နိုင်ငံရဲ့ စစ်အင်အားက ပြိုင်ဖက်ကင်းနေကြောင်း အီရန်ြိကုံးဝါး၊ ဘယ်လို စစ်ရေး ကျုးကျော်မှုမျိုး ကိုမဆို အားကောင်းမောင်းသန် တုံ့ပြန်ဖို့ စစ်တပ်က အသင့်ဟုပြော
Posted on
Unicode
အီရန် ကာကွယ်ရေး ဝန်ကြီး အမ်မီယာဟာတာမီဟာ နိုင်ငံ ရဲ့ စစ်အင်အား စွမ်းရ် ကို အမွှမ်းတင် ပြောဆိုပြီး ဘယ်လို စစ်ရေး ကျုးကျော်မှုမျိုး ကိုမဆို အားကောင်းမောင်းသန် တုံ့ပြန်ဖို့ စစ်တပ်က အသင့် ရှိနေတယ် လို့ ပြော ပါတယ် ။ ဩဂုတ် ၂၁ ရက် မှာ ကျရောက်မယ့် စစ်တပ်နေ့ အထိမ်းအမှတ်အနေ နဲ့ IRIB ရုပ်သံကနေ မိန့်ခွန်းပြော ဆိုရာ မှာ ပြီး ခဲ့တဲ့ ဆယ်စုနှစ် ရာစု နှစ်တွေကနေ နိုင်ငံ ရဲ့ စစ်အင်အားဟာ ပြိုင်ဖက်ကင်းလာပြီဖြစ် တယ် လို့ ဟာတာမီက ပြောပါတယ်။
အီရန် ကာကွယ်ရေး ဝန်ကြီး အမ်မီယာဟာတာမီ
“ကျုပ် တို့ ရန်သူတွေ ကို ကျွန်တော် တို့ရဲ့ ကာကွယ်ရေး စွမ်းအား ကို သတင်းစကား ပါး လိုတာကတော့ ကမာ ္ဘမှာ အီရန်မြေဟာ ဘေးကင်းလုံခြုံတယ် ဆိုတာပါ ပဲ။ ဘယ်လို ရန်စကျုးကျော်မှု မျိုးမဆို ချိုးဖျက်တုံ့ပြန်ခံ ရမယ် ။ ရန်စကျုးကျော် ဖို့ သတ္တိမျိုး ဘယ်သူ မှ မွေးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ဖြစ်လာရင်လည်း ကျည်မိုး အရွာခံရမယ် ။ ကျုပ်တို့ဟာ ရန်စကျုးကျော် တဲ့ ရင်းမြစ်ထိ လိုက်ပြီး သူတို့ခေါင်းပေါ်ကနေ ဖျက်ဆီး ပစ်မယ် ။ တကယ်လို့ လေယာဉ်တင်သငေ်္ဘာပေါ်ကနေ ပစ်ခတ်တယ်လို့လည်း အဲဒီ သငေ်္ဘာကို နှစ်မြုပ်ပစ်မယ်။”လို့ အီရန်စစ်ဝန်ကြီးက ကြုံးဝါးပြော ဆိုပါတယ်။
နိုင်ငံရဲ့ စစ်အင်အားက ပြိုင်ဖက်ကင်းနေကြောင်း အီရန်ြိကုံးဝါး၊
ဂျူးတွေနဲ့ အတူ အမေရိကန်ဟာ ဒေသ အတွက် အရေးကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်ပြီး သူတို့ကို ထိပ်တိုက်တွေ့ဖို့ အီရန်ဟာ ပြင်ဆင်ထား တယ်လို့ သူက မှတ်ချက်ပြုပြော ပါတယ်။ “စစ်ရေးနယ်ပယ်စုံ မှာ ကျုပ်တို့ဟာ ရင့်ကျက်နေပြီ ဖြစ်တယ်။ အင်ဂျင်နီးယားကဏ္ဍကိုလည်း ဆန်းသစ်ထားတယ်။ တီထွင်ဆန်းသစ်မှု စနစ်တစ်ခုလုံးကို အကောင်အထည် ဖော်ထားတယ် ။”လို့ ဟာတာမီက ထပ်လောင်းပြော ပါတယ်။
“ခြိမ်းခြောက်မှုတွေ နဲ့ လိုအပ်ချက်တွေ ကို လိုက်ပြီး ကျုပ်တို့ သုတေသနပြု ထုတ်လုပ်မှုတွေ လုပ်ဆောင်ထား တယ်။”လို့လည်း သူက ပြောပါတယ်။
နိုင်ငံရဲ့ စစ်အင်အားက ပြိုင်ဖက်ကင်းနေကြောင်း အီရန်ြိကုံးဝါး၊
နိုင်ငံ ကာကွယ်ရေးစွမ်းရည်မှာ ဒုံးကျည်ဟာ အဓိကကျပြီး စစ်ပွဲ ကို တားမြစ်တဲ့ အရာပဲ ဖြစ်တယ် လို့ ဟာတာမီက မှတ်ချက်ပြုပြောဆို ပါတယ်။ “ကျုပ်တို့ သဘောထားကတော့ ဒုံးကျည်တွေဟာ အဟန့်အတားပဲ ဖြစ် တယ် ။ ရန်သူ ကို ဟန့်တားဖို့ အတွက် အီရန် ရဲ့ ကာကွယ်ရေးစွမ်းရည် တည်ဆောက် တာပဲ ။” လို့ ၎င်းက ပြောခဲ့ ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *