နှစ်နိုင်ငံ နယ်စပ်တွင် တရုတ်နှင့် အိန္ဒိယ စစ်သားများ ထပ်မံ တိုက်ခိုက်ကြပြီး ဒဏ်ရာရမှု များပြား

Posted on

တရုတ် – အိန္ဒိယ နယ်ခြား ၊ ဘူတန် နဲ့ နီပေါနိုင်ငံအကြား ဆစ်ကင်ပြည်နယ် နာကူသာဒေသ မှာ တရုတ် စစ်သားတွေ နဲ့ အိန္ဒိယစစ်သားတွေနဲ့ တိုက်ခိုက်မှု ဇန်နဝါရီလ (၂၂) ရက်နေ့က ထပ်မံဖြစ်ပွား ခဲ့ပြီး ဒဏ်ရာရသူတွေများပြားခဲ့တယ် လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။

နယ်စပ်အငြင်းပွားဒေသ တွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များထပ်မံ ထိတွေ့မှုများဖြစ်ပွားနေပြီး နှစ်ဖက်စလုံး တွင် အထိအခိုက်များ ရှိနေကြောင်း အိန္ဒိယမီဒီယာများကလည်း ဖော်ပြလာ ပါတယ် ။ ပြီးခဲ့သည့် ၃ ရက်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆစ်ကင်ပြည်နယ် တွင် တိုက်ပွဲများဖြစ်ပွား ခဲ့ပါတယ် ။ အငြင်းပွားနယ်မြေနောက် တခုတွင် လူသေဆုံးမှုများ ရှိခဲ့သည့် တိုက်ပွဲများဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြားတင်း မာမှုများမြင့်တက်ေ နခဲ့ပါတယ် ။

ဘူတန် နဲ့ နီပေါနိုင်ငံအကြား ဆစ်ကင်ပြည်နယ် နာကူသာဒေသ

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ က ဟိမဝန္တာတောင်တန်းဒေသ လာဒက်ရှ်ပြည်နယ် ဂယ်လ်ဝန်တောင်ကြား မှာ နှစ်ဘက် တပ်ဖွဲ့ဝင်တွေက သေနတ် မသုံးဘဲ သံတုတ်တွေ ၊ သံရိုက်ထားတဲ့ ခြံစည်းရိုးတိုင်တွေနဲ့ အပြန်အလှန်ရိုက်နှက်ကြလို့ အိန္ဒိယစစ်သား ၂၀ သေဆုံး ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ထပ်မံတင်းမာခဲ့ ပါသေးတယ်။ တရုတ်နိုင်ငံကတော့ ထိခိုက်သေဆုံးမှုများအပေါ် တစုံတရာ မှတ်ချက်ပြုခြင်း မရှိခဲ့ပါဘူး ။

ဘူတန် နဲ့ နီပေါနိုင်ငံအကြား ဆစ်ကင်ပြည်နယ် နာကူသာဒေသ

ဒီတစ်ကြိမ်တိုက်ခိုက်မှု မှာ ဘယ်နှစ် ယောက်သေလဲ ၊ ဘယ်နှစ် ယောက် ဒဏ်ရာရလဲဆိုတာ ကိုတော့ အတိအကျ မသိရသေးဘဲ နှစ်ဖက် တိုက်ခိုက်မှုကနေ ဒဏ်ရာရသူတွေများ ခဲ့တယ် လို့သာ မီဒီယာတွေ က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ယခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများ သည် ဆစ်ကင်ရှိ နာကူလာဖြတ်လမ်း တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပြည် နယ်သည် ဘူတန်နှင့်နီပေါနိုင်ငံ တို့ကြားတွင် ညပ်နေသည့်နို င်ငံဖြစ် သည် ။

အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့ တွင် ကမ္ဘာ့ အရှည်ဆုံးနယ်စပ် ရှိပြီး တစ်ဖက်မှနယ်မြေအများ အပြား ကို ပိုင်ဆိုင်သည်ဟု အခြားတဖက်ကပြောလေ့ ရှိ ပါတယ် ။ အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံကြား နယ်ခြားစည်း ဟာ ၃၄၄၀ ကီလိုမီတာ (မိုင် ၂၁၀၀) အထိရှည်လျှား ပါတယ် ။ ဒါကြောင့် တစ်ဖက်ဖက်က နယ်ခြားစည်း ကို ရွှေ့ပြီး မြေခိုးတာမျိုး လုပ်နိုင်တဲ့ အတွက် ဒီနှစ်နိုင်ငံကြားနယ်ခြားစည်း ပြဿနာဟာ ကမ္ဘာ့သက်တမ်း အရှည်ဆုံး အငြင်းပွားမှုတစ်ခု ဖြစ်နေ ပါ တယ်။

ဘူတန် နဲ့ နီပေါနိုင်ငံအကြား ဆစ်ကင်ပြည်နယ် နာကူသာဒေသ

မြစ်များ၊ ကန်များနှင့် နှင်းတောင်များ အပါအဝင် နယ်နိမိတ်ပြတ်ပြတ် သားသား သတ်မှတ် ထားနိုင်ခြင်း မရှိသည့် မိုင် ၂၁၀၀ ကျော်ရှည်သော နယ်စပ် သည် ရွှေ့လျားနေနိုင်ပြီး နေရာ အများအပြား တွင် စစ်သားများ ထိတွေ့မှု ဖြစ်ပွားလေ့ ရှိပါတယ် ။

သူတို့နှစ်နိုင်ငံဟာ စစ်ပွဲတစ်ကြိမ်သာဖြစ်ဖူးပြီး ၁၉၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နယ်ခြားစစ်ပွဲမှာ အိန္ဒိယက ဆိုးဆိုးရွားရွား စစ်ရှုံးခဲ့ရဘူးပါတယ်။ နှစ်နိုင်ငံနယ်ခြားစည်း သဘောတူညီချက်အရ ကင်းလှည့်တပ်ဖွဲ့တွေဟာ နယ်ခြားစည်း အကြား သေနတ်စတဲ့ စစ်တပ်သုံး လက်နက်ကိုင်ပြီးကင်းမလှည့်ရလို့ သတ်မှတ်ထားတဲ့အတွက် ဒီလိုနယ်ခြားစည်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတိုင်း မှာ လက်လက်ချင်း၊ တုတ်တုတ်ချင်းပဲ တိုက်ခိုက်ကြတာဖြစ် ပါတယ်။

Ref : Chinese and Indian troops ‘in new border clash’

Zawgyi

တ႐ုတ္ – အိႏၵိယ နယ္ျခား ၊ ဘူတန္ နဲ႕ နီေပါနိုင္ငံအၾကား ဆစ္ကင္ျပည္နယ္ နာကူသာေဒသ မွာ တ႐ုတ္ စစ္သားေတြ နဲ႕ အိႏၵိယစစ္သားေတြနဲ႕ တိုက္ခိုက္မႈ ဇန္နဝါရီလ (၂၂) ရက္ေန႕က ထပ္မံျဖစ္ပြား ခဲ့ၿပီး ဒဏ္ရာရသူေတြမ်ားျပားခဲ့တယ္ လို႔ ဘီဘီစီ သတင္းဌာနက ေဖာ္ျပခဲ့ ပါတယ္။

နယ္စပ္အျငင္းပြားေဒသ တြင္ အိႏၵိယႏွင့္ တ႐ုတ္တပ္ဖြဲ႕မ်ားထပ္မံ ထိေတြ႕မႈမ်ားျဖစ္ပြားေနၿပီး ႏွစ္ဖက္စလုံး တြင္ အထိအခိုက္မ်ား ရွိေနေၾကာင္း အိႏၵိယမီဒီယာမ်ားကလည္း ေဖာ္ျပလာ ပါတယ္ ။ ၿပီးခဲ့သည့္ ၃ ရက္က အိႏၵိယနိုင္ငံေျမာက္ပိုင္း ဆစ္ကင္ျပည္နယ္ တြင္ တိုက္ပြဲမ်ားျဖစ္ပြား ခဲ့ပါတယ္ ။ အျငင္းပြားနယ္ေျမေနာက္ တခုတြင္ လူေသဆုံးမႈမ်ား ရွိခဲ့သည့္ တိုက္ပြဲမ်ားျဖစ္ခဲ့ၿပီးေနာက္ပိုင္း ႏွစ္နိုင္ငံၾကားတင္း မာမႈမ်ားျမင့္တက္ေ နခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဇြန္လ က ဟိမဝႏၲာေတာင္တန္းေဒသ လာဒက္ရွ္ျပည္နယ္ ဂယ္လ္ဝန္ေတာင္ၾကား မွာ ႏွစ္ဘက္ တပ္ဖြဲ႕ဝင္ေတြက ေသနတ္ မသုံးဘဲ သံတုတ္ေတြ ၊ သံရိုက္ထားတဲ့ ၿခံစည္းရိုးတိုင္ေတြနဲ႕ အျပန္အလွန္ရိုက္ႏွက္ၾကလို႔ အိႏၵိယစစ္သား ၂၀ ေသဆုံး ခဲ့ၿပီး ႏွစ္နိုင္ငံဆက္ဆံေရး ထပ္မံတင္းမာခဲ့ ပါေသးတယ္။ တ႐ုတ္နိုင္ငံကေတာ့ ထိခိုက္ေသဆုံးမႈမ်ားအေပၚ တစုံတရာ မွတ္ခ်က္ျပဳျခင္း မရွိခဲ့ပါဘူး ။

ဒီတစ္ႀကိမ္တိုက္ခိုက္မႈ မွာ ဘယ္ႏွစ္ ေယာက္ေသလဲ ၊ ဘယ္ႏွစ္ ေယာက္ ဒဏ္ရာရလဲဆိုတာ ကိုေတာ့ အတိအက် မသိရေသးဘဲ ႏွစ္ဖက္ တိုက္ခိုက္မႈကေန ဒဏ္ရာရသူေတြမ်ား ခဲ့တယ္ လို႔သာ မီဒီယာေတြ က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ယခုေနာက္ဆုံးျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမ်ား သည္ ဆစ္ကင္ရွိ နာကူလာျဖတ္လမ္း တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ထိုျပည္ နယ္သည္ ဘူတန္ႏွင့္နီေပါနိုင္ငံ တို႔ၾကားတြင္ ညပ္ေနသည့္နို င္ငံျဖစ္ သည္ ။

အိႏၵိယႏွင့္ တ႐ုတ္နိုင္ငံ တို႔ တြင္ ကမာၻ႔ အရွည္ဆုံးနယ္စပ္ ရွိၿပီး တစ္ဖက္မွနယ္ေျမအမ်ား အျပား ကို ပိုင္ဆိုင္သည္ဟု အျခားတဖက္ကေျပာေလ့ ရွိ ပါတယ္ ။ အိႏၵိယနဲ႕ တ႐ုတ္ႏွစ္နိုင္ငံၾကား နယ္ျခားစည္း ဟာ ၃၄၄၀ ကီလိုမီတာ (မိုင္ ၂၁၀၀) အထိရွည္လွ်ား ပါတယ္ ။ ဒါေၾကာင့္ တစ္ဖက္ဖက္က နယ္ျခားစည္း ကို ေ႐ႊ႕ၿပီး ေျမခိုးတာမ်ိဳး လုပ္နိုင္တဲ့ အတြက္ ဒီႏွစ္နိုင္ငံၾကားနယ္ျခားစည္း ျပႆနာဟာ ကမာၻ႔သက္တမ္း အရွည္ဆုံး အျငင္းပြားမႈတစ္ခု ျဖစ္ေန ပါ တယ္။

ျမစ္မ်ား၊ ကန္မ်ားႏွင့္ ႏွင္းေတာင္မ်ား အပါအဝင္ နယ္နိမိတ္ျပတ္ျပတ္ သားသား သတ္မွတ္ ထားနိုင္ျခင္း မရွိသည့္ မိုင္ ၂၁၀၀ ေက်ာ္ရွည္ေသာ နယ္စပ္ သည္ ေ႐ႊ႕လ်ားေနနိုင္ၿပီး ေနရာ အမ်ားအျပား တြင္ စစ္သားမ်ား ထိေတြ႕မႈ ျဖစ္ပြားေလ့ ရွိပါတယ္ ။

သူတို႔ႏွစ္နိုင္ငံဟာ စစ္ပြဲတစ္ႀကိမ္သာျဖစ္ဖူးၿပီး ၁၉၆၂ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ နယ္ျခားစစ္ပြဲမွာ အိႏၵိယက ဆိုးဆိုး႐ြား႐ြား စစ္ရႈံးခဲ့ရဘူးပါတယ္။ ႏွစ္နိုင္ငံနယ္ျခားစည္း သေဘာတူညီခ်က္အရ ကင္းလွည့္တပ္ဖြဲ႕ေတြဟာ နယ္ျခားစည္း အၾကား ေသနတ္စတဲ့ စစ္တပ္သုံး လက္နက္ကိုင္ၿပီးကင္းမလွည့္ရလို႔ သတ္မွတ္ထားတဲ့အတြက္ ဒီလိုနယ္ျခားစည္းမွာျဖစ္ပြားခဲ့တဲ့ ပဋိပကၡတိုင္း မွာ လက္လက္ခ်င္း၊ တုတ္တုတ္ခ်င္းပဲ တိုက္ခိုက္ၾကတာျဖစ္ ပါတယ္။

Ref : Chinese and Indian troops ‘in new border clash’

Leave a Reply

Your email address will not be published. Required fields are marked *