့ ဝိသမလောဘသားတွေ ကြီးထွားနေတာဟာ အလွန် စိုးရိမ်ဖို့ကောင်းနေ ပါတယ်လို့ သံခဲ ၂ ခဲ ပါတဲ ပုစွန်တုပ်ကို ကြည့်ပြီး အတွေး ပွားနေမိပါတော့ တယ် ။

Zawygi

ယေန႕ ေဈးက ဝယ္လာ တဲ့ ပုစြန္တုပ္ ကို ခ်က္မလို႔ သန႔္ရွင္းေရး လုပ္လိုက္တဲ့ အခါ မွာေတာ့ ပုစြန္တုပ္ အသားထဲ မွာ ျမႇုပ္ထား တဲ့ သံခဲ ၂ ခဲ ကို ထူးဆန္းစြာ ေတြ႕ရ ပါ တယ္ ။ သံခဲ ၂ ခဲက ေတာ္ေတာ္ ေလးၿပီး အနည္းဆုံး ၁၀ သားေလာက္ ရွိ ပါ တယ္ ။ ဒီလို လုပ္တာဟာ အေလးခိုး တဲ့ နည္းလို ပါ ပဲ၊ ေဈးဆိုင္ထဲ က ခ်ိန္ခြင္ေတြ၊ ကတၱားေတြ မွာ အေလးခိုး မထားဘဲ ဝယ္မယ့္ ပစၥည္းထဲ မွာ အေလးခ်ိန္ မ်ား‌ေအာင္ ထည့္လိုက္တဲ့ သေဘာပါ။

ၾကက္ဆိုလည္း ေဆးထိုးအပ္ နဲ႕ ေရထိုး ၊ ဝက္သားဆိုလည္း လတ္တယ္ထင္ရေအာင္ ေသြးေတြကို အသားေတြ ေပၚ သုတ္ေပး၊ ငါးဆိုလည္း ဗိုက္တို႔ ေခါင္းတို႔ထဲမွာ အခုလို သံတုံးေတြ ခဲတုံးေတြထည့္၊ ႏွမ္းထဲ မွာဆို သဲေရာ စတဲ့ နည္းေတြ ဟာ ျမန္မာျပည္က ဝိသမ ေလာဘသား ေဈးသည္ အေတာ္ မ်ားမ်ား ရဲ႕ ေဈးဝယ္သူ ကို ဂ်င္းထည့္ နည္း ျဖစ္ပါတယ္။

ဒီလို ပုံစံ နဲ႕ ေခတ္အဆက္ဆက္ ေဈးဝယ္သူကို ဂ်င္းထည့္လာခဲ့ၾကတာ ယေန႕ေခတ္တိုင္ေအာင္ပါပဲ။ ေဈးသည္ေတြကေတာ့ ေဈးဝယ္ေတြက ဆစ္တာနဲ႕ ကာမိေအာင္ ဒီလို လုပ္ရတယ္ဆိုၿပီး အေၾကာင္းျပေပ မယ့္ ဒါဟာ မေကာင္းမႈ လုပ္တာ ပါပဲ ။ ဆရာေတာ္ႀကီးေတြ ကလည္း ေဈးသည္ေတြ အေလးခိုးရင္ ခံရမယ့္ အျပစ္ေတြ ကိုလည္း အတိအလင္း ေဟာထားေပမယ့္ ယခုထက္ထိ လုပ္ေနၾကတုန္း ပါပဲ ။

အရင္တုန္း ကေတာ့ အေလး မျပည့္ဘူး လို႔ ေဈးဝယ္သူက ယူဆရင္ ေဈးေခါင္း႐ုံးေရွ႕မွာ ထားတဲ့ သမာဓိခ်ိန္ခြင္မွာ သြားခ်ိန္ၿပီး အေလးျပည့္ မျပည့္ ၾကည့္လို႔ရပါတယ္။ ေဈးေခါင္းကလည္း တာဝန္ ယူေပးေလ့ ရွိပါတယ္။ အခုေနာက္ပိုင္း က်ေတာ့ ေဈးေခါင္းေတြလည္း ေဈးေကာက္ ေကာက္တာကလြဲလို႔ ဘာမွ မလုပ္ေတာတာ ကို ဝမ္းနည္းဖြယ္ေတြ႕ရပါတယ္။

နိုင္ငံတကာ မွာေတာ့ wet market လို႔ ေခၚတဲ့ ဒီလိုသားစိမ္းငါးစိမ္းေဈးမွာ ေရာင္းမယ္ဆို သန႔္ရွင္းသပ္ရပ္ၿပီး က်န္းမာေရးနဲ႕ ညီၫႊတ္ရမယ္၊ အေလး မခိုးရဘူး စတဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာနိုင္မွ သာ ေရာင္း ရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ တို႔ ျမန္မာျပည္ မွာက်ေတာ့ ေဈးေကာက္နဲ႕ အဆင္ေျပရင္ ဘယ္လိုပဲ ေရာင္းေရာင္း အိုေကပါၿပီ ဆိုတဲ့ ပုံစံျဖစ္ေနပါတယ္။

ျမန္မာေတြဟာ ရိုးသားၾကပါတယ္ဆိုၿပီး ေျပာေနေပမယ့္လည္း ဒီလို တနပ္စား ဉာဏ္ေတြ နဲ႕ ဝိသမေလာဘသားေတြ ႀကီးထြားေနတာဟာ အလြန္ စိုးရိမ္ဖို႔ေကာင္းေန ပါတယ္လို႔ သံခဲ ၂ ခဲ ပါတဲ ပုစြန္တုပ္ကို ၾကည့္ၿပီး အေတြး ပြားေနမိပါေတာ့ တယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *