” ပင်လယ်နက်ထဲက ထရမ့်ပ် ” ( သို့ ) ထရမ့်ပ် နဲ့ တူတဲ့ ငါးမန်းပုံ လူမှုမီဒီယာများ တွင် ရေပန်းစားနေ

Posted on

အမေရိက သမ္မတဟောင်း ဒွန်နယ် ထရမ့်ပ်နှင့် ဆင်တူ သည် ၉ ပေရှည်သော ငါးမန်း တစ်ကောင် သည် ပုံများထဲ တွင် တစ်ခုခု ကို ကိုက်ရန် အဆင်သင့် ပြင်ထား သကဲ့သို့ သူ၏ပါးစပ်ကို ဖွင့်ကာ ကြည်လင်သော ရေမျက်နှာပြင်အောက်တွင် သူ ၏ သွားများ ကို ပြသနေသည် ။

ပင်လယ်နက်ထဲက ထရမ့်ပ်

ဒီဇင်ဘာ ၁၉ ရက် က ဖလော်ရီဒါပြည်နယ် ၊ ဂျူပီတာ မှ ရေအောက် ဓာတ်ပုံ ဆရာနှင့် ဗီဒီယို ရိုက်ကူးရေး သမား အသက် ၂၇ နှစ်အရွယ် Tanner Mansell က ယခု ပုံများကို ရိုက်ကူး ခဲ့သည် ။

ပင်လယ်နက်ထဲက ထရမ့်ပ်

တွစ်တာ အသုံးပြုသူ တစ်ဦး က“ ငါက ငါးမန်းကို ကြိုတင် တောင်းပန်ချင် တယ် ၊ ဒါပေမဲ့ သူက ထရမ့်ပ် နဲ့ တော်တော် တူတယ် ” ဟုပြောကြား ခဲ့သည် ။ အခြားတစ် ဦး က“ ဒွန်နယ်ထရမ့်ပ် ငါးမန်း ” ဟု ရေးသည်။အသုံးပြုသူ တစ်ဦး က “ ပင်လယ်နက်ထဲ က ထရမ့်ပ် ” ဟုထပ်မံ အမည်ပေး ခဲ့သည်။

ပင်လယ်နက်ထဲက ထရမ့်ပ်

Tanner Mansell က“ ဓာတ်ပုံကို ကျွန်တော် စတင်တဲ့ အချိန်က ဒါကို သတိမပြုမိဘူး ။ ထရမ့်ပ် နဲ့ တူတယ်ဆိုတဲ့ မှတ်ချက်တွေကို မြင်မှ ကိုယ်တိုင် သတိထားမိလိုက်တယ် ။ “ ဒါ ရယ်စရာကောင်းပြီး ထူးခြားတယ်။ လူနဲ့ငါးမန်း နှိုင်းယှဉ်ထားတာကို ဘယ်သူမှ မကြားဖူးကြဘူး “ဟု ပြောခဲ့သည်။

မင်းသုတဟန်

Ref: The Star (CRD – ChannelKeyMyanmar)

Zawgyi

အေမရိက သမၼတေဟာင္း ဒြန္နယ္ ထရမ့္ပ္ႏွင့္ ဆင္တူ သည္ ၉ ေပရွည္ေသာ ငါးမန္း တစ္ေကာင္ သည္ ပုံမ်ားထဲ တြင္ တစ္ခုခု ကို ကိုက္ရန္ အဆင္သင့္ ျပင္ထား သကဲ့သို႔ သူ၏ပါးစပ္ကို ဖြင့္ကာ ၾကည္လင္ေသာ ေရမ်က္ႏွာျပင္ေအာက္တြင္ သူ ၏ သြားမ်ား ကို ျပသေနသည္ ။

ဒီဇင္ဘာ ၁၉ ရက္ က ဖေလာ္ရီဒါျပည္နယ္ ၊ ဂ်ဴပီတာ မွ ေရေအာက္ ဓာတ္ပုံ ဆရာႏွင့္ ဗီဒီယို ရိုက္ကူးေရး သမား အသက္ ၂၇ ႏွစ္အ႐ြယ္ Tanner Mansell က ယခု ပုံမ်ားကို ရိုက္ကူး ခဲ့သည္ ။

တြစ္တာ အသုံးျပဳသူ တစ္ဦး က“ ငါက ငါးမန္းကို ႀကိဳတင္ ေတာင္းပန္ခ်င္ တယ္ ၊ ဒါေပမဲ့ သူက ထရမ့္ပ္ နဲ႕ ေတာ္ေတာ္ တူတယ္ ” ဟုေျပာၾကား ခဲ့သည္ ။ အျခားတစ္ ဦး က“ ဒြန္နယ္ထရမ့္ပ္ ငါးမန္း ” ဟု ေရးသည္။အသုံးျပဳသူ တစ္ဦး က “ ပင္လယ္နက္ထဲ က ထရမ့္ပ္ ” ဟုထပ္မံ အမည္ေပး ခဲ့သည္။

Tanner Mansell က“ ဓာတ္ပုံကို ကြၽန္ေတာ္ စတင္တဲ့ အခ်ိန္က ဒါကို သတိမျပဳမိဘူး ။ ထရမ့္ပ္ နဲ႕ တူတယ္ဆိုတဲ့ မွတ္ခ်က္ေတြကို ျမင္မွ ကိုယ္တိုင္ သတိထားမိလိုက္တယ္ ။ “ ဒါ ရယ္စရာေကာင္းၿပီး ထူးျခားတယ္။ လူနဲ႕ငါးမန္း ႏွိုင္းယွဥ္ထားတာကို ဘယ္သူမွ မၾကားဖူးၾကဘူး “ဟု ေျပာခဲ့သည္။

မင္းသုတဟန္

Ref: The Star (CRD – ChannelKeyMyanmar)

Leave a Reply

Your email address will not be published. Required fields are marked *